Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 13, 2016

ဦးျမင့္ေဆြကို ေရြးခ်ယ္မႈ ျပည္ပေရာက္လႈပ္ရွားသူတခ်ိဳ႕အျမင္


အရင္စစ္အစုိးရလက္ထက္ကစလုိ႔ ၿပီးခဲ့တဲ့ သမၼတ ဦးသိန္းစိန္အစုိးရ လက္ထက္အထိ ထိပ္တန္းတာ၀န္ယူေတြယူခဲ့သူ ဦးျမင့္ေဆြကို ဒုသမၼတအျဖစ္ တပ္မေတာ္သား လႊတ္ေတာ္ကုိယ္စားလွယ္မ်ားအဖြဲ႔က ေရြးခ်ယ္လုိက္တဲ့အတြက္ NLD အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္နဲ႔ ထိပ္တုိက္ေတြ႔စရာေတြ ျဖစ္လာႏုိင္တယ္လုိ႔ ျမန္မာ့ေရးကၽြမ္းက်င္သူေတြက ေထာက္ျပၾကပါတယ္။

အေမရိကန္အစုိးရက ဒဏ္ခတ္အေရးယူထားတဲ့ စာရင္းထဲမွာ ပါ၀င္ေနသူတဦးကုိ အခုလုိ ေရြးခ်ယ္ တင္ေျမႇာက္တာဟာလည္း စစ္တပ္အေနနဲ႔ ရည္ရြယ္ခ်က္ရွိရွိ လုပ္ေဆာင္ျခင္း ျဖစ္တယ္လုိ႔လည္း သုံးသပ္ၾကပါတယ္။ အျပည့္အစုံကုိေတာ့ ကုိေဇာ္၀င္းလႈိင္က တင္ျပထားပါတယ္။

မၾကာခင္ သီတင္းပတ္ေတြအတြင္း ဖြဲ႔စည္းေတာ့မယ့္ အစုိးရသစ္အတြက္ ဒုသမၼတေလာင္း အမည္စာရင္းေတြကုိ တင္သြင္းၾကတဲ့အထဲ လက္ရွိ ရန္ကုန္တုိင္းေဒသႀကီးရဲ႕ ၀န္ႀကီးခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္သူလည္းျဖစ္၊ စစ္အစုိးရလက္ထက္မွာ ဗုိလ္ခ်ဳပ္ႀကီးအဆင့္နဲ႔ ထိပ္တန္း တာ၀န္ေတြ ထမ္းေဆာင္ခဲ့သူလည္းျဖစ္တဲ့ ဗုိလ္ခ်ဳပ္ႀကီးျမင့္ေဆြကုိ တပ္မေတာ္သားကုိယ္စားလွယ္ အစုအဖြဲ႔က ဒုသမၼတေလာင္းအျဖစ္ အမည္စာရင္း တင္သြင္းလုိက္တာ ျဖစ္ပါတယ္။

ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ျမင့္ေဆြကုိ အခုလုိ ဒုသမၼတေလာင္းအျဖစ္ ေရြးခ်ယ္လုိက္တဲ့အတြက္ အနာဂတ္မွာ NLD နဲ႔ စစ္တပ္အၾကား ထိပ္တုိက္ ရင္ဆုိင္မႈေတြ ျဖစ္ေပၚလာေစႏုိင္တယ္လုိ႔ ၁၉၉၀ ျပည့္ႏွစ္ ေရြးေကာက္ပြဲ အႏုိင္ရ လႊတ္ေတာ္အမတ္ေဟာင္းလည္းျဖစ္၊ ျမန္မာႏုိင္ငံေရး အကဲခတ္တဦးလည္းျဖစ္တဲ့ ေဒါက္တာတင့္ေဆြက ေျပာပါတယ္။

“တျပည္လုံးအတုိင္းအတာနဲ႔ အုပ္ခ်ဳပ္ေရးယႏၱရားနဲ႔ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြခ်တဲ့ ကိစၥမွာကေတာ့ NLD နဲ႔ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ျမင့္ေဆြနဲ႔ေပါ့ေနာ္ ထိပ္တုိက္ ေတြ႔စရာေတြ ေတာ္ေတာ္မ်ားလိမ့္မယ္လုိ႔ ယူဆတယ္ခင္ဗ်။ ဘာေၾကာင့္လဲဆုိေတာ့ သူေရာ၊ NLD ကတင္တဲ့ ပုဂၢဳိလ္ေတြေရာက ဒီ ကာလုံ လုိ႔ေခၚတဲ့ အဖြဲ႔ထဲမွာလည္း ေတြ႔မယ္။ ေနာင္လည္းပဲ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ေတြ ခ်စရာရွိလာတဲ့အခါမွာ အယူအဆ မတူတဲ့အခါမွာ ထိပ္တုိက္ေတြ႔မယ္လုိ႔ ယူဆတဲ့အတြက္ ေခ်ာေမြ႔ဖုိ႔အတြက္ေတာ့ က်ေနာ္တုိ႔ သိပ္စိတ္မေကာင္းစရာ ေမွ်ာ္လင့္ရတာေပါ့ခင္ဗ်။”

ရန္ကုန္တုိင္းေဒသႀကီး ၀န္ႀကီးခ်ဳပ္အျဖစ္ တာ၀န္ထမ္းေဆာင္စဥ္မွာေရာ၊ အရင္ စစ္အစုိးရလက္ထက္က ဗုိလ္ခ်ဳပ္ႀကီးအျဖစ္ တာ၀န္ထမ္းေဆာင္ခဲ့စဥ္ ကာလေတြမွာေရာ သူလုပ္ေဆာင္ခဲ့တဲ့ စီးပြားေရးလုပ္ငန္းေတြနဲ႔ တျခားအုပ္ခ်ဳပ္ေရးပုိင္ဆုိင္ရာ  ကိစၥရပ္ေတြမွာ မ႐ုိးသားမႈေတြ ရွိခဲ့တယ္ဆုိတဲ့ သတင္းေတြ က်ယ္က်ယ္ျပန္႔ျပန္႔ ထြက္ေပၚေနတဲ့အတြက္ သူ႔ကုိ ဒုသမၼတအျဖစ္ ေရြးခ်ယ္မႈအေပၚ ျပည္သူလူထုအေနနဲ႔ ေမးခြန္းထုတ္စရာ ျဖစ္ေနတယ္လုိ႔လည္း ေဒါက္တာတင့္ေဆြက ဆက္ေျပာပါတယ္။

“ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ျမင့္ေဆြက အေမရိကန္ျပည္ေထာင္စုရဲ႕ Sanction လုိ႔ေခၚတဲ့ တဦးခ်င္းဒဏ္ခတ္အမည္ စာရင္းထဲမွာလည္း ပါထားတယ္။ ေနာက္တခုက သူ ရန္ကုန္တုိင္းမွဴးေရာ၊ ေနာက္တခါ စ၀တဥကၠ႒ေရာ၊ ၀န္ႀကီးခ်ဳပ္ေရာေပါ့ေနာ္ ရန္ကုန္မွာ လုပ္လာေတာ့ အဲဒါေတြၾကည့္လုိ႔ရွိရင္ အခု ေလာေလာလတ္လတ္ကုိ အစုိးရအာဏာ လႊဲေျပာင္းျခင္း မတုိင္ခင္ေလးမွာ ရန္ကုန္မွာ ျဖစ္ေနတဲ့ စီးပြားေရးနဲ႔ဆုိင္တဲ့၊ တနည္းအားျဖင့္ ေငြေပါ့ေနာ္၊ ဆုိင္တဲ့ကိစၥေတြ၊ ေျမသိမ္းကိစၥ၊ စသည္ျဖင့္ေပါ့ေနာ္ အဲဒါေတြမွာ ဦးျမင့္ေဆြမွာ တာ၀န္ရွိတယ္လုိ႔ ျမင္တယ္ခင္ဗ်။ သူကုိယ္တုိင္လည္း ပတ္သက္တယ္လုိ႔ ယူဆပါတယ္။ အဲဒီေတာ့ ဒီအေျခအေနဟာ ျပည္သူလူထုဘက္ကေပါ့ေနာ္၊ က်ေနာ္တုိ႔က ဒီမုိကေရစီေျပာေနေတာ့၊ ျပည္သူလူထုဘက္က အျမင္မရွင္းတာေတြ ေတာ္ေတာ္ကုိ မ်ားတယ္။ အဲဒီေတာ့ သူ႔ကုိေရြးတဲ့ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ေပါ့ေနာ္၊ သူပါ တာ၀န္ရွိလာတယ္။ ဥပမာ ေဒၚေအာင္ဆန္းစုၾကည္က သူေရြးတင္လုိက္တဲ့ ဒုသမၼတေလာင္းေတြကုိ ဘာ့ေၾကာင့္ေရြးရတယ္ဆုိတဲ့ အခ်က္အလက္ေတြကုိ က်က်နန၊ လူသိရွင္ၾကားေပါ့ေနာ္ တရား၀င္ ေျပာသလုိ၊ ဗုိလ္ခ်ဳပ္မွဴးႀကီး မင္းေအာင္လႈိင္ကလည္း ဗုိလ္ခ်ဳပ္ႀကီးျမင့္ေဆြအတြက္ သူကလည္း ဘာ့ေၾကာင့္ သူေရြးတယ္ဆုိတာကုိ ေျပာမွသာလွ်င္ ျပည္သူလူထုက အတန္အသင့္ နားလည္ရလိမ့္မယ္။”

တပ္မေတာ္ဘက္မွာ ဒုသမၼအျဖစ္ ေရြးခ်ယ္စရာ တျခား အရည္အခ်င္းျပည့္မွီတဲ့ ဗုိလ္ခ်ဳပ္ေဟာင္းေတြ အမ်ားအျပား ရွိေနပါလ်က္နဲ႔ ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ျမင့္ေဆြကုိ တမင္ ေရြးခ်ယ္တာဟာ စစ္တပ္ရဲ႕ လက္ရွိ စီးပြားေရး အက်ဳိးစီးပြားေတြကုိ ကာကြယ္ဖုိ႔အတြက္ ျဖစ္ႏုိင္တယ္လုိ႔ ႏုိင္ငံေရးအက်ဥ္းသားေဟာင္းလည္းျဖစ္၊ တပ္မႈထမ္းေဟာင္း တဦးလည္းျဖစ္တဲ့ ဦးမ်ဳိးျမင့္က သုံးသပ္ပါတယ္။

“က်ေနာ္ကေတာ့ ၂ ပုိင္း ျမင္တယ္ဗ်။ ပထမအခ်က္ကေတာ့ - ဒုသမၼတ (၁) ေနရာကုိ သူတုိ႔ မရ ရေအာင္ႀကိဳးစားလိမ့္မယ္လုိ႔ ထင္တယ္ဗ်။ ဘာလုိ႔လဲဆုိေတာ့ ဒုသမၼတ (၁) သည္ စီးပြားေရးဆုိင္ရာ ၀န္ႀကီးဌာနေတြရဲ႕ အႀကီးအကဲလုိ႔ ဆုိတာကုိး။ ဆုိေတာ့ စီးပြားေရးဆုိင္ရာ ၀န္ႀကီးဌာနေတြရဲ႕ အႀကီးအကဲျဖစ္တဲ့အေလ်ာက္ေပါ့ဗ်ာ၊ တစုံတရာ စီးပြားေရးဆုိင္ရာ ၀န္ႀကီးဌာနေတြရဲ႕ အေပၚမွာ သူ႔ရဲ႕ ၾသဇာသက္ေရာက္ႏုိင္မႈလည္း ရွိႏုိင္သလုိ၊ တစုံတရာ ၀င္ေရာက္စြက္ဖက္တာတုိ႔၊ ခ်ယ္လွယ္တာတုိ႔လည္း လုပ္လုိ႔ရႏုိင္ေျခ ရွိတယ္ဗ်။ ဒီအတြက္ ဒုသမၼတခ်င္း အတူတူေတာင္ သူတုိ႔က (၁) ေနရာကုိ ရေအာင္လုပ္လိမ့္မယ္လုိ႔ က်ေနာ္ထင္တယ္။ ဒုတိယအခ်က္က ဗုိလ္ခ်ဳပ္ျမင့္ေဆြမွ မဟုတ္ဘူးဗ်၊ က်န္တဲ့ ဗုိလ္ခ်ဳပ္ႀကီးေဟာင္းေတြေပါ့ အမ်ားအႀကီးရွိတာပဲ။ ေရြးခ်ယ္လုိ႔ရရဲ႕သားနဲ႔ သူ႔ကုိ ေရြးတင္တာက စစ္အုပ္စုဘက္ကလည္း ေသေသခ်ာခ်ာ က်က်နန တြက္ခ်က္ၿပီးလုပ္တာလုိ႔ ထင္တယ္ဗ်။ ဘာလုိ႔လည္းဆုိေတာ့ လူ႔အခြင့္အေရး မွတ္တမ္းေပါ့ဗ်ာ၊ Human Rights Records ေတြနဲ႔ ပတ္သက္ၿပီးေတာ့ ဗုိလ္ခ်ဳပ္ျမင့္ေဆြမွာ အျပစ္အနာအဆာေတြ မ်ားလြန္းတဲ့အတြက္ နာမည္တပ္ၿပီးေတာ့ေပါ့ဗ်ာ၊ ျပစ္မွတ္ထား အေရးယူပိတ္ဆုိ႔ခံထားရတဲ့လူဗ်။ အဲဒီေတာ့ အဲဒီလူက ဒုသမၼတထဲမွာ ပါလာဖုိ႔အတြက္ကုိေပါ့ဗ်ာ၊ NLD က လက္ခံႏုိင္မလားေပါ့။ NLD က စစ္တပ္နဲ႔သင့္ျမတ္ေရး၊ အဆင္ေျပေရးကုိ ေရွ႕ရႈၿပီးေတာ့ပဲ လက္ခံလုိက္တယ္ပဲ ထားဦးဗ်ာ၊ အခုပဲ အေမရိကန္ႏုိင္ငံျခားေရးဌာနက ေျပာေနၿပီ။ ဟုတ္ၿပီ အဲဒီလုိ ဒုသမၼတင္မယ္ဆုိလုိ႔ရွိရင္ ဒီလူက ေနာက္ေနာင္ ဒါမ်ဳိးေတြ မလုပ္ပါဘူးဆုိတဲ့ အေထာက္အထားမ်ဳိး၊ ခံ၀န္ခ်က္မ်ဳိး ေပးႏုိင္မလားဆုိတာမ်ဳိးေပါ့ဗ်ာ။ NLD ဘက္ကေနၿပီးေတာ့ သူ႔ကုိ ဒုသမၼတအေနနဲ႔ လက္ခံလုိက္လုိ႔၊ လက္ခံလုိက္ျပန္ရင္လည္း NLD ဘက္က ျပႆနာဗ်။ လက္မခံရင္လည္း NLD ေျပာေနတဲ့ စစ္တပ္နဲ႔ ေျပလည္ေရးေပါ့ဗ်ာ၊ တနည္းေျပာရရင္ အမ်ဳိးသားရင္ၾကားေစ့ေရးက မလြယ္ဘူးဗ်။

ဗုိလ္ခ်ဳပ္ႀကီးေဟာင္းျမင့္ေဆြကုိ ဒုသမၼတေလာင္းအျဖစ္ ေရြးခ်ယ္တာဟာ သူအပါအ၀င္ တျခား စစ္ဗုိလ္ခ်ဳပ္ေတြအေပၚ အေမရိကန္ျပည္ေထာင္စုက ခ်မွတ္ထားတဲ့ ပိတ္ဆုိ႔ အေရးယူမႈေတြ ျပန္လည္ ရုပ္သိမ္းေပးေစလုိတဲ့ ရည္ရြယ္ခ်က္နဲ႔ တမင္ ေရြးတာလည္း ျဖစ္ႏုိင္တယ္လုိ႔ ဦးမ်ဳိးျမင့္က သုံးသပ္ပါတယ္။

ဗုိလ္ခ်ဳပ္ႀကီးေဟာင္း ျမင့္ေဆြဟာ အရင္ စစ္အစုိးရက အႀကီးအကဲ ဗုိလ္ခ်ဳပ္မွဴးႀကီးေဟာင္း သန္းေရႊနဲ႔ နီးစပ္သူျဖစ္တယ္လုိ႔ ေျပာဆုိမႈေတြရွိေနၿပီး သူ႔ကုိ အခုလုိ ေရြးခ်ယ္ခန္႔အပ္တာဟာလည္း စစ္တပ္အေပၚ ဗုိလ္ခ်ဳပ္မွဴးႀကီးသန္းေရႊရဲ႕ ၾသဇာလႊမ္းမုိးမႈ ရွိေနေသးတယ္ဆုိတာကုိ ျပသတာပဲလုိ႔ အကဲခတ္ေတြက သုံးသပ္ ေျပာဆုိၾကပါတယ္။

မတ္လ ၁၁ ရက္ေန႔က လႊတ္ေတာ္နွစ္ရပ္ သမၼတေရြးခ်ယ္ေရး အစုအဖဲြ႔ေတြမွာ ဒုသမၼတေတြကို မဲေပးေရြးခ်ယ္ရာမွာ NLD ပါတီက အဆိုျပဳထားသူႏွစ္ဦးျဖစ္တဲ့ ဦးထင္ေက်ာ္နဲ႔ ဦးဟင္နရီဗန္ထီးယူတို႔ ၂ ဦးကုိ ေရြးခ်ယ္ အတည္ျပဳေပးခဲ့ၾကၿပီး ျဖစ္ပါတယ္။

ကိုုေဇာ္၀င္းလႈိင္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.........................................


အရင်စစ်အစိုးရလက်ထက်ကစလို့ ပြီးခဲ့တဲ့ သမ္မတ ဦးသိန်းစိန်အစိုးရ လက်ထက်အထိ ထိပ်တန်းတာဝန်ယူတွေယူခဲ့သူ ဦးမြင့်ဆွေကို ဒုသမ္မတအဖြစ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များအဖွဲ့က ရွေးချယ်လိုက်တဲ့အတွက် NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ထိပ်တိုက်တွေ့စရာတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာ့ရေးကျွမ်းကျင်သူတွေက ထောက်ပြကြပါတယ်။

အမေရိကန်အစိုးရက ဒဏ်ခတ်အရေးယူထားတဲ့ စာရင်းထဲမှာ ပါ၀င်နေသူတဦးကို အခုလို ရွေးချယ် တင်မြှောက်တာဟာလည်း စစ်တပ်အနေနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခြင်း ဖြစ်တယ်လို့လည်း သုံးသပ်ကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မကြာခင် သီတင်းပတ်တွေအတွင်း ဖွဲ့စည်းတော့မယ့် အစိုးရသစ်အတွက် ဒုသမ္မတလောင်း အမည်စာရင်းတွေကို တင်သွင်းကြတဲ့အထဲ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးရဲ့ ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်သူလည်းဖြစ်၊ စစ်အစိုးရလက်ထက်မှာ ဗိုလ်ချုပ်ကြီးအဆင့်နဲ့ ထိပ်တန်း တာဝန်တွေ ထမ်းဆောင်ခဲ့သူလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးမြင့်ဆွေကို တပ်မတော်သားကိုယ်စားလှယ် အစုအဖွဲ့က ဒုသမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို အခုလို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်လိုက်တဲ့အတွက် အနာဂတ်မှာ NLD နဲ့ စစ်တပ်အကြား ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်လာစေနိုင်တယ်လို့ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲ အနိုင်ရ လွှတ်တော်အမတ်ဟောင်းလည်းဖြစ်၊ မြန်မာနိုင်ငံရေး အကဲခတ်တဦးလည်းဖြစ်တဲ့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“တပြည်လုံးအတိုင်းအတာနဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချတဲ့ ကိစ္စမှာကတော့ NLD နဲ့ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေနဲ့ပေါ့နော် ထိပ်တိုက် တွေ့စရာတွေ တော်တော်များလိမ့်မယ်လို့ ယူဆတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတော့ သူရော၊ NLD ကတင်တဲ့ ပုဂ္ဂိုလ်တွေရောက ဒီ ကာလုံ လို့ခေါ်တဲ့ အဖွဲ့ထဲမှာလည်း တွေ့မယ်။ နောင်လည်းပဲ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချစရာရှိလာတဲ့အခါမှာ အယူအဆ မတူတဲ့အခါမှာ ထိပ်တိုက်တွေ့မယ်လို့ ယူဆတဲ့အတွက် ချောမွေ့ဖို့အတွက်တော့ ကျနော်တို့ သိပ်စိတ်မကောင်းစရာ မျှော်လင့်ရတာပေါ့ခင်ဗျ။”

ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်စဉ်မှာရော၊ အရင် စစ်အစိုးရလက်ထက်က ဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ကာလတွေမှာရော သူလုပ်ဆောင်ခဲ့တဲ့ စီးပွားရေးလုပ်ငန်းတွေနဲ့ တခြားအုပ်ချုပ်ရေးပိုင်ဆိုင်ရာ  ကိစ္စရပ်တွေမှာ မရိုးသားမှုတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့အတွက် သူ့ကို ဒုသမ္မတအဖြစ် ရွေးချယ်မှုအပေါ် ပြည်သူလူထုအနေနဲ့ မေးခွန်းထုတ်စရာ ဖြစ်နေတယ်လို့လည်း ဒေါက်တာတင့်ဆွေက ဆက်ပြောပါတယ်။

“ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေက အမေရိကန်ပြည်ထောင်စုရဲ့ Sanction လို့ခေါ်တဲ့ တဦးချင်းဒဏ်ခတ်အမည် စာရင်းထဲမှာလည်း ပါထားတယ်။ နောက်တခုက သူ ရန်ကုန်တိုင်းမှူးရော၊ နောက်တခါ စဝတဥက္ကဋ္ဌရော၊ ၀န်ကြီးချုပ်ရောပေါ့နော် ရန်ကုန်မှာ လုပ်လာတော့ အဲဒါတွေကြည့်လို့ရှိရင် အခု လောလောလတ်လတ်ကို အစိုးရအာဏာ လွှဲပြောင်းခြင်း မတိုင်ခင်လေးမှာ ရန်ကုန်မှာ ဖြစ်နေတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့၊ တနည်းအားဖြင့် ငွေပေါ့နော်၊ ဆိုင်တဲ့ကိစ္စတွေ၊ မြေသိမ်းကိစ္စ၊ စသည်ဖြင့်ပေါ့နော် အဲဒါတွေမှာ ဦးမြင့်ဆွေမှာ တာဝန်ရှိတယ်လို့ မြင်တယ်ခင်ဗျ။ သူကိုယ်တိုင်လည်း ပတ်သက်တယ်လို့ ယူဆပါတယ်။ အဲဒီတော့ ဒီအခြေအနေဟာ ပြည်သူလူထုဘက်ကပေါ့နော်၊ ကျနော်တို့က ဒီမိုကရေစီပြောနေတော့၊ ပြည်သူလူထုဘက်က အမြင်မရှင်းတာတွေ တော်တော်ကို များတယ်။ အဲဒီတော့ သူ့ကိုရွေးတဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပေါ့နော်၊ သူပါ တာဝန်ရှိလာတယ်။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်က သူရွေးတင်လိုက်တဲ့ ဒုသမ္မတလောင်းတွေကို ဘာ့ကြောင့်ရွေးရတယ်ဆိုတဲ့ အချက်အလက်တွေကို ကျကျနန၊ လူသိရှင်ကြားပေါ့နော် တရားဝင် ပြောသလို၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဗိုလ်ချုပ်ကြီးမြင့်ဆွေအတွက် သူကလည်း ဘာ့ကြောင့် သူရွေးတယ်ဆိုတာကို ပြောမှသာလျှင် ပြည်သူလူထုက အတန်အသင့် နားလည်ရလိမ့်မယ်။”

တပ်မတော်ဘက်မှာ ဒုသမ္မအဖြစ် ရွေးချယ်စရာ တခြား အရည်အချင်းပြည့်မှီတဲ့ ဗိုလ်ချုပ်ဟောင်းတွေ အများအပြား ရှိနေပါလျက်နဲ့ ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေကို တမင် ရွေးချယ်တာဟာ စစ်တပ်ရဲ့ လက်ရှိ စီးပွားရေး အကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် ဖြစ်နိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းလည်းဖြစ်၊ တပ်မှုထမ်းဟောင်း တဦးလည်းဖြစ်တဲ့ ဦးမျိုးမြင့်က သုံးသပ်ပါတယ်။

“ကျနော်ကတော့ ၂ ပိုင်း မြင်တယ်ဗျ။ ပထမအချက်ကတော့ - ဒုသမ္မတ (၁) နေရာကို သူတို့ မရ ရအောင်ကြိုးစားလိမ့်မယ်လို့ ထင်တယ်ဗျ။ ဘာလို့လဲဆိုတော့ ဒုသမ္မတ (၁) သည် စီးပွားရေးဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့ အကြီးအကဲလို့ ဆိုတာကိုး။ ဆိုတော့ စီးပွားရေးဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့ အကြီးအကဲဖြစ်တဲ့အလျောက်ပေါ့ဗျာ၊ တစုံတရာ စီးပွားရေးဆိုင်ရာ ၀န်ကြီးဌာနတွေရဲ့ အပေါ်မှာ သူ့ရဲ့ သြဇာသက်ရောက်နိုင်မှုလည်း ရှိနိုင်သလို၊ တစုံတရာ ၀င်ရောက်စွက်ဖက်တာတို့၊ ချယ်လှယ်တာတို့လည်း လုပ်လို့ရနိုင်ခြေ ရှိတယ်ဗျ။ ဒီအတွက် ဒုသမ္မတချင်း အတူတူတောင် သူတို့က (၁) နေရာကို ရအောင်လုပ်လိမ့်မယ်လို့ ကျနော်ထင်တယ်။ ဒုတိယအချက်က ဗိုလ်ချုပ်မြင့်ဆွေမှ မဟုတ်ဘူးဗျ၊ ကျန်တဲ့ ဗိုလ်ချုပ်ကြီးဟောင်းတွေပေါ့ အများအကြီးရှိတာပဲ။ ရွေးချယ်လို့ရရဲ့သားနဲ့ သူ့ကို ရွေးတင်တာက စစ်အုပ်စုဘက်ကလည်း သေသေချာချာ ကျကျနန တွက်ချက်ပြီးလုပ်တာလို့ ထင်တယ်ဗျ။ ဘာလို့လည်းဆိုတော့ လူ့အခွင့်အရေး မှတ်တမ်းပေါ့ဗျာ၊ Human Rights Records တွေနဲ့ ပတ်သက်ပြီးတော့ ဗိုလ်ချုပ်မြင့်ဆွေမှာ အပြစ်အနာအဆာတွေ များလွန်းတဲ့အတွက် နာမည်တပ်ပြီးတော့ပေါ့ဗျာ၊ ပြစ်မှတ်ထား အရေးယူပိတ်ဆို့ခံထားရတဲ့လူဗျ။ အဲဒီတော့ အဲဒီလူက ဒုသမ္မတထဲမှာ ပါလာဖို့အတွက်ကိုပေါ့ဗျာ၊ NLD က လက်ခံနိုင်မလားပေါ့။ NLD က စစ်တပ်နဲ့သင့်မြတ်ရေး၊ အဆင်ပြေရေးကို ရှေ့ရှုပြီးတော့ပဲ လက်ခံလိုက်တယ်ပဲ ထားဦးဗျာ၊ အခုပဲ အမေရိကန်နိုင်ငံခြားရေးဌာနက ပြောနေပြီ။ ဟုတ်ပြီ အဲဒီလို ဒုသမ္မတင်မယ်ဆိုလို့ရှိရင် ဒီလူက နောက်နောင် ဒါမျိုးတွေ မလုပ်ပါဘူးဆိုတဲ့ အထောက်အထားမျိုး၊ ခံဝန်ချက်မျိုး ပေးနိုင်မလားဆိုတာမျိုးပေါ့ဗျာ။ NLD ဘက်ကနေပြီးတော့ သူ့ကို ဒုသမ္မတအနေနဲ့ လက်ခံလိုက်လို့၊ လက်ခံလိုက်ပြန်ရင်လည်း NLD ဘက်က ပြဿနာဗျ။ လက်မခံရင်လည်း NLD ပြောနေတဲ့ စစ်တပ်နဲ့ ပြေလည်ရေးပေါ့ဗျာ၊ တနည်းပြောရရင် အမျိုးသားရင်ကြားစေ့ရေးက မလွယ်ဘူးဗျ။

ဗိုလ်ချုပ်ကြီးဟောင်းမြင့်ဆွေကို ဒုသမ္မတလောင်းအဖြစ် ရွေးချယ်တာဟာ သူအပါအဝင် တခြား စစ်ဗိုလ်ချုပ်တွေအပေါ် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ပြန်လည် ရုပ်သိမ်းပေးစေလိုတဲ့ ရည်ရွယ်ချက်နဲ့ တမင် ရွေးတာလည်း ဖြစ်နိုင်တယ်လို့ ဦးမျိုးမြင့်က သုံးသပ်ပါတယ်။

ဗိုလ်ချုပ်ကြီးဟောင်း မြင့်ဆွေဟာ အရင် စစ်အစိုးရက အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေနဲ့ နီးစပ်သူဖြစ်တယ်လို့ ပြောဆိုမှုတွေရှိနေပြီး သူ့ကို အခုလို ရွေးချယ်ခန့်အပ်တာဟာလည်း စစ်တပ်အပေါ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ သြဇာလွှမ်းမိုးမှု ရှိနေသေးတယ်ဆိုတာကို ပြသတာပဲလို့ အကဲခတ်တွေက သုံးသပ် ပြောဆိုကြပါတယ်။

မတ်လ ၁၁ ရက်နေ့က လွှတ်တော်နှစ်ရပ် သမ္မတရွေးချယ်ရေး အစုအဖွဲ့တွေမှာ ဒုသမ္မတတွေကို မဲပေးရွေးချယ်ရာမှာ NLD ပါတီက အဆိုပြုထားသူနှစ်ဦးဖြစ်တဲ့ ဦးထင်ကျော်နဲ့ ဦးဟင်နရီဗန်ထီးယူတို့ ၂ ဦးကို ရွေးချယ် အတည်ပြုပေးခဲ့ကြပြီး ဖြစ်ပါတယ်။

ကိုုဇော်ဝင်းလှိုင် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment