Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, March 5, 2016

Methamphetamine (မက္သမ္ဖတမင္း)

(ဒီစာတင္တာ ေစတနာမွားတယ္လို႔ေျပာမယ့္သူေပၚအုန္းမလားေတာ့ မသိပါ။ ခပ္လန္႔လန္႔ပဲ။)
Yabba (ယာဘ) ဆိုတာ Methamphetamine (မက္သမ္ဖတမင္း) ျဖစ္တယ္။ ျမန္မာျပည္မွာ ေရခဲလို႔လဲေခၚတယ္။ သူမ်ားႏိုင္ငံေတြမွာ Ice, Speed, Meth, Crystal, Crank စသျဖင့္ေခၚတယ္။ Methamphetamines နဲ႔ Caffeine ကိုသာ Ice လို႔ေခၚတာကမွန္တယ္။ အျဖဴေရာင္ အနံ႔မရွိဘူး။ ေရ၊ အရက္ထဲမွာ ေပ်ာ္ဝင္တယ္။ ပါးစပ္ကေန ေသာက္တယ္။ ႏွာေခါင္းကေန ရွဴတယ္။ ေဆးထိုးအပ္နဲ႔လဲ ထိုးတယ္။ ေဆးလိပ္လိုလဲ ေသာက္တယ္။ ေဆးစြမ္းခံစားရတာကို High လို႔ ေခၚၾကတယ္။
လူစည္စည္မွာ အာေဘာင္အာရင္းသန္သန္နဲ႔ ေဟာေျပာသူတိုင္းကို အထင္မၾကီးၾကပါနဲ႔။ သူမ်ားကို အျပစ္ေျပာတဲ့ေနရာမွ သူရဲေကာင္း အထင္ခံရေလာက္ေအာင္ ေဆးစြမ္းကထိေရာက္တယ္။ ေျပာတာေဟာတာကို အဟုတ္မွတ္လို႔ ေနာက္လိုက္ ေနာက္ပါ ျဖစ္သြားသူေတြလဲ မ်ားတာာေတြ႔ရတယ္။ အေရးအသားလဲ ေျပာင္ေျမာက္လို႔ စာဖတ္ပရိသတ္လဲ မရွားဘူး။
ကလပ္ေတြမွာ အသံုးမ်ားလို႔ Club drug လို႔ေခၚတယ္။ လမ္းေပၚမွာသံုးတာကို Ice နဲ႔ Glass ေခၚတယ္။ နာမည္ခြဲေတြ ရွိတယ္။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ႔ glass ေတြျဖစ္တယ္။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, crank လို႔ ေခၚတယ္။
ေဆးကုရာမွာလဲ Desoxyn 5-mg tablets ေဆးျပားအေနနဲ႔ သံုးတယ္။ ADHD နဲ႔ Exogenous obesity အဝလြန္ေရာဂါေတြအတြက္ ေပးတယ္။ Narcolepsy နဲ႔ Depression တျခားေဆးေတြနဲ႔ မရတဲ့ စိတ္ဓါတ္က် ေရာဂါအတြက္လဲ သံုးတယ္။
(မက္သမ္ဖတမင္း) ဟာ အားေကာင္းတဲ့ စိတ္ၾကြေဆးတမ်ိဳးျဖစ္တယ္။ Psychostimulant ေခၚတယ္။ Amphetamine ကေနထုတ္တယ္။ ေဆးအဆ နည္းနည္းေပးရင္ ႏိုးၾကားေနမႈကို ပိုေကာင္းေစမယ္။ အာရံုစိုက္မႈလဲ ပိုမယ္။ အားကုန္ရင္လဲ အားရေစတယ္။ ေဆးအဆမ်ားမ်ားေပးရင္ Mania (မဲနီးယား) နဲ႔ Euphoria (ယူဖိုးရီးယား) စိတ္အေျခအေနေတြအထိ ေျပာင္းလာမယ္။
စိတ္ပိုင္းသက္ေရာက္မႈေတြကေတာ့ ေကာင္းတာေတြကို ထင္ျမင္ေနမယ္။ အစပိုင္းေလးမွာ လိင္စိတ္မ်ားေစမယ္။ အာရံုစိုက္မႈမ်ားမယ္။ ကိုယ့္ကိုယ္ကို အထင္ၾကီးေနမယ္။ လူထဲအတင္းလိုက္ေရာမယ္။ စိတ္တိုမယ္။ ၾကမ္းတမ္းမယ္။ ဆံပင္ကို ဆြဲေနမယ္။ အေရျပား ဆိတ္ေနမယ္။ သူမ်ား မျမင္-မၾကားတာေတြကို ျမင္ၾကားေနမယ္။ သူ႔မွာ ပါဝါေတြ ရွိေနတယ္လို႔ ထင္ေနမယ္။
အဲလိုလူေတြမွာ ေဆးမသံုးရရင္ အားယုတ္မယ္၊ စိတ္ဓါတ္က်မယ္၊ အစားေတြ သိပ္စားခ်င္မယ္၊ စိုးရိမ္စိတ္ကဲမယ္၊ စိတ္တိုမယ္၊ ေခါင္းကိုက္မယ္၊ ဂနာမျငိမ္ျဖစ္မယ္၊ အိပ္ခ်ိန္မ်ားမယ္၊ အိပ္မက္အမ်ိဳးမ်ိဳး မက္မယ္။ ေရရွည္မွာ ဆိုးတာေတြ ျဖစ္ႏိုင္တယ္။ စိတ္ဓါတ္က်လြန္းလာမယ္။ ကိုယ့္ကိုယ္ကို သတ္ေသခ်င္မယ္။ ႏွလံုးေရာဂါရမယ္။ စိတ္ေရာဂါရမယ္။ စိုးရိမ္စိတ္ မ်ားလြန္းလာမယ္။ စိတ္ၾကမ္းတမ္းလာမယ္။
ဒီေဆးသံုးရင္ ရုပ္ပိုင္းေျပာင္းလဲလာတာေတြရွိတယ္။ အစာမစားခ်င္၊ တက္ၾကြေနမယ္၊ အေရျပားနဲ႔ မ်က္ႏွာနီရဲေနမယ္၊ ေခြ်းထြက္မ်ားမယ္၊ ဂနာမျငိမ္ျဖစ္မယ္၊ အာေခါင္ေျခာက္မယ္၊ ေခါင္းကိုက္မယ္၊ ရင္တုန္မယ္၊ ႏွလံုးခုန္ျမန္မယ္-ေႏွးမယ္၊ ႏွလံုးခုန္ မမွန္ျဖစ္မယ္၊ အသက္ရွဴျမန္မယ္၊ ေသြးဖိအားတက္မယ္-က်မယ္၊ ဝမ္းပ်က္မယ္၊ လက္တုန္မယ္၊ အေရျပားယားမယ္၊ ဝက္ျခံထြက္မယ္၊ ျဖဴဖတ္ျဖဴေယာ္ေနမယ္၊ တက္မယ္၊ ႏွလံုး (အတက္) ရမယ္၊ ေသမယ္။
ေဆးတလြဲသံုးမႈနဲ႔ ေဆးစြဲတာပါ ဆက္ျဖစ္လာမယ္။ Amphetamine/Stimulant psychosis စိတ္အေျခအေနတမ်ိဳး ျဖစ္လာမယ္။ တာရွည္သံုးရာကေန Post-withdrawal syndrome ေဆးျဖတ္ခ်ိန္မွာ ခံစားရမွာေတြ ျဖစ္လာမယ္။ Neurotoxicity အာရံုေၾကာအဆိပ္သင့္တာလို႔ေခၚတယ္။ တကယ္ ေဆးျဖတ္ျပီးေနာက္ အခ်ိန္အေတာ္ၾကာအထိ ခံစားေနရမယ္။ ႏွလံုးေသြးေၾကာေရာဂါလဲ ရလာႏိုင္တယ္။
Cocaine (ကိုကိန္း) တို႔ Amphetamine (အင္ဖက္တမင္း) တို႔နဲ႔မတူတာက Methamphetamine ဟာ ဦးေႏွာက္ အလယ္ပိုင္းမွာရွိတဲ့ Dopamine neurons အာရံုေၾကာကို ထိခိုက္ေစတဲ့ Neurotoxic အာရံုေၾကာအဆိပ္မ်ိဳး ျဖစ္တယ္။ Parkinson's disease ေရာဂါရလမ္းလဲ မ်ားတယ္။
ေဆးခံႏိုင္စြမ္းကို စမ္းသပ္တာမွာ တေယာက္နဲ႔တေယာက္ မတူၾကဘူး။ သာယာမႈလမ္းေၾကာင္းကို သင့္တာထက္ပိုျပီး သက္ေရာက္ေစထားတဲ့အတြက္ Anhedonia ျဖစ္လာမယ္။ ေဆးစြဲသံုးသူေတြမွာ သြားေတြ၊ သြားဖံုးက ပ်က္စီးလြယ္တယ္။ အဲဒါကို Meth mouth လို႔ ေခၚတယ္။
ေဆးစြဲတာကို ကုရတာဟာ အေတာ္ၾကီးခက္တယ္။ Bupropion, Aripiprazole, Baclofen ေဆးေတြေပးတာ မ်ားတယ္။ ဒါေပမဲ့ ေအာင္ျမင္မႈ နည္းတယ္။ L-tyrosine and L-5HTP/tryptophan ေခၚတဲ့ အမိုင္ႏိုအက္စစ္ အားေဆး ေန႔တိုင္း ေပးႏိုင္တယ္။ ဗီတာမင္ (စီ) ေပးတာလဲ ေကာင္းတယ္။ Modafinil ေဆးကိုလဲသံုးတယ္။ Ibogaine နဲ႔ Mirtazapine ေဆးေတြကိုလဲ သံုးတယ္။ Behavioral activation therapy စိတ္ကုနည္းလဲသံုးရတယ္။
ေဒါက္တာတင့္ေဆြ
...........
Methamphetamine (မက်သမ်ဖတမင်း)
(ဒီစာတင်တာ စေတနာမှားတယ်လို့ပြောမယ့်သူပေါ်အုန်းမလားတော့ မသိပါ။ ခပ်လန့်လန့်ပဲ။)
Yabba (ယာဘ) ဆိုတာ Methamphetamine (မက်သမ်ဖတမင်း) ဖြစ်တယ်။ မြန်မာပြည်မှာ ရေခဲလို့လဲခေါ်တယ်။ သူများနိုင်ငံတွေမှာ Ice, Speed, Meth, Crystal, Crank စသဖြင့်ခေါ်တယ်။ Methamphetamines နဲ့ Caffeine ကိုသာ Ice လို့ခေါ်တာကမှန်တယ်။ အဖြူရောင် အနံ့မရှိဘူး။ ရေ၊ အရက်ထဲမှာ ပျော်ဝင်တယ်။ ပါးစပ်ကနေ သောက်တယ်။ နှာခေါင်းကနေ ရှူတယ်။ ဆေးထိုးအပ်နဲ့လဲ ထိုးတယ်။ ဆေးလိပ်လိုလဲ သောက်တယ်။ ဆေးစွမ်းခံစားရတာကို High လို့ ခေါ်ကြတယ်။
လူစည်စည်မှာ အာဘောင်အာရင်းသန်သန်နဲ့ ဟောပြောသူတိုင်းကို အထင်မကြီးကြပါနဲ့။ သူများကို အပြစ်ပြောတဲ့နေရာမှ သူရဲကောင်း အထင်ခံရလောက်အောင် ဆေးစွမ်းကထိရောက်တယ်။ ပြောတာဟောတာကို အဟုတ်မှတ်လို့ နောက်လိုက် နောက်ပါ ဖြစ်သွားသူတွေလဲ များတာာတွေ့ရတယ်။ အရေးအသားလဲ ပြောင်မြောက်လို့ စာဖတ်ပရိသတ်လဲ မရှားဘူး။
ကလပ်တွေမှာ အသုံးများလို့ Club drug လို့ခေါ်တယ်။ လမ်းပေါ်မှာသုံးတာကို Ice နဲ့ Glass ခေါ်တယ်။ နာမည်ခွဲတွေ ရှိတယ်။ crystal meth, meth, crystal, shabu, batu, d-meth, tina နဲ့ glass တွေဖြစ်တယ်။ Base ကိုလဲ speed dexedrine, dexies, dex, shad, go-ee, glass, tina, paste, oxblood, shabu, crank လို့ ခေါ်တယ်။
ဆေးကုရာမှာလဲ Desoxyn 5-mg tablets ဆေးပြားအနေနဲ့ သုံးတယ်။ ADHD နဲ့ Exogenous obesity အဝလွန်ရောဂါတွေအတွက် ပေးတယ်။ Narcolepsy နဲ့ Depression တခြားဆေးတွေနဲ့ မရတဲ့ စိတ်ဓါတ်ကျ ရောဂါအတွက်လဲ သုံးတယ်။
(မက်သမ်ဖတမင်း) ဟာ အားကောင်းတဲ့ စိတ်ကြွဆေးတမျိုးဖြစ်တယ်။ Psychostimulant ခေါ်တယ်။ Amphetamine ကနေထုတ်တယ်။ ဆေးအဆ နည်းနည်းပေးရင် နိုးကြားနေမှုကို ပိုကောင်းစေမယ်။ အာရုံစိုက်မှုလဲ ပိုမယ်။ အားကုန်ရင်လဲ အားရစေတယ်။ ဆေးအဆများများပေးရင် Mania (မဲနီးယား) နဲ့ Euphoria (ယူဖိုးရီးယား) စိတ်အခြေအနေတွေအထိ ပြောင်းလာမယ်။
စိတ်ပိုင်းသက်ရောက်မှုတွေကတော့ ကောင်းတာတွေကို ထင်မြင်နေမယ်။ အစပိုင်းလေးမှာ လိင်စိတ်များစေမယ်။ အာရုံစိုက်မှုများမယ်။ ကိုယ့်ကိုယ်ကို အထင်ကြီးနေမယ်။ လူထဲအတင်းလိုက်ရောမယ်။ စိတ်တိုမယ်။ ကြမ်းတမ်းမယ်။ ဆံပင်ကို ဆွဲနေမယ်။ အရေပြား ဆိတ်နေမယ်။ သူများ မမြင်-မကြားတာတွေကို မြင်ကြားနေမယ်။ သူ့မှာ ပါဝါတွေ ရှိနေတယ်လို့ ထင်နေမယ်။
အဲလိုလူတွေမှာ ဆေးမသုံးရရင် အားယုတ်မယ်၊ စိတ်ဓါတ်ကျမယ်၊ အစားတွေ သိပ်စားချင်မယ်၊ စိုးရိမ်စိတ်ကဲမယ်၊ စိတ်တိုမယ်၊ ခေါင်းကိုက်မယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အိပ်ချိန်များမယ်၊ အိပ်မက်အမျိုးမျိုး မက်မယ်။ ရေရှည်မှာ ဆိုးတာတွေ ဖြစ်နိုင်တယ်။ စိတ်ဓါတ်ကျလွန်းလာမယ်။ ကိုယ့်ကိုယ်ကို သတ်သေချင်မယ်။ နှလုံးရောဂါရမယ်။ စိတ်ရောဂါရမယ်။ စိုးရိမ်စိတ် များလွန်းလာမယ်။ စိတ်ကြမ်းတမ်းလာမယ်။
ဒီဆေးသုံးရင် ရုပ်ပိုင်းပြောင်းလဲလာတာတွေရှိတယ်။ အစာမစားချင်၊ တက်ကြွနေမယ်၊ အရေပြားနဲ့ မျက်နှာနီရဲနေမယ်၊ ချွေးထွက်များမယ်၊ ဂနာမငြိမ်ဖြစ်မယ်၊ အာခေါင်ခြောက်မယ်၊ ခေါင်းကိုက်မယ်၊ ရင်တုန်မယ်၊ နှလုံးခုန်မြန်မယ်-နှေးမယ်၊ နှလုံးခုန် မမှန်ဖြစ်မယ်၊ အသက်ရှူမြန်မယ်၊ သွေးဖိအားတက်မယ်-ကျမယ်၊ ဝမ်းပျက်မယ်၊ လက်တုန်မယ်၊ အရေပြားယားမယ်၊ ဝက်ခြံထွက်မယ်၊ ဖြူဖတ်ဖြူယော်နေမယ်၊ တက်မယ်၊ နှလုံး (အတက်) ရမယ်၊ သေမယ်။
ဆေးတလွဲသုံးမှုနဲ့ ဆေးစွဲတာပါ ဆက်ဖြစ်လာမယ်။ Amphetamine/Stimulant psychosis စိတ်အခြေအနေတမျိုး ဖြစ်လာမယ်။ တာရှည်သုံးရာကနေ Post-withdrawal syndrome ဆေးဖြတ်ချိန်မှာ ခံစားရမှာတွေ ဖြစ်လာမယ်။ Neurotoxicity အာရုံကြောအဆိပ်သင့်တာလို့ခေါ်တယ်။ တကယ် ဆေးဖြတ်ပြီးနောက် အချိန်အတော်ကြာအထိ ခံစားနေရမယ်။ နှလုံးသွေးကြောရောဂါလဲ ရလာနိုင်တယ်။
Cocaine (ကိုကိန်း) တို့ Amphetamine (အင်ဖက်တမင်း) တို့နဲ့မတူတာက Methamphetamine ဟာ ဦးနှောက် အလယ်ပိုင်းမှာရှိတဲ့ Dopamine neurons အာရုံကြောကို ထိခိုက်စေတဲ့ Neurotoxic အာရုံကြောအဆိပ်မျိုး ဖြစ်တယ်။ Parkinson's disease ရောဂါရလမ်းလဲ များတယ်။
ဆေးခံနိုင်စွမ်းကို စမ်းသပ်တာမှာ တယောက်နဲ့တယောက် မတူကြဘူး။ သာယာမှုလမ်းကြောင်းကို သင့်တာထက်ပိုပြီး သက်ရောက်စေထားတဲ့အတွက် Anhedonia ဖြစ်လာမယ်။ ဆေးစွဲသုံးသူတွေမှာ သွားတွေ၊ သွားဖုံးက ပျက်စီးလွယ်တယ်။ အဲဒါကို Meth mouth လို့ ခေါ်တယ်။
ဆေးစွဲတာကို ကုရတာဟာ အတော်ကြီးခက်တယ်။ Bupropion, Aripiprazole, Baclofen ဆေးတွေပေးတာ များတယ်။ ဒါပေမဲ့ အောင်မြင်မှု နည်းတယ်။ L-tyrosine and L-5HTP/tryptophan ခေါ်တဲ့ အမိုင်နိုအက်စစ် အားဆေး နေ့တိုင်း ပေးနိုင်တယ်။ ဗီတာမင် (စီ) ပေးတာလဲ ကောင်းတယ်။ Modafinil ဆေးကိုလဲသုံးတယ်။ Ibogaine နဲ့ Mirtazapine ဆေးတွေကိုလဲ သုံးတယ်။ Behavioral activation therapy စိတ်ကုနည်းလဲသုံးရတယ်။
ဒေါက်တာတင့်ဆွေ

No comments:

Post a Comment