Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 13, 2016

ကူးစက္ျမန္ျပင္းထန္ ဦးေႏွာက္အေျမႇးေရာင္ေရာဂါ ျဖစ္ပြားလွ်င္ အျမန္ကုသရန္လုိ


ကူးစက္ျမန္ျပင္းထန္ဦးေႏွာက္အေျမႇးေရာင္ေရာဂါ(Neisseria Meningitidis)သည္ ဘက္တီးရီးယားပုိးေၾကာင့္ျဖစ္ပြားၿပီး အခ်ိန္မီကုသမႈမခံယူပါက
အသက္ဆုံး႐ႈံးမႈရွိႏုိင္ေၾကာင္း က်န္းမာေရး၀န္ႀကီးဌာနက သတင္းထုတ္ျပန္ထားသည္။
လူနာေခ်ာင္းဆုိးျခင္း၊ ႏွာေခ်ျခင္းတုိ႔မွ တုိက္႐ုိက္ကူးစက္ႏုိင္ၿပီး ေရာဂါျဖစ္သူ၏ ခၽြဲ၊ သလိပ္၊ ခႏၶာကုိယ္အရည္ႏွင့္ အသုံးအေဆာင္ပစၥည္းမ်ားကို
ထိေတြ႕ျခင္းမွတစ္ဆင့္လည္း ကူးစက္ႏုိင္ေၾကာင္း သတိေပးထားသည္။ ေရာဂါလကၡဏာမ်ားအေနျဖင့္ လတ္တေလာျပင္းထန္စြာဖ်ားျခင္း၊
ေခါင္းကုိက္ျခင္း၊ အန္ျခင္း၊ ဇက္ေတာင့္ျခင္း၊ ႂကြက္သားမ်ားနာက်င္ျခင္း၊ အေရျပားတြင္ ေသြးျခည္ဥမ်ားထြက္ျခင္း၊ မွိန္းျခင္း၊ သတိလစ္ျခင္း၊
တက္ျခင္း၊ ေသြးလန္႔ျခင္းမ်ားျဖစ္ႏုိင္သည္။
အထက္ပါေရာဂါလကၡဏာမ်ားခံစားရလွ်င္ အသက္ဆုံး႐ႈံးႏုိင္ေသာေၾကာင့္ နီးစပ္ရာက်န္းမာေရးဌာန၊ ေဆး႐ုံ၊ ေဆးခန္းမ်ားတြင္ ခ်က္ခ်င္းကုသမႈခံယူရန္လုိအပ္သည္။
"အသက္(၁၅)ႏွစ္ေအာက္ ကေလးေတြမွာ ဖ်ားနာတာမ်ဳိးျဖစ္တာနဲ႔ ခ်က္ခ်င္းေဆး႐ုံ၊ ေဆးခန္းကိုသြားဖုိ႔ လုိအပ္ပါတယ္။ ႏွာေခ်၊ ေခ်ာင္းဆိုးတာ၊ လူစုလူေ၀းကတစ္ဆင့္ ကူးစက္ႏုိင္လုိ႔
အထူးသတိထားဖုိ႔လုိအပ္တယ္”ဟု ျပည္သူ႔က်န္းမာေရးဦးစီးဌာန
ဒုတိယၫႊန္ၾကားေရးမွဴးခ်ဳပ္ေဒါက္တာသန္းထြန္းေအာင္ကေျပာသည္။
ႀကိဳတင္ကာကြယ္ျခင္းအေနျဖင့္ တစ္ကုိယ္ေရသန္႔ရွင္းမႈကို ဂ႐ုျပဳေဆာင္ရြက္ရမည္။ ႏွာေခ်၊ ေခ်ာင္းဆုိးလွ်င္ ႏွာေခါင္းႏွင့္ပါးစပ္ကိုလက္ကုိင္ပ၀ါျဖင့္ ဖုံးအုပ္ပါ။ လက္ကုိင္ပ၀ါအဆင္သင့္မရွိပါက
ႏွာေခါင္းႏွင့္ပါးစပ္ကို လက္ေမာင္းျဖင့္ ဖုံးအုပ္၍ႏွာေခ်၊ ေခ်ာင္းဆုိးရမည္။
ေရာဂါျဖစ္ပြားသူမ်ား၊ သံသယရွိလူနာမ်ားႏွင့္ ေတြ႕ဆုံရန္လုိအပ္ပါက ေရာဂါမကူးစက္ေစရန္
ႏွာေခါင္းႏွင့္ပါးစပ္ဖုံးအုပ္ထားေသာ မ်က္ႏွာဖုံးအကာအကြယ္ႏွင့္ အျခားအကာအကြယ္ပစၥည္းမ်ားကို
အသုံးျပဳသင့္သည္။ ပြဲလမ္းသဘင္၊ လူစည္ကားေသာေနရာႏွင့္ ဖုန္ထူထပ္ေသာေနရာမ်ားကိုတတ္ႏုိင္သမွ်ေရွာင္ၾကဥ္သင့္ၿပီး မိမိတြင္ေရာဂါရွိသည္ဟု သံသယရွိပါက က်န္းမာေရးဌာနသုိ႔ သတင္းပုိ႔၍
ေဆးကုသမႈခ်က္ခ်င္းခံယူရန္လိုအပ္ေၾကာင္းက်န္းမာေရး၀န္ႀကီးဌာန၊ ျပည္သူ႔က်န္းမာေရးဦးစီးဌာနက ထုတ္ျပန္ထားသည္။
မႏၲေလးတုိင္းေဒသႀကီး မိတၳီလာခ႐ုိင္ သာစည္ၿမိဳ႕နယ္ရွိ ေက်းရြာအခ်ဳိ႕တြင္ ဘက္တီးရီးယားပုိးေၾကာင့္ ဦးေႏွာက္အေျမႇးေရာင္သည့္ေရာဂါျဖစ္ပြားသူ အသက္(၁၀)ႏွစ္ေအာက္ကေလးငယ္ ၁၀ဦးရွိၿပီး ၎တုိ႔အနက္မွ
ေလးဦးေသဆုံးခဲ့ကာ က်န္ကေလးငယ္ေျခာက္ဦးကို အထူးၾကပ္မတ္ကုသေပးလ်က္ရွိသည္

Social Action for Women - SAW


....................................


ကူးစက်မြန်ပြင်းထန် ဦးနှောက်အမြှေးရောင်ရောဂါ ဖြစ်ပွားလျှင် အမြန်ကုသရန်လို’’
ကူးစက်မြန်ပြင်းထန်ဦးနှောက်အမြှေးရောင်ရောဂါ(Neisseria Meningitidis)သည် ဘက်တီးရီးယားပိုးကြောင့်ဖြစ်ပွားပြီး အချိန်မီကုသမှုမခံယူပါက 
အသက်ဆုံးရှုံးမှုရှိနိုင်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
လူနာချောင်းဆိုးခြင်း၊ နှာချေခြင်းတို့မှ တိုက်ရိုက်ကူးစက်နိုင်ပြီး ရောဂါဖြစ်သူ၏ ချွဲ၊ သလိပ်၊ ခန္ဓာကိုယ်အရည်နှင့် အသုံးအဆောင်ပစ္စည်းများကို
ထိတွေ့ခြင်းမှတစ်ဆင့်လည်း ကူးစက်နိုင်ကြောင်း သတိပေးထားသည်။ ရောဂါလက္ခဏာများအနေဖြင့် လတ်တလောပြင်းထန်စွာဖျားခြင်း၊
ခေါင်းကိုက်ခြင်း၊ အန်ခြင်း၊ ဇက်တောင့်ခြင်း၊ ကြွက်သားများနာကျင်ခြင်း၊ အရေပြားတွင် သွေးခြည်ဥများထွက်ခြင်း၊ မှိန်းခြင်း၊ သတိလစ်ခြင်း၊
တက်ခြင်း၊ သွေးလန့်ခြင်းများဖြစ်နိုင်သည်။
အထက်ပါရောဂါလက္ခဏာများခံစားရလျှင် အသက်ဆုံးရှုံးနိုင်သောကြောင့် နီးစပ်ရာကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများတွင် ချက်ချင်းကုသမှုခံယူရန်လိုအပ်သည်။
"အသက်(၁၅)နှစ်အောက် ကလေးတွေမှာ ဖျားနာတာမျိုးဖြစ်တာနဲ့ ချက်ချင်းဆေးရုံ၊ ဆေးခန်းကိုသွားဖို့ လိုအပ်ပါတယ်။ နှာချေ၊ ချောင်းဆိုးတာ၊ လူစုလူဝေးကတစ်ဆင့် ကူးစက်နိုင်လို့
အထူးသတိထားဖို့လိုအပ်တယ်”ဟု ပြည်သူ့ကျန်းမာရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူးချုပ်ဒေါက်တာသန်းထွန်းအောင်ကပြောသည်။
ကြိုတင်ကာကွယ်ခြင်းအနေဖြင့် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုပြုဆောင်ရွက်ရမည်။ နှာချေ၊ ချောင်းဆိုးလျှင် နှာခေါင်းနှင့်ပါးစပ်ကိုလက်ကိုင်ပဝါဖြင့် ဖုံးအုပ်ပါ။ လက်ကိုင်ပဝါအဆင်သင့်မရှိပါက
နှာခေါင်းနှင့်ပါးစပ်ကို လက်မောင်းဖြင့် ဖုံးအုပ်၍နှာချေ၊ ချောင်းဆိုးရမည်။
ရောဂါဖြစ်ပွားသူများ၊ သံသယရှိလူနာများနှင့် တွေ့ဆုံရန်လိုအပ်ပါက ရောဂါမကူးစက်စေရန်
နှာခေါင်းနှင့်ပါးစပ်ဖုံးအုပ်ထားသော မျက်နှာဖုံးအကာအကွယ်နှင့် အခြားအကာအကွယ်ပစ္စည်းများကို 
အသုံးပြုသင့်သည်။ ပွဲလမ်းသဘင်၊ လူစည်ကားသောနေရာနှင့် ဖုန်ထူထပ်သောနေရာများကိုတတ်နိုင်သမျှရှောင်ကြဉ်သင့်ပြီး မိမိတွင်ရောဂါရှိသည်ဟု သံသယရှိပါက ကျန်းမာရေးဌာနသို့ သတင်းပို့၍ 
ဆေးကုသမှုချက်ချင်းခံယူရန်လိုအပ်ကြောင်းကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်ရှိ ကျေးရွာအချို့တွင် ဘက်တီးရီးယားပိုးကြောင့် ဦးနှောက်အမြှေးရောင်သည့်ရောဂါဖြစ်ပွားသူ အသက်(၁၀)နှစ်အောက်ကလေးငယ် ၁၀ဦးရှိပြီး ၎င်းတို့အနက်မှ 
လေးဦးသေဆုံးခဲ့ကာ ကျန်ကလေးငယ်ခြောက်ဦးကို အထူးကြပ်မတ်ကုသပေးလျက်ရှိသည်

Social Action for Women - SAW


No comments:

Post a Comment