Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 11, 2016

တပ္ကတင္တဲ့ ဒုသမၼတ လူႀကိဳက္နည္း

ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးျမင့္ေဆြ။
ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးျမင့္ေဆြ ကို ဒုတိယသမၼတအျဖစ္ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက အမည္စာရင္း တင္သြင္းလိုက္ပါတယ္။ ျပည္သူ႔ လႊတ္ေတာ္ နဲ႔ အမ်ဳိးသားလႊတ္ေတာ္မွာ ဒုသမၼတေလာင္းေတြကို မဲခြဲေရြးခ်ယ္ခဲ့တဲ့ ဒီကေန႔မွာ အခုလို အမည္စာရင္း တင္သြင္းလိုက္တာပါ။ ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္ တာ၀န္ထမ္းေဆာင္ေနတဲ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးျမင့္ေဆြဟာ ဘယ္လိုပုဂိၢဳလ္မ်ဳိးပါလဲ။ ဒီအေၾကာင္း ကိုေအာင္ေအာင္က စံုစမ္းေမးျမန္း တင္ျပေပးထားပါတယ္။

တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ေတြ ဒုသမၼတေလာင္းတင္သြင္း
ဒီကေန႔မနက္ပိုင္းက ေနျပည္ေတာ္မွာရွိတဲ့ ဆင္ျဖဴရွင္ခန္းမမွာ တပ္မေတာ္သား လႊတ္ေတာ္ ကိုယ္စားလွယ္ေတြက ဒုတိယသမၼတေရြးခ်ယ္ပြဲ အခမ္းအနားကို က်င္းပၿပီး ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္းဦးျမင့္ေဆြ ကို ဒုသမၼတအျဖစ္ အမည္စာရင္း တင္သြင္းလိုက္တာပါ။ ဒီအခမ္းအနားကို တပ္မေတာ္သားကိုယ္စားလွယ္ အားလံုး တက္ေရာက္ၿပီး ကန္႔ကြက္သူမရွိ အတည္ျပဳခဲ့ပါတယ္။

ဒါေပမယ့္လည္း အခုလို ဒုသမၼတအျဖစ္ အမည္စာရင္းတင္သြင္းခံခဲ့ရတဲ့ဦးျမင့္ေဆြနဲ႔ ပါတ္သတ္လို႔ ႏိုင္ငံေရးအသိုင္းအ၀ုိင္းဘက္ကေတာ့ ေဝဖန္မႈေတြရွိခဲ့ပါတယ္။ ပထမအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ေဒါက္တာ ညိဳညိဳသင္းက လႊတ္ေတာ္တြင္းက သူ႔အေတြ႔အၾကံဳကို အခုလို ေျပာျပပါတယ္။

" က်မတို႔ ၿပီးခဲ့တဲ့ လႊတ္ေတာ္ ငါးႏွစ္သက္တမ္းမွာ အလုပ္လက္တြဲၿပီး လုပ္လာတဲ့အပိုင္းေတြမွာ က်မတို႔က ဒီမိုကေရစီစံႏႈန္းေတြျဖစ္တဲ့ ပြင့္လင္းျမင္သာမႈတို႔၊ တာဝန္ယူမႈ၊ တာဝန္ခံမႈတို႔ ေရွးရႈ႕ၿပီးေတာ့ ေမးခြန္းေတြေမး တယ္။ အဆိုေတြ တင္တယ္ေပါ့ေနာ္။ ဒါေပမဲ့ အစိုးရအဖြဲ႔ကိုဦးေဆာင္တဲ့ သူတေယာက္အေနနဲ႔ ဒီလိုဒီမုိကေရစီစနစ္ရဲ႕ အသက္ေသြးေၾကာေတြျဖစ္တဲ့ ပြင့္လင္းျမင္သာမႈ၊ တာဝန္ယူမႈ၊ တာဝန္ခံမႈ အပိုင္းမွာ အင္မတန္ကို အားနည္းၿပီးေတာ့ ေမးတဲ့ေမးခြန္းေတြကို မသိခ်င္ဟန္ေဆာင္တာေတြရွိတယ္။ တခါ မီဒီယာေတြ သိခ်င္တဲ့ကိစၥေတြ လူေျပာသူေျပာမ်ားတဲ့ ကိစၥေတြဆိုလို႔ရွိရင္ မသိသလိုပဲ ေနၿပီးေတာ့ ခပ္တည္တည္ပဲ ေနတတ္တဲ့ သေဘာေတြရွိတယ္ေပါ့။

ေနာက္ၿပီးေတာ့ ဖြဲ႔စည္းပံုအေျခခံဥပေဒအေပၚမွာ သေဘာထားတင္းမာတဲ့ သေဘာထားရပ္တည္သူအေနနဲ႔ သူက ရွိခဲ့တယ္။"
ရန္ကုန္တုိင္းဝန္ႀကီးခ်ဳပ္အျဖစ္ လက္ရွိတာဝန္ထမ္းေဆာင္ေနသူ ဦးျမင့္ေဆြ
ဒါ့အျပင္ ပညာေရးစနစ္ ျပဳျပင္ေျပာင္းလဲဖို႔ ဆႏၵျပသူေတြကို အၾကမ္းမဖက္ဖို႔ လြန္ခဲ့တဲ့နွစ္အတြင္း ရန္ကုန္ၿမိဳ႕ေတာ္ခန္းမေရွ႕မွာ ၿငိမ္းခ်မ္းစြာဆႏၵျပသူေတြကို လက္ပတ္နီ၀တ္ေတြက အၾကမ္းဖက္ ဖမ္းဆီးခဲ့တဲ့ကိစၥနဲ႔ ပါတ္သတ္ၿပီးေတာ့လည္း ဒါဟာ ဥပေဒေၾကာင္းအရ လုပ္တာဆိုၿပီး ရန္ကုန္တိုင္းေဒသႀကီးလႊတ္ေတာ္မွာ ဦးျမင့္ေဆြက ေျဖရွင္းခဲ့ေၾကာင္း ေဒါက္တာညိဳညိဳသင္းက ေျပာပါတယ္။

ဒီလို အေနအထားေအာက္မွာပဲ ဦးျမင့္ေဆြဟာ အရင္ တပ္မေတာ္ ထိပ္တန္းေခါင္းေဆာင္ေတြ နဲ႔ ရင္းႏွီးသူျဖစ္တယ္လို႔လည္း သံုးသပ္မႈတခ်ဳိ႔ ရွိေနပါတယ္။ ယေန႔ေခတ္ ႏိုင္ငံေရးမဂၢဇင္းအယ္ဒီတာခ်ဳပ္ ကိုသက္ဇင္က သူ႔အျမင္ကို အခုလိုေျပာပါတယ္။

"ဦးျမင့္ေဆြကို အရင္တေခါက္က ဒုတိယသမၼတ တင္ဖို႔ စီစဥ္ေသးတယ္။ ဒါေပမဲ့ အေၾကာင္းေၾကာင္းေၾကာင့္ (၅၉ စ) နဲ႔ ညိၿပီးေတာ့ မရဘူးေပါ့။ အာဏာရွင္ေဟာင္းျဖစ္ တဲ့ ဗိုလ္ခ်ဳပ္မွဴးႀကီးသန္းေရႊ ရဲ႕ အဓိက အားကိုးရတဲ့သူျဖစ္တယ္လို႔ က်ေနာ္တို႔ ေလ့လာေတြ႔ရတယ္ဗ်။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ႏုိင္ငံေရးေလ့လာသူေတြကလည္း အထပ္ထပ္အခါခါေျပာၾကတယ္။  သူ႔ကိုေရြးလိုက္တာဟာ ဗုိလ္ခ်ဳပ္မွဴဳးႀကီးသန္းေရႊ လက္ရွိစစ္တပ္ေပၚမွာ တစံုတရာ လႊမ္းမိုးမႈမ်ား ရွိသလားဆိုတာ သံသယျဖစ္စရာျဖစ္ပါတယ္။"

အမ်ိဳးသားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD ပါတီက ဦးထင္ေက်ာ္နဲ႔ ဦးဟန္နရီဗန္တီးယူတို႔ကို ဒုတိယသမၼတေတြ အျဖစ္ အဆိုတင္သြင္းၿပီးေနာက္ ဒီကေန႔ မဲခြဲဆံုးျဖတ္ အတည္ျပဳခဲ့ပါတယ္။ သစၥာရွိမႈ၊ စည္းကမ္းလိုက္နာမႈ၊ အမ်ားက ေလးစားရေလာက္တဲ့ အရည္အခ်င္းအျပင္ တိုင္းရင္းသားေတြရဲ႕အခြင့္အေရး အေပၚ ေလးစားမႈရွိေၾကာင္း ျပသတဲ့ အေနနဲ႔ သူတို႔ ၂ ဦးကို ေရြးခ်ယ္လိုက္တာလို႔ NLD ပါတီဘက္ကေတာ့ ေျပာဆိုထားတာပါ။

တပ္မေတာ္သားကိုယ္စားလွယ္ေတြ တင္ေျမႇာက္တဲ့ ဒုဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးျမင့္ေဆြရဲ႔ အေနအထားကေရာ ဘယ္ေလာက္အထိေအာင္ လႊမ္းမိုးမႈရွိႏိုင္ပါလဲ။

ႏိုင္ငံေရးေလ့လာသံုးသပ္တဲ့ ေဆာင္းပါးေတြေရးေနတဲ့ ကိုဝက-

" ဦးျမင့္ေဆြဟာ ရန္ကုန္တုိင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္အေနနဲ႔ လုပ္ေဆာင္ခဲ့တဲ့ ကာလ အတြင္းမွာ ထူးျခားတဲ့ လုပ္ေဆာင္မႈဆိုလို႔ ေျပာပေလာက္ေအာင္ မရွိခဲ့ဘူး။ တိုင္းျပည္လူထုက အားတခုအေနနဲ႔ ေမွ်ာ္လင့္ခ်က္ထားႏုိင္တဲ့သူမ်ိဳး စိတ္ဝင္စားႏုိင္တဲ့သူမ်ိဳးေတာ့ မဟုတ္ဘူးလို႔ ဒါ က်ေနာ္ ႏုိင္ငံေရး အရေတာ့ ေျပာႏုိင္ပါတယ္။"
ရန္ကုန္တိုင္းလက္ရွိဝန္ႀကီးခ်ဳပ္ဦးျမင့္ေဆြ
လြန္ခဲ့တဲ့ မတ္လ ၉ ရက္ေန႔တုန္းကေတာ့ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႈးျကီး မင္းေအာင္လႈိင္က ႏိုင္ငံေတာ္ကာကြယ္ေရးတကၠသိုလ္မွာ မိန္႔ခြန္းေျပာၾကားရာမွာ ပါတီစံုဒီမိုကေရစီစနစ္ကို သြားေနတဲ့ လမ္းေၾကာင္း ဒုတိယအဆင့္မွာ လက္ရွိအေျခအေနကေန ယိမ္းယိုင္မႈကို လက္မခံႏိုင္ဘူး လို႔ ေျပာၾကားၿပီးေနာက္ပိုင္း ဦးျမင့္ေဆြကို အခုလို ေရြးခ်ယ္ တင္ေျမႇာက္လိုက္ တာေၾကာင့္ သူဟာ တပ္မေတာ္ရဲ႕ ဆႏၵကို ျဖည့္ဆည္းေပးႏိုင္ မယ့္သူ တဦးအျဖစ္လည္း သံုးသပ္မႈတခ်ဳိ႔ ရွိေနပါတယ္။

ဗိုလ္ခ်ဳပ္ႀကီးေဟာင္းဦးျမင့္ေဆြဟာ တပ္မမွဴး၊ တိုငး္မွဴးနဲ႔ တပ္မေတာ္ လံုျခံဳေရးရာ ေကာင္စီ ဥကၠ႒ တာ၀န္အျပင္ တပ္မေတာ္စစ္ဖက္ေရးရာလံုျခံဳေရးအဖြဲ႔ရဲ႔ အဆင့္ျမင့္ တာ၀န္ေတြကို ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ၂၀၀၇ ခုနွစ္မွာ ျဖစ္ပြါးခဲ့တဲ့ သံဃာေတာ္ေတြရဲ႕ ေရႊ၀ါေရာင္ေတာ္လွန္ေရးကို အၾကမ္းဖက္ႏွိမ္နင္းရာမွာလည္း အဓိကတာ၀န္ရွိသူတဦးအျဖစ္ ေျပာဆိုမႈေတြ ထြက္ေပၚခဲ့ပါတယ္။

ေအာင္ေအာင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

..................................................


ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ။
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေ ကို ဒုတိယသမ္မတအဖြစ် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက အမည်စာရင်း တင်သွင်းလိုက်ပါတယ်။ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသားလွှတ်တော်မှာ ဒုသမ္မတလောင်းတွေကို မဲခွဲရွေးချယ်ခဲ့တဲ့ ဒီကနေ့မှာ အခုလို အမည်စာရင်း တင်သွင်းလိုက်တာပါ။ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် တာဝန်ထမ်းဆောင်နေတဲ့ ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ ဘယ်လိုပုဂ္ဂိုလ်မျိုးပါလဲ။ ဒီအကြောင်း ကိုအောင်အောင်က စုံစမ်းမေးမြန်း တင်ပြပေးထားပါတယ်။


တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တွေ ဒုသမ္မတလောင်းတင်သွင်း
ဒီကနေ့မနက်ပိုင်းက နေပြည်တော်မှာရှိတဲ့ ဆင်ဖြူရှင်ခန်းမမှာ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်တွေက ဒုတိယသမ္မတရွေးချယ်ပွဲ အခမ်းအနားကို ကျင်းပပြီး ဒုတိယဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေ ကို ဒုသမ္မတအဖြစ် အမည်စာရင်း တင်သွင်းလိုက်တာပါ။ ဒီအခမ်းအနားကို တပ်မတော်သားကိုယ်စားလှယ် အားလုံး တက်ရောက်ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုလို ဒုသမ္မတအဖြစ် အမည်စာရင်းတင်သွင်းခံခဲ့ရတဲ့ဦးမြင့်ဆွေနဲ့ ပါတ်သတ်လို့ နိုင်ငံရေးအသိုင်းအဝိုင်းဘက်ကတော့ ဝေဖန်မှုတွေရှိခဲ့ပါတယ်။ ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ညိုညိုသင်းက လွှတ်တော်တွင်းက သူ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။

" ကျမတို့ ပြီးခဲ့တဲ့ လွှတ်တော် ငါးနှစ်သက်တမ်းမှာ အလုပ်လက်တွဲပြီး လုပ်လာတဲ့အပိုင်းတွေမှာ ကျမတို့က ဒီမိုကရေစီစံနှုန်းတွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှုတို့၊ တာဝန်ယူမှု၊ တာဝန်ခံမှုတို့ ရှေးရှု့ပြီးတော့ မေးခွန်းတွေမေး တယ်။ အဆိုတွေ တင်တယ်ပေါ့နော်။ ဒါပေမဲ့ အစိုးရအဖွဲ့ကိုဦးဆောင်တဲ့ သူတယောက်အနေနဲ့ ဒီလိုဒီမိုကရေစီစနစ်ရဲ့ အသက်သွေးကြောတွေဖြစ်တဲ့ ပွင့်လင်းမြင်သာမှု၊ တာဝန်ယူမှု၊ တာဝန်ခံမှု အပိုင်းမှာ အင်မတန်ကို အားနည်းပြီးတော့ မေးတဲ့မေးခွန်းတွေကို မသိချင်ဟန်ဆောင်တာတွေရှိတယ်။ တခါ မီဒီယာတွေ သိချင်တဲ့ကိစ္စတွေ လူပြောသူပြောများတဲ့ ကိစ္စတွေဆိုလို့ရှိရင် မသိသလိုပဲ နေပြီးတော့ ခပ်တည်တည်ပဲ နေတတ်တဲ့ သဘောတွေရှိတယ်ပေါ့။

နောက်ပြီးတော့ ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ သဘောထားတင်းမာတဲ့ သဘောထားရပ်တည်သူအနေနဲ့ သူက ရှိခဲ့တယ်။"

ရန်ကုန်တိုင်းဝန်ကြီးချုပ်အဖြစ် လက်ရှိတာဝန်ထမ်းဆောင်နေသူ ဦးမြင့်ဆွေ
ဒါ့အပြင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ဆန္ဒပြသူတွေကို အကြမ်းမဖက်ဖို့ လွန်ခဲ့တဲ့နှစ်အတွင်း ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို လက်ပတ်နီဝတ်တွေက အကြမ်းဖက် ဖမ်းဆီးခဲ့တဲ့ကိစ္စနဲ့ ပါတ်သတ်ပြီးတော့လည်း ဒါဟာ ဥပဒေကြောင်းအရ လုပ်တာဆိုပြီး ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မှာ ဦးမြင့်ဆွေက ဖြေရှင်းခဲ့ကြောင်း ဒေါက်တာညိုညိုသင်းက ပြောပါတယ်။

ဒီလို အနေအထားအောက်မှာပဲ ဦးမြင့်ဆွေဟာ အရင် တပ်မတော် ထိပ်တန်းခေါင်းဆောင်တွေ နဲ့ ရင်းနှီးသူဖြစ်တယ်လို့လည်း သုံးသပ်မှုတချို့ ရှိနေပါတယ်။ ယနေ့ခေတ် နိုင်ငံရေးမဂ္ဂဇင်းအယ်ဒီတာချုပ် ကိုသက်ဇင်က သူ့အမြင်ကို အခုလိုပြောပါတယ်။

"ဦးမြင့်ဆွေကို အရင်တခေါက်က ဒုတိယသမ္မတ တင်ဖို့ စီစဉ်သေးတယ်။ ဒါပေမဲ့ အကြောင်းကြောင်းကြောင့် (၅၉ စ) နဲ့ ညိပြီးတော့ မရဘူးပေါ့။ အာဏာရှင်ဟောင်းဖြစ် တဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ အဓိက အားကိုးရတဲ့သူဖြစ်တယ်လို့ ကျနော်တို့ လေ့လာတွေ့ရတယ်ဗျ။ ဘာဖြစ်လို့လဲ ဆိုတော့ နိုင်ငံရေးလေ့လာသူတွေကလည်း အထပ်ထပ်အခါခါပြောကြတယ်။  သူ့ကိုရွေးလိုက်တာဟာ ဗိုလ်ချုပ်မှူုးကြီးသန်းရွှေ လက်ရှိစစ်တပ်ပေါ်မှာ တစုံတရာ လွှမ်းမိုးမှုများ ရှိသလားဆိုတာ သံသယဖြစ်စရာဖြစ်ပါတယ်။"

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးထင်ကျော်နဲ့ ဦးဟန်နရီဗန်တီးယူတို့ကို ဒုတိယသမ္မတတွေ အဖြစ် အဆိုတင်သွင်းပြီးနောက် ဒီကနေ့ မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ပါတယ်။ သစ္စာရှိမှု၊ စည်းကမ်းလိုက်နာမှု၊ အများက လေးစားရလောက်တဲ့ အရည်အချင်းအပြင် တိုင်းရင်းသားတွေရဲ့အခွင့်အရေး အပေါ် လေးစားမှုရှိကြောင်း ပြသတဲ့ အနေနဲ့ သူတို့ ၂ ဦးကို ရွေးချယ်လိုက်တာလို့ NLD ပါတီဘက်ကတော့ ပြောဆိုထားတာပါ။

တပ်မတော်သားကိုယ်စားလှယ်တွေ တင်မြှောက်တဲ့ ဒုဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေရဲ့ အနေအထားကရော ဘယ်လောက်အထိအောင် လွှမ်းမိုးမှုရှိနိုင်ပါလဲ။

နိုင်ငံရေးလေ့လာသုံးသပ်တဲ့ ဆောင်းပါးတွေရေးနေတဲ့ ကိုဝက-

" ဦးမြင့်ဆွေဟာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်အနေနဲ့ လုပ်ဆောင်ခဲ့တဲ့ ကာလ အတွင်းမှာ ထူးခြားတဲ့ လုပ်ဆောင်မှုဆိုလို့ ပြောပလောက်အောင် မရှိခဲ့ဘူး။ တိုင်းပြည်လူထုက အားတခုအနေနဲ့ မျှော်လင့်ချက်ထားနိုင်တဲ့သူမျိုး စိတ်ဝင်စားနိုင်တဲ့သူမျိုးတော့ မဟုတ်ဘူးလို့ ဒါ ကျနော် နိုင်ငံရေး အရတော့ ပြောနိုင်ပါတယ်။"

ရန်ကုန်တိုင်းလက်ရှိဝန်ကြီးချုပ်ဦးမြင့်ဆွေ
လွန်ခဲ့တဲ့ မတ်လ ၉ ရက်နေ့တုန်းကတော့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ မိန့်ခွန်းပြောကြားရာမှာ ပါတီစုံဒီမိုကရေစီစနစ်ကို သွားနေတဲ့ လမ်းကြောင်း ဒုတိယအဆင့်မှာ လက်ရှိအခြေအနေကနေ ယိမ်းယိုင်မှုကို လက်မခံနိုင်ဘူး လို့ ပြောကြားပြီးနောက်ပိုင်း ဦးမြင့်ဆွေကို အခုလို ရွေးချယ် တင်မြှောက်လိုက် တာကြောင့် သူဟာ တပ်မတော်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးနိုင် မယ့်သူ တဦးအဖြစ်လည်း သုံးသပ်မှုတချို့ ရှိနေပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေဟာ တပ်မမှူး၊ တိုငး်မှူးနဲ့ တပ်မတော် လုံခြံုရေးရာ ကောင်စီ ဥက္ကဋ္ဌ တာဝန်အပြင် တပ်မတော်စစ်ဖက်ရေးရာလုံခြံုရေးအဖွဲ့ရဲ့ အဆင့်မြင့် တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာ ဖြစ်ပွါးခဲ့တဲ့ သံဃာတော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်နှိမ်နင်းရာမှာလည်း အဓိကတာဝန်ရှိသူတဦးအဖြစ် ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ပါတယ်။

အောင်အောင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment