ဘုန္းေမာ္ညရဲ႕ သက္ရွိမ်က္ျမင္သက္ေသ


ရန္ကုန္- စက္တင္ဘာ ။ ။
ညအေမွာင္ထဲမွာ လူုအုပ္ စုႏွစ္စုဟာ အျပန္အလွန္ ေအာ္ဟစ္ေနပါတယ္။ အဲဒီအခ်ိန္မွာပဲ မီးသတ္္ ကား တစ္စီးဟာ သူ႕ကုိ အရွိန္ျပင္းျပင္းနဲ႕တုိက္လုိက္ပါတယ္။
သူနဲ႕ အတူ လမ္းေဘးေျမာင္းထဲမွာ လြင္႕က် သြားတာက တကၠသုိလ္ပါေမာကၡခ်ဳပ္ ပါ။
သူ႕အက်ီၤေတြ စုတ္ျပတ္သြားျပီးျပန္ထလုိက္တဲ႕
အခ်ိ္န္မွာေတာ႕ ဆရာေတြနဲ႕ ပါေမာကၡခ်ဳပ္ကုိ တုိက္လုိက္တဲ႕ မီးသတ္ကားကုိ ေက်ာင္းသားေတြက
၀ုိင္းျပီး ဖ်က္ဆီးလုိက္ၾကပါတယ္။
ဆရာေတြက သူတုိ႕ကုိ ေဖ်ာင္႕ျဖ ဆြဲေခၚျပီး ေက်ာင္းဘက္ကုိျပန္ေခၚလာခ်ိန္မွာေတာ႕ ေက်ာင္းေရွ႕မွာ လုံထိန္းေတြ ရဲေတြ ဒုိင္းေတြနဲ႕ကာထားတာကုိ သူတုိ႕ျမင္လုိက္ရပါတယ္။
အံ႕ၾသလြန္းလုိ႕ၾကည္႕ေနခ်ိန္မွာပဲ မီးသတ္ ကား ဆီက ေရေတြပန္းထြက္လာျပီးေက်ာင္းသားေတြဟာ လမ္းမ ဘက္ တျခမ္းကုိ လြင္႕ ထြက္သြားပါတယ္။
အဲဒီအခ်ိန္မွာပဲ မ်က္ရည္ယုိဗုံးေတြ အဆတ္မျပတ္ ပစ္ခတ္ကာ က်ည္ဆံေတြဟာသူ႕ေခါင္းေပၚကေန တရြီးရြီးနဲ႕ ဆက္တုိက္ ျဖတ္သြားေနပါတယ္။
က်ည္ဆံံေတြကုိ ေရွာင္တိမ္းရင္းေက်ာင္းသား အမ်ား အျပားရွိေနႏိုင္မယ့္ ပင္မေက်ာင္းေဆာင္ေတြဘက္ကို သြားဖို႔ သူျပင္လုိက္ပါတယ္။ ျဖည္းျဖည္းခ်င္း ၀မ္းယားေမွာက္ၿပီး သြားေနရင္းကေန ရုတ္တရက္ ကုန္းထၿပီး ေျပးဖို႔ ျပင္ဆင္လိုက္တာနဲ႔ ခဏမွာပဲ သူ႔ရဲ႕ေက်ာျပင္မွာ စူးကနဲ တစ္ခ်က္ေအာင့္ၿပီး ငါေတာ့သြားၿပီလို႔ ေရရြတ္လုိက္မိရင္း ဒဏ္ရာကို စမ္းသပ္လိုက္ပါတယ္။
မေသႏိုင္ဘူးဆိုၿပီး သြားဖို႔သူအားတင္းေနခ်ိန္မွာပဲ ေပ ၃၀ အကြာမွာေတာ့ ေက်ာင္းသားတစ္ ေယာက္ ေသနတ္က်ည္ဆံမွန္ၿပီး ပက္လက္အေနအထားနဲ႔ လဲက်သြားတာကို သူ၀ုိးတ၀ါးျမင္လုိက္ရပါတယ္။
အ႐ုပ္ႀကိဳးျပတ္လဲက်သြားတဲ့သူကေတာ့ စက္မႈတကၠသိုလ္မတ္လအေရးခင္းမွာ ေက်ာင္းသားေတြ ထဲမွာ ပထမဦးဆုံးေသဆုံးခဲ့တဲ့ ေက်ာင္းသားေခါင္းေဆာင္ကိုဘုန္းေမာ္ပဲ ျဖစ္ပါတယ္။

သူက “ေက်ာင္းသားေတြက ငိုတဲ့သူက ငိုေနၿပီ။ ကုိဘုန္းေမာ္ကေတာ့ အဲသည္ခ်ိန္ကတည္းက သတိမရေတာ့တာ ေသြးေတြက အရမ္းထြက္ေနတဲ့ ကၽြန္ေတာ့္ကုိအကၤ်ီနဲ႔ ပိတ္ၿပီး စည္းလိုက္တယ္။ “လုိ႕ေျပာပါတယ္။
ဆရာေတြ ေရာက္လာၿပီး ေက်ာင္းသားေတြအေသခံလို႔ မျဖစ္ဘူးဆိုၿပီး ေဆးရံုပို႔ဖို႔ ျပင္သံကုိသူၾကားလုိက္ပါတယ္။
သူ႔ရဲ႕ ေက်ာျပင္ ေပၚကက်တဲ႕ ေသြးအုိင္ေတြ ထြန္းေနတဲ႕ေနရာကုိ ဘုန္းေမာ္ရဲ႕ အုတ္ဂူဆိုၿပီး လုပ္လိုက္ၾကပါတယ္။
“မီးတန္းေတြက ညအေမွာင္ယံမွာ တေဖြးေဖြးနဲ႔ ပလူပ်ံေနတာပဲ။ ေက်ာင္းသားျဖစ္ၿပီး စစ္ေျမျပင္ကို ေရာက္ေနရသလိုပါပဲ။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႔လက္ထဲမွာေတာ့ ဘာပစၥည္းမွမပါဘဲ လက္ဗလာ အေနအထားနဲ႔ ရင္ဆုိင္ခဲ့ရတယ္။ ” လုိ႕ ကုိျမင္႕ဦးက ေျပာပါတယ္။
(၂၇)ႏွစ္ေက်ာ္ၾကာၿပီျဖစ္ေပမယ့္အျဖစ္အပ်က္ေတြကုိတစ္ခုခ်င္းစီကုိသူေကာင္းေကာင္း မွတ္မိေနပါေသး တယ္။

ေဆးရံုေရာက္တဲ့အခ်ိန္မွာပဲ သူနဲ႔အတူပါလာ တဲ့ ကိုဘုန္းေမာ္ဟာ အသက္မရွိေတာ့ပါဘူး။ ေဆးရံုမွာ ႀကိဳေရာက္ေနတဲ့ ရဲလုံထိန္းေတြက သူ႔ဒဏ္ရာ ဟာ ေသနတ္နဲ႔ အပစ္ခံရတာမဟုတ္ဘဲ အရပ္သားတစ္ေယာက္က ထိုးႏွက္ဒဏ္ရာလို႔ ထြက္ဆုိဖုိ႕ ဆရာေတြကို အတင္းၾကပ္ ဖိအားေပးပါတယ္။
ကိုျမင့္ဦးက “သတိကမလစ္ေသးေတာ့ သူတို႔ေျပာတာေတြ အကုန္ၾကားေနရတယ္။ ေက်ာျပင္ထဲမွာ က်ည္ဆံက၀င္ေနၿပီဆိုတဲ့အသိ ကၽြန္ေတာ့္ကိုႏွိပ္စက္ေနပါတယ္။ ဆရာ၀န္ႀကီးက ဒဏ္ရာကုိၾကည့္ၿပီး အသဲထဲက်ည္၀င္သြားတယ္။ အျပင္ဒဏ္ရာကုိပဲ ခ်ဳပ္လုိက္ရတယ္” လုိ႔ သူ႕ေက်ာျပင္က ဒဏ္ရာကုိ ျပန္ျပီးသတိရလာျပီး မ်က္၀န္းေတြကရီေ၀လာပါတယ္။
ေဆး႐ုံးတတ္ေနတဲဲ႕သုံးလအတြင္း ေက်ာျပင္က ေသနတ္ဒဏ္ရာ ဟာ မခံမရပ္ႏုိင္ေအာင္ နာက်င္တာေၾကာင္႕ ကုိယ္ဘာသာသတ္ေသဖုိ႔ သူအၾကိမ္ၾကိမ္ၾကဳိးစားခဲ႕ပါတယ္။ ရင္ဘတ္ တစ္ခုလုံးဟာ မုိ႔ေမာက္ေရာင္ရမ္းၿပီး အသက္တစ္ခါ႐ႈဖုိ႔ ခက္ခဲေနျပီး မခံမရပ္ႏုိင္ေအာင္ နာက်င္မွဳကုိခံစားေနရတဲ႕ သူ႕ကုိ ထြက္ေျပးမွာဆုိးလုိ႕ လုံထိန္းေတြက ကုတင္နဲ႔သူ႔ေျခေထာက္ေတြကို သံႀကိဳးနဲ႔ခတ္ထားပါတယ္။
ေဆး႐ုံေပၚမွာသူရွိေနတဲ့အခ်ိန္မွာ ေက်ာင္းသားေတြဟာ သူ႔ကုိလာၾကည့္ဖုိ႔ မရဲက်သလုိ လုံထိန္းရဲအေစာင့္ေတြကလဲ ၀င္ခြင့္မေပးပဲ သူ႔ကိုေ၀ဒနာခံစားေနခ်ိန္မွာပဲ ေထာင္ေဆး႐ုံထဲထည့္ဖုိ႔ ၾကဳိးစားခဲ႕ပါတယ္။ ဆရာ၀န္ႀကီးက လူနာဟာအေရးႀကီးတဲ့လူနာျဖစ္လုိ႔ ေထာင္ထဲမွာေနဖုိ႔ သေဘာမတူခဲ့ပါဘူး။
ဒီအခ်ိန္မွာပဲ ေက်ာင္းသားေခါင္းေဆာင္ ကိုစုိးႏုိင္တစ္ေယာက္ဟာ ေသနတ္မွန္ၿပီး အူျပတ္တဲ့ဒဏ္ရာနဲ႔ ေဆး႐ုံကိုေရာက္ရွိလာပါတယ္။ သူနဲ႔အတူကပ္လ်က္ကုတင္မွာ တက္ေရာက္ေနတဲ့ ကိုစုိးႏိုင္တစ္ေယာက္ဟာလဲ ေရာက္ၿပီးမၾကာခင္မွာပဲ ဆုံးသြားတာကို သူကုိယ္တုိင္ျမင္ေတြ႕လုိက္ရ တာေၾကာင့္ သူဟာေျဖမဆည္ႏိုင္ေလာက္ေအာင္ ပူေဆြးခဲ့ရပါတယ္။
“သူကေဆး႐ုံႀကီးကုိ ခ်က္ခ်င္းမေရာက္ပဲေနလို႔ ေသြးအဆိပ္သင့္ ၿပီးဆုံးသြားရတာေလ အဲသည့္တုန္းကလည္း လူေတြကေၾကာက္ေနၾကရတာ ေက်ာင္းသားေတြကို ကူညီတဲ့သူေတြကုိ ေထာင္ခ်တဲ့ေခတ္ဆိုေတာ့ေလ” လို႔ေျပာၿပီး အပစ္ခံခဲ့ရတာကို ခုခ်ိန္ထိမေမ့ႏုိင္ေသးဘူးလို႔ သူက ေျပာျပေန တာပါ။
အဲသည္ေခတ္ကဆရာ၀န္ေတြဟာ အာဏာရွင္စစ္အစုိးရကိုအံတုၿပီး၊ ေက်ာင္းသားေတြဖက္က ရပ္တည္ခဲ့တယ္ဆိုတာကို သူအျမဲသတိရေနပါတယ္။ ေက်ာင္းသားေတြကို က်ည္ဆံအစစ္သုံးၿပီး ၿဖိဳခြင္းခဲ့တဲ့ အစိုးရဟာ သတင္းကိုအေမွာင္ခ်ဖို႔ ႀကိဳးစားခဲ့ပါတယ္။ သူ႔ကိုကုေပးတဲ့ဆရာ၀န္ႀကီးရွိေနရင္ သတင္းေတြကို ေက်ာင္းသားေတြသိမွာဆိုးတာေၾကာင့္ သူ႔ကိုေထာင္ထဲထည့္ဖို႔ အာဏာရွင္စစ္အစိုးရက ပထမဆုံးအေနနဲ႔ ဆရာ၀န္ႀကီးကို ေမာ္လၿမိဳင္ေျပာင္းဖုိ႔ အမိန္႔စာထုတ္ျပန္လုိက္ပါတယ္။
သူ႔ရဲ႕အသည္းထဲမွာ ေရြ႕လ်ားေနတဲ့ က်ည္ဆံကိုဖယ္ရွားဖို႔အတြက္ သူဟာဓါတ္မွန္အႀကိမ္ ၄၀ေက်ာ္ၾကာ ေအာင္ ႐ိုက္ခဲ့ရပါတယ္။ ေျပာင္းေရႊ႕ရမယ့္ ဆရာ၀န္ႀကီးဟာ သူ႔ကိုအျခားဆရာ၀န္ေတြခြဲစိပ္ကုသမွာကို မလိုလားတာေၾကာင့္ သူမေျပာင္းခင္မွာပဲ အၿပီးသပ္ခြဲစိပ္လုိက္ပါတယ္။
စက္မႈတကၠသိုလ္ေက်ာင္းသားေတြဟာ အျခားတကၠသိုလ္ေတြထိသြားေရာက္ၿပီး စက္မႈတကၠသိုလ္ အေရးခင္းမွာ ေက်ာင္းသားေတြကို ပစ္သတ္ခံရတဲ့အေၾကာင္းေတြကို သြားေရာက္ၿပီး ေျပာျပခဲ့လို႔ အာဏာရွင္အစိုးရကို အန္တုဖို႔အတြက္ ေက်ာင္းသားေတြဟာ ေပါင္းစည္းသြားခဲ့ၾကပါတယ္။ တံတားနီအေရးခင္းမွာလဲ ေက်ာင္းသားေတြ ေသြးေျမခခဲ့ရၿပီး စစ္အစုိးရကေတာ့ ေသဆုံးသူတစ္ေယာက္မွ မရွိဘူးလို႔သာ အစိုးရကထုတ္ျပန္လုိက္ပါတယ္။
သူ႕ခြဲစိတ္ျပီးတပတ္ အၾကာ အနာ မက်က္ခင္မွာပဲ ကုိဘုန္းေမာ္ ေသဆုံး သြားတဲ႕ ညက ေသနတ္ေတြပစ္ခတ္ခံရတဲ႕ျမင္ကြင္းကုိျမင္ခဲ႕ရတဲ႕ သက္ရွိမ်က္ျမင္ျဖစ္တဲ႕ သူ႕ကုိ ရဲေတြက လာဖမ္းျပီးအင္းစိန္ေထာင္ထဲ ထည္႕လုိ္က္ပါတယ္။
သူမလာခင္မွာသူ႕ေနရမယ္ေထာင္ အခန္းက်ဥ္းကုိ အျပင္ကေန တျခားအက်ဥ္းသားေတြ မျမင္ရေအာင္ ကာခဲ႕လုိ႕ ေထာင္ထဲက လူေတြက သူ႕ကုိဘယ္လုိလူမ်ုိးလဲ ရာဇ၀တ္သားလုိ႕ တအံ႕တၾသ သတိထားၾကည္႕တာကုိခံရပါတယ္။
“က်ေတာ္ကုိဘယ္သူနဲ႕မွေပးမေတြ႕ဘူး။ အျပင္ လူလည္းၾကည္႕လုိ႕မရဘူးဘာမွကုိ လုပ္လုိ႕မရေအာင္ကုိုလုပ္ထားခဲ႕တယ္” လုိ႕ကုိျမင္႕ဦးကေျပာပါတယ္။
၁၉၈၈ မတ္လ အေရးခင္းမွာ ဖမ္းဆီးခံထားရတဲ့ ေက်ာင္းသားေတြကုိ အစိုးရက ျပန္လႊတ္ေပးတဲ့ အခ်ိန္ ဇူလုိင္လ (၇)ရက္ေန႔မွာ ကိုျမင့္ဦးတစ္ေယာက္လဲပါ၀င္ခဲ့ပါတယ္။
ေထာင္ကလြတ္လြတ္ခ်င္းေန႔မွာပဲ ဇာတိေညာင္ေလးပင္ၿမိဳ႕ကို ျပန္ၿပီးေက်ာင္းသား သပိတ္စခန္း ဖြင့္လုိက္ပါ တယ္။
ေပတစ္ရာလမ္းမေပၚမွာ လက္ဖက္ရည္ဆုိင္ စားပြဲေတြခင္းၿပီး သူေဟာေျပာေနပါၿပီ။ အက်ႌၾကယ္သီးကုိ ဖြင့္လ်က္ရင္ဘတ္ကေန ေသြးေတြစီးက်ေနတဲ့ သူ႔ရဲ႕ဒဏ္ရာကိုျပကာ၊ လူထုကိုစစ္အစိုးရ အေနနဲ႔ ေက်ာင္းသားေတြအေပၚမွာ ဘယ္လိုရက္စက္ခဲ့တယ္။ အာဏာရွင္အစိုးရကို ျဖဳတ္ခ်ႏုိင္မွတစ္ပါး အျခားမရွိေတာ့တဲ့အေၾကာင္း ျပည္သူလူထုကို သူေဟာေျပာေနတဲ့အခ်ိန္မွာပဲ နားေထာင္ေနတဲ့သူေတြဟာ သူ႔ကုိသနားၿပီး ငိုေနၾကတာကုိ သူကမ်က္စိထဲကမထြက္ႏုိင္ေသးဘူးလို႔ သူကရင္ဘတ္ကဒဏ္ရာေနရာကုိ လက္နဲဖိရင္းေျပာျပေနပါတယ္။
“စိတ္လႈပ္ရွားေနတာကအေမနဲ႔ အေဖဟာလူအုပ္ထဲမွာရွိေနတာကိုမသိဘူး။ အေမကေတြ႕ခ်င္လုိ႔ လုိက္လာတယ္။ သားကိုေတြ႕ခ်င္လို႔ သပိတ္စခန္းကိုေရာက္ေအာင္လာတာကုိ ခုထိမေမ့ႏုိင္ပါဘူး” လို႔ သူကေျပာပါတယ္။
ဘုန္းေမာ္ နဲ႕က်ဆုံးျပီးည မွာ ေသနတ္ဒဏ္ရာ ရတဲ႕ သူငယ္ခ်င္းေတြ နဲ႕ သူျပန္မေတြ႕ေတာ႕ပါဘူး။ အဲဒီညမွာ ေက်ာင္းသားေတြကုိ စစ္တပ္ နဲ႕လုံထိန္းေတြ ဟာ ေသနတ္နဲ႕ေက်ာင္းသားေတြ ဆီကုိ တည္႕တည္႕ပစ္ခဲ႕တယ္ဆုိတာကုိ ဒီကေန႕ျငင္းဆုိေနဆဲျဖစ္ပါတယ္။
ေနာက္တစ္ေန႕ မနက္ အစုိးရ က သတင္းထုတ္ျပန္တဲဲ႕အခါမွာေတာ႕ အရပ္သားနဲ႕ ေက်ာင္းသားေတြနဲ႕ ရန္ျဖစ္ရင္း ျဖစ္တာလုိ႕ ထုတ္ျပန္ခဲ႕ျပီး ေသနတ္နဲ႕႔ပစ္သတ္ခံရတဲ႕ကိစၥကုိ လုံး၀ ဖုံးကြယ္ ခဲ႕ပါတယ္။
သူတုိ႕ကုိ ပစ္ခတ္ခဲ႕တဲ႕ ေနာက္မွာေတာ႕ ေနာက္ဆက္တြဲ ေက်ာင္းသားေတြ လူပ္ရွားမွုေတြ ေက်ာင္းသားေတြ ေသြးေျမက် ခံရတဲ႕ တံတားနီအေရးခင္းေတြကုိ သူေဆးရုံေပၚကေန ၾကားခဲ႕ရပါတယ္။
ေက်ာင္းသားအေရးခင္းတုန္းက ေက်ာင္းသားေတြေဆး႐ုံတက္ခ်ိန္မွာေတာင္ လာၾကည့္္တဲ့သူေတြ ဟာ အေၾကာင္းအမ်ဳိးမ်ဳိးနဲ႔ ဖိအားေပးၿခိမ္းေျခာက္ခံရတာကို သူ႔အေနနဲ႔ ခုထိမေမ့ႏုိင္ေသးပါဘူး။
သူ႔ကိုေဆး႐ုံကုိလာၾကည့္တဲ့ ပထမဦးဆုံးသူငယ္ခ်င္းဟာ ဆည္ေျမာင္း၀န္ႀကီးရဲ႕သားဟာ သူ႔ကုိေဆး႐ုံတက္ဖုိ႔ ပစၥည္းေတြတင္ဖုိ႔ ဖခင္ရဲ႕ကားကို ယူသုံးမိလို႔ ဖခင္ကုိယ္တုိင္အလုပ္ျပဳတ္ခံရၿပီး ယူသုံးတဲ့ကားကုိလဲ အသိမ္းခံခဲ့ရတာကို သူေဆး႐ုံတက္ၿပီးေနာက္ပိုင္းမွ သူသိခဲ့ရတာေၾကာင့္ အခုခ်ိန္ထိ စိတ္မေကာင္းျဖစ္ေနဆဲပါ။
မတ္လ (၁၂)ရက္ေန႔က ေက်ာင္းသားနဲ႔ အရပ္သားေတြရန္ပြဲစခဲ့တဲ့ စႏၵာ၀င္းလက္ဖက္ရည္ဆုိင္က ရန္ပြဲဇာတ္လမ္းဟာ မၿပီးဆုံးခဲ့ပဲ ေနာက္ရက္ေတြအထိကူးစက္ၿပီး ေက်ာင္းသားနဲ႔အရပ္သား ပရိပကၡအေျခ အေနထိ ေရာက္လာခဲ့ပါတယ္။
စက္မႈတကၠသိုလ္ေက်ာင္းသားႏွစ္ေယာက္ဟာ လက္ဖက္ရည္ေသာက္ရင္း သီခ်င္းနားေထာင္ဖုိ႔ ယူလာတဲ့ ကက္ဆက္ေခြကိုဖြင့္ေပးဖို႔ ဆုိင္ပိုင္ရွင္ကို ေျပာလုိက္ပါတယ္။ ဒီအခ်ိန္မွာပဲ အျခားစားပြဲေပၚမွာ ထိုင္ေနတဲ့ အရပ္လူႀကီးသားနဲ႔ အေပါင္းအပါ (၅)ဦးဟာ ဖြင့္လက္စအေခြကိုပဲ ဆက္ဖြင့္ဖုိ႔ေျပာဆိုရင္းကေန ရန္ျဖစ္စကားမ်ားၾကရာမွာေတာ့ ေက်ာင္းသားႏွစ္ဦးဟာ လူအင္အားမမွ်ပဲ ခံလုိက္ရပါတယ္။
ေက်ာင္းသားႏွစ္ဦးဟာ ဒဏ္ရာေတြနဲ႔ ေက်ာင္းထဲကိုျပန္လာခဲ့တာကို သိလုိက္ရတဲ့အျခား ေက်ာင္းသားေတြဟာ ရပ္ကြက္ထဲအထိလုိက္သြားၿပီး ေျဖရွင္းခဲ့ရာမွ ရန္ပြဲအသြင္ျဖစ္သြားၿပီး ရဲစခန္းက ထိန္းသိမ္းလုိက္ရပါတယ္။
အရပ္လူႀကီးသားအပါအ၀င္ (၅)ဦးကို အမႈဖြင့္ခဲ့ေပမယ့္ ေနာက္ေန႔မနက္မွာပဲ ရပ္ကြက္လူႀကီး သားကလြတ္လာတာကို မေက်နပ္တဲ့ေက်ာင္းသားေတြဟာ ရပ္ကြက္ထဲထိ ျပန္လုိက္ၿပီး ေျဖရွင္းခဲ့ရမွာေတာ့ ပရိပကၡအေျခအေနေတြအထိ ျဖစ္ခဲ့ရပါတယ္။စစ္တပ္က ရက္ရက္စက္စက္ ပါ၀င္ခဲ႕ျပီး ေက်ာင္းသားေတြကုိ အညဳိးနဲ႕ ႏိွမ္နွင္းတဲ႕ေနာက္မွေတာ႕ ေက်ာင္းသားေတြနဲ႕တပ္မေတာ္ၾကား ဒီကေန႕တုိင္ရင္ၾကားေစ႕မရတဲ႕ ျဖစ္ရပ္ဆုိးေတြ ျဖစ္ခဲ႕ပါတယ္။
၈၈ အေရးခင္းျဖစ္ၿပီးေနာက္ သူဟာဘာေက်ာင္းမၿပီးေသးဘဲ ေက်ာင္းကိုျပန္တက္ၿပီး BE (Mech) ဘြဲ႕ရၿပီး ေဆာက္လုပ္ေရးလုပ္ငန္းေတြမွာ သူဟာလခစားအင္ဂ်င္နီယာတစ္ေယာက္အျဖစ္နဲ႔သာ အသက္ေမြး၀မ္း ေက်ာင္းျပဳလုပ္ခဲ့ပါတယ္။ လက္ရွိမွာေတာ့ ကိုယ္ပိုင္ေဆာက္လုပ္ေရးကုမၸဏီေထာင္ၿပီး မိသားစုနဲ႔ အတူ ေနထုိင္ေနပါတယ္။
စစ္အာ႑ာရွင္ေတြကေက်ာင္းသားေတြကုိ ရက္စက္ခဲ႕တဲ႕ ည ရဲ႕ျဖစ္ရပ္ဆုိးေတြဟာ သူ႕ကုိ အျမဲတေစႏုိင္ငံေရးအရ တပ္မေတာ္ရဲ႕ ျပဳျပင္ေျပာင္းလဲမွုဆုိတာကုိ သူမယံုၾကည္ႏုိင္ေသးပါဘူး
လက္ပံတန္ေက်ာင္းသားအေရးခင္းမွာ ေက်ာင္းသားေတြကို နံပါတ္တုတ္နဲ႔႐ိုက္ႏွက္ ၿဖိဳခြင္းခဲ့တာကို ျမင္ေတြ႕လိုက္ရတဲ႕ အခါ သူရင္ဆုိင္ခဲ႕ရတဲ႕ ျဖစ္ရပ္ဆုိး ကုိ ျပန္လူပ္ႏူိးခဲ႕ပါတယ္။
“ေက်ာင္းသားေတြက စတင္ေတာင္းဆုိခဲ့တဲ့ ဒီမုိကေရစီဟာ အခုခ်ိန္ထိမရေသးဘူး”လုိ႔ကုိျမင္ဦးကေျပာပါတယ္။
ႏုိင္ငံေရးသမားစစ္စစ္တစ္ေယာက္အေနနဲ႔ မရပ္တည္ေနရေပမယ့္လည္းပဲ စက္မႈတကၠသိုလ္ေက်ာင္းသားေဟာင္းေတြေပါင္းၿပီး ႏုိင္ငံေရးသမားေတြ၊ ႏုိင္ငံေရးပါတီေတြမွာ ၀င္ၿပိဳင္မယ့္ စက္မႈတကၠသုိလ္ ေက်ာင္းသားေဟာင္းေတြကို ၀န္းရံေထာက္ပံ့တဲ့ အသင္းေလးကို ဖြဲ႕စည္းထားၿပီး အဖြဲ႕၀င္ တစ္ေယာက္အေနနဲ႔ပဲ ရပ္တည္ေနေပမယ့္ လက္ရွိႏုိင္ငံေရးအေျခအေနေတြကို စိတ္၀င္စားၿပီး ေစာင့္ၾကည့္ေနပါတယ္။
“လက္ရွိအုပ္ခ်ဳပ္ေနတဲ့ အစုိးရကိုလဲ ဒီမုိကေရစီအစုိးရအစစ္မဟုတ္ေသးဘူး။ စစ္တပ္ဆုိတာဟာ ဒီတုိင္းျပည္ကာကြယ္ဖို႔အတြက္ပဲ ရွိေနသင့္ေတာ့တယ္”လို႔ သူကေျပာပါတယ္။
အရင္ေခတ္က ေက်ာင္းသားေတြဟာ တစ္ေယာက္ကုိတစ္ေယာက္ ေဖးေဖးမမနဲ႔ ခ်စ္ခင္၊ ေက်ာင္းသားတစ္ေယာက္ကိုထိရင္ အျခားတကၠသိုလ္မတူတဲ့သူေတြေတာင္ ၀င္ပါလာခဲ့တာကို သူ႔အေနနဲ႔ သတိရေနေပမယ့္လည္း အခုေက်ာင္းသားေတြကေတာ့ တစ္ေက်ာင္းနဲ႔တစ္ေက်ာင္းဟာ ေ၀းလြန္းတဲ့ေနရာ ေတြမွာရွိေနတာေၾကာင့္ စည္းစည္းလုံးလုံးမေနႏုိင္တာကို သူဘ၀င္မက် ျဖစ္ေနပါတယ္။
သူတို႔ေခတ္မွ မ်ဳိးဆက္ေတြဟာ ေလာေလာဆယ္ တစ္စုတစ္စည္းထဲမရွိပဲ ကြဲျပားေနေပမယ့္လည္း ရည္ရြယ္ထားတဲ့ပန္းတုိင္ျခင္းအတူတူပဲဆုိတာကို သူလက္ရွိအခ်ိန္ထိ ယုံၾကည္ေနဆဲပဲျဖစ္ပါတယ္။
သူက “ႏိုင္ငံေရးဖက္မွာအာ႐ုံစုိက္ၿပီး တစ္စုိက္တစ္မတ္ထဲ မလုပ္ႏုိင္ခဲ့တာဟာ သူ႔အေနနဲ႔ အရည္အခ်င္းမျပည့္၀လို႔ ေဘးဖယ္ေနတာျဖစ္ေပမယ့္လဲပဲ တစ္ကယ္လုပ္ႏုိင္တဲ့ သူငယ္ခ်င္းေတြကို အားေပးဖုိ႔ သူ႔အားေမြးေနပါတယ္။
ရာထူးကုိ အထိခိုက္ခံ ေနရာကုိ အထိခုိက္ခံျပီး သူကုိ ခြဲစိတ္ကုသေပး တဲ႕ ဆရာ၀န္ ၾကီးကုိ ဒီကေန႕ ထိအသက္ရွင္ေနဆဲျဖစ္ျပီး သူသြားကန္ေတာ႕ေလရွိပါတယ္။
ဘုန္းေမာ္ဆုံးတဲ႕ညက အရပ္သားေတြ နဲ႕ ရန္ျဖစ္လို႕ေသဆုံးရတာမဟုတ္ဘဲစစ္တပ္က ေက်ာင္းသားေတြကုိတည္႕တည္႕ ပစ္ခတ္ခဲ႕တာျဖစ္ေၾကာင္း ဘုန္းေမာ္တင္မဟုတ္ဘဲ သူ႕ သူငယ္ခ်င္း ကုိစုိးႏုိင္ဟာလည္းေနာက္တစ္ရက္မွာ အူျပတ္ျပီးေသဆုံးခဲ႕ရတဲ႕ အျဖစ္မွန္ေတြကုိ သူေဖာ္ထုတ္ခ်င္ေနဆဲျဖစ္ပါတယ္။
“တရားစြဲလည္း ဘာမွ မထူးဘူး။ဒါေပမယ္႕ ေက်ာင္းသားေတြ အတြက္ အမွန္တရားဆုိတာကုိလုိခ်င္တယ္”လုိ႕ ကုိျမင္႕ဦးကေျပာပါတယ္။
သူ႕ရဲ႕ ေသရာပါ ဒဏ္ရာကုိျမင္တုိင္း သူ႕သူငယ္ခ်င္းေတြ အတြက္ အမွန္တရားကုိေတာင္းဆုိဖုိ႕ သူ႕ဆႏၵျပင္းျပေနဆဲျဖစ္ပါတယ္။
အေျပာင္းအလဲေတြ ျဖစ္လာျပီလို႕ ကမၻာ႕က အသိမွတ္ျပဳခဲ႕ေပမယ္႕လက္ရွိႏုိင္ငံေရးမွာ အာ႑ာရွင္ေတြဟာဆက္လက္ခ်ဳပ္ကုိင္ထားျပီး ျဖစ္ရပ္ဆုိးေတြကုိ ဖုံးကြယ္ ပစ္လုိက္ဖုိ႕ၾကဳိးစားေနတာကုိ သူျမင္ေနရပါတယ္။
အဲဒီညက တကယ္ၾကဳံေတြ႕ခဲ႕တဲ႕ ျဖစ္ရပ္မွန္ေတြကုိ ေနာင္လာေနာင္သားေတြသိေအာင္ သူၾကဳိးစားျပီးစာအုပ္ထုတ္ဖုိ႕လည္းျပင္ဆင္ေနပါတယ္။
သူနဲ႔အတူ ဒီမုိကေရစီတုိက္ပြဲ၀င္ခဲ့တဲ့ သူ႔သူငယ္ခ်င္းေတြဟာ ခုခ်ိန္မွာ ႏုိင္ငံေရးနယ္ပယ္ေတြ အသီးသီးေတြမွာ ရပ္တည္ေနခဲ့ေပမယ့္ သူနဲ႕ပတ္သတ္မိတဲ႕ မိသားစု၀င္ေတြ မိတ္ေဆြေတြဟာ စစ္အာ႑ာရွင္ေတြရဲ႕ ဖိႏွိပ္မွုကုိ ခံခဲ႕ရတဲ႕ခါးသီးတဲ႕ အေတြ႕အၾကဳံေတြေၾကာင္႕ သူကေတာ့ ႏုိင္ငံေရးအသိုင္းအ၀ုိင္းကုိ အျပင္ကေ
နပဲ အကူအညီေပးဖုိ႕သူဆုံးျဖတ္ထားပါတယ္။
သူႏုိင္ငံေရးထဲျပန္၀င္ဖုိ႕စဥ္းစားလိုက္တုိင္း ခြဲစိတ္ထားတဲ့ေသရာပါ ဒဏ္ရာကိုလက္နဲ႔အုပ္ကာ ေသြးေတြျပည္ေတြ က်ေနတဲ႕ဗိုက္ကိုလွန္ျပၿပီးဒီမုိကေရစီအေရးအတြက္ ေဟာေနခ်ိန္ လူအုပ္ၾကားထဲမွာ မ်က္ရည္သုတ္ၿပီး သားကိုလွမ္းၾကည့္ေနတဲ့ မိခင္ကုိဒီ ကေန႕အထိ မ်က္စိထဲက မထြက္ဘူးလုိ႔ေျပာပါတယ္။

Author ေအးေအးေအာင္
Kumudra
......................
ဘုန်းမော်ညရဲ့ သက်ရှိမျက်မြင်သက်သေ

ရန်ကုန်- စက်တင်ဘာ ။ ။
ညအမှောင်ထဲမှာ လူုအုပ် စုနှစ်စုဟာ အပြန်အလှန် အော်ဟစ်နေပါတယ်။ အဲဒီအချိန်မှာပဲ မီးသတ်် ကား တစ်စီးဟာ သူ့ကို အရှိန်ပြင်းပြင်းနဲ့တိုက်လိုက်ပါတယ်။
သူနဲ့ အတူ လမ်းဘေးမြောင်းထဲမှာ လွင့်ကျ သွားတာက တက္ကသိုလ်ပါမောက္ခချုပ် ပါ။
သူ့အကျီင်္တွေ စုတ်ပြတ်သွားပြီးပြန်ထလိုက်တဲ့ အချိ်န်မှာတော့ ဆရာတွေနဲ့ ပါမောက္ခချုပ်ကို တိုက်လိုက်တဲ့ မီးသတ်ကားကို ကျောင်းသားတွေက ၀ုိင်းပြီး ဖျက်ဆီးလိုက်ကြပါတယ်။
ဆရာတွေက သူတို့ကို ဖျောင့်ဖြ ဆွဲခေါ်ပြီး ကျောင်းဘက်ကိုပြန်ခေါ်လာချိန်မှာတော့ ကျောင်းရှေ့မှာ လုံထိန်းတွေ ရဲတွေ ဒိုင်းတွေနဲ့ကာထားတာကို သူတို့မြင်လိုက်ရပါတယ်။
အံ့သြလွန်းလို့ကြည့်နေချိန်မှာပဲ မီးသတ် ကား ဆီက ရေတွေပန်းထွက်လာပြီးကျောင်းသားတွေဟာ လမ်းမ ဘက် တခြမ်းကို လွင့် ထွက်သွားပါတယ်။
အဲဒီအချိန်မှာပဲ မျက်ရည်ယိုဗုံးတွေ အဆတ်မပြတ် ပစ်ခတ်ကာ ကျည်ဆံတွေဟာသူ့ခေါင်းပေါ်ကနေ တရွီးရွီးနဲ့ ဆက်တိုက် ဖြတ်သွားနေပါတယ်။
ကျည်ဆံံတွေကို ရှောင်တိမ်းရင်းကျောင်းသား အများ အပြားရှိနေနိုင်မယ့် ပင်မကျောင်းဆောင်တွေဘက်ကို သွားဖို့ သူပြင်လိုက်ပါတယ်။ ဖြည်းဖြည်းချင်း ၀မ်းယားမှောက်ပြီး သွားနေရင်းကနေ ရုတ်တရက် ကုန်းထပြီး ပြေးဖို့ ပြင်ဆင်လိုက်တာနဲ့ ခဏမှာပဲ သူ့ရဲ့ကျောပြင်မှာ စူးကနဲ တစ်ချက်အောင့်ပြီး ငါတော့သွားပြီလို့ ရေရွတ်လိုက်မိရင်း ဒဏ်ရာကို စမ်းသပ်လိုက်ပါတယ်။
မသေနိုင်ဘူးဆိုပြီး သွားဖို့သူအားတင်းနေချိန်မှာပဲ ပေ ၃၀ အကွာမှာတော့ ကျောင်းသားတစ် ယောက် သေနတ်ကျည်ဆံမှန်ပြီး ပက်လက်အနေအထားနဲ့ လဲကျသွားတာကို သူဝိုးတဝါးမြင်လိုက်ရပါတယ်။
အရုပ်ကြိုးပြတ်လဲကျသွားတဲ့သူကတော့ စက်မှုတက္ကသိုလ်မတ်လအရေးခင်းမှာ ကျောင်းသားတွေ ထဲမှာ ပထမဦးဆုံးသေဆုံးခဲ့တဲ့ ကျောင်းသားခေါင်းဆောင်ကိုဘုန်းမော်ပဲ ဖြစ်ပါတယ်။

သူက “ကျောင်းသားတွေက ငိုတဲ့သူက ငိုနေပြီ။ ကိုဘုန်းမော်ကတော့ အဲသည်ချိန်ကတည်းက သတိမရတော့တာ သွေးတွေက အရမ်းထွက်နေတဲ့ ကျွန်တော့်ကိုအင်္ကျီနဲ့ ပိတ်ပြီး စည်းလိုက်တယ်။ “လို့ပြောပါတယ်။
ဆရာတွေ ရောက်လာပြီး ကျောင်းသားတွေအသေခံလို့ မဖြစ်ဘူးဆိုပြီး ဆေးရုံပို့ဖို့ ပြင်သံကိုသူကြားလိုက်ပါတယ်။
သူ့ရဲ့ ကျောပြင် ပေါ်ကကျတဲ့ သွေးအိုင်တွေ ထွန်းနေတဲ့နေရာကို ဘုန်းမော်ရဲ့ အုတ်ဂူဆိုပြီး လုပ်လိုက်ကြပါတယ်။ 
“မီးတန်းတွေက ညအမှောင်ယံမှာ တဖွေးဖွေးနဲ့ ပလူပျံနေတာပဲ။ ကျောင်းသားဖြစ်ပြီး စစ်မြေပြင်ကို ရောက်နေရသလိုပါပဲ။ ဒါပေမယ့် ကျွန်တော်တို့လက်ထဲမှာတော့ ဘာပစ္စည်းမှမပါဘဲ လက်ဗလာ အနေအထားနဲ့ ရင်ဆိုင်ခဲ့ရတယ်။ ” လို့ ကိုမြင့်ဦးက ပြောပါတယ်။
(၂၇)နှစ်ကျော်ကြာပြီဖြစ်ပေမယ့်အဖြစ်အပျက်တွေကိုတစ်ခုချင်းစီကိုသူကောင်းကောင်း မှတ်မိနေပါသေး တယ်။

ဆေးရုံရောက်တဲ့အချိန်မှာပဲ သူနဲ့အတူပါလာ တဲ့ ကိုဘုန်းမော်ဟာ အသက်မရှိတော့ပါဘူး။ ဆေးရုံမှာ ကြိုရောက်နေတဲ့ ရဲလုံထိန်းတွေက သူ့ဒဏ်ရာ ဟာ သေနတ်နဲ့ အပစ်ခံရတာမဟုတ်ဘဲ အရပ်သားတစ်ယောက်က ထိုးနှက်ဒဏ်ရာလို့ ထွက်ဆိုဖို့ ဆရာတွေကို အတင်းကြပ် ဖိအားပေးပါတယ်။
ကိုမြင့်ဦးက “သတိကမလစ်သေးတော့ သူတို့ပြောတာတွေ အကုန်ကြားနေရတယ်။ ကျောပြင်ထဲမှာ ကျည်ဆံကဝင်နေပြီဆိုတဲ့အသိ ကျွန်တော့်ကိုနှိပ်စက်နေပါတယ်။ ဆရာဝန်ကြီးက ဒဏ်ရာကိုကြည့်ပြီး အသဲထဲကျည်ဝင်သွားတယ်။ အပြင်ဒဏ်ရာကိုပဲ ချုပ်လိုက်ရတယ်” လို့ သူ့ကျောပြင်က ဒဏ်ရာကို ပြန်ပြီးသတိရလာပြီး မျက်ဝန်းတွေကရီဝေလာပါတယ်။
ဆေးရုံးတတ်နေတဲဲ့သုံးလအတွင်း ကျောပြင်က သေနတ်ဒဏ်ရာ ဟာ မခံမရပ်နိုင်အောင် နာကျင်တာကြောင့် ကိုယ်ဘာသာသတ်သေဖို့ သူအကြိမ်ကြိမ်ကြိုးစားခဲ့ပါတယ်။ ရင်ဘတ် တစ်ခုလုံးဟာ မို့မောက်ရောင်ရမ်းပြီး အသက်တစ်ခါရှုဖို့ ခက်ခဲနေပြီး မခံမရပ်နိုင်အောင် နာကျင်မှုကိုခံစားနေရတဲ့ သူ့ကို ထွက်ပြေးမှာဆိုးလို့ လုံထိန်းတွေက ကုတင်နဲ့သူ့ခြေထောက်တွေကို သံကြိုးနဲ့ခတ်ထားပါတယ်။
ဆေးရုံပေါ်မှာသူရှိနေတဲ့အချိန်မှာ ကျောင်းသားတွေဟာ သူ့ကိုလာကြည့်ဖို့ မရဲကျသလို လုံထိန်းရဲအစောင့်တွေကလဲ ၀င်ခွင့်မပေးပဲ သူ့ကိုဝေဒနာခံစားနေချိန်မှာပဲ ထောင်ဆေးရုံထဲထည့်ဖို့ ကြိုးစားခဲ့ပါတယ်။ ဆရာဝန်ကြီးက လူနာဟာအရေးကြီးတဲ့လူနာဖြစ်လို့ ထောင်ထဲမှာနေဖို့ သဘောမတူခဲ့ပါဘူး။
ဒီအချိန်မှာပဲ ကျောင်းသားခေါင်းဆောင် ကိုစိုးနိုင်တစ်ယောက်ဟာ သေနတ်မှန်ပြီး အူပြတ်တဲ့ဒဏ်ရာနဲ့ ဆေးရုံကိုရောက်ရှိလာပါတယ်။ သူနဲ့အတူကပ်လျက်ကုတင်မှာ တက်ရောက်နေတဲ့ ကိုစိုးနိုင်တစ်ယောက်ဟာလဲ ရောက်ပြီးမကြာခင်မှာပဲ ဆုံးသွားတာကို သူကိုယ်တိုင်မြင်တွေ့လိုက်ရ တာကြောင့် သူဟာဖြေမဆည်နိုင်လောက်အောင် ပူဆွေးခဲ့ရပါတယ်။
“သူကဆေးရုံကြီးကို ချက်ချင်းမရောက်ပဲနေလို့ သွေးအဆိပ်သင့် ပြီးဆုံးသွားရတာလေ အဲသည့်တုန်းကလည်း လူတွေကကြောက်နေကြရတာ ကျောင်းသားတွေကို ကူညီတဲ့သူတွေကို ထောင်ချတဲ့ခေတ်ဆိုတော့လေ” လို့ပြောပြီး အပစ်ခံခဲ့ရတာကို ခုချိန်ထိမမေ့နိုင်သေးဘူးလို့ သူက ပြောပြနေ တာပါ။
အဲသည်ခေတ်ကဆရာဝန်တွေဟာ အာဏာရှင်စစ်အစိုးရကိုအံတုပြီး၊ ကျောင်းသားတွေဖက်က ရပ်တည်ခဲ့တယ်ဆိုတာကို သူအမြဲသတိရနေပါတယ်။ ကျောင်းသားတွေကို ကျည်ဆံအစစ်သုံးပြီး ဖြိုခွင်းခဲ့တဲ့ အစိုးရဟာ သတင်းကိုအမှောင်ချဖို့ ကြိုးစားခဲ့ပါတယ်။ သူ့ကိုကုပေးတဲ့ဆရာဝန်ကြီးရှိနေရင် သတင်းတွေကို ကျောင်းသားတွေသိမှာဆိုးတာကြောင့် သူ့ကိုထောင်ထဲထည့်ဖို့ အာဏာရှင်စစ်အစိုးရက ပထမဆုံးအနေနဲ့ ဆရာဝန်ကြီးကို မော်လမြိုင်ပြောင်းဖို့ အမိန့်စာထုတ်ပြန်လိုက်ပါတယ်။
သူ့ရဲ့အသည်းထဲမှာ ရွေ့လျားနေတဲ့ ကျည်ဆံကိုဖယ်ရှားဖို့အတွက် သူဟာဓါတ်မှန်အကြိမ် ၄၀ကျော်ကြာ အောင် ရိုက်ခဲ့ရပါတယ်။ ပြောင်းရွှေ့ရမယ့် ဆရာဝန်ကြီးဟာ သူ့ကိုအခြားဆရာဝန်တွေခွဲစိပ်ကုသမှာကို မလိုလားတာကြောင့် သူမပြောင်းခင်မှာပဲ အပြီးသပ်ခွဲစိပ်လိုက်ပါတယ်။
စက်မှုတက္ကသိုလ်ကျောင်းသားတွေဟာ အခြားတက္ကသိုလ်တွေထိသွားရောက်ပြီး စက်မှုတက္ကသိုလ် အရေးခင်းမှာ ကျောင်းသားတွေကို ပစ်သတ်ခံရတဲ့အကြောင်းတွေကို သွားရောက်ပြီး ပြောပြခဲ့လို့ အာဏာရှင်အစိုးရကို အန်တုဖို့အတွက် ကျောင်းသားတွေဟာ ပေါင်းစည်းသွားခဲ့ကြပါတယ်။ တံတားနီအရေးခင်းမှာလဲ ကျောင်းသားတွေ သွေးမြေခခဲ့ရပြီး စစ်အစိုးရကတော့ သေဆုံးသူတစ်ယောက်မှ မရှိဘူးလို့သာ အစိုးရကထုတ်ပြန်လိုက်ပါတယ်။
သူ့ခွဲစိတ်ပြီးတပတ် အကြာ အနာ မကျက်ခင်မှာပဲ ကိုဘုန်းမော် သေဆုံး သွားတဲ့ ညက သေနတ်တွေပစ်ခတ်ခံရတဲ့မြင်ကွင်းကိုမြင်ခဲ့ရတဲ့ သက်ရှိမျက်မြင်ဖြစ်တဲ့ သူ့ကို ရဲတွေက လာဖမ်းပြီးအင်းစိန်ထောင်ထဲ ထည့်လို်က်ပါတယ်။
သူမလာခင်မှာသူ့နေရမယ်ထောင် အခန်းကျဉ်းကို အပြင်ကနေ တခြားအကျဉ်းသားတွေ မမြင်ရအောင် ကာခဲ့လို့ ထောင်ထဲက လူတွေက သူ့ကိုဘယ်လိုလူမျိုးလဲ ရာဇဝတ်သားလို့ တအံ့တသြ သတိထားကြည့်တာကိုခံရပါတယ်။
“ကျတော်ကိုဘယ်သူနဲ့မှပေးမတွေ့ဘူး။ အပြင် လူလည်းကြည့်လို့မရဘူးဘာမှကို လုပ်လို့မရအောင်ကိုုလုပ်ထားခဲ့တယ်” လို့ကိုမြင့်ဦးကပြောပါတယ်။
၁၉၈၈ မတ်လ အရေးခင်းမှာ ဖမ်းဆီးခံထားရတဲ့ ကျောင်းသားတွေကို အစိုးရက ပြန်လွှတ်ပေးတဲ့ အချိန် ဇူလိုင်လ (၇)ရက်နေ့မှာ ကိုမြင့်ဦးတစ်ယောက်လဲပါ၀င်ခဲ့ပါတယ်။
ထောင်ကလွတ်လွတ်ချင်းနေ့မှာပဲ ဇာတိညောင်လေးပင်မြို့ကို ပြန်ပြီးကျောင်းသား သပိတ်စခန်း ဖွင့်လိုက်ပါ တယ်။
ပေတစ်ရာလမ်းမပေါ်မှာ လက်ဖက်ရည်ဆိုင် စားပွဲတွေခင်းပြီး သူဟောပြောနေပါပြီ။ အကျႌကြယ်သီးကို ဖွင့်လျက်ရင်ဘတ်ကနေ သွေးတွေစီးကျနေတဲ့ သူ့ရဲ့ဒဏ်ရာကိုပြကာ၊ လူထုကိုစစ်အစိုးရ အနေနဲ့ ကျောင်းသားတွေအပေါ်မှာ ဘယ်လိုရက်စက်ခဲ့တယ်။ အာဏာရှင်အစိုးရကို ဖြုတ်ချနိုင်မှတစ်ပါး အခြားမရှိတော့တဲ့အကြောင်း ပြည်သူလူထုကို သူဟောပြောနေတဲ့အချိန်မှာပဲ နားထောင်နေတဲ့သူတွေဟာ သူ့ကိုသနားပြီး ငိုနေကြတာကို သူကမျက်စိထဲကမထွက်နိုင်သေးဘူးလို့ သူကရင်ဘတ်ကဒဏ်ရာနေရာကို လက်နဲဖိရင်းပြောပြနေပါတယ်။
“စိတ်လှုပ်ရှားနေတာကအမေနဲ့ အဖေဟာလူအုပ်ထဲမှာရှိနေတာကိုမသိဘူး။ အမေကတွေ့ချင်လို့ လိုက်လာတယ်။ သားကိုတွေ့ချင်လို့ သပိတ်စခန်းကိုရောက်အောင်လာတာကို ခုထိမမေ့နိုင်ပါဘူး” လို့ သူကပြောပါတယ်။
ဘုန်းမော် နဲ့ကျဆုံးပြီးည မှာ သေနတ်ဒဏ်ရာ ရတဲ့ သူငယ်ချင်းတွေ နဲ့ သူပြန်မတွေ့တော့ပါဘူး။ အဲဒီညမှာ ကျောင်းသားတွေကို စစ်တပ် နဲ့လုံထိန်းတွေ ဟာ သေနတ်နဲ့ကျောင်းသားတွေ ဆီကို တည့်တည့်ပစ်ခဲ့တယ်ဆိုတာကို ဒီကနေ့ငြင်းဆိုနေဆဲဖြစ်ပါတယ်။
နောက်တစ်နေ့ မနက် အစိုးရ က သတင်းထုတ်ပြန်တဲဲ့အခါမှာတော့ အရပ်သားနဲ့ ကျောင်းသားတွေနဲ့ ရန်ဖြစ်ရင်း ဖြစ်တာလို့ ထုတ်ပြန်ခဲ့ပြီး သေနတ်နဲ့့ပစ်သတ်ခံရတဲ့ကိစ္စကို လုံးဝ ဖုံးကွယ် ခဲ့ပါတယ်။
သူတို့ကို ပစ်ခတ်ခဲ့တဲ့ နောက်မှာတော့ နောက်ဆက်တွဲ ကျောင်းသားတွေ လူပ်ရှားမှုတွေ ကျောင်းသားတွေ သွေးမြေကျ ခံရတဲ့ တံတားနီအရေးခင်းတွေကို သူဆေးရုံပေါ်ကနေ ကြားခဲ့ရပါတယ်။
ကျောင်းသားအရေးခင်းတုန်းက ကျောင်းသားတွေဆေးရုံတက်ချိန်မှာတောင် လာကြည့််တဲ့သူတွေ ဟာ အကြောင်းအမျိုးမျိုးနဲ့ ဖိအားပေးခြိမ်းခြောက်ခံရတာကို သူ့အနေနဲ့ ခုထိမမေ့နိုင်သေးပါဘူး။
သူ့ကိုဆေးရုံကိုလာကြည့်တဲ့ ပထမဦးဆုံးသူငယ်ချင်းဟာ ဆည်မြောင်းဝန်ကြီးရဲ့သားဟာ သူ့ကိုဆေးရုံတက်ဖို့ ပစ္စည်းတွေတင်ဖို့ ဖခင်ရဲ့ကားကို ယူသုံးမိလို့ ဖခင်ကိုယ်တိုင်အလုပ်ပြုတ်ခံရပြီး ယူသုံးတဲ့ကားကိုလဲ အသိမ်းခံခဲ့ရတာကို သူဆေးရုံတက်ပြီးနောက်ပိုင်းမှ သူသိခဲ့ရတာကြောင့် အခုချိန်ထိ စိတ်မကောင်းဖြစ်နေဆဲပါ။
မတ်လ (၁၂)ရက်နေ့က ကျောင်းသားနဲ့ အရပ်သားတွေရန်ပွဲစခဲ့တဲ့ စန္ဒာဝင်းလက်ဖက်ရည်ဆိုင်က ရန်ပွဲဇာတ်လမ်းဟာ မပြီးဆုံးခဲ့ပဲ နောက်ရက်တွေအထိကူးစက်ပြီး ကျောင်းသားနဲ့အရပ်သား ပရိပက္ခအခြေ အနေထိ ရောက်လာခဲ့ပါတယ်။
စက်မှုတက္ကသိုလ်ကျောင်းသားနှစ်ယောက်ဟာ လက်ဖက်ရည်သောက်ရင်း သီချင်းနားထောင်ဖို့ ယူလာတဲ့ ကက်ဆက်ခွေကိုဖွင့်ပေးဖို့ ဆိုင်ပိုင်ရှင်ကို ပြောလိုက်ပါတယ်။ ဒီအချိန်မှာပဲ အခြားစားပွဲပေါ်မှာ ထိုင်နေတဲ့ အရပ်လူကြီးသားနဲ့ အပေါင်းအပါ (၅)ဦးဟာ ဖွင့်လက်စအခွေကိုပဲ ဆက်ဖွင့်ဖို့ပြောဆိုရင်းကနေ ရန်ဖြစ်စကားများကြရာမှာတော့ ကျောင်းသားနှစ်ဦးဟာ လူအင်အားမမျှပဲ ခံလိုက်ရပါတယ်။
ကျောင်းသားနှစ်ဦးဟာ ဒဏ်ရာတွေနဲ့ ကျောင်းထဲကိုပြန်လာခဲ့တာကို သိလိုက်ရတဲ့အခြား ကျောင်းသားတွေဟာ ရပ်ကွက်ထဲအထိလိုက်သွားပြီး ဖြေရှင်းခဲ့ရာမှ ရန်ပွဲအသွင်ဖြစ်သွားပြီး ရဲစခန်းက ထိန်းသိမ်းလိုက်ရပါတယ်။
အရပ်လူကြီးသားအပါအဝင် (၅)ဦးကို အမှုဖွင့်ခဲ့ပေမယ့် နောက်နေ့မနက်မှာပဲ ရပ်ကွက်လူကြီး သားကလွတ်လာတာကို မကျေနပ်တဲ့ကျောင်းသားတွေဟာ ရပ်ကွက်ထဲထိ ပြန်လိုက်ပြီး ဖြေရှင်းခဲ့ရမှာတော့ ပရိပက္ခအခြေအနေတွေအထိ ဖြစ်ခဲ့ရပါတယ်။စစ်တပ်က ရက်ရက်စက်စက် ပါ၀င်ခဲ့ပြီး ကျောင်းသားတွေကို အညိုးနဲ့ နှိမ်နှင်းတဲ့နောက်မှတော့ ကျောင်းသားတွေနဲ့တပ်မတော်ကြား ဒီကနေ့တိုင်ရင်ကြားစေ့မရတဲ့ ဖြစ်ရပ်ဆိုးတွေ ဖြစ်ခဲ့ပါတယ်။
၈၈ အရေးခင်းဖြစ်ပြီးနောက် သူဟာဘာကျောင်းမပြီးသေးဘဲ ကျောင်းကိုပြန်တက်ပြီး BE (Mech) ဘွဲ့ရပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ သူဟာလခစားအင်ဂျင်နီယာတစ်ယောက်အဖြစ်နဲ့သာ အသက်မွေးဝမ်း ကျောင်းပြုလုပ်ခဲ့ပါတယ်။ လက်ရှိမှာတော့ ကိုယ်ပိုင်ဆောက်လုပ်ရေးကုမ္ပဏီထောင်ပြီး မိသားစုနဲ့ အတူ နေထိုင်နေပါတယ်။
စစ်အာဏ္ဍာရှင်တွေကကျောင်းသားတွေကို ရက်စက်ခဲ့တဲ့ ည ရဲ့ဖြစ်ရပ်ဆိုးတွေဟာ သူ့ကို အမြဲတစေနိုင်ငံရေးအရ တပ်မတော်ရဲ့ ပြုပြင်ပြောင်းလဲမှုဆိုတာကို သူမယုံကြည်နိုင်သေးပါဘူး
လက်ပံတန်ကျောင်းသားအရေးခင်းမှာ ကျောင်းသားတွေကို နံပါတ်တုတ်နဲ့ရိုက်နှက် ဖြိုခွင်းခဲ့တာကို မြင်တွေ့လိုက်ရတဲ့ အခါ သူရင်ဆိုင်ခဲ့ရတဲ့ ဖြစ်ရပ်ဆိုး ကို ပြန်လူပ်နိူးခဲ့ပါတယ်။
“ကျောင်းသားတွေက စတင်တောင်းဆိုခဲ့တဲ့ ဒီမိုကရေစီဟာ အခုချိန်ထိမရသေးဘူး”လို့ကိုမြင်ဦးကပြောပါတယ်။
နိုင်ငံရေးသမားစစ်စစ်တစ်ယောက်အနေနဲ့ မရပ်တည်နေရပေမယ့်လည်းပဲ စက်မှုတက္ကသိုလ်ကျောင်းသားဟောင်းတွေပေါင်းပြီး နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပါတီတွေမှာ ၀င်ပြိုင်မယ့် စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းတွေကို ၀န်းရံထောက်ပံ့တဲ့ အသင်းလေးကို ဖွဲ့စည်းထားပြီး အဖွဲ့ဝင် တစ်ယောက်အနေနဲ့ပဲ ရပ်တည်နေပေမယ့် လက်ရှိနိုင်ငံရေးအခြေအနေတွေကို စိတ်ဝင်စားပြီး စောင့်ကြည့်နေပါတယ်။
“လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရကိုလဲ ဒီမိုကရေစီအစိုးရအစစ်မဟုတ်သေးဘူး။ စစ်တပ်ဆိုတာဟာ ဒီတိုင်းပြည်ကာကွယ်ဖို့အတွက်ပဲ ရှိနေသင့်တော့တယ်”လို့ သူကပြောပါတယ်။
အရင်ခေတ်က ကျောင်းသားတွေဟာ တစ်ယောက်ကိုတစ်ယောက် ဖေးဖေးမမနဲ့ ချစ်ခင်၊ ကျောင်းသားတစ်ယောက်ကိုထိရင် အခြားတက္ကသိုလ်မတူတဲ့သူတွေတောင် ၀င်ပါလာခဲ့တာကို သူ့အနေနဲ့ သတိရနေပေမယ့်လည်း အခုကျောင်းသားတွေကတော့ တစ်ကျောင်းနဲ့တစ်ကျောင်းဟာ ဝေးလွန်းတဲ့နေရာ တွေမှာရှိနေတာကြောင့် စည်းစည်းလုံးလုံးမနေနိုင်တာကို သူဘဝင်မကျ ဖြစ်နေပါတယ်။
သူတို့ခေတ်မှ မျိုးဆက်တွေဟာ လောလောဆယ် တစ်စုတစ်စည်းထဲမရှိပဲ ကွဲပြားနေပေမယ့်လည်း ရည်ရွယ်ထားတဲ့ပန်းတိုင်ခြင်းအတူတူပဲဆိုတာကို သူလက်ရှိအချိန်ထိ ယုံကြည်နေဆဲပဲဖြစ်ပါတယ်။
သူက “နိုင်ငံရေးဖက်မှာအာရုံစိုက်ပြီး တစ်စိုက်တစ်မတ်ထဲ မလုပ်နိုင်ခဲ့တာဟာ သူ့အနေနဲ့ အရည်အချင်းမပြည့်ဝလို့ ဘေးဖယ်နေတာဖြစ်ပေမယ့်လဲပဲ တစ်ကယ်လုပ်နိုင်တဲ့ သူငယ်ချင်းတွေကို အားပေးဖို့ သူ့အားမွေးနေပါတယ်။
ရာထူးကို အထိခိုက်ခံ နေရာကို အထိခိုက်ခံပြီး သူကို ခွဲစိတ်ကုသပေး တဲ့ ဆရာဝန် ကြီးကို ဒီကနေ့ ထိအသက်ရှင်နေဆဲဖြစ်ပြီး သူသွားကန်တော့လေရှိပါတယ်။
ဘုန်းမော်ဆုံးတဲ့ညက အရပ်သားတွေ နဲ့ ရန်ဖြစ်လို့သေဆုံးရတာမဟုတ်ဘဲစစ်တပ်က ကျောင်းသားတွေကိုတည့်တည့် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း ဘုန်းမော်တင်မဟုတ်ဘဲ သူ့ သူငယ်ချင်း ကိုစိုးနိုင်ဟာလည်းနောက်တစ်ရက်မှာ အူပြတ်ပြီးသေဆုံးခဲ့ရတဲ့ အဖြစ်မှန်တွေကို သူဖော်ထုတ်ချင်နေဆဲဖြစ်ပါတယ်။
“တရားစွဲလည်း ဘာမှ မထူးဘူး။ဒါပေမယ့် ကျောင်းသားတွေ အတွက် အမှန်တရားဆိုတာကိုလိုချင်တယ်”လို့ ကိုမြင့်ဦးကပြောပါတယ်။
သူ့ရဲ့ သေရာပါ ဒဏ်ရာကိုမြင်တိုင်း သူ့သူငယ်ချင်းတွေ အတွက် အမှန်တရားကိုတောင်းဆိုဖို့ သူ့ဆန္ဒပြင်းပြနေဆဲဖြစ်ပါတယ်။
အပြောင်းအလဲတွေ ဖြစ်လာပြီလို့ ကမ္ဘာ့က အသိမှတ်ပြုခဲ့ပေမယ့်လက်ရှိနိုင်ငံရေးမှာ အာဏ္ဍာရှင်တွေဟာဆက်လက်ချုပ်ကိုင်ထားပြီး ဖြစ်ရပ်ဆိုးတွေကို ဖုံးကွယ် ပစ်လိုက်ဖို့ကြိုးစားနေတာကို သူမြင်နေရပါတယ်။
အဲဒီညက တကယ်ကြုံတွေ့ခဲ့တဲ့ ဖြစ်ရပ်မှန်တွေကို နောင်လာနောင်သားတွေသိအောင် သူကြိုးစားပြီးစာအုပ်ထုတ်ဖို့လည်းပြင်ဆင်နေပါတယ်။
သူနဲ့အတူ ဒီမိုကရေစီတိုက်ပွဲဝင်ခဲ့တဲ့ သူ့သူငယ်ချင်းတွေဟာ ခုချိန်မှာ နိုင်ငံရေးနယ်ပယ်တွေ အသီးသီးတွေမှာ ရပ်တည်နေခဲ့ပေမယ့် သူနဲ့ပတ်သတ်မိတဲ့ မိသားစုဝင်တွေ မိတ်ဆွေတွေဟာ စစ်အာဏ္ဍာရှင်တွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတဲ့ခါးသီးတဲ့ အတွေ့အကြုံတွေကြောင့် သူကတော့ နိုင်ငံရေးအသိုင်းအဝိုင်းကို အပြင်ကေ
နပဲ အကူအညီပေးဖို့သူဆုံးဖြတ်ထားပါတယ်။
သူနိုင်ငံရေးထဲပြန်ဝင်ဖို့စဉ်းစားလိုက်တိုင်း ခွဲစိတ်ထားတဲ့သေရာပါ ဒဏ်ရာကိုလက်နဲ့အုပ်ကာ သွေးတွေပြည်တွေ ကျနေတဲ့ဗိုက်ကိုလှန်ပြပြီးဒီမိုကရေစီအရေးအတွက် ဟောနေချိန် လူအုပ်ကြားထဲမှာ မျက်ရည်သုတ်ပြီး သားကိုလှမ်းကြည့်နေတဲ့ မိခင်ကိုဒီ ကနေ့အထိ မျက်စိထဲက မထွက်ဘူးလို့ပြောပါတယ်။

Author အေးအေးအောင်
Kumudra

Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)