CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Friday, March 25, 2016
ရထားတြယ္စီးသည့္ အမ်ိဳးသားတစ္ဦး ရထားႀကိတ္မိကာ ေသဆံုးမႈျဖစ္ပြား
မတ္လ ၂၅ ရက္၊ နံနက္ ၉း၃၀ နာရီ အခ်ိန္ခန္႔တြင္ ေလွာ္ကားဘူတာမွ ရန္ကုန္သို႔ သြားသည့္ ရထားကို အသက္ငါးဆယ္ေက်ာ္ အရြယ္ရွိ အမ်ိဳးသားတစ္ဦးတြယ္စီးရာမွ ျပဳတ္က်ကာ ရထားႀကိတ္မိ ေသဆံုးသြားေၾကာင္း မ်က္ျမင္သက္ေသမ်ားထံမွ သိရွိရသည္။
“စက္မႈဇုန္ဘူတာကေန ၃၀၀ က်ပ္တန္ရထားကို တံခါးပိတ္သြားတာ မမီလို႔ တြယ္စီးတာ။ တံခါးဖြင့္ရင္တက္ မလို႔လုပ္တာပါ။ ငါးစာစစ္တဲ့ေနရာမွာ ေျခေခ်ာ္ခ်တာ ေျခေထာက္ျပတ္၊ ဝမ္းလ်ားေမာက္က်ၿပီး ခါးတစ္ပိုင္းျပတ္ ေသသြားပါတယ္”ဟု ေရႊျပည္သာၿမိဳ႕နယ္ ၊ စက္မႈဇုန္ ၂ မွ ေဒသခံမ်က္ျမင္ ေဒၚေအးက ေျပာသည္။
ေရႊျပည္သာၿမိဳ႕နယ္ရွိ စက္မႈဇုန္ဘူတာႏွင့္ တညင္းကုန္း ဘူတာၾကားတြင္ ရထားတြယ္စီးရာမွ ေျခေခ်ာ္၍ ျပဳတ္ က်ၿပီး ရထားႀကိတ္မိကာ ေသဆံုးသြားေၾကာင္း ရထားေပၚပါ ခရီးသည္မ်ားထံမွ သိရသည္။
“ခုကိစၥကို ရထားကို အေၾကာင္းမၾကားေသးပါဘူး။ ဒါကို ရဲက ျပဳတ္က်ေသတာလား၊ ဘာျဖစ္တယ္ဆိုတာ ဆက္လက္ ေဆာင္ရြက္သြားပါလိ္မ့္မယ္။ ရထားလမ္းေပၚမွာ အတိုက္ခံရရင္ လူပဲျဖစ္ျဖစ္ တိရစာၦန္ပဲျဖစ္ျဖစ္ တရားစြဲ ပါတယ္။ ခုလို မျဖစ္ေအာင္လည္း မီဒီယာေတြကို အၿမဲေျပာျပပါတယ္။ တြယ္မစီးေအာင္ေပါ့”ဟု ျမန္မာ့မီးရထား၊ သြားလာေရးဌာနမွ မန္ေနဂ်ာ ဦးေက်ာ္စိုးလင္းက ေျပာသည္။
လက္ရွိအခ်ိန္တြင္ အဆိုပါ အေလာင္းကို ေရႊျပည္သာရဲစခန္းက သယ္ယူသြားၿပီး လိုအပ္သည္မ်ားကို ဆက္လက္ ေဆာင္ရြက္လ်က္ ရွိေၾကာင္း သိရသည္။
သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies
...................
မတ်လ ၂၅ ရက်၊ နံနက် ၉း၃၀ နာရီ အချိန်ခန့်တွင် လှော်ကားဘူတာမှ ရန်ကုန်သို့ သွားသည့် ရထားကို အသက်ငါးဆယ်ကျော် အရွယ်ရှိ အမျိုးသားတစ်ဦးတွယ်စီးရာမှ ပြုတ်ကျကာ ရထားကြိတ်မိ သေဆုံးသွားကြောင်း မျက်မြင်သက်သေများထံမှ သိရှိရသည်။
“စက်မှုဇုန်ဘူတာကနေ ၃၀၀ ကျပ်တန်ရထားကို တံခါးပိတ်သွားတာ မမီလို့ တွယ်စီးတာ။ တံခါးဖွင့်ရင်တက် မလို့လုပ်တာပါ။ ငါးစာစစ်တဲ့နေရာမှာ ခြေချော်ချတာ ခြေထောက်ပြတ်၊ ဝမ်းလျားမောက်ကျပြီး ခါးတစ်ပိုင်းပြတ် သေသွားပါတယ်”ဟု ရွှေပြည်သာမြို့နယ် ၊ စက်မှုဇုန် ၂ မှ ဒေသခံမျက်မြင် ဒေါ်အေးက ပြောသည်။
ရွှေပြည်သာမြို့နယ်ရှိ စက်မှုဇုန်ဘူတာနှင့် တညင်းကုန်း ဘူတာကြားတွင် ရထားတွယ်စီးရာမှ ခြေချော်၍ ပြုတ် ကျပြီး ရထားကြိတ်မိကာ သေဆုံးသွားကြောင်း ရထားပေါ်ပါ ခရီးသည်များထံမှ သိရသည်။
“ခုကိစ္စကို ရထားကို အကြောင်းမကြားသေးပါဘူး။ ဒါကို ရဲက ပြုတ်ကျသေတာလား၊ ဘာဖြစ်တယ်ဆိုတာ ဆက်လက် ဆောင်ရွက်သွားပါလိ်မ့်မယ်။ ရထားလမ်းပေါ်မှာ အတိုက်ခံရရင် လူပဲဖြစ်ဖြစ် တိရစ္ဆာန်ပဲဖြစ်ဖြစ် တရားစွဲ ပါတယ်။ ခုလို မဖြစ်အောင်လည်း မီဒီယာတွေကို အမြဲပြောပြပါတယ်။ တွယ်မစီးအောင်ပေါ့”ဟု မြန်မာ့မီးရထား၊ သွားလာရေးဌာနမှ မန်နေဂျာ ဦးကျော်စိုးလင်းက ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါ အလောင်းကို ရွှေပြည်သာရဲစခန်းက သယ်ယူသွားပြီး လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
ရထားတြယ္စီးသည့္ အမ်ိဳးသားတစ္ဦး ရထားႀကိတ္မိကာ ေသဆံုးမႈျဖစ္ပြား
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 25, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 25, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment