Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 27, 2016

2005 (Sr) March နှစ်ဆင်း (B.Agr.Sc) ပါတနာ ကျော်မော်ဇံ နှင့် ပညာခန်းများ


2005 (Sr) March ႏွစ္ဆင္း (B.Agr.Sc) ပါတနာ ေက်ာ္ေမာ္ဇံ ႏွင့္ ပညာခန္းမ်ား”
(လဒေလး ေက်ာ္ေမာ္ဇံ…. ဆံုးေအာင္ေတာ့ ဖတ္သြားဦး……..)

ေက်ာ္ေမာ္ဇံ - Level 2 ကေတာ့ ေအာင္သလိုပဲ။
1) finding facts - excellent
2) explanation - good
3) scientific proof - fair
ေမးခြန္း ၁) Amount of organic matter နဲ႔ CEC ကေရာ ဘယ္လို ဆက္စပ္ပါသလဲ။ organic နဲရင္ CEC နဲ ေလ့ရွိေပမဲ့ ေျမေစးေတြမွာ CEC ျမင့္တာက organic နဲ႔ဆိုင္လား။ clay နဲ႔ဆိုင္လား။ organic ေရာ clay ေရာ ၂ခုလံုးမ်ားတဲ့ ေျမကေရာ CEC ဘယ္လိုရွိေနေလ့ရွိပါသလဲ။
ေမးခြန္း ၂) ေျမ ၁ ဧက ကို 1 meq/ 100 gm ႏႈန္း CEC တက္လာဖို႔ ႏြားေခ်း (သူ႔ ရဲ႕ OM % ကို ကိုယ့္ဖာသာကိုယ္ရွာ) ဘယ္ႏွ ကီလို သံုးရမွာပါလဲ။
ေမးခြန္း ၃) organic matter ေတြရဲ႕ ေနာက္ဆံုးအဆင့္ျဖစ္တဲ့ humic acid မ်ားလာရင္ေရာ acid ျဖစ္တဲ့အတြက္ CEC ျပန္က်သြားႏိုင္လား။ acid က pH ကို က်ေစတဲ့ အတြက္။ ဒါဆိုရင္ OM မ်ားတိုင္း CEC တက္ပါ့မလား။
ေမးခြန္း ၄) EC တို႔ CEC တို႔ မွာ minus (-) တန္ဖိုးရွိပါသလား။ pH မွာ minus တန္ဖိုး မရွိသည့္အခ်ိန္တြင္ pH 7 ျဖစ္ေသာ ေရ ၏ EC မွာ တန္ဖိုး ဘယ္ေလာက္ပါလဲ။ ေရထဲမွာ OH- ေတြမ်ားလာတာ ဘာလို႔ electrical conductivity က တက္လည္းဆိုတာ စဥ္းစားေနလို႔။
ၿပီးရင္ soil chemistry နဲ႔ မာစတာ တက္ဖို႔ မုန္႔ဖိုးေပးမယ္။

………………………………………………….

ဇာနည္ေမာင္ - လဒေလး…ၾကားဖူးနား၀ေတြအကုန္လံုး ၿပြတ္သိပ္ထည့္ေရးလို႕၀ၿပီလား….
မင့္ေမးခြန္း နံပါတ္တစ္ကိုေၿဖရမယ္ဆိုရင္ေတာ့ ေၿမေစးေတြမွာ CEC ၿမင့္ၿခင္းသည္ clay particle ေၾကာင့္ၿဖစ္ပါသည္…

Organic ေရာ clay ေရာ ႏွစ္ခုလံုးမ်ားတဲ့ေၿမသည္ စိုက္ပ်ိဳးရန္အတြက္ CEC တန္ဖိုး 10 နဲ႕20 meq/100 g ၾကားတြင္ရွိသည့္ Medium soil အေၿခအေနတြင္ရွိႏိုင္ၿပီး ထြန္လို႕ေကာင္း ယက္လို႕ေကာင္း စိုက္ပ်ိဳးလို႕ေကာင္းသည့္ အေနအထားၿဖစ္မည္….

Amount of organic matter ႏွင့္ CEC ဘယ္လိုဆက္စပ္သနည္းဆိုလွ်င္ေတာ့ လင္နဲ႕မယား လွ်ာနဲ႕သြားလိုဆက္စပ္ပါသည္…

ကဲ…မွတ္ၿပီလား….ေၿဖလိုက္တာ ရွင္းထြက္သြားကေရာပဲ…ငွဲ ငွဲ ငွဲ….

(မွတ္ခ်က္။ ။ ဘာၿဖစ္လို႕ဒီလိုၿဖစ္ရလဲဆိုေတာ့ ငါေၿပာလို႕ၿဖစ္တယ္လို႕သာ မွတ္ထားလိုက္ေပေတာ့….ဟီး ဟီး…)

.................................................................................

ၿဖစ္စဥ္က ဒီလိုရွိတယ္ကြ…..
ပထမဆံုး ေၿမၾကီးစစ္စစ္ဆိုတာ ဘာလဲေပါ့ကြာ….
ေၿမၾကီးဆိုတာ သဲ ႏႈန္း ေၿမေစး (Sand, Silt & Clay) သံုးမ်ိဳးႏွင့္ဖြဲ႕စည္းထားသည္ေပါ့…
အဲဒီ အမႈန္ သံုးမႈန္ထဲမွာ ဘယ္ေကာင္က အလုပ္လုပ္တာလဲ သိဖို႕လိုတယ္…

ဘယ္ေကာင္က active ဘယ္ေကာင္က inactive လဲ သိထားဖို႕လိုတယ္…

သဲမႈန္က ဆိုဒ္ အၾကီးဆံုး …ႏႈန္းမႈန္က သဲမႈန္နဲ႕ ရႊံ႕ေစးမႈန္ၾကား ဆိုဒ္အလတ္စား…ေၿမေစးမႈန္က အေသးငယ္ဆံုးအမႈန္…ဘယ္ေလာက္ေသးသလဲဆို ဘတ္တီးရီးယားဆိုဒ္ေလာက္ကို ေသးတယ္….

ၾကီးသံုးၾကီး ေခၚရမွာေပါ့…အဲ့ဒီ ၾကီးသံုးၾကီးမွာ အစြာဆံုးေကာင္က မေလာက္ေလးမေလာက္စား ပိစိေညွာင့္ေတာက္ေလးရွိတဲ့ clay အမႈန္ပဲ….
ဘာ့ေၾကာင့္ အေကာင္လည္းေသးေသး အဆိပ္လည္းၿပင္းေသးၿဖစ္ရသလဲဆိုရင္ေတာ့ အဲ့ clay အမႈန္မွာ charge ရွိလိုု႕ပဲ အားရွိလို႕ပဲ….
ဘာအားလဲဆိုရင္ေတာ့ ဓါတ္ကူးႏိုင္တဲ့အား ရွိလို႕ပဲ…
က်န္အမႈန္ႏွစ္မႈန္ Sand နဲ႕ Silt မွာေတာ့ အဲ့အားေတြ ပါ၀င္ၿခင္းမရွိဘူး….

……………………………………………………………….

အဲ့ဒီေတာ့ အဲ့ဒီ Charge ကဘယ္ကဘယ္လိုေရာက္လာတာလဲလို႕ေမးစရာရွိလာတယ္…
ဘုရားဖန္ဆင္းထားလို႕ေပါ့ကြာ ဆိုရင္ၿပတ္ကေရာေနာ္…အခုေတာ့ လွ်ာရွည္လိုက္ဦးမယ္….

ထူးဆန္းတာက ကမာၻေလာကၾကီးကို အႏွစ္ခ်ဳပ္ၾကည့္ရင္ အရာရာတိုင္းဟာ ေမာ္လီက်ဴးေတြနဲ႕ ဖြဲ႕စည္းထားၿခင္းပဲ...
ေမာ္လီက်ဴးေတြကိုက်ေတာ့ အက္တမ္ေတြနဲ႕ဖြဲ႕စည္းထားတယ္…

ဥပမာ အေနနဲ႕ေၿပာရရင္ ေမာင္ေမာင္သည္ ေလကိုရႈ၍ သက္ၿပင္းခ်ကာ ေရကို တအားကုန္ေမာ့ေသာက္လိုက္သည္ဆိုပါေတာ့…
အဲ့ဒါကို ဓါတုေဗဒနည္းနဲ႕ေရးရင္…

“ ေမာင္ေမာင္သည္ ေအာက္ဆီဂ်င္(O2) ေမာ္လီက်ဴးကိုရွဴ၍ ကာဗြန္ဒိုင္ေအာက္ဆိုဒ ္(CO2) ေမာ္လီက်ဴးကို မႈတ္ထုတ္လိုက္ကာ အိတ္ခ်္တူးအို (H2O) ေမာ္လီက်ဴးကို ေမာ့ေသာက္လိုက္သည္”
လို႕ေရးရမွာေပါ့ေနာ္….

အၿမင္လြယ္ဆံုး water ေရ ဆိုရင္ H2O နဲ႕ဖြဲ႕စည္းထားတယ္…အဲ့ဒီေရေမာ္လီက်ဴးမွာ Hydrogen အက္တမ္ ႏွစ္လံုးနဲ႕ Oxygen အက္တမ္တစ္လံုးပါ၀င္တယ္….
ေၿပာခ်င္တာက ကမာၻေလာကထဲရွိသမွ်အရာအားလံုးကို ေမာ္လီက်ဴးေတြနဲ႕ဖြဲ႕စည္းထားတယ္…
အဲ့ဒီ ေမာ္လီက်ဴးေတြကို အက္တမ္ေတြနဲ႕ဖြဲ႕စည္းထားတယ္…
အဲ့ဒီေတာ့ လူ ေမာ္လီက်ဴး ေၾကာင္ေမာ္လီက်ဴး ေခြးေမာ္လီက်ဴး ဗီဒိုေမာ္လီက်ဴး ကားေမာ္လီက်ဴး ဆိုင္ကယ္ေမာ္လီက်ဴး…..

ေမာ္လီၾကဴးေတြ ၿပည့္ႏွက္ေနတဲ့ ေမာ္လီက်ဴးကမာၻၾကီးဆိုပါေတာ့….

အဲ့ဒီေမာ္လီက်ဴးထဲ ပါ၀င္တဲ့ အက္တမ္ေတြကို ထပ္ၿပီးဓါတ္ခြဲလိုက္ရင္ေတာ့ ပရိုတြန္ နယူထရြန္ အီလက္ထရြန္ ဆိုၿပီး သံုးခုပဲရွိေတာ့တယ္…ထပ္ၿပီးခြဲလို႕မရေတာ့ဘူး…..
မဆီမဆိုင္ ကမာၻၾကီးမွာ ဗုဒၶဘာသာမွာ ဘုရား တရား သံဃာ ဆိုၿပီး ရတနာသံုးပါး…
ခရစ္ယာန္မွာက်ေတာ့ ခမည္းေတာ္ သားေတာ္ သန္႕ရွင္းေသာ၀ိဥာဥ္ေတာ္ သံုးပါးတစ္ဆူ…
အဲ့ဒီလိုပဲ ကမာၻၾကီးရဲ႕ သက္ရွိသက္မဲ့အကုန္လံုးကိုလဲ ပရိုတြန္ နယူထရြန္ အီလက္ထရြန္ ဆိုတဲ့ ဓါတ္ သံုးမ်ိဳးထဲနဲ႕ပဲဖြဲ႕စည္းထားပါတယ္……

…………………………………………………………………………

ဒီအၿခခံ အခ်က္ေတြကို သိထားမွ CEC ဆိုတာဘာလဲ EC ဆိုတာဘာလဲ….
organic နဲ႕clay မွာ CEC ကို ဘယ္အရာက လႊမ္းမိုးထားတာလဲ…
(H+) တို႕ (OH -) ဆိုတာ ဘာေကာင္ေတြလဲ စတာေတြကို ဆက္ရွင္းဖို႕ ဒီ သံုုးမ်ိဳးကို သိထားမွဆက္ေၿပာလို႕ အဆင္ေၿပမွာပါ….
အဲ့ဒါေၾကာင့္ စကားေတြ ခံေနရၿခင္းၿဖစ္ပါတယ္…..

…………………………………………

ၿပန္ေကာက္ရရင္ အဲ့ဒီ အက္တမ္ထဲက ပရိုတြန္ နယူထရြန္ အီလက္ထရြန္ေတြမွာ
ပရိုတြန္က အဖိုဓါတ္(+) အီလက္ထရြန္က အမဓါတ္(-) ရွိၿပီး နယူထရြန္ကေတာ့ ဘာဓါတ္မွမရွိပါဘူး….
အက္တမ္ တစ္လံုးမွာ ပရိုတြန္ အေရအတြက္နဲ႕ အီလက္ထရြန္အေရအတြက္က ညီတူညီမွ်ပါ၀င္ပါတယ္…

ညီမွ်ေနရင္ ဘာၿပသနာမွမရွိပါဘူး…

အဲ…တကယ္လို႕မ်ား အဲ့ အက္တမ္ထဲက အဖိုေကာင္ကပဲ ၿဖစ္ၿဖစ္ အမေကာင္ကပဲၿဖစ္ၿဖစ္ အေၾကာင္းဖန္လာလို႕ သူ႕အသိုက္အၿမံဳထဲမွာ ၿငိမ္ၿငိမ္မေနပဲ ေနာက္မီးလင္းခ်င္လာတဲ့အခါမွာေတာ့ ၿပသနာစတက္ေတာ့တာပါပဲ….
မေနခ်င္ဘူးဟယ္ နင္နဲ႕ဆိုၿပီး မိန္းမလုပ္သူက သူ႕ထက္သာတဲ့သူေနာက္ပါသြား…
ေယာက်ာ္းကလဲ နင္မရွိပဲ ငါတစ္ေယာက္တည္းေနရတာ ကြက္လပ္ၾကီးၿဖစ္ေနသလို ခံစားရတယ္ဆိုၿပီး သူ႕ဘ၀ထဲ အငယ္ေလးထပ္ေခၚ….

ေၿပာခ်င္တာက….အက္တမ္ထဲမွာ အဖို အမ အေရအတြက္ မတူညီေတာ့တဲ့အခါမွာ ဓါတ္ကူးမႈဆိုတာ ေတြ စတင္တယ္ဆိုတာပါပဲ….

ေယာက်ာ္းေလးဆယ္ေယာက္ မိန္းကေလးဆယ္ေယာက္ ရွိေနတဲ့ အက္တမ္ အိမ္ၾကီးမွာ မိန္းကေလး ငါးေယာက္ထြက္သြားရင္ အဲ့အိမ္ၾကီးက ေယာက်ာ္းေတြ မ်ားတဲ့အိမ္ေပါ့…အဖိုမ်ားတယ္ေပါ့…
အဲ့လိုမဟုတ္ပဲ ေယာက်ာ္းေလးငါးေယာက္က စိတ္ဆိုးၿပီးထြက္သြားတယ္ဆိုပါေတာ့…အဲ့အိမ္မွာ မိန္းမကေလးေတြကမ်ားေနၿပီေပါ့….အဲ့ဒီေတာ့ အမမ်ားတဲ့အိမ္ေပါ့….

လူ႕သဘာ၀မွာေတာ့ အိမ္တစ္အိမ္မွာ ေယာက်ာ္းေလး မိန္းမကေလး ဦးေရ ညီတူညီမွ် မရွိၿခင္းဟာ ၿပသနာမဟုတ္ေပမဲ့ အက္တမ္ဆိုတဲ့ အိမ္ၾကီးကေတာ့ အဖို အမ ညီမွ်ကို ညီမွ်ရပါတယ္….
အဖိုမ်ားေနတဲ့အိမ္က ေတြ႕ကရာ အမေတြကိုဖမ္းဆြဲတတ္သလို….
အမမ်ားေနတဲ့အိမ္ကလည္း ေတြ႕ကရာ အဖိုေတြကိုဖမ္းဆြဲေတာ့တာပါပဲ…..

အဲ့ဒီေတာ့ အမ (-) မ်ားမ်ားရွိတဲ့ေနရာဟာ အဖို(+) ေတြအတြက္ စိတ္ၾကိဳက္ ေခါင္းေခါက္ေရြးၿပီး ၿမဴးတူးေပ်ာ္ပါးဖို႕ အေကာင္းဆံုးေနရာၿဖစ္ၿပီးေတာ့…..
အဖို(+) မ်ားမ်ားရွိေနတဲ့ေနရာကလည္း အမ(-)ေတြအတြက္ အပ်ိဳၾကီးၿဖစ္ဖို႕မပူရတဲ့ေနရာေပါ့……

အမအမ်ားၾကီးရွိေနရင္ Cation(အဖို) Exchange Capacity အဖိုေတြအတြက္ ဂြင္ေပါ့….
အဖိုေတြမ်ားမ်ားရွိေနရင္ Anion(အမ) Exchange Capacity အမေတြအတြက္ ဂြင္ေပါ့……

…………………………………………………………

နိဂံုးခ်ဳပ္ရရင္…
Sand , Silt and Clay အက္တမ္ေတြရဲ႕ တည္ေဆာ္မႈကိုအေသးစိတ္ၾကည့္တဲ့အခါ…
Sand နဲ႕ Silt မွာ အဖို အမ အေရအတြက္တူညီမႈရွိေနတဲ့အတြက္ သူ႕တို႕မွာ ဓါတ္ကူးႏိုင္တဲ့ charge ေတြမရွိပါဘူး….

Clay ေမာ္လီက်ဴးမွာ ပါ၀င္တာကို ၾကည့္လိုက္ေတာ့ အက္တမ္ေတြက တစ္မ်ိဳးမက ပါ၀င္ေနတာကိုေတြ႕ရပါတယ္….
Clay မွာ ဆီလီကြန္ (Si) အလူမီနီယမ္ (Al) မဂၢနီဆီယမ္ (Mg) ေအာက္ဆီဂ်င္ (O) ဟိုက္ဒရိုဂ်င္ (H) စတဲ့အက္တမ္ ငါးမ်ိဳးပါ၀င္ေနတာကိုေတြ႕ရပါတယ္…..
ဓါတုေဗဒ အေခၚအရ Tetrahedral နဲ႕ Octahedral အလႊာေတြနဲ႕ဖြဲ႕စည္းထားပါတယ္…

ေလးထပ္အိမ္ၾကီးဆိုပါေတာ့ဗ်ာ….

အေပၚဆံုးထပ္မွာ ဆီလီကြန္(Si)အက္တမ္တစ္လံုးနဲ႕ ေအာက္ဆီဂ်င္ (O) အက္တမ္ ေလးလံုးေနတယ္
ေအာက္ဆံုးထပ္မွာလည္း ဆီလီကြန္(Si) အက္တမ္တစ္လံုးနဲ႕ ေအာက္ဆီဂ်င္ (O) အက္တမ္ ေလးလံုးေနတယ္…
ေလးကို ဓါတုေဗဒမွာ tetra လို႕သံုးတယ္…အဲ့ဒါေၾကာင့္ အဲ့အေပၚဆံုးထပ္နဲ႕ ေအာက္ဆံုးထပ္ကို Tetrahedral လို႕သံုးတာေပါ့….

အလယ္ထပ္မွာေတာ့ အလူမီနီယမ္ (Al) အက္တမ္ မဂၢနီဆီယမ္ (Mg) ဟိုက္ဒေရာဆိုဒ္(OH) နဲ႕ ေအာက္ဆီဂ်င္(O)အက္တမ္ ရွစ္လံုး.. Octa လို႕ ဓါတုေဗဒ ရွစ္လို႕သံုးတယ္…အဲ့ဒါေၾကာင့္ Octahedral အလႊာလို႕ေခၚတာၿဖစ္မယ္…..

ဆိုလိုခ်င္တာက ….ဆီလီကြန္(Si)အက္တမ္တစ္လံုးမွာ အေပါင္းတန္ဖိုး (+4)ပဲရွိတယ္…
သူ႕ကို၀ိုင္းရံတာက ေအာက္ဆီဂ်င္(O)အက္တမ္ ေလးလံုး…ေအာက္ဆီဂ်င္အက္တမ္ရဲ႕ ဓါတ္ကူးတန္ဖိုးက တစ္လံုးမွာ (-2) ရွိတယ္… ေလးလံုးဆိုေတာ့ (-8) ၿဖစ္သြားတယ္…
အဲ့ဒီေတာ့ SiO4 ဆိုေတာ့ အၿမဲတမ္း (-4) အမ ေလးလံုးက အပိုထြက္ေနတယ္….

အလယ္က အလူမီနီယမ္(Al) မွာက အေပါင္းတန္ဖိုး (+3) ပဲရွိတယ္…သူ႕ကိုလဲ ေအာင္ဆီဂ်င္ေလးလံုးက ၀ိုင္းထားတယ္ဆိုေတာ့ (-8) ပဲ….အဲ့ဒီမွာလည္း အမတန္ဖိုး (-5) ကပိုေနတယ္…..
အဲ့ဒီေတာ့ clay အမႈန္တမႈန္္တိုင္းးမွာ အမတန္ဖိုး(-) ေတြ ထံုမႊမ္းေနတယ္ဆိုေတာ့သေဘာေပါ့…..

Clay အမႈန္ေတြ ေၿမၾကီးထဲ မ်ားမ်ားပါရင္ အမဓါတ္ေတြအမ်ားၾကီးပါမယ္….အဲ့ဒီေတာ့ Cation (+) အဖိုေတြအတြက္ ဂြင္ေပါ့…
Clay အမႈန္တစ္မႈန္ နဲ႕တစ္မႈန္ ကပ္ေနဖို႕က ေကာ္နဲ႕သြားကပ္လို႕ရတာမို႕ဘူးေလ….
Clay အမႈန္တစ္မႈန္နဲ႕တစ္မႈန္ၾကား ထိစပ္ဖို႕ ကူးလူးဖို႕အတြက္ အဖို(+) မႈန္ေတြလိုလာတယ္ေပါ့….

အဖိုမႈန္အေနနဲ႕ H+ or Al+3 or Ca+2 or Mg +2 or K+ or NH4+ or Na+ ဒီေကာင္ေတြကခုနက အမ(+) ေတြမ်ားေနတဲ့ အိမ္ၾကီးထဲ အလုအယက္၀င္ၾကေတာ့မွာေပါ့.....
အမမ်ားေလ အဖိုေတြၾကိဳက္ေလေပါ့…အဲ့ဒီအေၿခအေနမ်ိဳးမွာ Cation Exchange Capacity ေကာင္းတယ္ေခၚတာေပါ့…..
Clay က အမဓါတ္(-)…အဲ့ဒီေတာ့ ေမာင္ေက်ာ္ေမာ္ဇံေလးေရ……
ေၿမေစးေတြမွာ CEC ၿမင့္ရၿခင္းဟာ Clay ေၾကာင့္ပါ…..

…………………………………………….

Organic matter ကက်ေတာ့ သူ႕မွာ အမဓါတ္(-) လည္းပါ၀င္သလို အဖိုဓါတ္(+) လည္းပါ၀င္ပါတယ္…
CEC သေဘာတရားအရ ေၿမၾကီးမွာအမဓါတ္မ်ားမွ အဖိုေတြဓါတ္ကူးႏိုင္မွာၿဖစ္လို႕ CEC နဲ႕ Organic matter သည္ လင္နဲ႕မယား လွ်ာနဲ႕သြားလို အၿပန္အလွန္အမွီသဟဲ ၿပဳေနတယ္လို႕ အေၾကာင္းၿပန္လိုက္ပါတယ္.. ေမာင္ေက်ာ္ေမာ္ဇံေလးေရ…

(ဟူး....ေမးခြန္း နံပါတ္ (၁) နဲ႕တင္ မနဲရွည္သြားၿပီ...ေနာက္က်န္တဲ့ ေမးခြန္း နံပါတ္ (၂) (၃) (၄) ေတြကိုလည္း ေၿဖဦးမွာ......)

ဇာနည္ေမာင္ေမာင္ေက်ာ္
..............

2005 (Sr) March နှစ်ဆင်း (B.Agr.Sc) ပါတနာ ကျော်မော်ဇံ နှင့် ပညာခန်းများ”
(လဒလေး ကျော်မော်ဇံ…. ဆုံးအောင်တော့ ဖတ်သွားဦး……..)

ကျော်မော်ဇံ - Level 2 ကတော့ အောင်သလိုပဲ။
1) finding facts - excellent
2) explanation - good
3) scientific proof - fair
မေးခွန်း ၁) Amount of organic matter နဲ့ CEC ကရော ဘယ်လို ဆက်စပ်ပါသလဲ။ organic နဲရင် CEC နဲ လေ့ရှိပေမဲ့ မြေစေးတွေမှာ CEC မြင့်တာက organic နဲ့ဆိုင်လား။ clay နဲ့ဆိုင်လား။ organic ရော clay ရော ၂ခုလုံးများတဲ့ မြေကရော CEC ဘယ်လိုရှိနေလေ့ရှိပါသလဲ။
မေးခွန်း ၂) မြေ ၁ ဧက ကို 1 meq/ 100 gm နှုန်း CEC တက်လာဖို့ နွားချေး (သူ့ ရဲ့ OM % ကို ကိုယ့်ဖာသာကိုယ်ရှာ) ဘယ်နှ ကီလို သုံးရမှာပါလဲ။
မေးခွန်း ၃) organic matter တွေရဲ့ နောက်ဆုံးအဆင့်ဖြစ်တဲ့ humic acid များလာရင်ရော acid ဖြစ်တဲ့အတွက် CEC ပြန်ကျသွားနိုင်လား။ acid က pH ကို ကျစေတဲ့ အတွက်။ ဒါဆိုရင် OM များတိုင်း CEC တက်ပါ့မလား။
မေးခွန်း ၄) EC တို့ CEC တို့ မှာ minus (-) တန်ဖိုးရှိပါသလား။ pH မှာ minus တန်ဖိုး မရှိသည့်အချိန်တွင် pH 7 ဖြစ်သော ရေ ၏ EC မှာ တန်ဖိုး ဘယ်လောက်ပါလဲ။ ရေထဲမှာ OH- တွေများလာတာ ဘာလို့ electrical conductivity က တက်လည်းဆိုတာ စဉ်းစားနေလို့။
ပြီးရင် soil chemistry နဲ့ မာစတာ တက်ဖို့ မုန့်ဖိုးပေးမယ်။

………………………………………………….

ဇာနည်မောင် - လဒလေး…ကြားဖူးနားဝတွေအကုန်လုံး ပြွတ်သိပ်ထည့်ရေးလို့ဝပြီလား….
မင့်မေးခွန်း နံပါတ်တစ်ကိုဖြေရမယ်ဆိုရင်တော့ မြေစေးတွေမှာ CEC မြင့်ခြင်းသည် clay particle ကြောင့်ဖြစ်ပါသည်…

Organic ရော clay ရော နှစ်ခုလုံးများတဲ့မြေသည် စိုက်ပျိုးရန်အတွက် CEC တန်ဖိုး 10 နဲ့20 meq/100 g ကြားတွင်ရှိသည့် Medium soil အခြေအနေတွင်ရှိနိုင်ပြီး ထွန်လို့ကောင်း ယက်လို့ကောင်း စိုက်ပျိုးလို့ကောင်းသည့် အနေအထားဖြစ်မည်….

Amount of organic matter နှင့် CEC ဘယ်လိုဆက်စပ်သနည်းဆိုလျှင်တော့ လင်နဲ့မယား လျှာနဲ့သွားလိုဆက်စပ်ပါသည်…

ကဲ…မှတ်ပြီလား….ဖြေလိုက်တာ ရှင်းထွက်သွားကရောပဲ…ငှဲ ငှဲ ငှဲ….

(မှတ်ချက်။ ။ ဘာဖြစ်လို့ဒီလိုဖြစ်ရလဲဆိုတော့ ငါပြောလို့ဖြစ်တယ်လို့သာ မှတ်ထားလိုက်ပေတော့….ဟီး ဟီး…)

.................................................................................

ဖြစ်စဉ်က ဒီလိုရှိတယ်ကွ…..
ပထမဆုံး မြေကြီးစစ်စစ်ဆိုတာ ဘာလဲပေါ့ကွာ….
မြေကြီးဆိုတာ သဲ နှုန်း မြေစေး (Sand, Silt & Clay) သုံးမျိုးနှင့်ဖွဲ့စည်းထားသည်ပေါ့…
အဲဒီ အမှုန် သုံးမှုန်ထဲမှာ ဘယ်ကောင်က အလုပ်လုပ်တာလဲ သိဖို့လိုတယ်…

ဘယ်ကောင်က active ဘယ်ကောင်က inactive လဲ သိထားဖို့လိုတယ်…

သဲမှုန်က ဆိုဒ် အကြီးဆုံး …နှုန်းမှုန်က သဲမှုန်နဲ့ ရွှံ့စေးမှုန်ကြား ဆိုဒ်အလတ်စား…မြေစေးမှုန်က အသေးငယ်ဆုံးအမှုန်…ဘယ်လောက်သေးသလဲဆို ဘတ်တီးရီးယားဆိုဒ်လောက်ကို သေးတယ်….

ကြီးသုံးကြီး ခေါ်ရမှာပေါ့…အဲ့ဒီ ကြီးသုံးကြီးမှာ အစွာဆုံးကောင်က မလောက်လေးမလောက်စား ပိစိညှောင့်တောက်လေးရှိတဲ့ clay အမှုန်ပဲ….
ဘာ့ကြောင့် အကောင်လည်းသေးသေး အဆိပ်လည်းပြင်းသေးဖြစ်ရသလဲဆိုရင်တော့ အဲ့ clay အမှုန်မှာ charge ရှိလိုု့ပဲ အားရှိလို့ပဲ….
ဘာအားလဲဆိုရင်တော့ ဓါတ်ကူးနိုင်တဲ့အား ရှိလို့ပဲ…
ကျန်အမှုန်နှစ်မှုန် Sand နဲ့ Silt မှာတော့ အဲ့အားတွေ ပါ၀င်ခြင်းမရှိဘူး….

……………………………………………………………….

အဲ့ဒီတော့ အဲ့ဒီ Charge ကဘယ်ကဘယ်လိုရောက်လာတာလဲလို့မေးစရာရှိလာတယ်…
ဘုရားဖန်ဆင်းထားလို့ပေါ့ကွာ ဆိုရင်ပြတ်ကရောနော်…အခုတော့ လျှာရှည်လိုက်ဦးမယ်….

ထူးဆန်းတာက ကမ္ဘာလောကကြီးကို အနှစ်ချုပ်ကြည့်ရင် အရာရာတိုင်းဟာ မော်လီကျူးတွေနဲ့ ဖွဲ့စည်းထားခြင်းပဲ...
မော်လီကျူးတွေကိုကျတော့ အက်တမ်တွေနဲ့ဖွဲ့စည်းထားတယ်…

ဥပမာ အနေနဲ့ပြောရရင် မောင်မောင်သည် လေကိုရှု၍ သက်ပြင်းချကာ ရေကို တအားကုန်မော့သောက်လိုက်သည်ဆိုပါတော့…
အဲ့ဒါကို ဓါတုဗေဒနည်းနဲ့ရေးရင်…

“ မောင်မောင်သည် အောက်ဆီဂျင်(O2) မော်လီကျူးကိုရှူ၍ ကာဗွန်ဒိုင်အောက်ဆိုဒ ်(CO2) မော်လီကျူးကို မှုတ်ထုတ်လိုက်ကာ အိတ်ချ်တူးအို (H2O) မော်လီကျူးကို မော့သောက်လိုက်သည်”
လို့ရေးရမှာပေါ့နော်….

အမြင်လွယ်ဆုံး water ရေ ဆိုရင် H2O နဲ့ဖွဲ့စည်းထားတယ်…အဲ့ဒီရေမော်လီကျူးမှာ Hydrogen အက်တမ် နှစ်လုံးနဲ့ Oxygen အက်တမ်တစ်လုံးပါ၀င်တယ်….
ပြောချင်တာက ကမ္ဘာလောကထဲရှိသမျှအရာအားလုံးကို မော်လီကျူးတွေနဲ့ဖွဲ့စည်းထားတယ်…
အဲ့ဒီ မော်လီကျူးတွေကို အက်တမ်တွေနဲ့ဖွဲ့စည်းထားတယ်…
အဲ့ဒီတော့ လူ မော်လီကျူး ကြောင်မော်လီကျူး ခွေးမော်လီကျူး ဗီဒိုမော်လီကျူး ကားမော်လီကျူး ဆိုင်ကယ်မော်လီကျူး…..

မော်လီကြူးတွေ ပြည့်နှက်နေတဲ့ မော်လီကျူးကမ္ဘာကြီးဆိုပါတော့….

အဲ့ဒီမော်လီကျူးထဲ ပါ၀င်တဲ့ အက်တမ်တွေကို ထပ်ပြီးဓါတ်ခွဲလိုက်ရင်တော့ ပရိုတွန် နယူထရွန် အီလက်ထရွန် ဆိုပြီး သုံးခုပဲရှိတော့တယ်…ထပ်ပြီးခွဲလို့မရတော့ဘူး…..
မဆီမဆိုင် ကမ္ဘာကြီးမှာ ဗုဒ္ဓဘာသာမှာ ဘုရား တရား သံဃာ ဆိုပြီး ရတနာသုံးပါး…
ခရစ်ယာန်မှာကျတော့ ခမည်းတော် သားတော် သန့်ရှင်းသောဝိဉာဉ်တော် သုံးပါးတစ်ဆူ…
အဲ့ဒီလိုပဲ ကမ္ဘာကြီးရဲ့ သက်ရှိသက်မဲ့အကုန်လုံးကိုလဲ ပရိုတွန် နယူထရွန် အီလက်ထရွန် ဆိုတဲ့ ဓါတ် သုံးမျိုးထဲနဲ့ပဲဖွဲ့စည်းထားပါတယ်……

…………………………………………………………………………

ဒီအခြခံ အချက်တွေကို သိထားမှ CEC ဆိုတာဘာလဲ EC ဆိုတာဘာလဲ….
organic နဲ့clay မှာ CEC ကို ဘယ်အရာက လွှမ်းမိုးထားတာလဲ…
(H+) တို့ (OH -) ဆိုတာ ဘာကောင်တွေလဲ စတာတွေကို ဆက်ရှင်းဖို့ ဒီ သုုံးမျိုးကို သိထားမှဆက်ပြောလို့ အဆင်ပြေမှာပါ….
အဲ့ဒါကြောင့် စကားတွေ ခံနေရခြင်းဖြစ်ပါတယ်…..

…………………………………………

ပြန်ကောက်ရရင် အဲ့ဒီ အက်တမ်ထဲက ပရိုတွန် နယူထရွန် အီလက်ထရွန်တွေမှာ
ပရိုတွန်က အဖိုဓါတ်(+) အီလက်ထရွန်က အမဓါတ်(-) ရှိပြီး နယူထရွန်ကတော့ ဘာဓါတ်မှမရှိပါဘူး….
အက်တမ် တစ်လုံးမှာ ပရိုတွန် အရေအတွက်နဲ့ အီလက်ထရွန်အရေအတွက်က ညီတူညီမျှပါ၀င်ပါတယ်…

ညီမျှနေရင် ဘာပြသနာမှမရှိပါဘူး…

အဲ…တကယ်လို့များ အဲ့ အက်တမ်ထဲက အဖိုကောင်ကပဲ ဖြစ်ဖြစ် အမကောင်ကပဲဖြစ်ဖြစ် အကြောင်းဖန်လာလို့ သူ့အသိုက်အမြံုထဲမှာ ငြိမ်ငြိမ်မနေပဲ နောက်မီးလင်းချင်လာတဲ့အခါမှာတော့ ပြသနာစတက်တော့တာပါပဲ….
မနေချင်ဘူးဟယ် နင်နဲ့ဆိုပြီး မိန်းမလုပ်သူက သူ့ထက်သာတဲ့သူနောက်ပါသွား…
ယောကျာ်းကလဲ နင်မရှိပဲ ငါတစ်ယောက်တည်းနေရတာ ကွက်လပ်ကြီးဖြစ်နေသလို ခံစားရတယ်ဆိုပြီး သူ့ဘဝထဲ အငယ်လေးထပ်ခေါ်….

ပြောချင်တာက….အက်တမ်ထဲမှာ အဖို အမ အရေအတွက် မတူညီတော့တဲ့အခါမှာ ဓါတ်ကူးမှုဆိုတာ တွေ စတင်တယ်ဆိုတာပါပဲ….

ယောကျာ်းလေးဆယ်ယောက် မိန်းကလေးဆယ်ယောက် ရှိနေတဲ့ အက်တမ် အိမ်ကြီးမှာ မိန်းကလေး ငါးယောက်ထွက်သွားရင် အဲ့အိမ်ကြီးက ယောကျာ်းတွေ များတဲ့အိမ်ပေါ့…အဖိုများတယ်ပေါ့…
အဲ့လိုမဟုတ်ပဲ ယောကျာ်းလေးငါးယောက်က စိတ်ဆိုးပြီးထွက်သွားတယ်ဆိုပါတော့…အဲ့အိမ်မှာ မိန်းမကလေးတွေကများနေပြီပေါ့….အဲ့ဒီတော့ အမများတဲ့အိမ်ပေါ့….

လူ့သဘာဝမှာတော့ အိမ်တစ်အိမ်မှာ ယောကျာ်းလေး မိန်းမကလေး ဦးရေ ညီတူညီမျှ မရှိခြင်းဟာ ပြသနာမဟုတ်ပေမဲ့ အက်တမ်ဆိုတဲ့ အိမ်ကြီးကတော့ အဖို အမ ညီမျှကို ညီမျှရပါတယ်….
အဖိုများနေတဲ့အိမ်က တွေ့ကရာ အမတွေကိုဖမ်းဆွဲတတ်သလို….
အမများနေတဲ့အိမ်ကလည်း တွေ့ကရာ အဖိုတွေကိုဖမ်းဆွဲတော့တာပါပဲ…..

အဲ့ဒီတော့ အမ (-) များများရှိတဲ့နေရာဟာ အဖို(+) တွေအတွက် စိတ်ကြိုက် ခေါင်းခေါက်ရွေးပြီး မြူးတူးပျော်ပါးဖို့ အကောင်းဆုံးနေရာဖြစ်ပြီးတော့…..
အဖို(+) များများရှိနေတဲ့နေရာကလည်း အမ(-)တွေအတွက် အပျိုကြီးဖြစ်ဖို့မပူရတဲ့နေရာပေါ့……

အမအများကြီးရှိနေရင် Cation(အဖို) Exchange Capacity အဖိုတွေအတွက် ဂွင်ပေါ့….
အဖိုတွေများများရှိနေရင် Anion(အမ) Exchange Capacity အမတွေအတွက် ဂွင်ပေါ့……

…………………………………………………………

နိဂုံးချုပ်ရရင်…
Sand , Silt and Clay အက်တမ်တွေရဲ့ တည်ဆော်မှုကိုအသေးစိတ်ကြည့်တဲ့အခါ…
Sand နဲ့ Silt မှာ အဖို အမ အရေအတွက်တူညီမှုရှိနေတဲ့အတွက် သူ့တို့မှာ ဓါတ်ကူးနိုင်တဲ့ charge တွေမရှိပါဘူး….

Clay မော်လီကျူးမှာ ပါ၀င်တာကို ကြည့်လိုက်တော့ အက်တမ်တွေက တစ်မျိုးမက ပါ၀င်နေတာကိုတွေ့ရပါတယ်….
Clay မှာ ဆီလီကွန် (Si) အလူမီနီယမ် (Al) မဂ္ဂနီဆီယမ် (Mg) အောက်ဆီဂျင် (O) ဟိုက်ဒရိုဂျင် (H) စတဲ့အက်တမ် ငါးမျိုးပါ၀င်နေတာကိုတွေ့ရပါတယ်…..
ဓါတုဗေဒ အခေါ်အရ Tetrahedral နဲ့ Octahedral အလွှာတွေနဲ့ဖွဲ့စည်းထားပါတယ်…

လေးထပ်အိမ်ကြီးဆိုပါတော့ဗျာ….

အပေါ်ဆုံးထပ်မှာ ဆီလီကွန်(Si)အက်တမ်တစ်လုံးနဲ့ အောက်ဆီဂျင် (O) အက်တမ် လေးလုံးနေတယ်
အောက်ဆုံးထပ်မှာလည်း ဆီလီကွန်(Si) အက်တမ်တစ်လုံးနဲ့ အောက်ဆီဂျင် (O) အက်တမ် လေးလုံးနေတယ်…
လေးကို ဓါတုဗေဒမှာ tetra လို့သုံးတယ်…အဲ့ဒါကြောင့် အဲ့အပေါ်ဆုံးထပ်နဲ့ အောက်ဆုံးထပ်ကို Tetrahedral လို့သုံးတာပေါ့….

အလယ်ထပ်မှာတော့ အလူမီနီယမ် (Al) အက်တမ် မဂ္ဂနီဆီယမ် (Mg) ဟိုက်ဒရောဆိုဒ်(OH) နဲ့ အောက်ဆီဂျင်(O)အက်တမ် ရှစ်လုံး.. Octa လို့ ဓါတုဗေဒ ရှစ်လို့သုံးတယ်…အဲ့ဒါကြောင့် Octahedral အလွှာလို့ခေါ်တာဖြစ်မယ်…..

ဆိုလိုချင်တာက ….ဆီလီကွန်(Si)အက်တမ်တစ်လုံးမှာ အပေါင်းတန်ဖိုး (+4)ပဲရှိတယ်…
သူ့ကိုဝိုင်းရံတာက အောက်ဆီဂျင်(O)အက်တမ် လေးလုံး…အောက်ဆီဂျင်အက်တမ်ရဲ့ ဓါတ်ကူးတန်ဖိုးက တစ်လုံးမှာ (-2) ရှိတယ်… လေးလုံးဆိုတော့ (-8) ဖြစ်သွားတယ်…
အဲ့ဒီတော့ SiO4 ဆိုတော့ အမြဲတမ်း (-4) အမ လေးလုံးက အပိုထွက်နေတယ်….

အလယ်က အလူမီနီယမ်(Al) မှာက အပေါင်းတန်ဖိုး (+3) ပဲရှိတယ်…သူ့ကိုလဲ အောင်ဆီဂျင်လေးလုံးက ၀ိုင်းထားတယ်ဆိုတော့ (-8) ပဲ….အဲ့ဒီမှာလည်း အမတန်ဖိုး (-5) ကပိုနေတယ်…..
အဲ့ဒီတော့ clay အမှုန်တမှုန််တိုင်းးမှာ အမတန်ဖိုး(-) တွေ ထုံမွှမ်းနေတယ်ဆိုတော့သဘောပေါ့…..

Clay အမှုန်တွေ မြေကြီးထဲ များများပါရင် အမဓါတ်တွေအများကြီးပါမယ်….အဲ့ဒီတော့ Cation (+) အဖိုတွေအတွက် ဂွင်ပေါ့…
Clay အမှုန်တစ်မှုန် နဲ့တစ်မှုန် ကပ်နေဖို့က ကော်နဲ့သွားကပ်လို့ရတာမို့ဘူးလေ….
Clay အမှုန်တစ်မှုန်နဲ့တစ်မှုန်ကြား ထိစပ်ဖို့ ကူးလူးဖို့အတွက် အဖို(+) မှုန်တွေလိုလာတယ်ပေါ့….

အဖိုမှုန်အနေနဲ့ H+ or Al+3 or Ca+2 or Mg +2 or K+ or NH4+ or Na+ ဒီကောင်တွေကခုနက အမ(+) တွေများနေတဲ့ အိမ်ကြီးထဲ အလုအယက်ဝင်ကြတော့မှာပေါ့.....
အမများလေ အဖိုတွေကြိုက်လေပေါ့…အဲ့ဒီအခြေအနေမျိုးမှာ Cation Exchange Capacity ကောင်းတယ်ခေါ်တာပေါ့…..
Clay က အမဓါတ်(-)…အဲ့ဒီတော့ မောင်ကျော်မော်ဇံလေးရေ……
မြေစေးတွေမှာ CEC မြင့်ရခြင်းဟာ Clay ကြောင့်ပါ…..

…………………………………………….

Organic matter ကကျတော့ သူ့မှာ အမဓါတ်(-) လည်းပါ၀င်သလို အဖိုဓါတ်(+) လည်းပါ၀င်ပါတယ်…
CEC သဘောတရားအရ မြေကြီးမှာအမဓါတ်များမှ အဖိုတွေဓါတ်ကူးနိုင်မှာဖြစ်လို့ CEC နဲ့ Organic matter သည် လင်နဲ့မယား လျှာနဲ့သွားလို အပြန်အလှန်အမှီသဟဲ ပြုနေတယ်လို့ အကြောင်းပြန်လိုက်ပါတယ်.. မောင်ကျော်မော်ဇံလေးရေ…

(ဟူး....မေးခွန်း နံပါတ် (၁) နဲ့တင် မနဲရှည်သွားပြီ...နောက်ကျန်တဲ့ မေးခွန်း နံပါတ် (၂) (၃) (၄) တွေကိုလည်း ဖြေဦးမှာ......)

ဇာနည်မောင်မောင်ကျော်

No comments:

Post a Comment