Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

NLD မူ၀ါဒပုိင္းဆုိင္ရာေျပာခြင့္ရ အသစ္ခန္႔အပ္ (NLD မူဝါဒပိုင်းဆိုင်ရာပြောခွင့်ရ အသစ်ခန့်အပ် )

NLDဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေဒါက္တာေဇာ္ျမင့္ေမာင္ဓါတ္ပံု- NLD Chairperson
NLD မူ၀ါဒေတြနဲ႔ အသြင္ကူးေျပာင္းေရးဆိုင္ရာကိစၥရပ္ေတြအတြက္ ပါတီရဲ႕ေျပာေရးဆိုခြင့္ရွိသူေတြအျဖစ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္နဲ႔အတူ မႏၱေလးတိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို မေန႔က တိုးခ်ဲ႕တာ၀န္ေပးလိုက္ပါတယ္။

သူဟာ ႏွစ္ရွည္ေထာင္ဒဏ္အမ်ားဆံုးခ်မွတ္ခံခဲ့ရတဲ့ NLD လႊတ္ေတာ္အမတ္တဦးလည္းျဖစ္ခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္ ယံုၾကည္အားကိုးတဲ့ပုဂၢိဳလ္စာရင္းထဲမွာပါ၀င္သူတဦးျဖစ္ပါတယ္။

၂၀၁၅ ေရြးေကာက္ပဲြအၿပီး အမ်ဳိးသားဒီမိုကေရစီအဖဲြ႕ခ်ဳပ္ NLDက အျပတ္အသတ္အႏိုင္ရၿပီးေနာက္ အစိုးရအာဏာလဲႊေျပာင္းေရးဆိုင္ရာကိစၥရပ္ေတြကို ေဆာင္ရြက္လာရာမွာ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္နဲ႕အတူ အနီးကပ္ေဆာင္ရြက္ေနတဲ့ NLD ထိပ္ပိုင္းေခါင္းေဆာင္တခ်ဳိ႕ထဲမွာ ေဒါက္တာေဇာ္ျမင့္ေမာင္ အၿမဲပါ၀င္လာခဲ့တာပါ။

သတင္းမီဒီယာနဲ႔ဆက္ဆံေရးမွာ NLD ဘက္က သတိထားကိုင္တြယ္တဲ့အေပၚ ေ၀ဖန္မႈတခ်ဳိ႕ထြက္ေပၚခဲ့ၿပီးေနာက္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ပါတီရဲ႕ မူ၀ါဒဆိုင္ရာ ေျပာခြင့္ရပုဂၢိဳလ္အျဖစ္တာ၀န္ေပးလိုက္တာဟာ NLD နဲ႔ မီဒီယာဆက္ဆံေရးပိုၿပီးအားေကာင္းေစတယ္လို႔ ျမင္ေၾကာင္း ၁၉၉၀ ေရြးေကာက္ပဲြအႏိုင္ရကိုယ္စားလွယ္တဦးျဖစ္တဲ့ ေဒါက္တာတင့္ေဆြကေျပာပါတယ္။

“ NLD မွာေျပာေရးဆိုခြင့္ရွိသူကို ကန္႔သတ္ထားတဲ့အတြက္ မီဒီယာပိုင္းကေနေထာက္ျပၾကာတာရွိသလို လက္ရွိပုဂၢိဳလ္ေတြေျပာတဲ့ဆိုတဲ့အေပၚ ေလယူေလသိမ္းေတြအေပၚအားမရၾကေတာ့ ဆရာေဇာ္ျမင့္ေမာင္ျဖစ္လာေတာ့ ေကာင္းတယ္။ သူက စကားေျပာနည္းတယ္။ ဒါေပမဲ့ စကားေျပာတတ္တယ္။ ၿပီးေတာ့ လုပ္လဲလုပ္ခဲ့သူဆိုေတာ့ အခုလို NLD ရဲ႕ေျပာခြင့္ရပုဂၢိဳလ္ျဖစ္လာေတာ့ ပါတီရဲ႕ပံုရိပ္ေရာ၊ မီဒီယာေလာကအတြက္လည္းသူက အက်ဳိးျပဳၿပီးေတာ့ သတင္းအမွန္ကိုေျပာျပႏိုင္တဲ့ပုဂၢိဳလ္ျဖစ္တယ္လို႔ ယူဆတဲ့အတြက္ ေကာင္းတယ္လို႔ က်ေနာ္ျမင္ပါတယ္။”

တဆက္တည္း ေဒါက္တာေဇာ္ျမင့္ေမာင္ရဲ႕ ႏိုင္ငံေရးလႈပ္ရွားမႈ လုပ္ကိုင္ႏိုင္စြမ္းနဲ႔ပတ္သက္လို႔ ေဒါက္တာတင့္ေဆြက သူ႔ရဲ႕အေတြ႕အႀကံဳကိုအခုလိုေျပာျပပါတယ္။

“ႏိုင္ငံေရးထဲမွာ က်ေနာ္တို႔အတူလုပ္ခဲ့ၾကတာပါ။ အထူးသျဖင့္ ၁၉၉၀ေရြးေကာက္ပဲြအၿပီး ဂႏၵီခမ္းမ စည္းေ၀းပဲြအၿပီး ယွဥ္ၿပိဳင္အစိုးရဖဲြ႕ေရးလုပ္တဲ့အခါမွာ သူကမႏၱေလးတိုင္းတာ၀န္ခံ၊ က်ေနာ္က မႏၱေလးတိုင္းတာ၀န္ခံဆိုေတာ့ လက္တဲြခဲ့ၾကရတာေပါ့။ ဒါေပမဲ့ က်ေနာ္တို႔ႏွစ္ေယာက္လံုးက အျပင္ထြက္မယ့္သူေတြမဟုတ္ပဲ ေနာက္ကေနလုပ္ၾကဖို႔ တာ၀န္ယူထားသူႏွစ္ေယာက္ပါ။ အဲျဖစ္ခ်င္ေတာ့ သူကလည္း ေထာင္ထဲကိုႏွစ္ရွည္၀င္သြားရၿပီး က်ေနာ္ကလည္း တိုင္းျပည္ကေနထြက္ေျပးရတဲ့ ျပည္ေျပးျဖစ္သြားတယ္။ သူ႕ဖမ္းခံရတဲ့ေန႔မွာပဲ က်ေနာ္လည္း ဖမ္းခံရတာေပါ့ေနာ္။ က်ေနာ္လဲဖမ္းေတာ့မယ္လို႔သိေတာ့ သူ႔ကိုလွမ္းၿပီးအသိေပးမယ္လုပ္ေတာ့ ေနာက္က်သြားၿပီဖမ္းခံသြားရတယ္ခင္ဗ်။”

ေဒါက္တာေဇာ္ျမင့္ေမာင္ဟာ ၁၉၈၈ ရွစ္ေလးလံုလူထုလွဳပ္ရွားမႈမွာ မႏၱေလး ေဆးတကၠသိုလ္ဆရာမ်ားသမဂၢရဲ႕ အတြင္းေရးမႈးအျဖစ္ ပါ၀င္ခဲ့ၿပီးေနာက္ ၁၉၉၀ ေရြးေကာက္ပဲြမွာ မႏၱေလးတိုင္း အမရပူရမဲဆႏၵနယ္ေျမက NLD လႊတ္ေတာ္အမတ္အျဖစ္ေရြးေကာက္ခံရပါတယ္။ ဒါေပမဲ့ ၁၉၉၀ ခုနွစ္ စက္တင္ဘာလမွာ စစ္အာဏာသိမ္းၿပီးေနာက္ ေဒါက္တာေဇာ္ျမင့္ေမာင္ကို ဖမ္းဆီးၿပီး ႏွစ္ေပါင္း (၃၀)ေက်ာ္ ေထာင္ဒဏ္ခ်မွတ္ခဲ့ပါတယ္။ ေထာင္ထဲမွာ (၁၉)ႏွစ္ေက်ာ္ေနခဲ့ရၿပီးေနာက္ ၂၀၀၉ခုနွစ္မွာ ျပန္လည္လြတ္ေျမာက္ခဲ့ပါတယ္။ ၂၀၁၂ခုနွစ္ ၾကားျဖတ္ေရြးေကာက္ပဲြမွာ မႏၱေလးတိုင္းရဲ႕ NLD ျပည္သူ႕လႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ေရြးေကာက္ခံခဲ့ရၿပီး ၂၀၁၅ ေရြးေကာက္ပဲြမွာေတာ့ မႏၱေလးတိုင္းေဒသႀကီးရဲ႕ အမရပူရမဲဆႏၵနယ္ေျမ တိုင္းေဒသႀကီးလႊတ္ေတာ္ကိုယ္စားလွယ္အျဖစ္ ေရြးေကာက္ခံခဲ့ရပါတယ္။

အင္ၾကင္းႏိုင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com
............
 NLDဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒေါက်တာဇော်မြင့်မောင်ဓါတ်ပုံ- NLD Chairperson
NLD မူဝါဒတွေနဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာကိစ္စရပ်တွေအတွက် ပါတီရဲ့ပြောရေးဆိုခွင့်ရှိသူတွေအဖြစ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ မန္တလေးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဇော်မြင့်မောင်ကို မနေ့က တိုးချဲ့တာဝန်ပေးလိုက်ပါတယ်။

သူဟာ နှစ်ရှည်ထောင်ဒဏ်အများဆုံးချမှတ်ခံခဲ့ရတဲ့ NLD လွှတ်တော်အမတ်တဦးလည်းဖြစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် ယုံကြည်အားကိုးတဲ့ပုဂ္ဂိုလ်စာရင်းထဲမှာပါ၀င်သူတဦးဖြစ်ပါတယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက အပြတ်အသတ်အနိုင်ရပြီးနောက် အစိုးရအာဏာလွှဲပြောင်းရေးဆိုင်ရာကိစ္စရပ်တွေကို ဆောင်ရွက်လာရာမှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အနီးကပ်ဆောင်ရွက်နေတဲ့ NLD ထိပ်ပိုင်းခေါင်းဆောင်တချို့ထဲမှာ ဒေါက်တာဇော်မြင့်မောင် အမြဲပါ၀င်လာခဲ့တာပါ။

သတင်းမီဒီယာနဲ့ဆက်ဆံရေးမှာ NLD ဘက်က သတိထားကိုင်တွယ်တဲ့အပေါ် ဝေဖန်မှုတချို့ထွက်ပေါ်ခဲ့ပြီးနောက် ဒေါက်တာဇော်မြင့်မောင်ကို ပါတီရဲ့ မူဝါဒဆိုင်ရာ ပြောခွင့်ရပုဂ္ဂိုလ်အဖြစ်တာဝန်ပေးလိုက်တာဟာ NLD နဲ့ မီဒီယာဆက်ဆံရေးပိုပြီးအားကောင်းစေတယ်လို့ မြင်ကြောင်း ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တဦးဖြစ်တဲ့ ဒေါက်တာတင့်ဆွေကပြောပါတယ်။

“ NLD မှာပြောရေးဆိုခွင့်ရှိသူကို ကန့်သတ်ထားတဲ့အတွက် မီဒီယာပိုင်းကနေထောက်ပြကြာတာရှိသလို လက်ရှိပုဂ္ဂိုလ်တွေပြောတဲ့ဆိုတဲ့အပေါ် လေယူလေသိမ်းတွေအပေါ်အားမရကြတော့ ဆရာဇော်မြင့်မောင်ဖြစ်လာတော့ ကောင်းတယ်။ သူက စကားပြောနည်းတယ်။ ဒါပေမဲ့ စကားပြောတတ်တယ်။ ပြီးတော့ လုပ်လဲလုပ်ခဲ့သူဆိုတော့ အခုလို NLD ရဲ့ပြောခွင့်ရပုဂ္ဂိုလ်ဖြစ်လာတော့ ပါတီရဲ့ပုံရိပ်ရော၊ မီဒီယာလောကအတွက်လည်းသူက အကျိုးပြုပြီးတော့ သတင်းအမှန်ကိုပြောပြနိုင်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်လို့ ယူဆတဲ့အတွက် ကောင်းတယ်လို့ ကျနော်မြင်ပါတယ်။”

တဆက်တည်း ဒေါက်တာဇော်မြင့်မောင်ရဲ့ နိုင်ငံရေးလှုပ်ရှားမှု လုပ်ကိုင်နိုင်စွမ်းနဲ့ပတ်သက်လို့ ဒေါက်တာတင့်ဆွေက သူ့ရဲ့အတွေ့အကြုံကိုအခုလိုပြောပြပါတယ်။

“နိုင်ငံရေးထဲမှာ ကျနော်တို့အတူလုပ်ခဲ့ကြတာပါ။ အထူးသဖြင့် ၁၉၉၀ရွေးကောက်ပွဲအပြီး ဂန္ဒီခမ်းမ စည်းဝေးပွဲအပြီး ယှဉ်ပြိုင်အစိုးရဖွဲ့ရေးလုပ်တဲ့အခါမှာ သူကမန္တလေးတိုင်းတာဝန်ခံ၊ ကျနော်က မန္တလေးတိုင်းတာဝန်ခံဆိုတော့ လက်တွဲခဲ့ကြရတာပေါ့။ ဒါပေမဲ့ ကျနော်တို့နှစ်ယောက်လုံးက အပြင်ထွက်မယ့်သူတွေမဟုတ်ပဲ နောက်ကနေလုပ်ကြဖို့ တာဝန်ယူထားသူနှစ်ယောက်ပါ။ အဲဖြစ်ချင်တော့ သူကလည်း ထောင်ထဲကိုနှစ်ရှည်ဝင်သွားရပြီး ကျနော်ကလည်း တိုင်းပြည်ကနေထွက်ပြေးရတဲ့ ပြည်ပြေးဖြစ်သွားတယ်။ သူ့ဖမ်းခံရတဲ့နေ့မှာပဲ ကျနော်လည်း ဖမ်းခံရတာပေါ့နော်။ ကျနော်လဲဖမ်းတော့မယ်လို့သိတော့ သူ့ကိုလှမ်းပြီးအသိပေးမယ်လုပ်တော့ နောက်ကျသွားပြီဖမ်းခံသွားရတယ်ခင်ဗျ။”

ဒေါက်တာဇော်မြင့်မောင်ဟာ ၁၉၈၈ ရှစ်လေးလုံလူထုလှုပ်ရှားမှုမှာ မန္တလေး ဆေးတက္ကသိုလ်ဆရာများသမဂ္ဂရဲ့ အတွင်းရေးမှုးအဖြစ် ပါ၀င်ခဲ့ပြီးနောက် ၁၉၉၀ ရွေးကောက်ပွဲမှာ မန္တလေးတိုင်း အမရပူရမဲဆန္ဒနယ်မြေက NLD လွှတ်တော်အမတ်အဖြစ်ရွေးကောက်ခံရပါတယ်။ ဒါပေမဲ့ ၁၉၉၀ ခုနှစ် စက်တင်ဘာလမှာ စစ်အာဏာသိမ်းပြီးနောက် ဒေါက်တာဇော်မြင့်မောင်ကို ဖမ်းဆီးပြီး နှစ်ပေါင်း (၃၀)ကျော် ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ထောင်ထဲမှာ (၁၉)နှစ်ကျော်နေခဲ့ရပြီးနောက် ၂၀၀၉ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲမှာ မန္တလေးတိုင်းရဲ့ NLD ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရွေးကောက်ခံခဲ့ရပြီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ မန္တလေးတိုင်းဒေသကြီးရဲ့ အမရပူရမဲဆန္ဒနယ်မြေ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရပါတယ်။

အင်ကြင်းနိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment