Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

အာဂ်ီႏုိမုိတုိ ျပန္လာၿပီ (အာဂျီနိုမိုတို ပြန်လာပြီ )


ျမန္မာႏုိင္ငံမွာ လူသိမ်ားတဲ့ အာဂ်ီနိုမိုတိုအခ်ိဳမႈန္႔ကုမၸဏီဟာ ၂ဝ၁၇ ႏွစ္အတြင္း ျမန္မာနိုင္ငံမွာ စက္ရံုျပန္ဖြင့္ေတာ့မယ္လို႔ မေန႔က သတင္းရရွိပါတယ္။

အခုျပန္လည္ စတင္မယ့္စက္ရံုသစ္ကို ရန္ကုန္တိုင္း သံလ်င္ၿမိဳ႕နယ္ သီလဝါ အထူးစက္မႈဇံုမွာ တည္ေဆာက္မွာျဖစ္ၿပီး စတုရန္းေပ ၅ ေသာင္း ၄ ေထာင္ နီးပါးအက်ယ္အဝန္းရွိမယ့္ စက္ရံုအတြက္ ရင္းႏွီးမတည္ေငြအျဖစ္ အေမရိကန္ေဒၚလာ ၁ဝ သန္းခြဲေက်ာ္ သုးံစြဲမယ္လုိ႔ သိရပါတယ္။

အဲဒီ အခ်ိဳမႈန္႔ေတြကို ထိုင္းနိုင္ငံအေျခစိုက္တဲ့ အာဂ်ီႏုိမုိတုိ စက္ရံုကေန တင္သြင္းၿပီး သီလဝါစက္ရံုမွာ ထုပ္ပိုးမွာ ျဖစ္ပါတယ္။ ထြက္လာမယ့္အခ်ိဳမႈန္႕ထုတ္ေတြကို ပထမပုိင္းမွာ ရန္ကုန္နဲ႔ မႏၱေလးေစ်းကြက္ကုိ အဓိကထားျဖန္႔ျဖဴး ေရာင္းခ်မွာျဖစ္ၿပီး၊ ၂ဝ၂ဝ ခုႏွစ္အေရာက္မွာ ျပည္လုံးအႏွံ႔ တစ္ႏွစ္ကို ေဒၚလာ သန္း ၂ဝ ေက်ာ္ဖိုးေလာက္ ေရာင္းခ်ႏုိင္ဖို႔ ေမွ်ာ္မွန္းထားပါတယ္။

တုိက်ဳိၿမိဳ႕ရွိ အာဂီ်ႏုိမုိတုိ ရံုးခ်ဳပ္ရဲ့ေလ့လာေတြ႔ရွိခ်က္အရ ျမန္မာျ့ပည္သူေတြဟာ တစ္ႏွစ္ကို အခ်ိဳမႈန္႔ တန္ခ်ိန္ ၅ ေသာင္း ၂ ေထာင္ခန္႔ စားသုံးေနၿပီး ဒီပမာဏဟာ အေရွ႕ေတာင္အာရွနိုင္ငံေတြထဲမွာ စတုတၳအမ်ားဆံုးျဖစ္ပါတယ္။ အင္ဒုိနီးရွား၊ ဗီယက္နမ္နဲ႔ ထုိင္းႏုိင္ငံေတြကေတာ့ ျမန္မာျပည္ထက္ ပုိၿပီး သုံးစြဲတယ္လုိ႔ ဆုိပါတယ္။

ျမန္မာနိုင္ငံရဲ့ လက္ရွိအခ်ိဳမႈန္႕ေစ်းကြက္ ၇ဝ ရာခိုင္ႏႈန္းကို တရုတ္က ရယူလႊမ္းမိုးထားပါတယ္။ အာဂ်ီနိုမိုတုိစက္ရံုကို ျမန္မာျပည္မွာ ေရွးဦးစြာ ၁၉၉၆ ခုႏွစ္က တည္ေဆာက္ခဲ့ေပမယ့္ အခ်ိဳမႈန္႔ကုန္ၾကမ္းေတြ ထုိင္းႏုိင္ငံက တင္သြင္း တာကို အဲဒီအခ်ိန္မွာ အုပ္ခ်ဳပ္တဲ့ စစ္အစိုးရက ခြင့္မျပဳလို႕ စက္ရံုကို ၂ဝဝဝ ခုႏွစ္မွာ ရပ္နားခဲ့တယ္လုိ႔ သိရပါတယ္။

RFA Burmese
http://www.rfa.org/burmese
.................


မြန်မာနိုင်ငံမှာ လူသိများတဲ့ အာဂျီနိုမိုတိုအချိုမှုန့်ကုမ္ပဏီဟာ ၂ဝ၁၇ နှစ်အတွင်း မြန်မာနိုင်ငံမှာ စက်ရုံပြန်ဖွင့်တော့မယ်လို့ မနေ့က သတင်းရရှိပါတယ်။

အခုပြန်လည် စတင်မယ့်စက်ရုံသစ်ကို ရန်ကုန်တိုင်း သံလျင်မြို့နယ် သီလဝါ အထူးစက်မှုဇုံမှာ တည်ဆောက်မှာဖြစ်ပြီး စတုရန်းပေ ၅ သောင်း ၄ ထောင် နီးပါးအကျယ်အဝန်းရှိမယ့် စက်ရုံအတွက် ရင်းနှီးမတည်ငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ဝ သန်းခွဲကျော် သုးံစွဲမယ်လို့ သိရပါတယ်။

အဲဒီ အချိုမှုန့်တွေကို ထိုင်းနိုင်ငံအခြေစိုက်တဲ့ အာဂျီနိုမိုတို စက်ရုံကနေ တင်သွင်းပြီး သီလဝါစက်ရုံမှာ ထုပ်ပိုးမှာ ဖြစ်ပါတယ်။ ထွက်လာမယ့်အချိုမှုန့်ထုတ်တွေကို ပထမပိုင်းမှာ ရန်ကုန်နဲ့ မန္တလေးစျေးကွက်ကို အဓိကထားဖြန့်ဖြူး ရောင်းချမှာဖြစ်ပြီး၊ ၂ဝ၂ဝ ခုနှစ်အရောက်မှာ ပြည်လုံးအနှံ့ တစ်နှစ်ကို ဒေါ်လာ သန်း ၂ဝ ကျော်ဖိုးလောက် ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။

တိုကျိုမြို့ရှိ အာဂျီနိုမိုတို ရုံးချုပ်ရဲ့လေ့လာတွေ့ရှိချက်အရ မြန်မာြ့ပည်သူတွေဟာ တစ်နှစ်ကို အချိုမှုန့် တန်ချိန် ၅ သောင်း ၂ ထောင်ခန့် စားသုံးနေပြီး ဒီပမာဏဟာ အရှေ့တောင်အာရှနိုင်ငံတွေထဲမှာ စတုတ္ထအများဆုံးဖြစ်ပါတယ်။ အင်ဒိုနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံတွေကတော့ မြန်မာပြည်ထက် ပိုပြီး သုံးစွဲတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံရဲ့ လက်ရှိအချိုမှုန့်စျေးကွက် ရဝ ရာခိုင်နှုန်းကို တရုတ်က ရယူလွှမ်းမိုးထားပါတယ်။ အာဂျီနိုမိုတိုစက်ရုံကို မြန်မာပြည်မှာ ရှေးဦးစွာ ၁၉၉၆ ခုနှစ်က တည်ဆောက်ခဲ့ပေမယ့် အချိုမှုန့်ကုန်ကြမ်းတွေ ထိုင်းနိုင်ငံက တင်သွင်း တာကို အဲဒီအချိန်မှာ အုပ်ချုပ်တဲ့ စစ်အစိုးရက ခွင့်မပြုလို့ စက်ရုံကို ၂ဝဝဝ ခုနှစ်မှာ ရပ်နားခဲ့တယ်လို့ သိရပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment