Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, March 5, 2016
............................
တရားသူကြီးက `ခင်ဗျားအပေါ် ချမှတ်တဲ့ အပြစ်ဒဏ်ကို လျှော့ပေါ့ဖို့အတွက် ခင်ဗျား ဘာများပြောချင်သေးလဲလို့´ မေးခဲ့တယ်။ ခုံရုံးရဲ့ တာဝန်ခံ စစ်တပ်အရာရှိက ကျွန်တော့်ကို ချမှတ်တဲ့ ပြစ်ဒဏ်ကို ဖတ်ပြတာကို ကျွန်တော် ပြန်ပြီးတော့ အဖြေမပေးနိုင်ခင်ပေါ့ဗျာ။
ပြစ်ဒဏ်ကို ကြားတဲ့အချိန်မှာ ကျွန်တော်က မတ်တပ်ထရပ်ပြီး တရားရုံးက လုပ်ကိုင်နေတာကို ကြည့်နေတဲ့ အကြီးတန်းစစ်တပ် အရာရှိတွေဘက်ကို လှည့်လိုက်တယ်။
အခန်းနောက်ပိုင်းမှာ လူ (၂၀) ဝန်းကျင်လောက် ရှိမယ်ဗျ ။ အများစုက ကျွန်တော် ကာကွယ်ရေးဦးစီးချူ ပ်အဖြစ် တာဝန်ထမ်းဆောင်နေတုန်းက လေ့ကျင့်ပေးခဲ့တဲ့သူတွေဗျ ။ အဲဒီတုန်းက သူတို့ဟာ ကလေးတွေဘဲ ရှိသေးတာပေါ့ဗျာ။ ကျွန်တော်က စစ်တပ်ရဲ့ ဗိုလ်ချူ ပ်ကြီးပေါ့ဗျာ။ အဲဒီသူတွေက ကျွန်တော် စကားပြောချင်တဲ့သူတွေပါ။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တရားသူကြီးတွေကို မပြောချင်ဘူး။
ကျွန်တော်က "ကျူ ပ် တပ်မတော်ပြိုကွဲအောင် မလုပ်ခဲ့ဘူး" ။ ကျူ ပ် အသက် ၁၆ နှစ်သားကတည်းက စစ်တပ်ထဲဝင်ခဲ့တာ။ ကျူ ပ်တို့ `တိုင်းပြည် လွတ်လပ်ရေးအတွက် ဗိုလ်ချူ ပ်အောင်ဆန်းနဲ့ တွဲပြီး တိုက်ပွဲဝင်ဖို့´ ပဲ။ ကျူ ပ် တပ်မတော်ကို ချစ်ပါတယ်။ ဒါပေမဲ့ ကျူ ပ်က "ပြည်သူလူထုကို စစ်တပ်ထက် ပိုချစ်တယ်" ။
`စစ်တပ်ဟာ ပြည်သူလူထုကို ကျူ ပ်တို့ရဲ့ အဖေအမေတွေလို သဘောထားရမယ်။ ကျူ ပ်တို့ဟာ ပြည်သူလူထုကို အလုပ်အကျွေးပြု ရမယ်၊ ဖိနှိပ်ဖို့ မဟုတ်ဘူး´ ။ လို့ ပြောပြီး ကျွန်တော်က အခန်းထဲမှာရှိတဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့က သတင်းသမားတွေဘက်ကို လှည့်လိုက်ပြီး အသံကျယ်ကြီးနဲ့ -
*ကျူ ပ် ဒီအပြစ်ဒဏ်ကို ဂုဏ်ယူပြီး လက်ခံပါတယ်၊ အဲဒါဟာ ကျွန်တော် ယုံကြည်တဲ့ ဒီမိုကရေစီအရေးအတွက် အကျဉ်းထောင်ကို ဂုဏ်သိက္ခာအပြည့်နဲ့ ဝင်သွားရအောင် လုပ်လိုက်တာ* ပဲလို့ ပြောချလိုက်တယ်။
`အခန်းတစ်ခန်းလုံး ငြိမ်ကျသွားတယ်´ ။ နောက် ကျွန်တော့်ကို အချူ ပ်ခန်းထဲကို အစောင့်တွေနဲ့ အမြန်ပို့လိုက်ကြတယ်။
ကိုးကား - မျှော်လင့်ခြင်းအသံ..
ဦးတင်ဦး၏ (၈၉) နှစ်မြောက် မွေးနေ့အား အမှတ်တရ ..
No comments:
Post a Comment