Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

NLD အစုိးရသစ္ကုိ ဂ်ပန္အစုိးရမွ အႀကီးစား ကူညီေထာက္ပ႔ံမႈ ေပးရန္ စီစဥ္ေန၊ ODA အစီအစဥ္ျဖင့္ ေဒၚလာ သန္း ၉၀၀ ေက်ာ္ ကူညီမည္


ျမန္မာႏုိင္ငံ၏ အေျခခံ အေဆာက္အအံုႏွင့္ ၿမဳိ႕ျပစီမံကိန္း က႑မ်ား ဖြ႕ံ႕ၿဖဳိးတုိးတက္ေရးအတြက္ ဂ်ပန္ႏုိင္ငံက ယန္းဘီလီယံ ၁၀၀ ေက်ာ္ (ေဒၚလာသန္း ၉၀၀) ခန္႔အထိ ႀကီးႀကီးမားမား ကူညီေထာက္ပံ့မႈေပးရန္ ညွိႏႈိင္းသံုးသပ္လ်က္၇ွိသည္ဟု ဂ်ပန္အစုိးရ သတင္းရင္းျမစ္မ်ားက ဆုိသည္။

ဧၿပီလတြင္ စတင္တာ၀န္ယူမည့္ NLD အစုိးရသစ္ လက္ထက္တြင္ အဓိက ျပဳျပင္ေျပာင္းလဲမႈမ်ားအတြက္ အေထာက္အပံ့ျဖစ္ေစရန္ ဂ်ပန္ႏုိင္ငံ၏ ဖြံ႕ၿဖဳိးတုိးတက္မႈ တရား၀င္ အေထာက္အပံ့ (ODA) အစီအစဥ္ျဖင့္ ကူညီေထာက္ပံ့ရန္ ၀န္ႀကီးခ်ဳပ္ ရွင္ဇုိအာေဘးအစုိးရက စီစဥ္ေနသည္ဟု ယေန႔ ဂ်ပန္တုိမ္းသတင္းစာက ေဖာ္ျပထားသည္။

ဂ်ပန္အစုိးရသည္ အကူအညီ အစီအစဥ္ အေသးစိတ္အား ဇြန္လတြင္ NLD အစုိးရသစ္ႏွင့္ ေဆြးေႏြးညိွႏိႈင္းရန္ လုိလားလ်က္ရွိၿပီး ထိေရာက္သည့္ ကူညီေထာက္ပံ့မႈ အစီအစဥ္မ်ားကုိ အျခားႏုိင္ငံမ်ားထက္ ဦးစြာ ခ်မွတ္လုိေနသည္ဟု ဆုိသည္။

ဂ်ပန္၀န္ႀကီးခ်ဳပ္၏ အထူးအႀကံေပးပုဂိၢဳလ္ ဟီ႐ုိတုိအီဇူမိက ေဖေဖာ္၀ါရီလအတြင္း ေဒၚေအာင္ဆန္းစုၾကည္ထံ လာေရာက္ေတြ႕ဆံုစဥ္ ေဒၚေအာင္ဆန္းစုၾကည္က အကူအညီ ေတာင္းခံခဲ့သျဖင့္ ထုိသုိ႔ကူညီရန္ စီစဥ္ေနျခင္းျဖစ္သည္။ ဂ်ပန္၏ ODA အစီအစဥ္တြင္ လွ်ပ္စစ္ဓာတ္အား ထုတ္လုပ္မႈ ျမွင့္တင္ေရး၊ ရန္ကုန္ၿမဳိ႕၏ သယ္ယူပုိ႔ေဆာင္ေရး အေျခခံ အေဆာက္အအံုမ်ား အဆင့္ျမွင့္ေရးတုိ႔ ပါ၀င္သည္။

ႏုိင္ငံ၏ အႀကီးဆံုးၿမဳိ႕ျဖစ္သည့္ ရန္ကုန္တြင္ မီးပ်က္မႈမ်ား မၾကာခဏ ႀကဳံေတြ႕ေနရၿပီး ေမာ္ေတာ္ကား အေရအတြက္ ႐ုတ္တရက္ ျမင့္တက္လာျခင္းေၾကာင့္ လမ္းပိတ္ဆုိ႔မႈမ်ားလည္း ႀကဳံေတြ႕ေနရသည္။ ျမန္မာ့ ျမစ္ေၾကာင္းမ်ားတြင္ ေရေၾကာင္း ပုိ႔ေဆာင္ေရးစနစ္မ်ား တည္ေဆာက္ရန္လည္း ေဒၚေအာင္ဆန္းစုၾကည္က မစၥတာ အီဇူမိကုိ ေျပာၾကားခဲ့သည္ဟု ဆုိသည္။

ႏုိင္ငံအတြင္း က်န္းမာေရး ေစာင့္ေရွာက္မႈအဆင့္အတန္း ျမွင့္တင္ရန္လည္း NLD က စီစဥ္လ်က္ရွိၿပီး ဂ်ပန္ႏုိင္ငံက ယင္းတုိ႔၏ မူ၀ါဒမ်ားႏွင့္အညီ စီမံကိန္းတစ္ခု ေဆာင္ရြက္ သြားမည္ဟု ဆုိသည္။ ဂ်ပန္အစုိးရက ေဒၚေအာင္ဆန္းစုၾကည္အား NLD အစုိးရသစ္၏ စစ္မွန္သည့္ ေခါင္းေဆာင္အျဖစ္ မွတ္ယူထားေၾကာင္း မစၥတာ အီဇူမိက ေျပာၾကားသည္။

ျမန္မာႏုိင္ငံတြင္ စစ္အုပ္ခ်ဳပ္ေရးမွ အရပ္သားတစ္ပုိင္း အစုိးရသုိ႔ ေျပာင္းလဲခဲ့သည့္ ၂၀၁၁ မွစတင္ကာ ဂ်ပန္ႏုိင္ငံမွ ဘ႑ာေရး ေထာက္ပံ့မႈမ်ား ေပးအပ္ခဲ့သည္။ ဂ်ပန္ႏုိင္ငံသည္ စစ္အစုိးရလက္ထက္တြင္ ကူညီေထာက္ပံ့မႈမ်ား ျပဳလုပ္ခဲ့ ေသာ္လည္း ျမန္မာႏုိင္ငံသည္ ဖြံ႕ၿဖဳိးတုိးတက္ေရးအတြက္ ပူးေပါင္း ေဆာင္ရြက္မႈ အားလံုး လုိအပ္ေနၿပီး ျမန္မာႏုိင္ငံႏွင့္ ဆက္ဆံေရး ေကာင္းမြန္ရန္ လုိလားေနေသာ ဂ်ပန္ႏုိင္ငံႏွင့္ လက္တြဲလုပ္ကုိင္ရန္ ေဒၚေအာင္ဆန္းစုၾကည္က အသင့္ရွိေနသည္ဟု ဆုိသည္။

Ref - Japan Times

The Ladies News
....................
 NLD အစိုးရသစ်ကို ဂျပန်အစိုးရမှ အကြီးစား ကူညီထောက်ပ့ံမှု ပေးရန် စီစဉ်နေ၊ ODA အစီအစဉ်ဖြင့် ဒေါ်လာ သန်း ၉၀၀ ကျော် ကူညီမည်
------- ----- ---- ---

မြန်မာနိုင်ငံ၏ အခြေခံ အဆောက်အအုံနှင့် မြို့ပြစီမံကိန်း ကဏ္ဍများ ဖွ့ံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက ယန်းဘီလီယံ ၁၀၀ ကျော် (ဒေါ်လာသန်း ၉၀၀) ခန့်အထိ ကြီးကြီးမားမား ကူညီထောက်ပံ့မှုပေးရန် ညှိနှိုင်းသုံးသပ်လျက်ရှိသည်ဟု ဂျပန်အစိုးရ သတင်းရင်းမြစ်များက ဆိုသည်။

ဧပြီလတွင် စတင်တာဝန်ယူမည့် NLD အစိုးရသစ် လက်ထက်တွင် အဓိက ပြုပြင်ပြောင်းလဲမှုများအတွက် အထောက်အပံ့ဖြစ်စေရန် ဂျပန်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု တရားဝင် အထောက်အပံ့ (ODA) အစီအစဉ်ဖြင့် ကူညီထောက်ပံ့ရန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေးအစိုးရက စီစဉ်နေသည်ဟု ယနေ့ ဂျပန်တိုမ်းသတင်းစာက ဖော်ပြထားသည်။

ဂျပန်အစိုးရသည် အကူအညီ အစီအစဉ် အသေးစိတ်အား ဇွန်လတွင် NLD အစိုးရသစ်နှင့် ဆွေးနွေးညှိနှိုင်းရန် လိုလားလျက်ရှိပြီး ထိရောက်သည့် ကူညီထောက်ပံ့မှု အစီအစဉ်များကို အခြားနိုင်ငံများထက် ဦးစွာ ချမှတ်လိုနေသည်ဟု ဆိုသည်။

ဂျပန်ဝန်ကြီးချုပ်၏ အထူးအကြံပေးပုဂ္ဂိုလ် ဟီရိုတိုအီဇူမိက ဖေဖော်ဝါရီလအတွင်း ဒေါ်အောင်ဆန်းစုကြည်ထံ လာရောက်တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အကူအညီ တောင်းခံခဲ့သဖြင့် ထိုသို့ကူညီရန် စီစဉ်နေခြင်းဖြစ်သည်။ ဂျပန်၏ ODA အစီအစဉ်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု မြှင့်တင်ရေး၊ ရန်ကုန်မြို့၏ သယ်ယူပို့ဆောင်ရေး အခြေခံ အဆောက်အအုံများ အဆင့်မြှင့်ရေးတို့ ပါ၀င်သည်။

နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သည့် ရန်ကုန်တွင် မီးပျက်မှုများ မကြာခဏ ကြုံတွေ့နေရပြီး မော်တော်ကား အရေအတွက် ရုတ်တရက် မြင့်တက်လာခြင်းကြောင့် လမ်းပိတ်ဆို့မှုများလည်း ကြုံတွေ့နေရသည်။ မြန်မာ့ မြစ်ကြောင်းများတွင် ရေကြောင်း ပို့ဆောင်ရေးစနစ်များ တည်ဆောက်ရန်လည်း ဒေါ်အောင်ဆန်းစုကြည်က မစ္စတာ အီဇူမိကို ပြောကြားခဲ့သည်ဟု ဆိုသည်။

နိုင်ငံအတွင်း ကျန်းမာရေး စောင့်ရှောက်မှုအဆင့်အတန်း မြှင့်တင်ရန်လည်း NLD က စီစဉ်လျက်ရှိပြီး ဂျပန်နိုင်ငံက ယင်းတို့၏ မူဝါဒများနှင့်အညီ စီမံကိန်းတစ်ခု ဆောင်ရွက် သွားမည်ဟု ဆိုသည်။ ဂျပန်အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား NLD အစိုးရသစ်၏ စစ်မှန်သည့် ခေါင်းဆောင်အဖြစ် မှတ်ယူထားကြောင်း မစ္စတာ အီဇူမိက ပြောကြားသည်။

မြန်မာနိုင်ငံတွင် စစ်အုပ်ချုပ်ရေးမှ အရပ်သားတစ်ပိုင်း အစိုးရသို့ ပြောင်းလဲခဲ့သည့် ၂၀၁၁ မှစတင်ကာ ဂျပန်နိုင်ငံမှ ဘဏ္ဍာရေး ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။ ဂျပန်နိုင်ငံသည် စစ်အစိုးရလက်ထက်တွင် ကူညီထောက်ပံ့မှုများ ပြုလုပ်ခဲ့ သော်လည်း မြန်မာနိုင်ငံသည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်း ဆောင်ရွက်မှု အားလုံး လိုအပ်နေပြီး မြန်မာနိုင်ငံနှင့် ဆက်ဆံရေး ကောင်းမွန်ရန် လိုလားနေသော ဂျပန်နိုင်ငံနှင့် လက်တွဲလုပ်ကိုင်ရန် ဒေါ်အောင်ဆန်းစုကြည်က အသင့်ရှိနေသည်ဟု ဆိုသည်။

Ref - Japan Times

The Ladies News

No comments:

Post a Comment