Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

ဒုတိယသမၼတ ေရြးခ်ယ္ တင္ေျမႇာက္ေရး အစည္းအေ၀း အတြက္ ႀကိဳတင္ျပင္ဆင္မႈ မ်ား ျပဳလုပ္ႏုိင္ရန္ မတ္ ၉ ရက္တြင္ က်င္းပမည့္ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀း ရပ္နား


လႊတ္ေတာ္ဥကၠဌ ဦးဝင္းျမင့္ ကို ျပည္သူ႔လႊတ္ေတာ္မွာ မတ္လ ၈ ရက္ေန႔က ေတြ႕ရစဥ္
ဒုတိယသမၼတ ေရြးခ်ယ္တင္ေျမႇာက္ေရး အစည္းအေ၀းအတြက္ ႀကိဳတင္ျပင္ဆင္မႈမ်ား ျပဳလုပ္ႏုိင္ရန္ မတ္ ၉ ရက္တြင္ က်င္းပမည့္ ျပည္သူ႔လႊတ္တာ္ အစည္းအေ၀းအား ရပ္နား ထားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

မူလက မတ္ ၉ ရက္တြင္ ျပည္သူ႔လႊတ္ေတာ္အစည္းအေ၀း က်င္းပမည္ျဖစ္ေၾကာင္း လႊတ္ေတာ္ဥကၠ႒က မတ္ ၈ ရက္ ျပည္သူ႔လႊတ္ ေတာ္အစည္းအေ၀းအၿပီး တြင္ ေၾကညာခဲ့သည္။

လႊတ္ေတာ္အစည္းအေ၀း က်င္းပမည္ဆုိပါက အစည္းအေ၀းအစီအစဥ္အား ႀကိဳတင္ ျဖန္႔ေ၀ေလ့ရွိၿပီး မတ္ ၈ ရက္အစည္း အေ၀းအၿပီးတြင္ မတ္ ၉ ရက္ အစည္းအေ၀း အစီအစဥ္အား ျဖန္႔ေ၀ခဲ့ျခင္းမရွိဘဲ မြန္းလြဲပုိင္းမွသာ အစည္းအေ၀း အစီအစဥ္ ထြက္ေပၚလာၿပီး လႊတ္ေတာ္ကုိယ္စားလွယ္မ်ားထံ ျဖန္႔ေ၀ ခဲ့ျခင္းျဖစ္ကာ အဆုိပါ အစည္းအေ၀း အစီအစဥ္တြင္လည္း ေဒသဖြံ႔ၿဖိဳးေရးေမးခြန္း ႏွစ္ခုသာ ပါ၀င္သည္။

ထုိ႔ေနာက္ အစည္းအေ၀း အစီအစဥ္အား ျဖန္႔ေ၀အၿပီးတြင္ အစီအစဥ္အား ျပဳလုပ္ျခင္း မျပဳေတာ့ဘဲ လႊတ္ေတာ္အစည္းအေ၀း ရပ္နားေၾကာင္း လႊတ္ေတာ္႐ုံး မွ ျပန္လည္ အေၾကာင္းၾကားျခင္းျဖစ္ေၾကာင္း လႊတ္ေတာ္ကုိယ္စားလွယ္မ်ားထံမွ စုံစမ္းသိရသည္။

"ျပည္သူ႔လႊတ္ေတာ္နားတာ ဟုတ္ပါတယ္။ အေၾကာင္းရင္းကေတာ့ အစုအဖြဲ႕ေလးေတြ အစည္းအေ၀းလုပ္ၾကမွာပါ။ သဘက္ခါ မတ္ ၁၀ ရက္အတြက္ ျပင္ဆင္စရာေလး ေတြရွိလို႔ပါ။ အစည္းအေ၀းအစီအစဥ္က ေန႔လယ္ပုိင္းကထြက္တယ္။ ေနာက္ၿပီးေတာ့မွ ျပန္ဖ်က္လုိက္တာ။ တျခားအေၾကာင္းရင္းေတာ့မရွိပါဘူး" ဟု ျပည္သူ႔လႊတ္ေတာ္႐ုံးမွ တာ၀န္ရွိသူတစ္ဦးက ေျပာၾကားသည္။

"မနက္ျဖန္ ဗုဒၶဟူးေန႔ (မတ္ ၉ ရက္) အစီအစဥ္ကုိ ဖ်က္လုိက္တယ္။ၾကာသပေတးေန႔မွာပဲ အစုအဖြဲ႕ေရြးခ်ယ္ျခင္းကုိ လုပ္ေတာ့မယ္။ ဘာျဖစ္လုိ႔လဲေတာ့ မသိဘူး။ မနက္ျဖန္ အာဂ်င္ဒါမွာလည္း တကယ္တမ္းဘာမွမပါဘူး။ ေမးခြန္းႏွစ္ခုေမးမွာပဲ။ ၀န္ႀကီးေတြက မလာတဲ့အခါက်ေတာ့ ၿပီးသြားေရာ။ ဆရာထင္တာေတာ့ ၀န္ႀကီးေတြ မလာဘူးလုိ႔ထင္တာပဲေလ။ အရင္ကတည္းက မလာေတာ့ တာကုိ" ဟု ျပည္သူ႔လႊတ္ေတာ္လႊတ္ေတာ္ အခြင့္အေရးေကာ္မတီ ဥကၠ႒ေဒါက္တာလွမုိးက ေျပာၾကားသည္။

အလားတူ အမ်ဳိးသားလႊတ္ေတာ္ အစည္းအေ၀းမ်ားအား အစုိးရ႐ုံးပိတ္ရက္ျဖစ္သည့္ မတ္ ၂ ရက္ (ေတာင္သူလယ္သမား ေန႔) မွ စတင္ကာ လက္ရွိအခ်ိန္အထိ ရပ္နားထားသည္။

ႏိုင္ငံေတာ္သမၼတႏွင့္ ဒုတိယသမၼတမ်ား ေရြးခ်ယ္တင္ေျမႇာက္ႏိုင္ရန္အတြက္ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္အစုအဖြဲ႔၊ အမ်ဳိးသားလႊတ္ေတာ္ ကုိယ္စားလွယ္ အစုအဖြဲ႕၊ တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္ အစုအဖြဲ႔အလုိက္ အစည္းအေ၀း မ်ားကုိ မတ္ ၁၀ ရက္မွစ၍ ျပဳလုပ္မည္ျဖစ္သည္။

RFA Burmese
http://www.rfa.org/burmese
..................

လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့် ကို ပြည်သူ့လွှတ်တော်မှာ မတ်လ ၈ ရက်နေ့က တွေ့ရစဉ်
ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ရေး အစည်းအဝေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် မတ် ၉ ရက်တွင် ကျင်းပမည့် ပြည်သူ့လွှတ်တာ် အစည်းအဝေးအား ရပ်နား ထားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

မူလက မတ် ၉ ရက်တွင် ပြည်သူ့လွှတ်တော်အစည်းအဝေး ကျင်းပမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌက မတ် ၈ ရက် ပြည်သူ့လွှတ် တော်အစည်းအဝေးအပြီး တွင် ကြေညာခဲ့သည်။

လွှတ်တော်အစည်းအဝေး ကျင်းပမည်ဆိုပါက အစည်းအဝေးအစီအစဉ်အား ကြိုတင် ဖြန့်ဝေလေ့ရှိပြီး မတ် ၈ ရက်အစည်း အဝေးအပြီးတွင် မတ် ၉ ရက် အစည်းအဝေး အစီအစဉ်အား ဖြန့်ဝေခဲ့ခြင်းမရှိဘဲ မွန်းလွဲပိုင်းမှသာ အစည်းအဝေး အစီအစဉ် ထွက်ပေါ်လာပြီး လွှတ်တော်ကိုယ်စားလှယ်များထံ ဖြန့်ဝေ ခဲ့ခြင်းဖြစ်ကာ အဆိုပါ အစည်းအဝေး အစီအစဉ်တွင်လည်း ဒေသဖွံ့ဖြိုးရေးမေးခွန်း နှစ်ခုသာ ပါ၀င်သည်။

ထို့နောက် အစည်းအဝေး အစီအစဉ်အား ဖြန့်ဝေအပြီးတွင် အစီအစဉ်အား ပြုလုပ်ခြင်း မပြုတော့ဘဲ လွှတ်တော်အစည်းအဝေး ရပ်နားကြောင်း လွှတ်တော်ရုံး မှ ပြန်လည် အကြောင်းကြားခြင်းဖြစ်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များထံမှ စုံစမ်းသိရသည်။

"ပြည်သူ့လွှတ်တော်နားတာ ဟုတ်ပါတယ်။ အကြောင်းရင်းကတော့ အစုအဖွဲ့လေးတွေ အစည်းအဝေးလုပ်ကြမှာပါ။ သဘက်ခါ မတ် ၁၀ ရက်အတွက် ပြင်ဆင်စရာလေး တွေရှိလို့ပါ။ အစည်းအဝေးအစီအစဉ်က နေ့လယ်ပိုင်းကထွက်တယ်။ နောက်ပြီးတော့မှ ပြန်ဖျက်လိုက်တာ။ တခြားအကြောင်းရင်းတော့မရှိပါဘူး" ဟု ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

"မနက်ဖြန် ဗုဒ္ဓဟူးနေ့ (မတ် ၉ ရက်) အစီအစဉ်ကို ဖျက်လိုက်တယ်။ကြာသပတေးနေ့မှာပဲ အစုအဖွဲ့ရွေးချယ်ခြင်းကို လုပ်တော့မယ်။ ဘာဖြစ်လို့လဲတော့ မသိဘူး။ မနက်ဖြန် အာဂျင်ဒါမှာလည်း တကယ်တမ်းဘာမှမပါဘူး။ မေးခွန်းနှစ်ခုမေးမှာပဲ။ ၀န်ကြီးတွေက မလာတဲ့အခါကျတော့ ပြီးသွားရော။ ဆရာထင်တာတော့ ၀န်ကြီးတွေ မလာဘူးလို့ထင်တာပဲလေ။ အရင်ကတည်းက မလာတော့ တာကို" ဟု ပြည်သူ့လွှတ်တော်လွှတ်တော် အခွင့်အရေးကော်မတီ ဥက္ကဋ္ဌဒေါက်တာလှမိုးက ပြောကြားသည်။

အလားတူ အမျိုးသားလွှတ်တော် အစည်းအဝေးများအား အစိုးရရုံးပိတ်ရက်ဖြစ်သည့် မတ် ၂ ရက် (တောင်သူလယ်သမား နေ့) မှ စတင်ကာ လက်ရှိအချိန်အထိ ရပ်နားထားသည်။

နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်နိုင်ရန်အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အစုအဖွဲ့၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အလိုက် အစည်းအဝေး များကို မတ် ၁၀ ရက်မှစ၍ ပြုလုပ်မည်ဖြစ်သည်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment