Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 8, 2016

Myanmar Inno International Limited( ယခင္က ေဆးဂဲလ္) အထည္ခ်ဳပ္မွ အလုပ္သမားမ်ား လုပ္ငန္းခြင္မဝင္ဘဲ ဆႏၵျပ


Myanmar Inno International Limited( ယခင္က ေဆးဂဲလ္) အထည္ခ်ဳပ္စက္ရုံတြင္ လုပ္ခလစာကိစၥႏွင့္ပတ္သက္ျပီး ယေန႔ နံနက္ပုိင္းမွ စတင္ကာ အထည္ခ်ဳပ္ လုပ္သားမ်ားက စက္ရုံအတြင္း လုပ္ငန္းခြင္ မဝင္ဘဲ ဆႏၵေဖာ္ထုတ္ေနၾကသည္။

'' အဓိကကေတာ့ လစာေတြက စက္ခ်ဳပ္လုပ္သားေရာ စက္ခ်ဳပ္အကူေရာက တန္းတူျဖစ္ေနတယ္။ ကြ်မ္းက်င္ေၾကးေတြ မရွိေတာ့ဘူး။ တစ္လကုိ ရတဲ့လစာကသူမ်ားစက္ရုံကလူေတြနဲ႔ ယွဥ္ရင္ အမ်ားၾကီး နည္းေနတယ္။ ဒါေၾကာင့္ ဆႏၵျပေတာင္းဆိုတာပါ'' ဟု စက္ရုံမွ အထည္ခ်ဳပ္လုပ္သားတစ္ဦးက China.comသုိ႔ ေျပာသည္။


အနည္းဆုံးလုပ္ခလစာ ၃၆၀၀ က်ပ္ သတ္မွတ္ျပီးခ်ိန္မွ စတင္ကာ စက္ရုံတြင္ အခ်ိန္ပုိ ေခၚျခင္း မရွိေတာ့ဘဲ လစာေပးရက္မ်ားလည္း မွန္ကန္ျခင္းမရွိေတာ့ေၾကာင္း၊ မန္ေနဂ်ာမ်ားအား ရာထူးေလ်ာ့ခ်ထားေၾကာင္း၊  လက္ရွိအခ်ိန္တြင္ လုံျခံဳေရးႏွင့္ သန္႔ရွင္းေရး ဝန္ထမ္း ၁၃ ဦးကုိ အလုပ္မွ ထုတ္ပယ္ထားေၾကာင္း၊ စက္လုိင္းအတြင္းမွ ဝန္ထမ္းမ်ားကုိလည္း ေလ်ာ့ခ်မည္ဟု သတင္းမ်ား ထြက္ေပၚေနေသာေၾကာင့္ အလုပ္သမားမ်ား အေနျဖင့္ စုိးရိမ္ေနၾကေၾကာင္း သိရသည္။

အလုပ္သမားမ်ား ဆႏၵေဖာ္ထုတ္ျခင္းႏွင့္ ပတ္သက္ျပီး China.com မီဒီယာက စက္ရုံမွတာဝန္ရွိသူမ်ားႏွင့္ ေတြ႔ဆုံရန္ လုံျခံဳေရးဂိတ္သုိ႔ သြားေရာက္ခဲ့ေသာ္လည္း ေတြဆုံခြင့္ ရမည္ မဟုတ္ေၾကာင္းစက္ရံုမွ လံုၿခံဳေရးတာဝန္ရွိသူတစ္ဦးက ျပန္ေျပာျပီး စက္ရုံတံခါးအား ပိတ္သြားခဲ့သည္။

စည္သူ
china.com Myanmar
http://myanmar.china.com
...................


Myanmar Inno International Limited( ယခင်က ဆေးဂဲလ်) အထည်ချုပ်စက်ရုံတွင် လုပ်ခလစာကိစ္စနှင့်ပတ်သက်ပြီး ယနေ့ နံနက်ပိုင်းမှ စတင်ကာ အထည်ချုပ် လုပ်သားများက စက်ရုံအတွင်း လုပ်ငန်းခွင် မဝင်ဘဲ ဆန္ဒဖော်ထုတ်နေကြသည်။

'' အဓိကကတော့ လစာတွေက စက်ချုပ်လုပ်သားရော စက်ချုပ်အကူရောက တန်းတူဖြစ်နေတယ်။ ကျွမ်းကျင်ကြေးတွေ မရှိတော့ဘူး။ တစ်လကို ရတဲ့လစာကသူများစက်ရုံကလူတွေနဲ့ ယှဉ်ရင် အများကြီး နည်းနေတယ်။ ဒါကြောင့် ဆန္ဒပြတောင်းဆိုတာပါ'' ဟု စက်ရုံမှ အထည်ချုပ်လုပ်သားတစ်ဦးက China.comသို့ ပြောသည်။

အနည်းဆုံးလုပ်ခလစာ ၃၆၀၀ ကျပ် သတ်မှတ်ပြီးချိန်မှ စတင်ကာ စက်ရုံတွင် အချိန်ပို ခေါ်ခြင်း မရှိတော့ဘဲ လစာပေးရက်များလည်း မှန်ကန်ခြင်းမရှိတော့ကြောင်း၊ မန်နေဂျာများအား ရာထူးလျော့ချထားကြောင်း၊  လက်ရှိအချိန်တွင် လုံခြုံရေးနှင့် သန့်ရှင်းရေး ဝန်ထမ်း ၁၃ ဦးကို အလုပ်မှ ထုတ်ပယ်ထားကြောင်း၊ စက်လိုင်းအတွင်းမှ ဝန်ထမ်းများကိုလည်း လျော့ချမည်ဟု သတင်းများ ထွက်ပေါ်နေသောကြောင့် အလုပ်သမားများ အနေဖြင့် စိုးရိမ်နေကြကြောင်း သိရသည်။

အလုပ်သမားများ ဆန္ဒဖော်ထုတ်ခြင်းနှင့် ပတ်သက်ပြီး China.com မီဒီယာက စက်ရုံမှတာဝန်ရှိသူများနှင့် တွေ့ဆုံရန် လုံခြံုရေးဂိတ်သို့ သွားရောက်ခဲ့သော်လည်း တွေဆုံခွင့် ရမည် မဟုတ်ကြောင်းစက်ရုံမှ လုံခြံုရေးတာဝန်ရှိသူတစ်ဦးက ပြန်ပြောပြီး စက်ရုံတံခါးအား ပိတ်သွားခဲ့သည်။

စည်သူ
china.com Myanmar
http://myanmar.china.com

No comments:

Post a Comment