Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 10, 2016

ဒုသမၼတေလာင္းမ်ား အမည္စာရင္းတင္သြင္း



NLD ပါတီက ျပည္သူ႔လႊတ္ေတာ္ အတြက္ ဦးထင္ေက်ာ္ အမ်ိဳးသား လႊတ္ေတာ္အတြက္ ဦးဟင္နရီဗန္ထီးယူတို႔ကို ဒုသမၼတေလာင္းေတြအျဖစ္ အမည္စာရင္း တင္သြင္းပါတယ္။

ျပည္ခိုင္ျဖိဳးပါတီက ျပည္သူလႊတ္ေတာ္အတြက္ လက္ရွိဒုသမၼတ ေဒါက္တာစိုင္းေမာက္ခမ္း၊ အမ်ိဳးသာလႊတ္ေတာ္အတြက္ အမ်ိဳးသား လႊတ္ေတာ္ ဥကၠဌေဟာင္း ဦးခင္ေအာင္ျမင့္တို႔ကို အမည္စာရင္းတင္သြင္းခဲ့ပါတယ္။

ဦးထင္ေက်ာ္ရဲ႕ ကိုယ္ေရးအက်ဥ္း

NLD အမ်ဳိးသား ဒီမုိကေရစီ အဖြဲ႔ခ်ဳပ္က ကုိယ္စားလွယ္ အမ်ားစုပါ၀င္တဲ့ ျပည္သူ႔လြတ္ေတာ္က ဦးထင္ေက်ာ္ကုိ ဒုသမၼတေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းလုိက္ၿပီ ျဖစ္ပါတယ္။

ဦးထင္ေက်ာ္ရဲ႕ဖခင္ ႏုိင္ငံေက်ာ္ စာေရးဆရာႀကီး မင္းသု၀ဏ္ဟာလည္း ၁၉၉၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲတုန္းက NLD လြတ္ေတာ္ကုိယ္စားလွယ္အျဖစ္ ကြမ္းၿခံကုန္းၿမိဳ႕နယ္ကေန ေရြးေကာက္တင္ေျမာက္ခံခဲ့ရပါတယ္။
ဦးထင္ေက်ာ္က ေဒၚေအာင္ဆန္းစုုၾကည္က ယုုံၾကည္ အားကုုိးရတဲ့ လူယုုံတဦးျဖစ္ၿပီး ေဒၚေအာင္ဆန္းစုုၾကည္နဲ႔အတူ Methodist High School (ဒဂုံ-၁) မွာ အေျခခံပညာ ဆည္းပူးခဲ့သူလည္း ျဖစ္ပါတယ္။ ၁၉၆၂ ခုနွစ္မွာ စီးပြားေရးတကၠသုိလ္ တက္ေရာက္ခဲ့ၿပီး စီးပြားေရးမဟာဘြ႔ဲ ရၿပီးတဲ့ေနာက္ နုိင္ငံျခားပညာေတာ္သင္အျဖစ္ အဂၤလန္ႏိုင္ငံမွာ Oxford တကၠသုုိလ္မွာ ပညာ ဆက္လက္သင္ၾကားခဲ့သူလည္း ျဖစ္ပါတယ္။

ဦးထင္ေက်ာ္ဟာ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္နဲ႔ ထိန္းသိမ္းခံထားရစဥ္ ျပင္ပကမၻာနဲ႔ ဆက္သြယ္ေပးခဲ့သူ လူနဲစုထဲမွာ တဦးအပါအ၀င္ ျဖစ္ပါတယ္။

ဦးထင္ေက်ာ္ဟာ ေဒၚေအာင္ဆန္းစုၾကည္က စိတ္ခ်ယုံၾကည္ရတဲ့ လူယုံတေယာက္ျဖစ္တဲ့အျပင္ ရုိးသား ေျဖာင့္မတ္တဲ့ စိတ္ထားရွိသူအျဖစ္ အသိအမွတ္ ျပဳခံသူတဦးလည္း ျဖစ္ပါတယ္။ ဦးထင္ေက်ာ္ရဲ႕ ဇနီး ေဒၚစုစုလြင္ဟာလည္း NLD ပါတီေခါင္းေဆာင္တဦးျဖစ္တဲ့ ဦးလြင္ရဲ႕ သမီးျဖစ္ၿပီး လက္ရွိမွာ သုံးခြမဲဆႏၵနယ္ကေန ေရြးေကာက္တင္ေျမာက္ခံထားရတဲ့ ျပည္သူ႔လြတ္ေတာ္ကုိယ္စားလွယ္တဦးျဖစ္သလုိ၊ လြတ္ေတာ္ ႏုိင္ငံျခား ဆက္ဆံေရး ေကာ္မီတီဥကၠ႒လည္း ျဖစ္ပါတယ္။

ဦးထင္ေက်ာ္တုိ႔ ဇနီးေမာင္ႏွံဟာ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ရင္းႏွီးၾကသူေတြျဖစ္တဲ့အျပင္ ယုံၾကည္အားကုိးရသူေတြ ျဖစ္တယ္လုိ႔ ဆုိပါတယ္။

ဗြီအိုေအ (ျမန္မာပုိင္း)
http://burmese.voanews.com
..............


NLD ပါတီက ပြည်သူ့လွှတ်တော် အတွက် ဦးထင်ကျော် အမျိုးသား လွှတ်တော်အတွက် ဦးဟင်နရီဗန်ထီးယူတို့ကို ဒုသမ္မတလောင်းတွေအဖြစ် အမည်စာရင်း တင်သွင်းပါတယ်။

ပြည်ခိုင်ဖြိုးပါတီက ပြည်သူလွှတ်တော်အတွက် လက်ရှိဒုသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း၊ အမျိုးသာလွှတ်တော်အတွက် အမျိုးသား လွှတ်တော် ဥက္ကဌဟောင်း ဦးခင်အောင်မြင့်တို့ကို အမည်စာရင်းတင်သွင်းခဲ့ပါတယ်။

ဦးထင်ကျော်ရဲ့ ကိုယ်ရေးအကျဉ်း

NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ် အများစုပါ၀င်တဲ့ ပြည်သူ့လွတ်တော်က ဦးထင်ကျော်ကို ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်ပြီ ဖြစ်ပါတယ်။

ဦးထင်ကျော်ရဲ့ဖခင် နိုင်ငံကျော် စာရေးဆရာကြီး မင်းသုဝဏ်ဟာလည်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက NLD လွတ်တော်ကိုယ်စားလှယ်အဖြစ် ကွမ်းခြံကုန်းမြို့နယ်ကနေ ရွေးကောက်တင်မြောက်ခံခဲ့ရပါတယ်။
ဦးထင်ကျော်က ဒေါ်အောင်ဆန်းစုုကြည်က ယုုံကြည် အားကုုိးရတဲ့ လူယုုံတဦးဖြစ်ပြီး ဒေါ်အောင်ဆန်းစုုကြည်နဲ့အတူ Methodist High School (ဒဂုံ-၁) မှာ အခြေခံပညာ ဆည်းပူးခဲ့သူလည်း ဖြစ်ပါတယ်။ ၁၉၆၂ ခုနှစ်မှာ စီးပွားရေးတက္ကသိုလ် တက်ရောက်ခဲ့ပြီး စီးပွားရေးမဟာဘွဲ့ ရပြီးတဲ့နောက် နိုင်ငံခြားပညာတော်သင်အဖြစ် အင်္ဂလန်နိုင်ငံမှာ Oxford တက္ကသုုိလ်မှာ ပညာ ဆက်လက်သင်ကြားခဲ့သူလည်း ဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်နဲ့ ထိန်းသိမ်းခံထားရစဉ် ပြင်ပကမ္ဘာနဲ့ ဆက်သွယ်ပေးခဲ့သူ လူနဲစုထဲမှာ တဦးအပါအဝင် ဖြစ်ပါတယ်။

ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည်က စိတ်ချယုံကြည်ရတဲ့ လူယုံတယောက်ဖြစ်တဲ့အပြင် ရိုးသား ဖြောင့်မတ်တဲ့ စိတ်ထားရှိသူအဖြစ် အသိအမှတ် ပြုခံသူတဦးလည်း ဖြစ်ပါတယ်။ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်ဟာလည်း NLD ပါတီခေါင်းဆောင်တဦးဖြစ်တဲ့ ဦးလွင်ရဲ့ သမီးဖြစ်ပြီး လက်ရှိမှာ သုံးခွမဲဆန္ဒနယ်ကနေ ရွေးကောက်တင်မြောက်ခံထားရတဲ့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်တဦးဖြစ်သလို၊ လွတ်တော် နိုင်ငံခြား ဆက်ဆံရေး ကော်မီတီဥက္ကဋ္ဌလည်း ဖြစ်ပါတယ်။

ဦးထင်ကျော်တို့ ဇနီးမောင်နှံဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရင်းနှီးကြသူတွေဖြစ်တဲ့အပြင် ယုံကြည်အားကိုးရသူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment