အစိတ္သားနဲ႔ အဆိပ္သား


၂၀၀၈ ဖဲြ႕စည္းပံုအေျခခံဥပေဒအရ ၂၀၁၀ တြင္ အသက္၀င္လာေသာ ျမန္မာနိုင္ငံ၏ လႊတ္ေတာ္အသီးသီးတြင္ ေရြးေကာက္ခံမဟုတ္ေသာ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း အလိုအေလ်ာက္ပါ၀င္လာသည့္ အခိ်န္မွစ၍ အစိတ္သားဆိုေသာ အေခၚအေ၀ၚႏိုင္ငံေရးနယ္ပယ္ထဲသို႔ စတင္၀င္ေရာက္လာသည္။ အစိတ္သား ဆိုသည္မွာ ေဈးေရာင္းေဈး၀ယ္တြင္သာေခၚေ၀ၚၾကေသာ ျမန္မာ့ရိုးရာအျခင္အတြယ္ျဖစ္သည္။ တပိႆာတြင္ က်ပ္ ၁၀၀ သားရိွသျဖင့္ ေလးပံုတပံုေသာ ၂၅ က်ပ္သားကို အစိတ္သား (တပိႆာ၏ေလးပံုတပံု)ဟု အမွတ္ သညာျပဳကာ ေခၚေ၀ၚ ျခင္းျဖစ္သည္။ ယခင္က ျမန္မာနိုင္ငံတြင္ ေငြအေၾကြေစ့မ်ားအသံုးျပဳသည့္ ေခတ္အခါက ေငြတက်ပ္တြင္ ျပား ၁၀၀ ရိွသည္။ တက်ပ္၏ေလးပံုတပံု ၂၅ ျပားကို တမတ္ဟုေခၚ၏။ ထို႔ေၾကာင့္ မတ္ေစ့ဟူ သည္မွာ ၂၅ ျပား ေစ့၊ တမတ္သားဆိုသည္မွာ ေလးပံုတပံုဟု နားလည္ၾကသည္။ အစိတ္သားကိုေတာ့ ေဈး သည္ေလာကတြင္ ပိုသံုးၾကသည္။ ေလးပံုတပံုဟူသည့္ သေဘာပင္ျဖစ္သည္။ ၂၅ ရာခိုင္နႈန္းကိုပင္ ေျပာသည္။

အဆိပ္သားဆိုရာတြင္ အဓိပၸာယ္ေျပာင္းသြားသည္။ အဆိပ္ (Poison)ဆိုသည္မွာ လူသတ္လက္နက္၊ သတၱ၀ါ မ်ားကို သတ္ျဖတ္သည့္ကိရိယာျဖစ္ျပီး ေယဘုယ်အားျဖင့္ မေကာင္းေသာအနက္ကိုေဆာင္သည္။ အဆိပ္ဆို သည္နွင့္ သူတပါးကို ေကာင္းက်ဳိးမေပးသည့္ၾကားခံပစၥည္းဟု ျမင္ေလ့ရိွသည္။ ျမန္မာရာဇ၀င္တြင္လည္း နန္းလု ခ်င္ေသာအခါ (သို႔မဟုတ္)လက္စားေခ်ခ်င္ေသာအခါ အဆိပ္ျဖင့္ လုပ္ၾကံသတ္ျဖတ္ျခင္းမ်ား မေရတြက္ႏိုင္ ေအာင္ရိွခဲ့ဖူးသည္။ ပုဂံေခတ္က မိဖုရားေစာလံုသည္ နရသီဟပေတ့မင္း စားေတာ္ေခၚမည့္စားေတာ္ပဲြတြင္ အဆိပ္ထည့္၍ ဆက္ကပ္ခဲ့ဖူးသည္။ သို႔ေသာ္ မင္းၾကီးသိသြားသျဖင့္ လုပ္ၾကံမႈမေအာင္ျမင္ဘဲ မိဖုရားေစာလံု ကြပ္မ်က္ခံရသည္။ ထိုဘုရင္ နရသီဟပေတ့မင္းပင္ တရုတ္တို႔ရန္မွထြက္ေျပးတိမ္းေရွာင္ရင္း ျပည္ျမိဳ႕သို႔ေရာက္ ရာ သားေတာ္ျပည္ျမိဳ႕စားက အဆိပ္နဲ႔ဓား ၾကိဳက္ရာေရြးဟု အနိုင္အထက္ျပဳမူေသာေၾကာင့္ အဆိပ္ခတ္ထား ေသာ ထမင္းဟင္းမ်ားကိုစားကာ နတ္ရြာစံကံေတာ္ကုန္ေတာ္မူေပသည္။ အင္း၀ေခတ္ကလည္း ဘုရင္မ ရွင္ေစာပုသည္ အင္း၀မွ အတူထြက္ေျပးလာခဲ့ေသာ မြန္ရဟန္းေတာ္နွစ္ပါးျဖစ္သည့္ အရွင္ဓမၼဓရနွင့္ အရွင္ဓမၼ ဥာဏတို႔ကို လူ၀တ္လဲေစကာ အသီးသီးေျမႇာက္စားထားေတာ္မူေသာ္ ဦးဓမၼဓရ(ေနာင္တြင္ ဓမၼေစတီမင္းျဖစ္ မည့္သူ) က ငယ္သူငယ္ခ်င္းရဟန္းျပဳဖက္ ဓမၼဥာဏကိုယ္ေတာ္လူထြက္ကို အဆိပ္ျဖင့္ လုပ္ၾကံသတ္ျဖတ္ခဲ့၏။ ထို႔အျပင္ ဓမၼေစတီမင္းအေလာင္းျဖစ္ေသာ ရဟန္းလူထြက္ၾကီးသည္ နန္းညြန္႔နန္းလ်ာျဖစ္ေသာ ဘုရင္မ ရွင္ေစာပု၏သမက္ေတာ္ ပုသိမ္စားဗညားအိမ္ကို ရွင္ေစာပုနွင့္ေပါင္း၍ အဆိပ္ခတ္လုပ္ၾကံရံုမက ဗညားအိမ္၏ ၾကင္ယာေတာ္ ၀ိဟာရေဒ၀ီကိုပင္ သိမ္းပိုက္ေလသည္။ ဤသို႔ျဖင့္ ျမန္မာ့ရာဇ၀င္တြင္ အဆိပ္မွာ မေကာင္းေသာ ေနရာမွ ပါ၀င္အသံုးေတာ္ခံခဲ့ေလသည္။ မ်က္ေမွာက္ေခတ္တြင္ပင္ မိမိကိုယ္ကိုယ္အဆံုးစီရင္ရာ၌ အင္ဒလင္း စေသာ အဆိပ္မ်ားကိုေသာက္သံုး၍ ကိုယ့္ကိုယ္ကိုယ္ သတ္ေသတတ္ၾက၏။ ေရႊတူးရာတြင္သံုးေသာ အဆိပ္ သည္ အလြန္ျပင္းထန္သျဖင့္ သဘာ၀ပတ္၀န္းက်င္ထိန္းသိမ္းေရးသမားမ်ားက ကန္႔ကြက္ေနၾကသည္။ တိရစၧာန္မ်ားကိုသတ္ရာတြင္လည္း အဆိပ္ကို သံုးၾကေသးသည္။ အဆိပ္ခတ္ထားေသာ အသားကို အဆိပ္ သားဟုပင္ ေခၚရေပမည္။ ထို႔ေၾကာင့္ အဆိပ္သားသည္ မေကာင္းေသာသေဘာ၊ ရန္လိုသည့္သေဘာ၊ သူတပါးအား အေကာက္ၾကံသည့္သေဘာတို႔ျဖင့္ ျပည့္နွက္ဘိ၏။

ဤသို႔လွ်င္ အစိတ္သားနွင့္အဆိပ္သားသည္ အဓိပၸာယ္ကဲြျပားေပ၏။ အသံထြက္ကေတာ့ ခပ္ဆင္ဆင္ျဖစ္ သည္။ စလံုးနွင့္ ဆလိမ္သာ ကြာျခားေပ၏။ အသံအဖိအေဖာ့ေတာ့ ကြာျခားေပသည္။ ျမန္မာ့နိုင္ငံေရးတြင္ လႊတ္ေတာ္ႏွစ္ရပ္ရိွရာ တခုကို ျပည္သူ႔လႊတ္ေတာ္ဟုေခၚ၏။ ေနာက္တခုကို အမ်ဳိးသားလႊတ္ေတာ္ဟုေခၚ၏။ ျပည္သူ႔လႊတ္ေတာ္တြင္ ေရြးေကာက္ခံျပည္သူ႔ကိုယ္စားလွယ္အမတ္ဦးေရ ၃၃၀ ထက္မပိုေသာ ကိုယ္စားလွယ္ မ်ားျဖင့္ ဖဲြ႕စည္းထား၏။ ရိွရမည့္ လူဦးေရေပါင္းကို ၄၄၀ ဟု သတ္မွတ္ထားျပီး ထို ၄၄၀ ၏ ေလးပံုတပံု (သို႔မဟုတ္) ၄၄၀ ၏ ၂၅ ရာခိုင္ႏႈန္း(၀ါ) ၄၄၀ ၏ အစိတ္သားမွာ လူ ၁၁၀ ရိွမည္ျဖစ္သည္။ ထိုအစိတ္သား ၁၁၀ သည္ ေရြးေကာက္ပဲြ၀င္စရာမလို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္မွ တိုက္ရိုက္ခန္႔အပ္ေစလႊတ္သည္။

ထို႔အတူပင္ အမ်ဳိးသားလႊတ္ေတာ္သည္ အမ်ားဆံုးလူဦးေရ ၂၂၄ ဦးျဖင့္ ဖဲြ႕စည္းထားသည္ျဖစ္ရာ ၂၂၄ ဦး၏ ေလးပံုတပံု (သို႔မဟုတ္) ၂၂၄ ဦး၏ ၂၅ ရာခိုင္ႏႈန္း(၀ါ) ၂၂၄ ဦး၏ အစိတ္သားမွာ လူ ၅၆ ဦးရိွမည္ ျဖစ္သည္။ ျပည္သူ႔လႊတ္ေတာ္ႏွင့္ အမ်ဳိးသားလႊတ္ေတာ္ နွစ္ခုေပါင္းကို ျပည္ေထာင္စုလႊတ္ေတာ္ဟုေခၚျခင္းျဖစ္ရာ ျပည္ ေထာင္စုလႊတ္ေတာ္တြင္ ဖဲြ႕စည္းပံုအျပည့္ဆိုလွ်င္ လူေပါင္း ၆၆၄ ဦး ပါ၀င္မည္ျဖစ္သည္။
ေရြးေကာက္ပဲြမလုပ္ႏိုင္သျဖင့္ ငါးေနရာမွဆယ္ေနရာအထိ ျပည္သူ႔ကိုယ္စားလွယ္မ်ားကေတာ့ အျမဲလစ္လပ္ေန မည္ျဖစ္သည္။ သို႔ေသာ္ တပ္မေတာ္သားကိုယ္စားလွယ္မ်ားကေတာ့ သူတို႔၏ ခဲြတမ္းအစိတ္သားကို တင္းျပည့္ က်ပ္ျပည့္ယူေလ့ရိွသျဖင့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ၆၆၄ ဦးႏႈန္းအျပည့္၏ ၂၅ ရာခိုင္ႏႈန္း ၁၆၆ ဦးကေတာ့ ျပည္ေထာင္စုလႊတ္ေတာ္သို႔ ေစလႊတ္ၾကမည္ျဖစ္ေပသည္။

ထို႔ေၾကာင့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အစိတ္သား ၁၆၆ဦး ကေတာ့ အင္အားအျပည့္နွင့္ ေရာက္ေနရိွေန မည္ျဖစ္သည္။ ထို႔ေၾကာင့္ လႊတ္ေတာ္နွစ္ရပ္ေပါင္း၏ ၂၅ ရာခိုင္ႏႈန္းဟုေျပာလွ်င္ တပ္မေတာ္သား ကိုယ္စား လွယ္ ၁၆၆ ေယာက္ကို ဆိုလိုျခင္းျဖစ္သည္။ ထို ၁၆၆ ေယာက္၏ တာ၀န္ႏွင့္လုပ္ပိုင္ခြင့္မ်ားမွာ ဘာေတြျဖစ္ သည္။ သူတို႔ ဘာေတြလုပ္နိုင္သည္၊ ဘာေတြမလုပ္နိုင္ဘူးဆိုတာသိထားလွ်င္ ေကာင္းမည္ျဖစ္သည္။

လႊတ္ေတာ္အတြင္းသို႔ေရာက္ရိွေနေသာ တပ္မေတာ္သားကိုယ္စားလွယ္ ၂၅ ရာခိုင္ႏႈန္း၏တာ၀န္မွာ ေရြးေကာက္ခံလႊတ္ေတာ္အမတ္မ်ားနွင့္ အတူတူပင္ျဖစ္သည္။ သူတို႔တြင္ ဥပေဒျပဳခြင့္အာဏာရိွသည္ (ဥပေဒ ၾကမ္းတရပ္ကို လႊတ္ေတာ္သို႔ တင္သြင္းနိုင္သည္)၊ လႊတ္ေတာ္တြင္ ေမးခြန္းမ်ား ေမးျမန္းနိုင္သည္။ လႊတ္ေတာ္ တြင္ အဆိုမ်ားတင္သြင္းနိုင္သည္၊ သူမ်ားတင္သြင္းေသာ ဥပေဒၾကမ္း၊ ေမးခြန္းနွင့္အဆိုမ်ားကို ေထာက္ခံျခင္း၊ ကန္႔ကြက္ျခင္း၊ ေဆြးေႏြးျခင္း၊ ၾကားေနျခင္း၊ မဲေပးျခင္း စသည္မ်ားကိုလုပ္နိုင္သည္။ လႊတ္ေတာ္ဥကၠ႒မွ တာ၀န္ ေပးပါက ေရးရာေကာ္မတီမ်ားတြင္ ပါ၀င္ေဆာင္ရြက္ခြင့္ရိွသည္။ ဒါဆိုလွ်င္ ေရြးေကာက္ခံအမတ္ေတြနဲ႔ အားလံုး အတူတူပဲဟုေတာ့ ေျပာ၍မရေပ။ အဓိကကြာျခားခ်က္မွာ ေရြးေကာက္ခံအမတ္မ်ားကို အလုပ္ခန္႔လိုက္သူ Boss မွာ မဲဆႏၵရွင္ျပည္သူ လူထုျဖစ္ျပီး ၂၅ ရာခိုင္ႏႈန္းေသာ တပ္မေတာ္သားကိုယ္စားလွယ္မ်ားကို လႊတ္ေတာ္ထဲသို႔ ပို႔လိုက္သူ Boss မွာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ျဖစ္ေနျခင္းက အဓိကကြာျခားခ်က္ျဖစ္သည္။ အဂၤလိပ္ စကားပံုတြင္ He who pays the piper call the tune ဟူေသာ စကားပံုရိွ၏။ ဆိုလိုရင္းမွာ ေငြေပးေသာ အလုပ္ရွင္ အလိုက်၊ သူနားေထာင္ခ်င္ေသာ ေတးဂီတသံစဥ္ကို ပေလြသမားက မႈတ္ျပရေပမည္ (အလုပ္ရွင္ အလိုက် အလုပ္သမားကလုပ္ျပရမည္)ဟူသည့္ သေဘာျဖစ္သည္။ လႊတ္ေတာ္ထဲသို႔ တပ္မေတာ္သား ကိုယ္ စားလွယ္မ်ားေရာက္လာျခင္းမွာ ျပည္သူလူထုက မဲေပးေရြးခ်ယ္လိုက္ေသာေၾကာင့္မဟုတ္၊ တပ္ခ်ဳပ္က ေရြးခ်ယ္ခန္႔ထားေစလႊတ္လိုက္ေသာေၾကာင့္သာျဖစ္သည္။ ထိုတပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား သည္လည္း မဲဆႏၵရွင္ျပည္သူလူထုအား သူတို႔လႊတ္ေတာ္ထဲသို႔ေရာက္လွ်င္ ဘာေတြေတာ့လုပ္ပါ့မည္၊ ဘာေတြ ေတာ့မလုပ္ပါဟုလည္း ကတိစကားေပးထားျခင္းမရိွေပ။ ထို႔ေၾကာင့္ သူတို႔သည္ တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္ကိုသာ သစၥာခံကာ တပ္ခ်ဳပ္၏သေဘာထား ညႊန္ၾကားခ်က္အတိုင္းသာ အလုပ္လုပ္မည္ျဖစ္သည္။ ဤအခ်က္သည္ ေရြးေကာက္ခံကိုယ္စားလွယ္မ်ားနွင့္ အဓိကျခားနားခ်က္ ျဖစ္သည္။တပ္ခ်ဳပ္က ဘာေတြညႊန္ ၾကားလိုက္သည္ဆိုတာလဲ ျပည္သူလူထုက သိနိုင္ခြင့္မရိွေခ်။ အမွန္စင္စစ္ ထို ၁၆၆ ဦးေသာ တပ္ကိုယ္စား လွယ္မ်ားမွာ တပ္ခ်ဳပ္၏ ကိုယ္စားလွယ္မ်ားသာျဖစ္သည္။ ၁၆၆ မဲကိုကိုင္ကာ တပ္ခ်ဳပ္တေယာက္တည္း ျပည္ေထာင္စုလႊတ္ေတာ္မွာ လာထိုင္ေနလွ်င္ပင္ ကိစၥျပတ္နိုင္ေပ၏။ သို႔မဟုတ္ အားလံုးကိုယ္စားကိုယ္စား လွယ္တေယာက္လာလွ်င္ပင္ ကိစၥျပီးနိုင္၏။

၂၀၀၈ ဖဲြ႕စည္းပံုအေျခခံဥပေဒအရ ထိုတပ္မေတာ္သားလႊတ္ေတာ္ကိုယ္စားလွယ္ ၁၆၆ ဦး၏ သေဘာတူညီ ခ်က္ေထာက္ခံမဲမပါဘဲ ေဆာင္ရြက္နိုင္ေသာ ဥပေဒပုဒ္မမ်ားနွင့္ ထို ၁၆၆ ဦး၏ သေဘာတူေထာက္ခံခ်က္မပါ ဘဲ ေဆာင္ရြက္ခြင့္မရိွေသာ ပုဒ္မမ်ားဟူ၍ နွစ္ပိုင္းပိုင္းနိုင္၏။ ထို ၁၆၆ ဦး သေဘာတူမွအတည္ျဖစ္လာနိုင္ေသာ ဥပေဒမ်ားမွာ ဖဲြ႕စည္းပံုအေျခခံဥပေဒကိုျပင္ဆင္ရန္ ၾကိဳးစားေသာပုဒ္မအားလံုးျဖစ္သည္။ အခ်ဳိ႕ပုဒ္မမ်ားမွာ လႊတ္ေတာ္မွ ၇၅ ရာခိုင္ႏႈန္းေက်ာ္ သေဘာတူရံုနွင့္မျပီး ျပည္လံုးကြ်တ္ဆႏၵခံယူပဲြပင္ က်င္းပရေပဦးမည္။ သို႔ေသာ္ တပ္မေတာ္သား ၁၆၆ ေယာက္သေဘာတူသည္ျဖစ္ေစ၊ သေဘာမတူသည္ျဖစ္ေစ အျခား ေရြးေကာက္ခံအမတ္အမ်ားစု သေဘာတူညီခ်က္ ၅၀ ရာခိုင္ႏႈန္းေက်ာ္ျဖင့္ ေဆာင္ရြက္နိုင္ေသာ ကိစၥမ်ားလည္း မ်ားစြာရိွ၏။ ဖဲြ႕စည္းပံုအေျခခံဥပေဒျပင္ဆင္ျခင္းမွလဲြ၍ အျခားျပ႒ာန္းမည့္ ဥပေဒဟူသမွ်သည္ ျပည္ေထာင္စု လႊတ္ေတာ္တြင္ ၅၀ ရာခိုင္နႈန္းေက်ာ္ကေထာက္ခံလွ်င္ အတည္ျဖစ္ေပသည္။ ထိုသို႔ ျပဳက်င့္နိုင္ေၾကာင္းကို ၂၀၀၈ ဖဲြ႕စည္းပံုအေျခခံဥပေဒပုဒ္မ ၈၆(က)တြင္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အဆံုးအျဖတ္ျပဳရမည့္ အေၾကာင္းအရာတရပ္နွင့္စပ္လ်ဥ္း၍ မဲခဲြဆံုးျဖတ္ရာ၌ ဖဲြ႕စည္းပံုအေျခခံဥပေဒတြင္ အျခားနည္းျပ႒ာန္းထား ျခင္းမရိွလွ်င္ အစည္းအေ၀းသို႔တက္ေရာက္၍ ဆႏၵမဲေပးသည့္ျပည္ေထာင္စုလႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ မ်ားရာဆႏၵမဲျဖင့္ ဆံုးျဖတ္ရမည္ အတိအလင္းျပ႒ာန္းထားေပ၏။ ထို႔ေၾကာင့္ ရွင္းေအာင္ေျပာရလွ်င္ ဖဲြ႕စည္းပံု အေျခခံဥပေဒ စာအုပ္ၾကီးထဲတြင္ေရးသားထားေသာ ပုဒ္မေပါင္း ၄၅၇ ခုနွင့္ ဇယား ငါးခုမွလဲြလွ်င္ က်န္အသစ္ ျပ႒ာန္းမည့္ ဥပေဒမွန္သမွ်၊ အသစ္ျပ႒ာန္းမည့္ အဆိုမွန္သမွ်ကို လႊတ္ေတာ္တြင္ ထက္၀က္ေက်ာ္ဆႏၵမဲျဖင့္ ေဆာင္ရြက္နိုင္ ၏။ ဆိုလိုသည္မွာ ေနာက္ထပ္ဥပေဒျပ႒ာန္းျခင္းကိစၥ၊ အဆိုျပဳျခင္းကိစၥတြင္ ၂၅ ရာခိုင္ႏႈန္း ေသာ တပ္မေတာ္သားကိုယ္စားလွယ္မ်ား သေဘာမတူလည္း ဥပေဒျပဳခြင့္ရိွေနသည္ဆိုေသာ အခ်က္ျဖစ္ သည္။

သို႔ေသာ္ ဖဲြ႕စည္းပံုအေျခခံဥပေဒကိုျပင္ဆင္ေသာကိစၥမွန္သမွ် ၂၅ ရာခိုင္ႏႈန္းေသာ တပ္မေတာ္သား ၁၆၆ ဦး မပါဘဲ လုပ္၍မရေပ။ နာမည္ေက်ာ္ ၄၃၆၊ ၅၉(စ) စသည္မ်ားမွာလည္း တပ္မေတာ္သားလႊတ္ေတာ္ကိုယ္စား လွယ္မ်ား၏ဆႏၵက အခရာျဖစ္သည္။ သို႔ေသာ္ လႊတ္ေတာ္ သက္တမ္းငါးႏွစ္အတြင္း ဥပေဒေပါင္းမ်ားစြာကို ျပဳရမည္ျဖစ္ရာ အသစ္ျပဳစုေသာဥပေဒမ်ားမွာ သာမန္အားျဖင့္ ထက္၀က္ေက်ာ္ဆႏၵမဲျဖင့္ ျပ႒ာန္းႏိုင္ေသာ ေၾကာင့္ ၁၆၆ ဦးမွာ ကန္႔ကြက္ပိုင္ခြင့္ရိွမည္မဟုတ္ေပ (ဥပမာ လတ္တေလာ ျပည္သူ႔လႊတ္ေတာ္တြင္ မဲခဲြ ဆံုးျဖတ္ခဲ့ေသာ ပုလဲျမိဳ႕နယ္ ျပည္သူ႔လႊတ္ေတာ္မဲဆႏၵနယ္မွ လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚခင္စန္းလိႈင္၏ အေရးၾကီးအဆိုကို တပ္မေတာ္သားလႊတ္ေတာ္အမတ္မ်ားအားလံုး ကန္႔ကြက္လင့္ကစား အတည္ျပဳႏိုင္ခဲ့ သည္)။ ထို႔ေၾကာင့္ နွစ္စဥ္ျပ႒ာန္းရေသာ ဘတ္ဂ်က္ဥပေဒမ်ားတြင္ လႊတ္ေတာ္၏ ေရြးေကာက္ခံကိုယ္စား လွယ္မ်ား၏အာဏာသည္သာ အဆံုးအျဖတ္ျဖစ္မည္ျဖစ္သည္။

တပ္မေတာ္သားမ်ားသည္ အဘယ့္ေၾကာင့္ လႊတ္ေတာ္အတြင္းရိွ ေနရပါသနည္းဟုေမးလွ်င္ အေၾကာင္းအမ်ဳိး မ်ဳိးျပ၍ တပ္မေတာ္ဘက္မွ ေျဖဆိုေပမည္။ တပ္မေတာ္သည္ လြတ္လပ္ေရးနွင့္အတူေပါက္ဖြားလာ၍၊ ဒို႔တာ၀န္ အေရးသံုးပါးကို ကာကြယ္လို၍၊ ဖဲြ႕စည္းပံုအေျခခံဥပေဒက ခြင့္ျပဳထား၍၊ အင္ဒိုနီးရွားတပ္မေတာ္ကို အတုယူ၍၊ နိုင္ငံေရးသမားမ်ား ထင္ရာစိုင္းမွာစိုး၍၊ လက္နက္ကိုင္အဖဲြ႕မ်ားနွင့္ ျငိမ္းခ်မ္းေရးမရေသး၍ စသည္ျဖင့္ လူၾကား ေကာင္းေသာအေျဖေပါင္း ေထာင္ေသာင္းခီ်၍ ရိွနိုင္ပါသည္။ ယခင္က စစ္အစိုးရရာနႈန္းျပည့္အုပ္ခ်ဳပ္သည့္စနစ္ မွ စစ္တပ္ပါ၀င္မႈ ၂၅ ရာခိုင္ႏႈန္းသာရိွေတာ့ျခင္းသည္ တိုးတက္လာမႈဟု ေျပာခ်င္လည္းေျပာနိုင္ပါသည္။ ျမန္မာ နိုင္ငံတြင္ သိသာေသာေျပာင္းလဲ တိုးတက္မႈမွာ ဗိုလ္ခ်ဳပ္မွဴးၾကီးေစာေမာင္နွင့္ ဗိုလ္ခ်ဳပ္မွဴးၾကီးသန္းေရႊအုပ္ခ်ဳပ္ခဲ့ သည့္ စစ္အစိုးရလက္ထက္ကထက္ ဗိုလ္ခ်ဳပ္မွဴးၾကီးမင္းေအာင္လိႈင္ တပ္ခ်ဳပ္အျဖစ္ေဆာင္ရြက္ေသာ ငါးနွစ္တာ ကာလတြင္ ျမန္မာနိုင္ငံသည္ ပိုမို၍ဖံြ႕ျဖိဳးတိုးတက္ခဲ့ပါသည္။

ထိုအခ်က္မွာ ဘာကိုျပေနသလဲဆိုလွ်င္ နိုင္ငံေရး၊ အုပ္ခ်ဳပ္ေရး၊ ဥပေဒျပဳေရးနွင့္ တရားစီရင္ေရးတြင္ တပ္မေတာ္ပါ၀င္မႈ ေလ်ာ့က်သြားသည္နွင့္ နိုင္ငံ၏ဖံြ႕ျဖိဳးတိုးတက္မႈျမင့္လာသည္ဆိုေသာ သေဘာျဖစ္သည္။ တိုင္းျပည္၏ တိုးတက္ဖံြ႕ျဖိဳးမႈနွင့္ တပ္မေတာ္ပါ၀င္မႈသည္ ေျပာင္းျပန္အခ်ဳိးက်ေနသည့္သေဘာျဖစ္သည္။ ၁၀၀ ရာခိုင္နႈန္းပါ၀င္ေနခိ်န္ကထက္ ၂၅ ရာခိုင္နႈန္းပါ၀င္ခိ်န္တြင္ ပို၍တိုးတက္သည္။ သို႔ဆိုလွ်င္ ၂၀ ရာခိုင္ႏႈန္း၊ ၁၀ ရာခိုင္ႏႈန္း၊ ၅ ရာခိုင္နႈန္းေလာက္သာ တပ္မေတာ္ပါ၀င္ပါက တိုင္းျပည္ပို၍တိုးတက္ထြန္းကားေပမည္။ နိုင္ငံေရး တြင္ တပ္မေတာ္သည္ သုညရာခိုင္နႈန္း (Zero Percent) သာ ပါ၀င္ခဲ့ပါလွ်င္ တိုင္းျပည္၏ တိုးတက္နႈန္းမွာ အံ့မခန္းျဖစ္ေပလိမ့္မည္ (ဖံြ႕ျဖိဳးျပီး ဒီမိုကေရစီနိုင္ငံမ်ားတြင္ စစ္တပ္၏နိုင္ငံေရးတြင္ ပါ၀င္ပါတ္သက္မႈမွာ သုည ရာခိုင္နႈန္းျဖစ္သည္)။

ယခုအခါမတတ္သာ၍ တပ္မေတာ္မွ ၂၅ ရာခိုင္ႏႈန္း၀င္ပါေနရျခင္း ျဖစ္ေကာင္းျဖစ္မည္ကို ကြ်န္ေတာ္တို႔ လက္ သင့္ခံ၍ရနိုင္၏။ သို႔ေသာ္ စစ္တပ္မွ အခိ်န္အကန္႔အသတ္မရိွ ၾကာရွည္ေလးျမင့္ နိုင္ငံေရး၌ ၀င္ပါေနျခင္းသည္ အေကာင္းထက္အဆိုးကိုမ်ားေစ၏။ စစ္တပ္က လႊတ္ေတာ္တြင္ ပါ၀င္ေနျခင္း၊ နိုင္ငံေရးတြင္ပါ၀င္ေနျခင္းကို ျပည္သူလူက သေဘာတူ ၾကည္ျဖဴသျဖင့္ လက္ခံေနျခင္းမဟုတ္ဘဲ ၂၀၀၈ အေျခခံဥပေဒတြင္ ဇြတ္ထည့္သြင္း ထားသျဖင့္သာ လက္ခံေနရျခင္းျဖစ္ေၾကာင္း တပ္မေတာ္အၾကီးအကဲမ်ားအား ေျပာလိုပါသည္ (မယံုလွ်င္ လူထု ဆႏၵခံယူပဲြလုပ္ၾကည့္နိုင္ပါသည္)။

ယခုပါ၀င္ေနေသာ တပ္မေတာ္သားလြတ္ေတာ္ ကိုယ္စားလွယ္မ်ားသည္ လည္း မတတ္သာသျဖင့္ ၀င္ပါေနရေသာကာလအတြင္း၀ယ္ ျပည္သူနွင့္ တသားတည္းျဖစ္ေအာင္ ၾကိဳးစား လွသင့္၏။ ေမးခြန္းတခု၊ အဆိုတခု၊ ဥပေဒၾကမ္းတခုတက္လာလွ်င္ နိုင္ငံေတာ္နွင့္ ျပည္သူ႔အက်ဳိးကို ဦးစြာ မူတည္ျပီး စဥ္းစားဆံုးျဖတ္ေစလိုပါသည္။ တပ္မေတာ္၊ ျမန္မာ့စီးပြားေရးဦးပိုင္လီမိတက္၊ MEC စသည့္အဖဲြ႕ အစည္းအက်ဳိးနွင့္ ျပည္သူလူထုအက်ဳိးယွဥ္လာလွ်င္ ျပည္သူလူထုအက်ဳိးကို ဦးစားေပး စဥ္းစားေစခ်င္ပါသည္။ ေျမယာတိုးခ်ဲ႕စရာလိုအပ္၍ ကေလးကစားကြင္းကို သိမ္းဆည္းမည့္ေနရာတြင္ ေဂါက္ကြင္းကိုသိမ္းဆည္း၍ ေျဖရွင္းနည္းလို မိမိနာလွ်င္နာေစ ျပည္သူလူထုမနစ္နာေစေသာနည္းလမ္းမ်ဳိးျဖင့္ ေျဖရွင္းစဥ္းစားေစလိုပါသည္။ ဥမာအျဖစ္ ေျပာျခင္းျဖစ္ျပီး တနိုင္ငံလံုးအနံွ႔ ျဖစ္ပြားေနေသာ ေျမယာသိမ္းယူမႈကိစၥမ်ား၊ လက္ပံေတာင္းေတာင္ မွ ျပႆနာမ်ား၊ ဖဲြ႕စည္းပံုအေျခခံ ဥပေဒျပင္ဆင္ေရး၊ ျငိမ္းခ်မ္းေရးေဆြးေႏြးပဲြမ်ား စသည္တို႔တြင္လည္း ဤနည္းနွင္နွင္ တိုင္းျပည္အက်ဳိး၊ လူမ်ားစုအက်ဳိးကို ၾကည့္ေစလိုပါသည္။ မိမိလက္ထဲတြင္ ေကာင္းက်ဳိး၊ ဆိုးက်ဳိးနွစ္ျဖာကို ေဆာင္ရြက္နိုင္ေသာ လုပ္ပိုင္ခြင့္မ်ားရိွေနပါသည္။ မိမိေရာက္ေနေသာေနရာသည္ သမိုင္း၀င္ လမ္းဆံုလမ္းခြ ျဖစ္ပါသည္။ လႊတ္ေတာ္အတြင္းနွင့္ အစိုးရအဖဲြ႕အတြင္းေရာက္ရိွေနေသာ မိမိတို႔ ၂၅ ရာခိုင္ႏႈန္း ေသာ အစုအဖဲြ႕သည္ အစိတ္သားေတြလား အဆိပ္သားေတြလားဆိုေသာေမးခြန္းကို မိမိတို႔လုပ္ရပ္ကသာ သမိုင္းတြင္ ခ်န္ထားခဲ့ႏိုင္မည္ျဖစ္ပါေၾကာင္း ေစတနာေကာင္းျဖင့္ တင္ျပရပါသည္။

သရ၀ဏ္(ျပည္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal/

.........................................


၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ တွင် အသက်ဝင်လာသော မြန်မာနိုင်ငံ၏ လွှတ်တော်အသီးသီးတွင် ရွေးကောက်ခံမဟုတ်သော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အလိုအလျောက်ပါ၀င်လာသည့် အချိန်မှစ၍ အစိတ်သားဆိုသော အခေါ်အဝေါ်နိုင်ငံရေးနယ်ပယ်ထဲသို့ စတင်ဝင်ရောက်လာသည်။ အစိတ်သား ဆိုသည်မှာ ဈေးရောင်းဈေးဝယ်တွင်သာခေါ်ဝေါ်ကြသော မြန်မာ့ရိုးရာအခြင်အတွယ်ဖြစ်သည်။ တပိဿာတွင် ကျပ် ၁၀၀ သားရှိသဖြင့် လေးပုံတပုံသော ၂၅ ကျပ်သားကို အစိတ်သား (တပိဿာ၏လေးပုံတပုံ)ဟု အမှတ် သညာပြုကာ ခေါ်ဝေါ် ခြင်းဖြစ်သည်။ ယခင်က မြန်မာနိုင်ငံတွင် ငွေအကြွေစေ့များအသုံးပြုသည့် ခေတ်အခါက ငွေတကျပ်တွင် ပြား ၁၀၀ ရှိသည်။ တကျပ်၏လေးပုံတပုံ ၂၅ ပြားကို တမတ်ဟုခေါ်၏။ ထို့ကြောင့် မတ်စေ့ဟူ သည်မှာ ၂၅ ပြား စေ့၊ တမတ်သားဆိုသည်မှာ လေးပုံတပုံဟု နားလည်ကြသည်။ အစိတ်သားကိုတော့ ဈေး သည်လောကတွင် ပိုသုံးကြသည်။ လေးပုံတပုံဟူသည့် သဘောပင်ဖြစ်သည်။ ၂၅ ရာခိုင်နှုန်းကိုပင် ပြောသည်။

အဆိပ်သားဆိုရာတွင် အဓိပ္ပာယ်ပြောင်းသွားသည်။ အဆိပ် (Poison)ဆိုသည်မှာ လူသတ်လက်နက်၊ သတ္တဝါ များကို သတ်ဖြတ်သည့်ကိရိယာဖြစ်ပြီး ယေဘုယျအားဖြင့် မကောင်းသောအနက်ကိုဆောင်သည်။ အဆိပ်ဆို သည်နှင့် သူတပါးကို ကောင်းကျိုးမပေးသည့်ကြားခံပစ္စည်းဟု မြင်လေ့ရှိသည်။ မြန်မာရာဇဝင်တွင်လည်း နန်းလု ချင်သောအခါ (သို့မဟုတ်)လက်စားချေချင်သောအခါ အဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခြင်းများ မရေတွက်နိုင် အောင်ရှိခဲ့ဖူးသည်။ ပုဂံခေတ်က မိဖုရားစောလုံသည် နရသီဟပတေ့မင်း စားတော်ခေါ်မည့်စားတော်ပွဲတွင် အဆိပ်ထည့်၍ ဆက်ကပ်ခဲ့ဖူးသည်။ သို့သော် မင်းကြီးသိသွားသဖြင့် လုပ်ကြံမှုမအောင်မြင်ဘဲ မိဖုရားစောလုံ ကွပ်မျက်ခံရသည်။ ထိုဘုရင် နရသီဟပတေ့မင်းပင် တရုတ်တို့ရန်မှထွက်ပြေးတိမ်းရှောင်ရင်း ပြည်မြို့သို့ရောက် ရာ သားတော်ပြည်မြို့စားက အဆိပ်နဲ့ဓား ကြိုက်ရာရွေးဟု အနိုင်အထက်ပြုမူသောကြောင့် အဆိပ်ခတ်ထား သော ထမင်းဟင်းများကိုစားကာ နတ်ရွာစံကံတော်ကုန်တော်မူပေသည်။ အင်းဝခေတ်ကလည်း ဘုရင်မ ရှင်စောပုသည် အင်းဝမှ အတူထွက်ပြေးလာခဲ့သော မွန်ရဟန်းတော်နှစ်ပါးဖြစ်သည့် အရှင်ဓမ္မဓရနှင့် အရှင်ဓမ္မ ဉာဏတို့ကို လူဝတ်လဲစေကာ အသီးသီးမြှောက်စားထားတော်မူသော် ဦးဓမ္မဓရ(နောင်တွင် ဓမ္မစေတီမင်းဖြစ် မည့်သူ) က ငယ်သူငယ်ချင်းရဟန်းပြုဖက် ဓမ္မဉာဏကိုယ်တော်လူထွက်ကို အဆိပ်ဖြင့် လုပ်ကြံသတ်ဖြတ်ခဲ့၏။ ထို့အပြင် ဓမ္မစေတီမင်းအလောင်းဖြစ်သော ရဟန်းလူထွက်ကြီးသည် နန်းညွန့်နန်းလျာဖြစ်သော ဘုရင်မ ရှင်စောပု၏သမက်တော် ပုသိမ်စားဗညားအိမ်ကို ရှင်စောပုနှင့်ပေါင်း၍ အဆိပ်ခတ်လုပ်ကြံရုံမက ဗညားအိမ်၏ ကြင်ယာတော် ၀ိဟာရဒေဝီကိုပင် သိမ်းပိုက်လေသည်။ ဤသို့ဖြင့် မြန်မာ့ရာဇဝင်တွင် အဆိပ်မှာ မကောင်းသော နေရာမှ ပါ၀င်အသုံးတော်ခံခဲ့လေသည်။ မျက်မှောက်ခေတ်တွင်ပင် မိမိကိုယ်ကိုယ်အဆုံးစီရင်ရာ၌ အင်ဒလင်း စသော အဆိပ်များကိုသောက်သုံး၍ ကိုယ့်ကိုယ်ကိုယ် သတ်သေတတ်ကြ၏။ ရွှေတူးရာတွင်သုံးသော အဆိပ် သည် အလွန်ပြင်းထန်သဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးသမားများက ကန့်ကွက်နေကြသည်။ တိရစ္ဆာန်များကိုသတ်ရာတွင်လည်း အဆိပ်ကို သုံးကြသေးသည်။ အဆိပ်ခတ်ထားသော အသားကို အဆိပ် သားဟုပင် ခေါ်ရပေမည်။ ထို့ကြောင့် အဆိပ်သားသည် မကောင်းသောသဘော၊ ရန်လိုသည့်သဘော၊ သူတပါးအား အကောက်ကြံသည့်သဘောတို့ဖြင့် ပြည့်နှက်ဘိ၏။

ဤသို့လျှင် အစိတ်သားနှင့်အဆိပ်သားသည် အဓိပ္ပာယ်ကွဲပြားပေ၏။ အသံထွက်ကတော့ ခပ်ဆင်ဆင်ဖြစ် သည်။ စလုံးနှင့် ဆလိမ်သာ ကွာခြားပေ၏။ အသံအဖိအဖော့တော့ ကွာခြားပေသည်။ မြန်မာ့နိုင်ငံရေးတွင် လွှတ်တော်နှစ်ရပ်ရှိရာ တခုကို ပြည်သူ့လွှတ်တော်ဟုခေါ်၏။ နောက်တခုကို အမျိုးသားလွှတ်တော်ဟုခေါ်၏။ ပြည်သူ့လွှတ်တော်တွင် ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်အမတ်ဦးရေ ၃၃၀ ထက်မပိုသော ကိုယ်စားလှယ် များဖြင့် ဖွဲ့စည်းထား၏။ ရှိရမည့် လူဦးရေပေါင်းကို ၄၄၀ ဟု သတ်မှတ်ထားပြီး ထို ၄၄၀ ၏ လေးပုံတပုံ (သို့မဟုတ်) ၄၄၀ ၏ ၂၅ ရာခိုင်နှုန်း(၀ါ) ၄၄၀ ၏ အစိတ်သားမှာ လူ ၁၁၀ ရှိမည်ဖြစ်သည်။ ထိုအစိတ်သား ၁၁၀ သည် ရွေးကောက်ပွဲဝင်စရာမလို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှ တိုက်ရိုက်ခန့်အပ်စေလွှတ်သည်။

ထို့အတူပင် အမျိုးသားလွှတ်တော်သည် အများဆုံးလူဦးရေ ၂၂၄ ဦးဖြင့် ဖွဲ့စည်းထားသည်ဖြစ်ရာ ၂၂၄ ဦး၏ လေးပုံတပုံ (သို့မဟုတ်) ၂၂၄ ဦး၏ ၂၅ ရာခိုင်နှုန်း(၀ါ) ၂၂၄ ဦး၏ အစိတ်သားမှာ လူ ၅၆ ဦးရှိမည် ဖြစ်သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် နှစ်ခုပေါင်းကို ပြည်ထောင်စုလွှတ်တော်ဟုခေါ်ခြင်းဖြစ်ရာ ပြည် ထောင်စုလွှတ်တော်တွင် ဖွဲ့စည်းပုံအပြည့်ဆိုလျှင် လူပေါင်း ၆၆၄ ဦး ပါ၀င်မည်ဖြစ်သည်။
ရွေးကောက်ပွဲမလုပ်နိုင်သဖြင့် ငါးနေရာမှဆယ်နေရာအထိ ပြည်သူ့ကိုယ်စားလှယ်များကတော့ အမြဲလစ်လပ်နေ မည်ဖြစ်သည်။ သို့သော် တပ်မတော်သားကိုယ်စားလှယ်များကတော့ သူတို့၏ ခွဲတမ်းအစိတ်သားကို တင်းပြည့် ကျပ်ပြည့်ယူလေ့ရှိသဖြင့် ပြည်ထောင်စုလွှတ်တော်တွင် ၆၆၄ ဦးနှုန်းအပြည့်၏ ၂၅ ရာခိုင်နှုန်း ၁၆၆ ဦးကတော့ ပြည်ထောင်စုလွှတ်တော်သို့ စေလွှတ်ကြမည်ဖြစ်ပေသည်။

ထို့ကြောင့် ပြည်ထောင်စုလွှတ်တော်တွင် အစိတ်သား ၁၆၆ဦး ကတော့ အင်အားအပြည့်နှင့် ရောက်နေရှိနေ မည်ဖြစ်သည်။ ထို့ကြောင့် လွှတ်တော်နှစ်ရပ်ပေါင်း၏ ၂၅ ရာခိုင်နှုန်းဟုပြောလျှင် တပ်မတော်သား ကိုယ်စား လှယ် ၁၆၆ ယောက်ကို ဆိုလိုခြင်းဖြစ်သည်။ ထို ၁၆၆ ယောက်၏ တာဝန်နှင့်လုပ်ပိုင်ခွင့်များမှာ ဘာတွေဖြစ် သည်။ သူတို့ ဘာတွေလုပ်နိုင်သည်၊ ဘာတွေမလုပ်နိုင်ဘူးဆိုတာသိထားလျှင် ကောင်းမည်ဖြစ်သည်။

လွှတ်တော်အတွင်းသို့ရောက်ရှိနေသော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း၏တာဝန်မှာ ရွေးကောက်ခံလွှတ်တော်အမတ်များနှင့် အတူတူပင်ဖြစ်သည်။ သူတို့တွင် ဥပဒေပြုခွင့်အာဏာရှိသည် (ဥပဒေ ကြမ်းတရပ်ကို လွှတ်တော်သို့ တင်သွင်းနိုင်သည်)၊ လွှတ်တော်တွင် မေးခွန်းများ မေးမြန်းနိုင်သည်။ လွှတ်တော် တွင် အဆိုများတင်သွင်းနိုင်သည်၊ သူများတင်သွင်းသော ဥပဒေကြမ်း၊ မေးခွန်းနှင့်အဆိုများကို ထောက်ခံခြင်း၊ ကန့်ကွက်ခြင်း၊ ဆွေးနွေးခြင်း၊ ကြားနေခြင်း၊ မဲပေးခြင်း စသည်များကိုလုပ်နိုင်သည်။ လွှတ်တော်ဥက္ကဋ္ဌမှ တာဝန် ပေးပါက ရေးရာကော်မတီများတွင် ပါ၀င်ဆောင်ရွက်ခွင့်ရှိသည်။ ဒါဆိုလျှင် ရွေးကောက်ခံအမတ်တွေနဲ့ အားလုံး အတူတူပဲဟုတော့ ပြော၍မရပေ။ အဓိကကွာခြားချက်မှာ ရွေးကောက်ခံအမတ်များကို အလုပ်ခန့်လိုက်သူ Boss မှာ မဲဆန္ဒရှင်ပြည်သူ လူထုဖြစ်ပြီး ၂၅ ရာခိုင်နှုန်းသော တပ်မတော်သားကိုယ်စားလှယ်များကို လွှတ်တော်ထဲသို့ ပို့လိုက်သူ Boss မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဖြစ်နေခြင်းက အဓိကကွာခြားချက်ဖြစ်သည်။ အင်္ဂလိပ် စကားပုံတွင် He who pays the piper call the tune ဟူသော စကားပုံရှိ၏။ ဆိုလိုရင်းမှာ ငွေပေးသော အလုပ်ရှင် အလိုကျ၊ သူနားထောင်ချင်သော တေးဂီတသံစဉ်ကို ပလွေသမားက မှုတ်ပြရပေမည် (အလုပ်ရှင် အလိုကျ အလုပ်သမားကလုပ်ပြရမည်)ဟူသည့် သဘောဖြစ်သည်။ လွှတ်တော်ထဲသို့ တပ်မတော်သား ကိုယ် စားလှယ်များရောက်လာခြင်းမှာ ပြည်သူလူထုက မဲပေးရွေးချယ်လိုက်သောကြောင့်မဟုတ်၊ တပ်ချုပ်က ရွေးချယ်ခန့်ထားစေလွှတ်လိုက်သောကြောင့်သာဖြစ်သည်။ ထိုတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ သည်လည်း မဲဆန္ဒရှင်ပြည်သူလူထုအား သူတို့လွှတ်တော်ထဲသို့ရောက်လျှင် ဘာတွေတော့လုပ်ပါ့မည်၊ ဘာတွေ တော့မလုပ်ပါဟုလည်း ကတိစကားပေးထားခြင်းမရှိပေ။ ထို့ကြောင့် သူတို့သည် တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်ကိုသာ သစ္စာခံကာ တပ်ချုပ်၏သဘောထား ညွှန်ကြားချက်အတိုင်းသာ အလုပ်လုပ်မည်ဖြစ်သည်။ ဤအချက်သည် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အဓိကခြားနားချက် ဖြစ်သည်။တပ်ချုပ်က ဘာတွေညွှန် ကြားလိုက်သည်ဆိုတာလဲ ပြည်သူလူထုက သိနိုင်ခွင့်မရှိချေ။ အမှန်စင်စစ် ထို ၁၆၆ ဦးသော တပ်ကိုယ်စား လှယ်များမှာ တပ်ချုပ်၏ ကိုယ်စားလှယ်များသာဖြစ်သည်။ ၁၆၆ မဲကိုကိုင်ကာ တပ်ချုပ်တယောက်တည်း ပြည်ထောင်စုလွှတ်တော်မှာ လာထိုင်နေလျှင်ပင် ကိစ္စပြတ်နိုင်ပေ၏။ သို့မဟုတ် အားလုံးကိုယ်စားကိုယ်စား လှယ်တယောက်လာလျှင်ပင် ကိစ္စပြီးနိုင်၏။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ထိုတပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၆ ဦး၏ သဘောတူညီ ချက်ထောက်ခံမဲမပါဘဲ ဆောင်ရွက်နိုင်သော ဥပဒေပုဒ်မများနှင့် ထို ၁၆၆ ဦး၏ သဘောတူထောက်ခံချက်မပါ ဘဲ ဆောင်ရွက်ခွင့်မရှိသော ပုဒ်မများဟူ၍ နှစ်ပိုင်းပိုင်းနိုင်၏။ ထို ၁၆၆ ဦး သဘောတူမှအတည်ဖြစ်လာနိုင်သော ဥပဒေများမှာ ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရန် ကြိုးစားသောပုဒ်မအားလုံးဖြစ်သည်။ အချို့ပုဒ်မများမှာ လွှတ်တော်မှ ရ၅ ရာခိုင်နှုန်းကျော် သဘောတူရုံနှင့်မပြီး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲပင် ကျင်းပရပေဦးမည်။ သို့သော် တပ်မတော်သား ၁၆၆ ယောက်သဘောတူသည်ဖြစ်စေ၊ သဘောမတူသည်ဖြစ်စေ အခြား ရွေးကောက်ခံအမတ်အများစု သဘောတူညီချက် ၅၀ ရာခိုင်နှုန်းကျော်ဖြင့် ဆောင်ရွက်နိုင်သော ကိစ္စများလည်း များစွာရှိ၏။ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်းမှလွဲ၍ အခြားပြဋ္ဌာန်းမည့် ဥပဒေဟူသမျှသည် ပြည်ထောင်စု လွှတ်တော်တွင် ၅၀ ရာခိုင်နှုန်းကျော်ကထောက်ခံလျှင် အတည်ဖြစ်ပေသည်။ ထိုသို့ ပြုကျင့်နိုင်ကြောင်းကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၈၆(က)တွင် ပြည်ထောင်စုလွှတ်တော်တွင် အဆုံးအဖြတ်ပြုရမည့် အကြောင်းအရာတရပ်နှင့်စပ်လျဉ်း၍ မဲခွဲဆုံးဖြတ်ရာ၌ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် အခြားနည်းပြဋ္ဌာန်းထား ခြင်းမရှိလျှင် အစည်းအဝေးသို့တက်ရောက်၍ ဆန္ဒမဲပေးသည့်ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ များရာဆန္ဒမဲဖြင့် ဆုံးဖြတ်ရမည် အတိအလင်းပြဋ္ဌာန်းထားပေ၏။ ထို့ကြောင့် ရှင်းအောင်ပြောရလျှင် ဖွဲ့စည်းပုံ အခြေခံဥပဒေ စာအုပ်ကြီးထဲတွင်ရေးသားထားသော ပုဒ်မပေါင်း ၄၅၇ ခုနှင့် ဇယား ငါးခုမှလွဲလျှင် ကျန်အသစ် ပြဋ္ဌာန်းမည့် ဥပဒေမှန်သမျှ၊ အသစ်ပြဋ္ဌာန်းမည့် အဆိုမှန်သမျှကို လွှတ်တော်တွင် ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ဆောင်ရွက်နိုင် ၏။ ဆိုလိုသည်မှာ နောက်ထပ်ဥပဒေပြဋ္ဌာန်းခြင်းကိစ္စ၊ အဆိုပြုခြင်းကိစ္စတွင် ၂၅ ရာခိုင်နှုန်း သော တပ်မတော်သားကိုယ်စားလှယ်များ သဘောမတူလည်း ဥပဒေပြုခွင့်ရှိနေသည်ဆိုသော အချက်ဖြစ် သည်။

သို့သော် ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သောကိစ္စမှန်သမျှ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ၁၆၆ ဦး မပါဘဲ လုပ်၍မရပေ။ နာမည်ကျော် ၄၃၆၊ ၅၉(စ) စသည်များမှာလည်း တပ်မတော်သားလွှတ်တော်ကိုယ်စား လှယ်များ၏ဆန္ဒက အခရာဖြစ်သည်။ သို့သော် လွှတ်တော် သက်တမ်းငါးနှစ်အတွင်း ဥပဒေပေါင်းများစွာကို ပြုရမည်ဖြစ်ရာ အသစ်ပြုစုသောဥပဒေများမှာ သာမန်အားဖြင့် ထက်ဝက်ကျော်ဆန္ဒမဲဖြင့် ပြဋ္ဌာန်းနိုင်သော ကြောင့် ၁၆၆ ဦးမှာ ကန့်ကွက်ပိုင်ခွင့်ရှိမည်မဟုတ်ပေ (ဥပမာ လတ်တလော ပြည်သူ့လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ခဲ့သော ပုလဲမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်၏ အရေးကြီးအဆိုကို တပ်မတော်သားလွှတ်တော်အမတ်များအားလုံး ကန့်ကွက်လင့်ကစား အတည်ပြုနိုင်ခဲ့ သည်)။ ထို့ကြောင့် နှစ်စဉ်ပြဋ္ဌာန်းရသော ဘတ်ဂျက်ဥပဒေများတွင် လွှတ်တော်၏ ရွေးကောက်ခံကိုယ်စား လှယ်များ၏အာဏာသည်သာ အဆုံးအဖြတ်ဖြစ်မည်ဖြစ်သည်။

တပ်မတော်သားများသည် အဘယ့်ကြောင့် လွှတ်တော်အတွင်းရှိ နေရပါသနည်းဟုမေးလျှင် အကြောင်းအမျိုး မျိုးပြ၍ တပ်မတော်ဘက်မှ ဖြေဆိုပေမည်။ တပ်မတော်သည် လွတ်လပ်ရေးနှင့်အတူပေါက်ဖွားလာ၍၊ ဒို့တာဝန် အရေးသုံးပါးကို ကာကွယ်လို၍၊ ဖွဲ့စည်းပုံအခြေခံဥပဒေက ခွင့်ပြုထား၍၊ အင်ဒိုနီးရှားတပ်မတော်ကို အတုယူ၍၊ နိုင်ငံရေးသမားများ ထင်ရာစိုင်းမှာစိုး၍၊ လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေးမရသေး၍ စသည်ဖြင့် လူကြား ကောင်းသောအဖြေပေါင်း ထောင်သောင်းချီ၍ ရှိနိုင်ပါသည်။ ယခင်က စစ်အစိုးရရာနှုန်းပြည့်အုပ်ချုပ်သည့်စနစ် မှ စစ်တပ်ပါ၀င်မှု ၂၅ ရာခိုင်နှုန်းသာရှိတော့ခြင်းသည် တိုးတက်လာမှုဟု ပြောချင်လည်းပြောနိုင်ပါသည်။ မြန်မာ နိုင်ငံတွင် သိသာသောပြောင်းလဲ တိုးတက်မှုမှာ ဗိုလ်ချုပ်မှူးကြီးစောမောင်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေအုပ်ချုပ်ခဲ့ သည့် စစ်အစိုးရလက်ထက်ကထက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တပ်ချုပ်အဖြစ်ဆောင်ရွက်သော ငါးနှစ်တာ ကာလတွင် မြန်မာနိုင်ငံသည် ပိုမို၍ဖွံ့ဖြိုးတိုးတက်ခဲ့ပါသည်။

ထိုအချက်မှာ ဘာကိုပြနေသလဲဆိုလျှင် နိုင်ငံရေး၊ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးတွင် တပ်မတော်ပါ၀င်မှု လျော့ကျသွားသည်နှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုမြင့်လာသည်ဆိုသော သဘောဖြစ်သည်။ တိုင်းပြည်၏ တိုးတက်ဖွံ့ဖြိုးမှုနှင့် တပ်မတော်ပါ၀င်မှုသည် ပြောင်းပြန်အချိုးကျနေသည့်သဘောဖြစ်သည်။ ၁၀၀ ရာခိုင်နှုန်းပါ၀င်နေချိန်ကထက် ၂၅ ရာခိုင်နှုန်းပါ၀င်ချိန်တွင် ပို၍တိုးတက်သည်။ သို့ဆိုလျှင် ၂၀ ရာခိုင်နှုန်း၊ ၁၀ ရာခိုင်နှုန်း၊ ၅ ရာခိုင်နှုန်းလောက်သာ တပ်မတော်ပါ၀င်ပါက တိုင်းပြည်ပို၍တိုးတက်ထွန်းကားပေမည်။ နိုင်ငံရေး တွင် တပ်မတော်သည် သုညရာခိုင်နှုန်း (Zero Percent) သာ ပါ၀င်ခဲ့ပါလျှင် တိုင်းပြည်၏ တိုးတက်နှုန်းမှာ အံ့မခန်းဖြစ်ပေလိမ့်မည် (ဖွံ့ဖြိုးပြီး ဒီမိုကရေစီနိုင်ငံများတွင် စစ်တပ်၏နိုင်ငံရေးတွင် ပါ၀င်ပါတ်သက်မှုမှာ သုည ရာခိုင်နှုန်းဖြစ်သည်)။

ယခုအခါမတတ်သာ၍ တပ်မတော်မှ ၂၅ ရာခိုင်နှုန်းဝင်ပါနေရခြင်း ဖြစ်ကောင်းဖြစ်မည်ကို ကျွန်တော်တို့ လက် သင့်ခံ၍ရနိုင်၏။ သို့သော် စစ်တပ်မှ အချိန်အကန့်အသတ်မရှိ ကြာရှည်လေးမြင့် နိုင်ငံရေး၌ ၀င်ပါနေခြင်းသည် အကောင်းထက်အဆိုးကိုများစေ၏။ စစ်တပ်က လွှတ်တော်တွင် ပါ၀င်နေခြင်း၊ နိုင်ငံရေးတွင်ပါ၀င်နေခြင်းကို ပြည်သူလူက သဘောတူ ကြည်ဖြူသဖြင့် လက်ခံနေခြင်းမဟုတ်ဘဲ ၂၀၀၈ အခြေခံဥပဒေတွင် ဇွတ်ထည့်သွင်း ထားသဖြင့်သာ လက်ခံနေရခြင်းဖြစ်ကြောင်း တပ်မတော်အကြီးအကဲများအား ပြောလိုပါသည် (မယုံလျှင် လူထု ဆန္ဒခံယူပွဲလုပ်ကြည့်နိုင်ပါသည်)။

ယခုပါ၀င်နေသော တပ်မတော်သားလွတ်တော် ကိုယ်စားလှယ်များသည် လည်း မတတ်သာသဖြင့် ၀င်ပါနေရသောကာလအတွင်းဝယ် ပြည်သူနှင့် တသားတည်းဖြစ်အောင် ကြိုးစား လှသင့်၏။ မေးခွန်းတခု၊ အဆိုတခု၊ ဥပဒေကြမ်းတခုတက်လာလျှင် နိုင်ငံတော်နှင့် ပြည်သူ့အကျိုးကို ဦးစွာ မူတည်ပြီး စဉ်းစားဆုံးဖြတ်စေလိုပါသည်။ တပ်မတော်၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ MEC စသည့်အဖွဲ့ အစည်းအကျိုးနှင့် ပြည်သူလူထုအကျိုးယှဉ်လာလျှင် ပြည်သူလူထုအကျိုးကို ဦးစားပေး စဉ်းစားစေချင်ပါသည်။ မြေယာတိုးချဲ့စရာလိုအပ်၍ ကလေးကစားကွင်းကို သိမ်းဆည်းမည့်နေရာတွင် ဂေါက်ကွင်းကိုသိမ်းဆည်း၍ ဖြေရှင်းနည်းလို မိမိနာလျှင်နာစေ ပြည်သူလူထုမနစ်နာစေသောနည်းလမ်းမျိုးဖြင့် ဖြေရှင်းစဉ်းစားစေလိုပါသည်။ ဥမာအဖြစ် ပြောခြင်းဖြစ်ပြီး တနိုင်ငံလုံးအနှံ့ ဖြစ်ပွားနေသော မြေယာသိမ်းယူမှုကိစ္စများ၊ လက်ပံတောင်းတောင် မှ ပြဿနာများ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စသည်တို့တွင်လည်း ဤနည်းနှင်နှင် တိုင်းပြည်အကျိုး၊ လူများစုအကျိုးကို ကြည့်စေလိုပါသည်။ မိမိလက်ထဲတွင် ကောင်းကျိုး၊ ဆိုးကျိုးနှစ်ဖြာကို ဆောင်ရွက်နိုင်သော လုပ်ပိုင်ခွင့်များရှိနေပါသည်။ မိမိရောက်နေသောနေရာသည် သမိုင်းဝင် လမ်းဆုံလမ်းခွ ဖြစ်ပါသည်။ လွှတ်တော်အတွင်းနှင့် အစိုးရအဖွဲ့အတွင်းရောက်ရှိနေသော မိမိတို့ ၂၅ ရာခိုင်နှုန်း သော အစုအဖွဲ့သည် အစိတ်သားတွေလား အဆိပ်သားတွေလားဆိုသောမေးခွန်းကို မိမိတို့လုပ်ရပ်ကသာ သမိုင်းတွင် ချန်ထားခဲ့နိုင်မည်ဖြစ်ပါကြောင်း စေတနာကောင်းဖြင့် တင်ပြရပါသည်။

သရဝဏ်(ပြည်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal/
Share on Google Plus

About MP4 YoU

ကမၻာသတင္း၊ျမန္မာ့သတင္း ေပါင္းစံုကိုေရာသမေမႊေဖာ္ျပသြားမည့္
MP4 YoU (The Melting Pot For You)