Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 8, 2016

ျမန္မာအမ်ဳိးသမီးမ်ားအေပၚ အၾကမ္းဖက္မႈအဆံုးသတ္ေရး အထင္ကရအမ်ဳိးသမီး(၁၁၀) တိုက္တြန္း

ကမၻာ့နာမည္ေက်ာ္အမ်ဳိးသမီးတရာေက်ာ္ ျမန္မာအမ်ဳိးသမီးေတြအေပၚ အၾကမ္းဖက္မႈအဆံုးသတ္ေရး တိုက္တြန္း (ဓါတ္ပံု- Burma Campaign UK)
ဒီကေန႔က်ေရာက္တဲ့ ႏုိင္ငံတကာအမ်ဳိးသမီးမ်ားေန႔မွာ အဓမၼျပဳက်င့္မႈနဲ႔ လိင္ပုိင္းဆုိင္ရာ ေစာ္ကားခံရမႈေတြ အဆုံးသတ္ေရးအတြက္ ျမန္မာႏုိင္ငံက အမ်ဳိးသမီးေတြနဲ႔အတူ ရပ္တည္ေၾကာင္း ကမၻာတ၀ွမ္းက ထင္ေပၚေက်ာ္ၾကားသူ အမ်ဳိးသမီးေပါင္း (၁၁၀) က သေဘာထား ထုတ္ျပန္လုိက္ပါတယ္။ Dame Judi Dench ၊ Annie Lennox ၊ Jo Brand ၊ Gillian Anderson ၊ Imelda Staunton ၊ Julie Walters နဲ႔ Zoë Wanamaker တုိ႔အပါအ၀င္ ကမၻာေက်ာ္ ႏုိင္ငံေရးသမားေတြ၊ အဆုိေက်ာ္ေတြ၊ ရုပ္ရွင္သရုပ္ေဆာင္ေတြနဲ႔ တက္ႂကြလႈပ္ရွားသူေတြပါ၀င္တဲ့ ထင္ေပၚေက်ာ္ၾကားသူ အမ်ဳိးသမီး (၁၁၀) က ထုတ္ျပန္လုိက္တဲ့ သေဘာထားေၾကညာခ်က္ထဲမွာေတာ့ -

တုိင္းရင္းသူ အမ်ဳိးသမီးေတြနဲ႔ မိန္းကေလးေတြအေပၚ စစ္တပ္က က်ဴးလြန္ေနတဲ့ အဓမၼျပဳက်င့္မႈနဲ႔ လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈေတြကုိ စုံစမ္းစစ္ေဆးေရး / အဓမၼျပဳက်င့္မႈနဲ႔ တျခား လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္ ေစာ္ကားမႈေတြအေပၚ အျပစ္ေပးအေရးယူျခင္းမရွိတဲ့လုပ္ရပ္ ရပ္တန္႔ေရး / ေစာ္ကားခံရသူေတြကုိ အားေပး ေထာက္ပံ့ေပးေရး / ျမန္မာအစုိးရနဲ႔ တုိင္းရင္းသားလက္နက္ကုိင္အဖြဲ႔အစည္းမ်ားအၾကား ျပဳလုပ္ေနတဲ့ ၿငိမ္းခ်မ္းေရး ေဆြးေႏြးပြဲအပါအ၀င္ ႏုိင္ငံေရးျဖစ္စဥ္အားလုံးမွာ အမ်ဳိးသမီးေတြ ပါ၀င္ခြင့္ရရွိေရး / ျမန္မာႏုိင္ငံရဲ႕ အဓမၼ ျပဳက်င့္မႈဆုိင္ရာ ဥပေဒကုိလည္း ႏုိင္ငံတကာ စံခ်ိန္စံညြန္းေတြနဲ႔ ကုိက္ညီေအာင္ ခ်မွတ္ျပဌာန္းၿပီး အိမ္ေထာင္က်ၿပီးသူေတြအၾကား ျဖစ္ေပၚေလ့ရွိတဲ့ အဓမၼျပဳက်င့္မႈအေပၚ တရားမ၀င္ေၾကာင္း ေၾကညာေရး စတဲ့ အခ်က္ေတြ ပါ၀င္ပါတယ္။

လြန္ခဲ့တဲ့ႏွစ္အတြင္း စစ္တပ္အေနနဲ႔ အဓမၼျပဳက်င့္မႈနဲ႔ လိင္ပုိင္းဆုိင္ရာ အၾကမ္းဖက္မႈေတြ တုိးျမင့္ က်ဴးလြန္ေနၿပီး အဲဒီ လုပ္ရပ္ေတြအေပၚ အျပစ္ေပး အေရးယူျခင္းမရွိေၾကာင္း၊ ၂၀၁၅ ခုႏွစ္ ႏုိ၀င္ဘာလအတြင္း က်င္းပခဲ့တဲ့ ေရြးေကာက္ပြဲမွာ NLD အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္က အႏုိင္ရၿပီး ၂၀၁၆ ခုႏွစ္ ဧၿပီလမွာ တုိင္းျပည္အာဏာကုိ လြဲေျပာင္း ရယူမွာျဖစ္ေပမယ့္လည္း စစ္တပ္အေပၚ ထိန္းခ်ဳပ္ခြင့္ ရွိမွာမဟုတ္တဲ့အတြက္ စစ္တပ္က က်ဴးလြန္ေနတဲ့ အဓမၼျပဳက်င့္မႈေတြဟာ NLD အစုိးရလက္ထက္မွာလည္း ဆက္လက္ ျဖစ္ေပၚေနဦးမယ္လုိ႔ ဆုိပါတယ္။ ျမန္မာစစ္တပ္က က်ဴးလြန္ေနတဲ့ အဓမၼျပဳက်င့္မႈေတြနဲ႔ လိင္ပုိင္းဆုိင္ရာ ေစာ္ကားမႈေတြနဲ႔ပတ္သက္လုိ႔ NLD ပါတီက တိက်တဲ့ သေဘာထား ထုတ္ျပန္ထားျခင္းမရွိဘူးလုိ႔လည္း အဲဒီ သေဘာထား ထုတ္ျပန္ခ်က္ထဲမွာ ေဖာ္ျပထားပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
.........................
 ကမ္ဘာ့နာမည်ကျော်အမျိုးသမီးတရာကျော် မြန်မာအမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုအဆုံးသတ်ရေး တိုက်တွန်း (ဓါတ်ပုံ- Burma Campaign UK)
ဒီကနေ့ကျရောက်တဲ့ နိုင်ငံတကာအမျိုးသမီးများနေ့မှာ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေ အဆုံးသတ်ရေးအတွက် မြန်မာနိုင်ငံက အမျိုးသမီးတွေနဲ့အတူ ရပ်တည်ကြောင်း ကမ္ဘာတဝှမ်းက ထင်ပေါ်ကျော်ကြားသူ အမျိုးသမီးပေါင်း (၁၁၀) က သဘောထား ထုတ်ပြန်လိုက်ပါတယ်။ Dame Judi Dench ၊ Annie Lennox ၊ Jo Brand ၊ Gillian Anderson ၊ Imelda Staunton ၊ Julie Walters နဲ့ Zoë Wanamaker တို့အပါအဝင် ကမ္ဘာကျော် နိုင်ငံရေးသမားတွေ၊ အဆိုကျော်တွေ၊ ရုပ်ရှင်သရုပ်ဆောင်တွေနဲ့ တက်ကြွလှုပ်ရှားသူတွေပါ၀င်တဲ့ ထင်ပေါ်ကျော်ကြားသူ အမျိုးသမီး (၁၁၀) က ထုတ်ပြန်လိုက်တဲ့ သဘောထားကြေညာချက်ထဲမှာတော့ -

တိုင်းရင်းသူ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေအပေါ် စစ်တပ်က ကျူးလွန်နေတဲ့ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို စုံစမ်းစစ်ဆေးရေး / အဓမ္မပြုကျင့်မှုနဲ့ တခြား လိင်ပိုင်းဆိုင်ရာ အကြမ်းဖက် စော်ကားမှုတွေအပေါ် အပြစ်ပေးအရေးယူခြင်းမရှိတဲ့လုပ်ရပ် ရပ်တန့်ရေး / စော်ကားခံရသူတွေကို အားပေး ထောက်ပံ့ပေးရေး / မြန်မာအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအကြား ပြုလုပ်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပါအဝင် နိုင်ငံရေးဖြစ်စဉ်အားလုံးမှာ အမျိုးသမီးတွေ ပါ၀င်ခွင့်ရရှိရေး / မြန်မာနိုင်ငံရဲ့ အဓမ္မ ပြုကျင့်မှုဆိုင်ရာ ဥပဒေကိုလည်း နိုင်ငံတကာ စံချိန်စံညွန်းတွေနဲ့ ကိုက်ညီအောင် ချမှတ်ပြဌာန်းပြီး အိမ်ထောင်ကျပြီးသူတွေအကြား ဖြစ်ပေါ်လေ့ရှိတဲ့ အဓမ္မပြုကျင့်မှုအပေါ် တရားမဝင်ကြောင်း ကြေညာရေး စတဲ့ အချက်တွေ ပါ၀င်ပါတယ်။

လွန်ခဲ့တဲ့နှစ်အတွင်း စစ်တပ်အနေနဲ့ အဓမ္မပြုကျင့်မှုနဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ တိုးမြင့် ကျူးလွန်နေပြီး အဲဒီ လုပ်ရပ်တွေအပေါ် အပြစ်ပေး အရေးယူခြင်းမရှိကြောင်း၊ ၂၀၁၅ ခုနှစ် နို၀င်ဘာလအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အနိုင်ရပြီး ၂၀၁၆ ခုနှစ် ဧပြီလမှာ တိုင်းပြည်အာဏာကို လွဲပြောင်း ရယူမှာဖြစ်ပေမယ့်လည်း စစ်တပ်အပေါ် ထိန်းချုပ်ခွင့် ရှိမှာမဟုတ်တဲ့အတွက် စစ်တပ်က ကျူးလွန်နေတဲ့ အဓမ္မပြုကျင့်မှုတွေဟာ NLD အစိုးရလက်ထက်မှာလည်း ဆက်လက် ဖြစ်ပေါ်နေဦးမယ်လို့ ဆိုပါတယ်။ မြန်မာစစ်တပ်က ကျူးလွန်နေတဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေနဲ့ပတ်သက်လို့ NLD ပါတီက တိကျတဲ့ သဘောထား ထုတ်ပြန်ထားခြင်းမရှိဘူးလို့လည်း အဲဒီ သဘောထား ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment