Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 5, 2016

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေလာင္းစာရင္း ထြက္ေပၚ

ေနျပည္ေတာ္၊ မတ္ ၅
NLD ပါတီ ကိုယ္စားလွယ္မ်ား အသာစီး ရယူထားသည့္ ျပည္ေထာင္စုလႊတ္ေတာ္က ေ႐ြးခ်ယ္တင္ေျမႇာက္မည့္ ႏိုင္ငံေတာ္သမၼတသစ္က တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အသီးသီးတြင္ ဝန္ႀကီးခ်ဳပ္အျဖစ္ ခန္႔အပ္မည့္သူမ်ား စာရင္းထြက္ေပၚလ်က္ ရွိေၾကာင္း NLD ပါတီ ထိပ္တန္းေခါင္းေဆာင္ပိုင္းႏွင့္ ရင္းႏွီးေသာ The Voice သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

The Voice သတင္းရင္းျမစ္မ်ားထံမွ သိရေသာ သတင္းအခ်က္အလက္မ်ားအရ မႏၲေလးတိုင္းေဒသႀကီးအတြက္ ေဒါက္တာေဇာ္ျမင့္ေမာင္၊ ရန္ကုန္တိုင္းေဒသႀကီးအတြက္ ဦးၿဖဳိးမင္းသိန္း၊ မေကြးတိုင္းေဒသႀကီးအတြက္ ေဒါက္တာေအာင္မိုးညဳိ၊ ဧရာဝတီတိုင္းေဒသႀကီးအတြက္ ဦးမန္းေဂ်ာ္နီ၊ ပဲခူးတိုင္းေဒသႀကီးအတြက္ ေဒါက္တာေက်ာ္ေက်ာ္၊ စစ္ကိုင္းတိုင္းေဒသႀကီးအတြက္ ေဒါက္တာျမင့္ႏိုင္ႏွင့္ တနသၤာရီတိုင္းေဒသႀကီးအတြက္ ေဒါက္တာလဲ့လဲ့ေမာ္တို႔ ျဖစ္ၾကသည္။

အလားတူ ျပည္နယ္မ်ားအတြက္ ကခ်င္ျပည္နယ္တြင္ ေဒါက္တာခက္ေအာင္ (အမ်ဳိးသားလႊတ္ေတာ္ ကိုယ္စားလွယ္ (ၿငိမ္း) ဦးခက္ထိန္နန္၏ အစ္ကို) ကယားျပည္နယ္တြင္ ေဒါက္တာေအာင္ေက်ာ္ေဌး၊ ကရင္ျပည္နယ္တြင္ ေဒၚနန္းခင္ေထြးျမင့္၊ ခ်င္းျပည္နယ္တြင္ ဦးဇိုဘြဲ၊ မြန္ျပည္နယ္တြင္ ေဒါက္တာေအးဇံ၊ ရခိုင္ျပည္နယ္တြင္ ဦးညီပုႏွင့္ ရွမ္းျပည္နယ္တြင္ ေဒါက္တာလင္းထြဋ္ (သို႔မဟုတ္) SNLD မွ ေ႐ြးခ်ယ္ခံ ကိုယ္စားလွယ္တစ္ဦးကိုသာ ဝန္ႀကီးခ်ဳပ္အျဖစ္ ေ႐ြးခ်ယ္မည္ဟု ခန္႔မွန္းေၾကာင္း ၎တို႔ထံမွ သိရသည္။

ကယားျပည္နယ္တြင္ ေ႐ြးခ်ယ္ခံရမည့္ ဝန္ႀကီးခ်ဳပ္သည္ မူလက ဦးအယ္ေဖာင္းလ္ရွိဟု အမည္ထြက္ခဲ့ေသာ္လည္း လက္ရွိတြင္ လြိဳင္ေကာ္မဲဆႏၵနယ္ အမွတ္ (၁) မွ ေဒါက္တာေအာင္ေက်ာ္ေဌးက တစ္ေျပးေနေၾကာင္း The Voice က အထက္ပါ သတင္းရင္းျမစ္မ်ားထံမွ သိရသည္။

ျပည္ေထာင္စုအစိုးရႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရ ဖြဲ႔စည္းမႈႏွင့္ ပတ္သက္ၿပီး သတင္းမီဒီယာမ်ားကို ပုံမွန္ထုတ္ေဖာ္ေျပာဆိုေလ့ ရွိသူ ဦးဝင္းထိန္ကို The Voice က အတည္ျပဳ ေမးျမန္းရာ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား စာရင္း ထြက္ေပၚမႈႏွင့္ ပတ္သက္ၿပီး ယေန႔ မတ္လ ၅ ရက္ေန႔တြင္ အတည္ျပဳ ေျပာဆို၍ မရေသးေၾကာင္းသာ ျပန္လည္မွတ္ခ်က္ေပးသည္။

NLD ပါတီ၏ ဗဟိုအလုပ္အမႈေဆာင္ အစည္းအေဝးကို မတ္လ ၆ ရက္တြင္ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္၌ ဆက္လက္ျပဳလုပ္မည္ ျဖစ္ရာ ျပည္ေထာင္စုအစိုးရ အဖြဲ႔ဝင္ ဝန္ႀကီးမ်ား စာရင္းႏွင့္ တိုင္းေဒသႀကီးနင့္ ျပည္နယ္ဝန္ႀကီးခ်ဳပ္မ်ား စာရင္း တရားဝင္ ထုတ္ျပန္မည္ ျဖစ္သည္။
The Voice Weekly
.....................
တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်လောင်းစာရင်း ထွက်ပေါ်
---------------------------------------
နေပြည်တော်၊ မတ် ၅
NLD ပါတီ ကိုယ်စားလှယ်များ အသာစီး ရယူထားသည့် ပြည်ထောင်စုလွှတ်တော်က ရွေးချယ်တင်မြှောက်မည့် နိုင်ငံတော်သမ္မတသစ်က တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင် ဝန်ကြီးချုပ်အဖြစ် ခန့်အပ်မည့်သူများ စာရင်းထွက်ပေါ်လျက် ရှိကြောင်း NLD ပါတီ ထိပ်တန်းခေါင်းဆောင်ပိုင်းနှင့် ရင်းနှီးသော The Voice သတင်းရင်းမြစ်များထံမှ သိရသည်။
The Voice သတင်းရင်းမြစ်များထံမှ သိရသော သတင်းအချက်အလက်များအရ မန္တလေးတိုင်းဒေသကြီးအတွက် ဒေါက်တာဇော်မြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီးအတွက် ဦးဖြိုးမင်းသိန်း၊ မကွေးတိုင်းဒေသကြီးအတွက် ဒေါက်တာအောင်မိုးညို၊ ဧရာဝတီတိုင်းဒေသကြီးအတွက် ဦးမန်းဂျော်နီ၊ ပဲခူးတိုင်းဒေသကြီးအတွက် ဒေါက်တာကျော်ကျော်၊ စစ်ကိုင်းတိုင်းဒေသကြီးအတွက် ဒေါက်တာမြင့်နိုင်နှင့် တနင်္သာရီတိုင်းဒေသကြီးအတွက် ဒေါက်တာလဲ့လဲ့မော်တို့ ဖြစ်ကြသည်။
အလားတူ ပြည်နယ်များအတွက် ကချင်ပြည်နယ်တွင် ဒေါက်တာခက်အောင် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ် (ငြိမ်း) ဦးခက်ထိန်နန်၏ အစ်ကို) ကယားပြည်နယ်တွင် ဒေါက်တာအောင်ကျော်ဌေး၊ ကရင်ပြည်နယ်တွင် ဒေါ်နန်းခင်ထွေးမြင့်၊ ချင်းပြည်နယ်တွင် ဦးဇိုဘွဲ၊ မွန်ပြည်နယ်တွင် ဒေါက်တာအေးဇံ၊ ရခိုင်ပြည်နယ်တွင် ဦးညီပုနှင့် ရှမ်းပြည်နယ်တွင် ဒေါက်တာလင်းထွဋ် (သို့မဟုတ်) SNLD မှ ရွေးချယ်ခံ ကိုယ်စားလှယ်တစ်ဦးကိုသာ ဝန်ကြီးချုပ်အဖြစ် ရွေးချယ်မည်ဟု ခန့်မှန်းကြောင်း ၎င်းတို့ထံမှ သိရသည်။
ကယားပြည်နယ်တွင် ရွေးချယ်ခံရမည့် ဝန်ကြီးချုပ်သည် မူလက ဦးအယ်ဖောင်းလ်ရှိဟု အမည်ထွက်ခဲ့သော်လည်း လက်ရှိတွင် လွိုင်ကော်မဲဆန္ဒနယ် အမှတ် (၁) မှ ဒေါက်တာအောင်ကျော်ဌေးက တစ်ပြေးနေကြောင်း The Voice က အထက်ပါ သတင်းရင်းမြစ်များထံမှ သိရသည်။
ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ ဖွဲ့စည်းမှုနှင့် ပတ်သက်ပြီး သတင်းမီဒီယာများကို ပုံမှန်ထုတ်ဖော်ပြောဆိုလေ့ ရှိသူ ဦးဝင်းထိန်ကို The Voice က အတည်ပြု မေးမြန်းရာ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ စာရင်း ထွက်ပေါ်မှုနှင့် ပတ်သက်ပြီး ယနေ့ မတ်လ ၅ ရက်နေ့တွင် အတည်ပြု ပြောဆို၍ မရသေးကြောင်းသာ ပြန်လည်မှတ်ချက်ပေးသည်။
NLD ပါတီ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကို မတ်လ ၆ ရက်တွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်၌ ဆက်လက်ပြုလုပ်မည် ဖြစ်ရာ ပြည်ထောင်စုအစိုးရ အဖွဲ့ဝင် ဝန်ကြီးများ စာရင်းနှင့် တိုင်းဒေသကြီးနင့် ပြည်နယ်ဝန်ကြီးချုပ်များ စာရင်း တရားဝင် ထုတ်ပြန်မည် ဖြစ်သည်။
The Voice Weekly

No comments:

Post a Comment