Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, March 10, 2016

ႏိုင္ငံသမၼတေရြးခ်ယ္ပြဲမတိုင္ခင္ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ေတြ ့ဆံုပြဲ


ဒီေန႔ညေန ၅:၀၀ တိတိမွာ စည္ပင္ဝင္းထဲက စား
ရိပ္သာ (၄)ဆီ က်မတို႔ေခါင္းေဆာင္ေရာက္ရွိလာပါတယ္။ ဒီတစ္ခါေတာ့ျပံဳးရြင္ခ်ိဳသာတဲ့ မ်က္ႏွာေလးနဲ ့ပါ။ ေရာက္ေရာက္ခ်င္း " အားလံုးမဂၤလာပါ
ဒီေန႔ေတာ့ က်မတို႔ရဲ့ ကိုယ္စားလွယ္ေတြကို မဆူပါဘူး" တဲ့ သူမတူေအာင္ခ်ိဳသာတဲ့အျပံဳးေလးနဲ ့ စၿပီး
နွူတ္ဆက္တယ္ေလ။ က်မတို႔ရင္ထဲ ေနပူပူမွာ
လမင္းအစင္းတစ္ရာ သာသြားသလိ္ုပါပဲေရာ။

က်မတို႔ရဲ့ ဥကၠဌကဆက္ေျပာတယ္ ဒီလိုမဆူတာဘာ့ေျကာင့္လဲဆိုေတာ့ မနက္ျဖန္မွာေရြးခ်ယ္ရမယ့္
မဲအတြက္ စိတ္ဖိစီးမႈကင္းကင္းနဲ႔ အမွားအယြင္း မရွိရေအာင္ပါ တဲ့ ။မနက္ျဖန္ ေရြးခ်ယ္ရမယ့္ ႏိုင္ငံ့သမၼတဟာ ပါတီအတြက္လည္းမဟုတ္ဘူး ျပည္သူ႔အတြက္ပါ ႏိုင္ငံ့အနာဂတ္ အတြက္ပါတဲ့။ က်မတို႔ကိုျပည္သူက ယံုၾကည္မႈနဲ႔ အပ္နွင္းလိုက္တဲ့တာဝန္အတြက္
တာဝန္ေက်ရမွာမို ့ ျပည္သူ႔ကိုယ္စားအစစအရာရာဂရုတစိုက္ေဆာင္ရြက္ေပးပါတဲ့။ ၿပီးေတာ့မနက္ျဖန္
ပင္နီ ဝတ္စံုဖို႔နဲ႔ ပင္နီရဲ ့ သမိုင္းေၾကာင္းကိုလည္း ရွင္းျပသြားပါတယ္။ ပင္နီဆိုတာ ကိုယ့္ကိုကိုယ္ အားကိုးတဲ့ သေကၤတ၊ လြတ္လပ္ျခင္းရဲ့ သေကၤတ ၊ စိတ္ဓာတ္မာေက်ာ အင္အားရွိျခင္းရဲ့ သေကၤတ ကိုယ့္
တိုင္းျပည္ကိုခ်စ္ျမတ္ႏိုးတဲ့သေကၤတ စသည္ျဖင့္ အဓိပၸာယ္ေပါင္းမ်ားစြာ ဖြင့္ျပသြားျပီး ျပည္သူေတြက
ပင္နီေရာင္လြွမ္းေနတဲ့ ျမင္ကြင္းကို ျမင္ရရင္ အင္မတန္မွအားတက္တယ္ ဆိုၿပီးလည္း ျပည္သူ႔ရင္ထဲ
ဘာေတြရွိတယ္ဆိုတာ သိထားတဲ့က်မတို႔ေခါင္းေဆာင္က ေျပာပါေသးတယ္။ဒီေနရာမွာစကားမစပ္
( ဒီလိုေျပာေနတဲ့အခ်ိန္ လႊတ္ေတာ္သက္တမ္းငါးနွစ္လံုးလံုး ပင္နီ တစ္မ်ိဳးတည္းသာဝတ္ဖို ့ ဆံုးျဖတ္ထားတဲ့က်မရင္ထဲ ျဖစ္ေနတဲ့ပီတိကို ေျပာမျပတတ္ေတာ့ဘူး။ )

လူထုေခါင္းေဆာင္က ဆက္ေျပာပါတယ္။ ဒါဆိုက်မက ဘာလို႔ပင္နီ မဝတ္သလဲ လို႔ေမးစရာ ရွိပါတယ္တဲ့။
ပင္နီ ဆိုတာက်မတို႔ပါတီရဲ့ ကိုယ္စားျပဳဝတ္စံုပါ။ က်မက ပါတီေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ပါတီကိုပဲ
ကိုယ္စားျပဳမွာမဟုတ္ဘဲ ပါတီဝင္မဟုတ္တဲ့ ျပည္သူအားလံုးကို ကိုယ္စားျပဳတဲ့သေဘာနဲ ့ ပင္နီကို မဝတ္ရတာပါတဲ့။ က်မတို႔ကိုေတာ့ပင္နီဝတ္ေစျပီး ဥကၠဌကဘာလို ့ ပင္နီ မဝတ္ရသလဲ လို႔သိခ်င္သူမ်ားလည္း
 ေက်နပ္မယ္ထင္ပါတယ္။

ဒီေနာက္ေတာ့ က်မတို႔ရဲ့ သမၼတေလာင္း ေတြကို ဘယ္လိုစံႏႈန္းေတြနဲ႔ ေရြးခ်ယ္ခဲ့ရသလဲဆိုတာ ရွင္းျပၿပီး
 ျပည္သူ႔ထံ ပန္ျကားလြွာ တစ္ေစာင္ေရးေျကာင္း နဲ႔ ျပည္သူေတြကလည္း နားလည္လိမ့္မယ္လို႔သူ ယံုၾကည္ပါတယ္တဲ့ ။
ဘာလို႔လဲဆိုေတာ့ ႏွစ္ေပါင္းသံုးဆယ္ ျပည္သူနဲ႔တသားတည္းေနခဲ့တဲ့အေတြ႕အႀကဳံအရ ျပည္သူေတြကို
ယံုျကည္တဲ့ အေၾကာင္းေျပာပါတယ္။ ျပည္သူကိုမယံုၾကည္ပဲနဲ ့ ဒီမိုကေရစီကိုလုပ္လို႔မရေၾကာင္းလည္းေျပာလိုက္ေသးတယ္။
ျပည္သူဟာ ရွင္းျပရင္နားလည္ၿပီး အေရးႀကီးတဲ့ အခ်ိန္ေသြးစည္းတဲ့ အေၾကာင္းလည္းေျပာၿပီးသူခ်စ္တဲ့
 ျပည္သူေတြကို သူဘယ္ေလာက္ယံုျကည္ေျကာင္း ျပေသးတယ္။ ျပည္သူေတြက ေရြးခ်ယ္ေပးလို႔ဒီေနရာ ကိုေရာက္လာတဲ့အတြက္ ဘာပဲလုပ္လုပ္ျပည္သူ႔ကို ရွင္းျပရမွာျဖစ္တယ္လို႔လည္းျပည္သူ႔ေခါင္းေဆာင္က ဆိုပါေသးတယ္။ ဒီေနာက္ေတာ့
ဒု သမၼတ ဦးဟင္နရီ ဗန္ထီးယူ နဲ႔ မိတ္ဆက္ေပးပါတယ္။ဒီအ ခ်ိန္မွာ က်မတို႔ရဲ့ ဒု သမၼတဘယ္မွာထိုင္ေနသလဲ ဆိုၿပီးရွာယူရပါတယ္။ ရုိးရွင္းလြန္းတဲ့ ခ်င္းအမ်ိဳးသားႀကီးဟာ အခန္းရဲ့
ဟိုး ေနာက္ဆံုးေထာင့္မွာ ထိုင္ေနတာပါ သူထိုင္ေနတဲ့ ေနရာ ဆီက လူထုေခါင္းေဆာင္ဆီ ေလ်ွာက္လာတဲ့ တစ္ခ်ိန္လံုး က်မတို႔အားလံုးသူ႔ကို တိုင္ပင္မထားရဘဲနဲ ့ လက္ခုပ္သံအရွည္ျကီးံနဲ႔ႀကိဳဆိုလိုက္ျကပါတယ္။
အဖြဲ႕ခ်ဳပ္ဥကၠဌေရွ႕ေရာက္လာတဲ့ သူ႔ကို ျပံဳးျပီးျကည့္ေနသူကေတာ့ က်မတို႔ရဲ့ အဓိပတိေပါ့။ ၿပီးေတာ့ လက္ခုပ္သံမ်ားနဲ႔ ျကိုဆိုလိုက္တဲ့ အတြက္သိပ္ဝမ္းသာတဲ့အေျကာင္း က်မတို႔ရဲ့ ဥကၠဌက ခ်ီးက်ဴးးလိုက္ပါေသးတယ္။ ဒု သမၼတေလာင္းဟာ သစၥာရွိစြာ တာဝန္ထမ္းပါမယ့္ အေၾကာင္းကတိသစၥာစကားဆိုပါ္တယ္။

သူ႔ေနရာဆီ မျပန္ခင္ အဖြဲ႕ခ်ဳပ္ဥကၠဌကို ဦးညြွတ္ အရုိအေသေပးေနတဲ့ ျမင္ကြင္းဟာ က်မတို႔ရဲ့ လက္ခုပ္သံေတြကို ဒုတိယအႀကိမ္အၾကာႀကီးျမည္ေစခဲ့ျပန္ပါတယ္။ ေဆြးေႏြးပြဲေနာက္ဆံုးပိုင္းမွာေတာ့
က်မတို႔ က်န္းမာေရးကို ေဒါက္တာေဇာ္ျမင့္ေမာင္က တာဝန္ယူဖို ့ နဲ႔ ဦးဝင္းထိန္ကလည္း က်မတို႔ကိုမဆူဖို ့ မွာေနပါေသးတယ္။အဲဒီတဒဂၤဟာ က်မတို႔ရဲ့ ေခါင္းေဆာင္ဆိုတာထက္ အိမ္နဲ ့ေဝးေနတဲ့ က်မတို႔အားလံုး
အတြက္ မိခင္တစ္ေယာက္နဲ႔ တူေနတာ အမွန္ပဲ။ က်မတို႔အားလံုးလည္း ဒီေန႔အထူးပဲ ေက်နပ္ေနၾကပါတယ္။ က်မတို႔ရဲ့ ေခါင္းေဆာင္နဲ႔ ေတြ႕ရတဲ့ အခါတိုင္း အၿမဲပဲ သံမဏိ မ်က္ႏွာထားနဲ ့ တင္းက်ပ္ေသာစည္း
ကမ္းေတြကိုသာ ေျပာဆို သြန္သင္ေနတတ္တဲ့ သူမကို ပထမဆံုးအႀကိမ္ ဟာသေလးေတြေျပာရင္း ၾကည္လင္တဲ့မ်က္ႏွာထားေလးနဲ ့ ေျပာဆိုခဲ့တဲ့ အတြက္တစ္ခါေလးပဲျဖစ္ျဖစ္ လူသားမ်ားပီပီေက်နပ္တာေတာ့
အမွန္ပဲ ။ေနာက္ထပ္တင္းက်ပ္မယ့္ သံမဏိစည္းမ်ဥ္း ေတြကိုလည္းပန္းပြင့္ေတြအလား ခံယူဖို႔ အားေတြျဖစ္ရပါတယ္။ ေခါင္းေဆာင္ေျပာခဲ့တဲ့ မဲဆႏၵနယ္က ျပည္သူေတြထံ ျပန္တင္ျပရမယ္ ဆိုတဲ့စကားအရ
က်မတို႔ႀကဳံခဲ့ရသမၽႇ ဒီေနရာတဆင့္တင္ျပခ်င္ပါတယ္။

( Thiri Yadanar )
.
Credit : Thiri Yadanar
................
ဒီနေ့ညနေ ၅:၀၀ တိတိမှာ စည်ပင်ဝင်းထဲက စားရိပ်သာ (၄)ဆီ ကျမတို့ခေါင်းဆောင်ရောက်ရှိလာပါတယ်။ ဒီတစ်ခါတော့ပြုံးရွင်ချိုသာတဲ့ မျက်နှာလေးနဲ ့ပါ။ ရောက်ရောက်ချင်း " အားလုံးမင်္ဂလာပါ ဒီနေ့တော့ ကျမတို့ရဲ့ ကိုယ်စားလှယ်တွေကို မဆူပါဘူး" တဲ့ သူမတူအောင်ချိုသာတဲ့အပြံုးလေးနဲ ့ စပြီးနှူတ်ဆက်တယ်လေ။ ကျမတို့ရင်ထဲ နေပူပူမှာလမင်းအစင်းတစ်ရာ သာသွားသလိ်ုပါပဲရော။
ကျမတို့ရဲ့ ဥက္ကဌကဆက်ပြောတယ် ဒီလိုမဆူတာဘာ့ကြောင့်လဲဆိုတော့ မနက်ဖြန်မှာရွေးချယ်ရမယ့် မဲအတွက် စိတ်ဖိစီးမှုကင်းကင်းနဲ့ အမှားအယွင်း မရှိရအောင်ပါ တဲ့ ။မနက်ဖြန် ရွေးချယ်ရမယ့် နိုင်ငံ့သမ္မတဟာ ပါတီအတွက်လည်းမဟုတ်ဘူး ပြည်သူ့အတွက်ပါ နိုင်ငံ့အနာဂတ် အတွက်ပါတဲ့။ ကျမတို့ကိုပြည်သူက ယုံကြည်မှုနဲ့ အပ်နှင်းလိုက်တဲ့တာဝန်အတွက်
တာဝန်ကျေရမှာမို ့ ပြည်သူ့ကိုယ်စားအစစအရာရာဂရုတစိုက်ဆောင်ရွက်ပေးပါတဲ့။ ပြီးတော့မနက်ဖြန် ပင်နီ ဝတ်စုံဖို့နဲ့ ပင်နီရဲ ့ သမိုင်းကြောင်းကိုလည်း ရှင်းပြသွားပါတယ်။ ပင်နီဆိုတာ ကိုယ့်ကိုကိုယ် အားကိုးတဲ့ သင်္ကေတ၊ လွတ်လပ်ခြင်းရဲ့ သင်္ကေတ ၊ စိတ်ဓာတ်မာကျော အင်အားရှိခြင်းရဲ့ သင်္ကေတ ကိုယ့်တိုင်းပြည်ကိုချစ်မြတ်နိုးတဲ့သင်္ကေတ စသည်ဖြင့် အဓိပ္ပာယ်ပေါင်းများစွာ ဖွင့်ပြသွားပြီး ပြည်သူတွေက ပင်နီရောင်လွှမ်းနေတဲ့ မြင်ကွင်းကို မြင်ရရင် အင်မတန်မှအားတက်တယ် ဆိုပြီးလည်း ပြည်သူ့ရင်ထဲ ဘာတွေရှိတယ်ဆိုတာ သိထားတဲ့ကျမတို့ခေါင်းဆောင်က ပြောပါသေးတယ်။ဒီနေရာမှာစကားမစပ်
( ဒီလိုပြောနေတဲ့အချိန် လွှတ်တော်သက်တမ်းငါးနှစ်လုံးလုံး ပင်နီ တစ်မျိုးတည်းသာဝတ်ဖို ့ ဆုံးဖြတ်ထားတဲ့ကျမရင်ထဲ ဖြစ်နေတဲ့ပီတိကို ပြောမပြတတ်တော့ဘူး။ )
လူထုခေါင်းဆောင်က ဆက်ပြောပါတယ်။ ဒါဆိုကျမက ဘာလို့ပင်နီ မဝတ်သလဲ လို့မေးစရာ ရှိပါတယ်တဲ့။
ပင်နီ ဆိုတာကျမတို့ပါတီရဲ့ ကိုယ်စားပြုဝတ်စုံပါ။ ကျမက ပါတီခေါင်းဆောင်တစ်ယောက်အနေနဲ့ပါတီကိုပဲကိုယ်စားပြုမှာမဟုတ်ဘဲ ပါတီဝင်မဟုတ်တဲ့ ပြည်သူအားလုံးကို ကိုယ်စားပြုတဲ့သဘောနဲ ့ ပင်နီကို မဝတ်ရတာပါတဲ့။ ကျမတို့ကိုတော့ပင်နီဝတ်စေပြီး ဥက္ကဌကဘာလို ့ ပင်နီ မဝတ်ရသလဲ လို့သိချင်သူများလည်း ကျေနပ်မယ်ထင်ပါတယ်။
ဒီနောက်တော့ ကျမတို့ရဲ့ သမ္မတလောင်း တွေကို ဘယ်လိုစံနှုန်းတွေနဲ့ ရွေးချယ်ခဲ့ရသလဲဆိုတာ ရှင်းပြပြီး ပြည်သူ့ထံ ပန်ကြားလွှာ တစ်စောင်ရေးကြောင်း နဲ့ ပြည်သူတွေကလည်း နားလည်လိမ့်မယ်လို့သူ ယုံကြည်ပါတယ်တဲ့ ။
ဘာလို့လဲဆိုတော့ နှစ်ပေါင်းသုံးဆယ် ပြည်သူနဲ့တသားတည်းနေခဲ့တဲ့အတွေ့အကြုံအရ ပြည်သူတွေကိုယုံကြည်တဲ့ အကြောင်းပြောပါတယ်။ ပြည်သူကိုမယုံကြည်ပဲနဲ ့ ဒီမိုကရေစီကိုလုပ်လို့မရကြောင်းလည်းပြောလိုက်သေးတယ်။
ပြည်သူဟာ ရှင်းပြရင်နားလည်ပြီး အရေးကြီးတဲ့ အချိန်သွေးစည်းတဲ့ အကြောင်းလည်းပြောပြီးသူချစ်တဲ့ ပြည်သူတွေကို သူဘယ်လောက်ယုံကြည်ကြောင်း ပြသေးတယ်။ ပြည်သူတွေက ရွေးချယ်ပေးလို့ဒီနေရာ ကိုရောက်လာတဲ့အတွက် ဘာပဲလုပ်လုပ်ပြည်သူ့ကို ရှင်းပြရမှာဖြစ်တယ်လို့လည်းပြည်သူ့ခေါင်းဆောင်က ဆိုပါသေးတယ်။ ဒီနောက်တော့
ဒု သမ္မတ ဦးဟင်နရီ ဗန်ထီးယူ နဲ့ မိတ်ဆက်ပေးပါတယ်။ဒီအ ချိန်မှာ ကျမတို့ရဲ့ ဒု သမ္မတဘယ်မှာထိုင်နေသလဲ ဆိုပြီးရှာယူရပါတယ်။ ရိုးရှင်းလွန်းတဲ့ ချင်းအမျိုးသားကြီးဟာ အခန်းရဲ့
ဟိုး နောက်ဆုံးထောင့်မှာ ထိုင်နေတာပါ သူထိုင်နေတဲ့ နေရာ ဆီက လူထုခေါင်းဆောင်ဆီ လျှောက်လာတဲ့ တစ်ချိန်လုံး ကျမတို့အားလုံးသူ့ကို တိုင်ပင်မထားရဘဲနဲ ့ လက်ခုပ်သံအရှည်ကြီးံနဲ့ကြိုဆိုလိုက်ကြပါတယ်။ အဖွဲ့ချုပ်ဥက္ကဌရှေ့ရောက်လာတဲ့ သူ့ကို ပြံုးပြီးကြည့်နေသူကတော့ ကျမတို့ရဲ့ အဓိပတိပေါ့။ ပြီးတော့ လက်ခုပ်သံများနဲ့ ကြိုဆိုလိုက်တဲ့ အတွက်သိပ်ဝမ်းသာတဲ့အကြောင်း ကျမတို့ရဲ့ ဥက္ကဌက ချီးကျူးးလိုက်ပါသေးတယ်။ ဒု သမ္မတလောင်းဟာ သစ္စာရှိစွာ တာဝန်ထမ်းပါမယ့် အကြောင်းကတိသစ္စာစကားဆိုပါ်တယ်။
သူ့နေရာဆီ မပြန်ခင် အဖွဲ့ချုပ်ဥက္ကဌကို ဦးညွှတ် အရိုအသေပေးနေတဲ့ မြင်ကွင်းဟာ ကျမတို့ရဲ့ လက်ခုပ်သံတွေကို ဒုတိယအကြိမ်အကြာကြီးမြည်စေခဲ့ပြန်ပါတယ်။ ဆွေးနွေးပွဲနောက်ဆုံးပိုင်းမှာတော့
ကျမတို့ ကျန်းမာရေးကို ဒေါက်တာဇော်မြင့်မောင်က တာဝန်ယူဖို ့ နဲ့ ဦးဝင်းထိန်ကလည်း ကျမတို့ကိုမဆူဖို ့ မှာနေပါသေးတယ်။အဲဒီတဒင်္ဂဟာ ကျမတို့ရဲ့ ခေါင်းဆောင်ဆိုတာထက် အိမ်နဲ ့ဝေးနေတဲ့ ကျမတို့အားလုံးအတွက် မိခင်တစ်ယောက်နဲ့ တူနေတာ အမှန်ပဲ။ ကျမတို့အားလုံးလည်း ဒီနေ့အထူးပဲ ကျေနပ်နေကြပါတယ်။ ကျမတို့ရဲ့ ခေါင်းဆောင်နဲ့ တွေ့ရတဲ့ အခါတိုင်း အမြဲပဲ သံမဏိ မျက်နှာထားနဲ ့ တင်းကျပ်သောစည်းကမ်းတွေကိုသာ ပြောဆို သွန်သင်နေတတ်တဲ့ သူမကို ပထမဆုံးအကြိမ် ဟာသလေးတွေပြောရင်း ကြည်လင်တဲ့မျက်နှာထားလေးနဲ ့ ပြောဆိုခဲ့တဲ့ အတွက်တစ်ခါလေးပဲဖြစ်ဖြစ် လူသားများပီပီကျေနပ်တာတော့အမှန်ပဲ ။နောက်ထပ်တင်းကျပ်မယ့် သံမဏိစည်းမျဉ်း တွေကိုလည်းပန်းပွင့်တွေအလား ခံယူဖို့ အားတွေဖြစ်ရပါတယ်။ ခေါင်းဆောင်ပြောခဲ့တဲ့ မဲဆန္ဒနယ်က ပြည်သူတွေထံ ပြန်တင်ပြရမယ် ဆိုတဲ့စကားအရ ကျမတို့ကြုံခဲ့ရသမျှ ဒီနေရာတဆင့်တင်ပြချင်ပါတယ်။

( Thiri Yadanar )
.
Credit : Thiri Yadanar



No comments:

Post a Comment