Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 10, 2016

အစိုးရသစ္ လက္ထက္ ျမစ္ဆုံဆည္ တ႐ုတ္ ျပန္စလို


NLD ပါတီ ေျပာေရး ဆိုခြင့္ ရွိသူ ဦးဉာဏ္ဝင္း က အစိုးရ မဖြဲ႕စည္းရေသးတဲ့ အတြက္ ဒီကိစၥ နဲ႔ပတ္သက္ၿပီး မေျပာလိုေၾကာင္းနဲ႔ ဒီကိစၥဟာ တ႐ုတ္နိုင္ငံ ဘက္က အယူအဆ သက္သက္သာ ျဖစ္တယ္လို႔ ေျပာ
လူေတြရဲ့ ကန္႔ကြက္မွုေၾကာင့္ ကခ်င္ျပည္နယ္ ျမစ္ဆုံဆည္ ေရအားလၽွပ္စစ္စီမံကိန္းကို ၂၀၁၁ ခုႏွစ္ကတည္းက ရပ္နားထားခဲ့ရာမွာ လာမယ့္အစိုးရသစ္လက္ထက္မွာေတာ့ ျပန္စနိုင္မယ္လို႔ ယုံၾကည္ေၾကာင္း ဒီစီမံကိန္းကို ေဆာင္ရြက္ေနတဲ့ တ႐ုတ္နိုင္ငံဘက္က ေျပာဆိုပါတယ္။

တ႐ုတ္နိုင္ငံျခားေရးဝန္ႀကီး ဝမ္ရိက ျမန္မာအစိုးရသစ္လက္ထက္မွာ ဒီျပႆနာကို ေျဖရွင္းနိုင္မယ္လို႔ ေျပာခဲ့သလို စီမံကိန္းကို အေကာင္အထည္ေဖာ္တဲ့ တ႐ုတ္ကုမၸဏီ ဘက္ကလည္း ေဒၚလာ သန္း ၃၆၀၀ တန္ ဒီစီမံကိန္းႀကီး ျပန္စနိုင္ဖို႔ လုပ္ေဆာင္မယ္လို႔ ေျပာပါတယ္။

NLD ပါတီ ေျပာေရး ဆိုခြင့္ ရွိသူ ဦးဉာဏ္ဝင္း က အစိုးရ မဖြဲ႕စည္းရေသးတဲ့ အတြက္ ဒီကိစၥ နဲ႔ပတ္သက္ၿပီး မေျပာလိုေၾကာင္းနဲ႔ ဒီကိစၥဟာ တ႐ုတ္နိုင္ငံ ဘက္က အယူအဆ သက္သက္သာ ျဖစ္တယ္လို႔ ေျပာပါတယ္။

ပါတီ ဥကၠ႒ ေဒၚေအာင္ဆန္းစုၾကည္ တ႐ုတ္ နိုင္ငံကို သြားေရာက္ လည္ပတ္စဥ္ အတြင္း ဒီ ျမစ္စုံ စီမံကိန္း နဲ႔ ပတ္သက္ၿပီး ႏွစ္ဘက္ ေဆြးေႏြးညႇိႏွိုင္းခဲ့တာမ်ိဳးလည္း မရွိဘူးလို႔ သူက ဆက္ေျပာပါတယ္။

ျမစ္ဆုံ စီမံကိန္း ျပန္စမလား၊ ဆက္လက္ၿပီး ရပ္ထားမလား၊ ဒါမွမဟုတ္ အၿပီးတိုင္ ဖ်က္သိမ္းမလား ဆိုတဲ့ ကိစၥေတြကို ႏွစ္နိုင္ငံ ခ်ဳပ္ဆိုခဲ့တဲ့ စာခ်ဳပ္ စာတမ္းေတြ အေပၚမွာ မူတည္ၿပီး စဥ္းစား ဆုံးျဖတ္ မယ္လို႔ ေျပာပါတယ္။

လူထုရဲ့ ဆႏၵကို ဆန္႔က်င္ၿပီး လူထု အက်ိဳး မရွိတဲ့ စီမံကိန္းေတြကို ဆက္လက္မွာ မဟုတ္ဘူးလို႔ လည္း ေျပာပါတယ္။

NLD အစိုးရ ဖြဲ႕ၿပီးတဲ့ အခါမွာ လိုအပ္တဲ့ ကိစၥေတြကို အခ်ိန္နဲ႔ တေျပးညီ ရွင္းလင္း ေျပာၾကားမွာ ျဖစ္တယ္လို႔လည္း ေျပာပါတယ္။

BBC Burmese
http://www.bbc.com/burmese
...............

NLD ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း က အစိုးရ မဖွဲ့စည်းရသေးတဲ့ အတွက် ဒီကိစ္စ နဲ့ပတ်သက်ပြီး မပြောလိုကြောင်းနဲ့ ဒီကိစ္စဟာ တရုတ်နိုင်ငံ ဘက်က အယူအဆ သက်သက်သာ ဖြစ်တယ်လို့ ပြော
လူတွေရဲ့ ကန့်ကွက်မှုကြောင့် ကချင်ပြည်နယ် မြစ်ဆုံဆည် ရေအားလျှပ်စစ်စီမံကိန်းကို ၂၀၁၁ ခုနှစ်ကတည်းက ရပ်နားထားခဲ့ရာမှာ လာမယ့်အစိုးရသစ်လက်ထက်မှာတော့ ပြန်စနိုင်မယ်လို့ ယုံကြည်ကြောင်း ဒီစီမံကိန်းကို ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံဘက်က ပြောဆိုပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက မြန်မာအစိုးရသစ်လက်ထက်မှာ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ ပြောခဲ့သလို စီမံကိန်းကို အကောင်အထည်ဖော်တဲ့ တရုတ်ကုမ္ပဏီ ဘက်ကလည်း ဒေါ်လာ သန်း ၃၆၀၀ တန် ဒီစီမံကိန်းကြီး ပြန်စနိုင်ဖို့ လုပ်ဆောင်မယ်လို့ ပြောပါတယ်။

NLD ပါတီ ပြောရေး ဆိုခွင့် ရှိသူ ဦးဉာဏ်ဝင်း က အစိုးရ မဖွဲ့စည်းရသေးတဲ့ အတွက် ဒီကိစ္စ နဲ့ပတ်သက်ပြီး မပြောလိုကြောင်းနဲ့ ဒီကိစ္စဟာ တရုတ်နိုင်ငံ ဘက်က အယူအဆ သက်သက်သာ ဖြစ်တယ်လို့ ပြောပါတယ်။

ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တရုတ် နိုင်ငံကို သွားရောက် လည်ပတ်စဉ် အတွင်း ဒီ မြစ်စုံ စီမံကိန်း နဲ့ ပတ်သက်ပြီး နှစ်ဘက် ဆွေးနွေးညှိနှိုင်းခဲ့တာမျိုးလည်း မရှိဘူးလို့ သူက ဆက်ပြောပါတယ်။

မြစ်ဆုံ စီမံကိန်း ပြန်စမလား၊ ဆက်လက်ပြီး ရပ်ထားမလား၊ ဒါမှမဟုတ် အပြီးတိုင် ဖျက်သိမ်းမလား ဆိုတဲ့ ကိစ္စတွေကို နှစ်နိုင်ငံ ချုပ်ဆိုခဲ့တဲ့ စာချုပ် စာတမ်းတွေ အပေါ်မှာ မူတည်ပြီး စဉ်းစား ဆုံးဖြတ် မယ်လို့ ပြောပါတယ်။

လူထုရဲ့ ဆန္ဒကို ဆန့်ကျင်ပြီး လူထု အကျိုး မရှိတဲ့ စီမံကိန်းတွေကို ဆက်လက်မှာ မဟုတ်ဘူးလို့ လည်း ပြောပါတယ်။

NLD အစိုးရ ဖွဲ့ပြီးတဲ့ အခါမှာ လိုအပ်တဲ့ ကိစ္စတွေကို အချိန်နဲ့ တပြေးညီ ရှင်းလင်း ပြောကြားမှာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment