Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 16, 2016

ေဒၚေအာင္ဆန္းစုၾကည္အိမ္ကို ျပင္ေပးတဲ့ ဦးထင္ေက်ာ္



ဒီေန ့က်င္းပတဲ့ သမၼတေရြးပြဲမွာ ဦးထင္ေက်ာ္ သမၼတအျဖစ္ အေရြးခ်ယ္ ခံရေၾကာင္း ျပည္ေထာင္စုလႊတ္ေတာ္နာယကက ေၾကညာလိုက္တဲ့အခါ
ေရွ ့ဆံုးတန္းခံုမွာ ထိုင္ေနတဲ ့ ေဒၚေအာင္ဆန္းစုၾကည္က ၀မ္းသာအားရ လက္ခုပ္တီးေနတဲ့ပံုုဟာ အလြန္ၾကည္ႏူးစရာေကာင္းတဲ့ ျမင္ကြင္းပါပဲ။
သူ အလြန္စိတ္ခ်တဲ့ ငယ္သူငယ္ခ်င္းကို တိုင္းျပည္အတြက္ အႀကီးအကဲ အျဖစ္ခန္႔ ့အပ္ႏုိင္လို႔ ေပ်ာ္ေနတဲ့ လူထုုေခါင္းေဆာင္ရဲ့ ရုပ္ပံုလႊာကို ၾကည့္ရင္း ေဒၚေအာင္ဆန္းစုၾကည္ရဲ ့ ေနအိမ္ကို ဦးထင္ေက်ာ္က
ျပဳျပင္ေပးခဲ့တဲ့ အေၾကာင္း အရာကို သတိရမိပါတယ္။
မၾကာခင္ကမွ အေသအခ်ာ ဖတ္ျဖစ္တဲ ့ စာေရးဆရာ မိုးဃ္းလင္း (ခ) ဖိုုးေလး ေရးတဲ့ စာအုပ္မွာ ေဖာ္ျပထားတဲ့ ျဖစ္ရပ္ပါ။ ( စာအုုပ္ကို လူႀကံဳနဲ ့ တခုုတ္တရ လက္ေဆာင္ေပးလိုက္တဲ့ ဆရာမိုးဃ္းလင္းကို အထူးေက်းဇူး တင္ေၾကာင္း ေျပာပါရေစ)။ စာအုပ္အမည္က
“ က်ဳပ္အမ အညာသား သမီး ေဒၚေအာင္ဆန္းစုုၾကည္ ”တ့ဲ။
ဒီစာအုုပ္မွာ ေဒၚေအာင္ဆန္းစုၾကည္က သူငယ္ခ်င္း လည္းျဖစ္၊
ႏိုင္ငံေရးလုပ္ေဖာ္ကိုင္ဖက္လည္း ျဖစ္သူ ဦးထင္ေက်ာ္ကို အိမ္ျပင္ဆင္ဖိုု ့အတြက္ တာ၀န္ေပးခဲ့တဲ့ အေၾကာင္း ေရးထားပါတယ္။
ေဒၚေအာင္ဆန္းစုုၾကည္ ေနအိမ္အက်ယ္ခ်ဳပ္ က်ေနစဥ္မွာ အစိုးရက အိမ္ျပင္ဆင္ခြင့္ မေပး ခဲ့ပါဘူး။ ယက္ေတာအမႈနဲ ့ ၂၀၀၉ ေမလ ၁၄ မွာ အင္းစိန္ေထာင္ကို ေျပာင္းလိုက္ေတာ့မွ အိမ္ကို ျပင္ဆင္ခြင့္ေပးတဲ့အတြက္ ဦးထင္ေက်ာ္ကို တာ၀န္ေပးတာလိုု ့ ေရးထားပါတယ္။
ယခုုလည္း ေဒၚေအာင္ဆန္းစုုၾကည္ကို သမၼတျဖစ္ခြင့္မရေအာင္ ၂၀၀၈ ဖဲြ ့စည္းပံုနဲ့ တားဆီးထားတဲ့အတြက္ တိုင္းျပည္ကို ကိုယ္တိုင္ျပဳျပင္ေျပာင္းလဲ ခြင့္မေပးတဲ့ ပံုစံမ်ဳိး ျဖစ္ေနပါတယ္။
ဒါေပမဲ့ ေဒၚေအာင္ဆန္းစုၾကည္က ဦးထင္ေက်ာ္ကို သမၼတ အျဖစ္ တာ၀န္ေပးလိုက္ႏိုင္တာေၾကာင့္ ဦးထင္ေက်ာ္ တေယာက္ေတာ့
ဒၚစုုေနအိမ္ကို ျပဳျပင္ေပးသလိုမ်ဳိး တိုင္းျပည္ကိုလည္း အေကာင္းဆံုးျဖစ္ေအာင္ ျပဳျပင္ေပးႏိုုင္ေတာ့မယ္လို ့ ေမ်ွွာ္လင့္ၿပီး ၀မ္းသာမိတာအမွန္ပါ။
ဦးထင္ေက်ာ္ကို အိမ္ျပင္ဖိုု ့ တာ၀န္ေပးတဲ့အေၾကာင္း ေဖာ္ျပထားတဲ့ ဆရာမိုးဃ္းလင္းရဲ့ စာအုပ္ထဲက စာပိုဒ္ကို ေကာက္ႏုတ္ေပးလိုက္ပါတယ္။ စာဖတ္သူမ်ား ၀မ္းေျမာက္၀မ္းသာ မုုဒိတာ ပြားႏိုင္ၾကပါေစဗ်ား။
----------- အင္းစိန္ေထာင္ထဲမွာ အမက စဥ္းစားမွာေပါ့။ သူ ့အိမ္ထဲမွာ ရွိစဥ္က အိမ္ျပင္ဆင္ခြင့္၊ ၿခံျပင္ဆင္ခြင့္ မရရွိခဲ့ဘူး။ ဒါဆိုေကာင္းၿပီ။ သူ အိမ္မွာမရွိတဲ့အခ်ိန္ဆိုရင္ ျပင္ဆင္ခြင့္ေတာ့ ရွိရမယ္။ ဘယ္ဥပေဒ နဲ ့မွ တားဆီးလို ့ မရႏိုင္ဘူး။ ဒါဆို ျပင္ဆင္ခြင့္ရဖို ့ သက္ဆိုင္ရာကိုု
ေျပာတယ္နဲ ့တူတယ္။ သက္ဆုိင္ရာက ခြင့္ျပဳတယ္နဲ ့ တူတယ္။ က်ဳပ္တို ့ကို အေၾကာင္းၾကားတယ္။ အစ္ကို ဦးထင္ေက်ာ္ ( စာေရးဆရာ တလပန္း၊ ဆရာႀကီးမင္းသု၀ဏ္ရဲ့ သား) ကို တာ၀န္ေပးတယ္။ ဒါမ်ဳိးက သူစိမ္းေတြ နဲ ့က လုပ္လို ့မျဖစ္ဘူးေလ။ အသိထဲက ရွာရမွာ။ ( NLD က ကိုဟံသာျမင့္ရဲ ့ညီ ကိုခြန္သာျမင့္ က ပိသုကာဆိုေတာ့ သူ ့ကို အလုပ္အပ္တယ္။ က်ဳပ္က ကိုဟံသာျမင့္နဲ့ပဲရင္းႏွီးတာ။ ကိုခြန္သာျမင့္နဲ ့ က မရင္းႏွီးဘူး။ )
ကိုုထင္ေက်ာ္က ကိုုခြန္သာျမင့္ကို ေခၚလာတယ္။ မိတ္ဆက္ေပးတယ္။ အိမ္ထဲ ျပင္ဆင္ရမယ့္ ေနရာေတြကို လိုက္ၾကည့္ၿပီး ဓာတ္ပံုနဲ ့ မွတ္တမ္းတင္တယ္။ ကိုခြန္သာနဲ ့အတူ အင္ဂ်င္နီယာ တေယာက္လည္း ပါလာတယ္။ က်ဳပ္က ေနရာလိုက္ျပ၊ ေသာ့ဖြင့္ေပး လုပ္ရတာေပါ့။ သူတို ့က ေပႀကိဳးနဲ ့တိုင္း ၊ ပံုၾကမ္းဆြဲ၊ တြက္ခ်က္ေပါ့ဗ်ာ။ သူတို ့ကို က်ဳပ္က ထမင္းခ်ိန္ ထမင္း၊ လက္ဘက္ ရည္နဲ ့မုန္ ့ အခ်ိန္နဲ ့စီစဥ္ေပးရတယ္။ (အဲဒီအခ်ိန္က အိမ္ထဲမွာ က်ဳပ္တေယာက္တည္း။ နီနီက ေဆးရံုမွာ။ ) အဲဒီအခ်ိန္က စၿပီး အိမ္ျပင္ဆင္ခြင့္ရခဲ့ရာမွ အခုျမင္ေတြ ့ေနရတဲ့ ေခတ္မီတဲ့ ၿခံ၀င္း က်ယ္ႀကီး ျဖစ္ေပၚလာတာပါ။ အရင္ကဆိုရင္ ၿခံစည္းရိုုး၀ါးကပ္အေဆြးနဲ ့ ျမက္ပင္ေတြ ေတာထၿပီး ေျမြေတြ ေပါခဲ့ပါတယ္။
ဇမၺဴဒီပါ၊ လက္်ာေတာင္ကၽြန္း၊ ၾသဘာနိမိတ္ထြန္း ဆိုတဲ့အတိုင္း ဓနသဟာယၿခံ၀င္းႀကီးလို ့ ပညာရွိႀကီး မ်ား က
ေခၚေ၀ၚ နိမိတ္ဖတ္ခဲ့တာေၾကာင့္လား မသိဘူး။ ဓနသဟာယႏိုင္ငံက ေခါင္း ေဆာင္ေတြ စံုညီစြာ ဒီၿခံ၀င္းႀကီးထဲ လာေရာက္ခဲ့ၾကတာ အံ့ၾသစရာပါပဲ။ ကမၻာေပၚမွာ ရွိတဲ့ တိုက္ႀကီးေျခာက္တိုက္က ထင္ရွားေက်ာ္ၾကားတဲ့ ပုဂၢိဳလ္ေတြ ေခါင္းေဆာင္ေတြလည္း မေရာက္ ဖူးတဲ့သူ မရွိပါ။ ေတာင္အေမရိကတိုက္က ကုလသမဂၢ အထူးသံတမန္ႀကီး အယ္လ္ဗာတို ဒီဆိုတို၊ ေသာမတ္စ္ အိုေဟး ကြမ္တားနားတို ့၊ အာဖရိကတိုက္က ႏိုဘယ္လ္ၿငိမ္းခ်မ္းေရးဆုရွင္ ဘုန္းေတာ္ႀကီး ဒက္စမြန္တူးတူးတို ့အျပင္၊ ေျမာက္အေမရိကတိုက္က ကေနဒါနဲ ့ အေမရိကန္ ျပည္ေထာင္စုက ေခါင္းေဆာင္မ်ား၊ ဥေရာပတိုက္က ေခါင္းေဆာင္မ်ား၊ ၾသစေတးလ်တိုက္နဲ့ နယူးဇီလန္ကေခါင္းေဆာင္မ်ား၊ အာရွတိုက္ကဆို ဂ်ပန္က စလို ့ ပါကစၥတန္က ေခါင္းေဆာင္ အဆံုး လာေရာက္ခဲ့ၾကတယ္။ ----
( က်ဳပ္အမ အညာသား သမီး ေဒၚေအာင္ဆန္းစုၾကည္ - စာမ်က္ႏွာ ၁၃၉ )

Khinmg Soe
.............
ဒေါ်အောင်ဆန်းစုကြည်အိမ်ကို ပြင်ပေးတဲ့ ဦးထင်ကျော်
ဒီနေ ့ကျင်းပတဲ့ သမ္မတရွေးပွဲမှာ ဦးထင်ကျော် သမ္မတအဖြစ် အရွေးချယ် ခံရကြောင်း ပြည်ထောင်စုလွှတ်တော်နာယကက ကြေညာလိုက်တဲ့အခါ
ရှေ ့ဆုံးတန်းခုံမှာ ထိုင်နေတဲ ့ ဒေါ်အောင်ဆန်းစုကြည်က ၀မ်းသာအားရ လက်ခုပ်တီးနေတဲ့ပုုံဟာ အလွန်ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းပါပဲ။
သူ အလွန်စိတ်ချတဲ့ ငယ်သူငယ်ချင်းကို တိုင်းပြည်အတွက် အကြီးအကဲ အဖြစ်ခန့် ့အပ်နိုင်လို့ ပျော်နေတဲ့ လူထုုခေါင်းဆောင်ရဲ့ ရုပ်ပုံလွှာကို ကြည့်ရင်း ဒေါ်အောင်ဆန်းစုကြည်ရဲ ့ နေအိမ်ကို ဦးထင်ကျော်က
ပြုပြင်ပေးခဲ့တဲ့ အကြောင်း အရာကို သတိရမိပါတယ်။
မကြာခင်ကမှ အသေအချာ ဖတ်ဖြစ်တဲ ့ စာရေးဆရာ မိုးဃ်းလင်း (ခ) ဖိုုးလေး ရေးတဲ့ စာအုပ်မှာ ဖော်ပြထားတဲ့ ဖြစ်ရပ်ပါ။ ( စာအုုပ်ကို လူကြံုနဲ ့ တခုုတ်တရ လက်ဆောင်ပေးလိုက်တဲ့ ဆရာမိုးဃ်းလင်းကို အထူးကျေးဇူး တင်ကြောင်း ပြောပါရစေ)။ စာအုပ်အမည်က
“ ကျုပ်အမ အညာသား သမီး ဒေါ်အောင်ဆန်းစုုကြည် ”တဲ့။
ဒီစာအုုပ်မှာ ဒေါ်အောင်ဆန်းစုကြည်က သူငယ်ချင်း လည်းဖြစ်၊
နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်လည်း ဖြစ်သူ ဦးထင်ကျော်ကို အိမ်ပြင်ဆင်ဖိုု ့အတွက် တာဝန်ပေးခဲ့တဲ့ အကြောင်း ရေးထားပါတယ်။
ဒေါ်အောင်ဆန်းစုုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ်မှာ အစိုးရက အိမ်ပြင်ဆင်ခွင့် မပေး ခဲ့ပါဘူး။ ယက်တောအမှုနဲ ့ ၂၀၀၉ မေလ ၁၄ မှာ အင်းစိန်ထောင်ကို ပြောင်းလိုက်တော့မှ အိမ်ကို ပြင်ဆင်ခွင့်ပေးတဲ့အတွက် ဦးထင်ကျော်ကို တာဝန်ပေးတာလိုု ့ ရေးထားပါတယ်။
ယခုုလည်း ဒေါ်အောင်ဆန်းစုုကြည်ကို သမ္မတဖြစ်ခွင့်မရအောင် ၂၀၀၈ ဖွဲ ့စည်းပုံနဲ့ တားဆီးထားတဲ့အတွက် တိုင်းပြည်ကို ကိုယ်တိုင်ပြုပြင်ပြောင်းလဲ ခွင့်မပေးတဲ့ ပုံစံမျိုး ဖြစ်နေပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က ဦးထင်ကျော်ကို သမ္မတ အဖြစ် တာဝန်ပေးလိုက်နိုင်တာကြောင့် ဦးထင်ကျော် တယောက်တော့
ဒါ်စုုနေအိမ်ကို ပြုပြင်ပေးသလိုမျိုး တိုင်းပြည်ကိုလည်း အကောင်းဆုံးဖြစ်အောင် ပြုပြင်ပေးနိုုင်တော့မယ်လို ့ မျှှော်လင့်ပြီး ၀မ်းသာမိတာအမှန်ပါ။
ဦးထင်ကျော်ကို အိမ်ပြင်ဖိုု ့ တာဝန်ပေးတဲ့အကြောင်း ဖော်ပြထားတဲ့ ဆရာမိုးဃ်းလင်းရဲ့ စာအုပ်ထဲက စာပိုဒ်ကို ကောက်နုတ်ပေးလိုက်ပါတယ်။ စာဖတ်သူများ ၀မ်းမြောက်ဝမ်းသာ မုုဒိတာ ပွားနိုင်ကြပါစေဗျား။
----------- အင်းစိန်ထောင်ထဲမှာ အမက စဉ်းစားမှာပေါ့။ သူ ့အိမ်ထဲမှာ ရှိစဉ်က အိမ်ပြင်ဆင်ခွင့်၊ ခြံပြင်ဆင်ခွင့် မရရှိခဲ့ဘူး။ ဒါဆိုကောင်းပြီ။ သူ အိမ်မှာမရှိတဲ့အချိန်ဆိုရင် ပြင်ဆင်ခွင့်တော့ ရှိရမယ်။ ဘယ်ဥပဒေ နဲ ့မှ တားဆီးလို ့ မရနိုင်ဘူး။ ဒါဆို ပြင်ဆင်ခွင့်ရဖို ့ သက်ဆိုင်ရာကိုု
ပြောတယ်နဲ ့တူတယ်။ သက်ဆိုင်ရာက ခွင့်ပြုတယ်နဲ ့ တူတယ်။ ကျုပ်တို ့ကို အကြောင်းကြားတယ်။ အစ်ကို ဦးထင်ကျော် ( စာရေးဆရာ တလပန်း၊ ဆရာကြီးမင်းသုဝဏ်ရဲ့ သား) ကို တာဝန်ပေးတယ်။ ဒါမျိုးက သူစိမ်းတွေ နဲ ့က လုပ်လို ့မဖြစ်ဘူးလေ။ အသိထဲက ရှာရမှာ။ ( NLD က ကိုဟံသာမြင့်ရဲ ့ညီ ကိုခွန်သာမြင့် က ပိသုကာဆိုတော့ သူ ့ကို အလုပ်အပ်တယ်။ ကျုပ်က ကိုဟံသာမြင့်နဲ့ပဲရင်းနှီးတာ။ ကိုခွန်သာမြင့်နဲ ့ က မရင်းနှီးဘူး။ )
ကိုုထင်ကျော်က ကိုုခွန်သာမြင့်ကို ခေါ်လာတယ်။ မိတ်ဆက်ပေးတယ်။ အိမ်ထဲ ပြင်ဆင်ရမယ့် နေရာတွေကို လိုက်ကြည့်ပြီး ဓာတ်ပုံနဲ ့ မှတ်တမ်းတင်တယ်။ ကိုခွန်သာနဲ ့အတူ အင်ဂျင်နီယာ တယောက်လည်း ပါလာတယ်။ ကျုပ်က နေရာလိုက်ပြ၊ သော့ဖွင့်ပေး လုပ်ရတာပေါ့။ သူတို ့က ပေကြိုးနဲ ့တိုင်း ၊ ပုံကြမ်းဆွဲ၊ တွက်ချက်ပေါ့ဗျာ။ သူတို ့ကို ကျုပ်က ထမင်းချိန် ထမင်း၊ လက်ဘက် ရည်နဲ ့မုန် ့ အချိန်နဲ ့စီစဉ်ပေးရတယ်။ (အဲဒီအချိန်က အိမ်ထဲမှာ ကျုပ်တယောက်တည်း။ နီနီက ဆေးရုံမှာ။ ) အဲဒီအချိန်က စပြီး အိမ်ပြင်ဆင်ခွင့်ရခဲ့ရာမှ အခုမြင်တွေ ့နေရတဲ့ ခေတ်မီတဲ့ ခြံဝင်း ကျယ်ကြီး ဖြစ်ပေါ်လာတာပါ။ အရင်ကဆိုရင် ခြံစည်းရိုုးဝါးကပ်အဆွေးနဲ ့ မြက်ပင်တွေ တောထပြီး မြွေတွေ ပေါခဲ့ပါတယ်။
ဇမ္ဗူဒီပါ၊ လက်ျာတောင်ကျွန်း၊ သြဘာနိမိတ်ထွန်း ဆိုတဲ့အတိုင်း ဓနသဟာယခြံဝင်းကြီးလို ့ ပညာရှိကြီး များ က
ခေါ်ဝေါ် နိမိတ်ဖတ်ခဲ့တာကြောင့်လား မသိဘူး။ ဓနသဟာယနိုင်ငံက ခေါင်း ဆောင်တွေ စုံညီစွာ ဒီခြံဝင်းကြီးထဲ လာရောက်ခဲ့ကြတာ အံ့သြစရာပါပဲ။ ကမ္ဘာပေါ်မှာ ရှိတဲ့ တိုက်ကြီးခြောက်တိုက်က ထင်ရှားကျော်ကြားတဲ့ ပုဂ္ဂိုလ်တွေ ခေါင်းဆောင်တွေလည်း မရောက် ဖူးတဲ့သူ မရှိပါ။ တောင်အမေရိကတိုက်က ကုလသမဂ္ဂ အထူးသံတမန်ကြီး အယ်လ်ဗာတို ဒီဆိုတို၊ သောမတ်စ် အိုဟေး ကွမ်တားနားတို ့၊ အာဖရိကတိုက်က နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဘုန်းတော်ကြီး ဒက်စမွန်တူးတူးတို ့အပြင်၊ မြောက်အမေရိကတိုက်က ကနေဒါနဲ ့ အမေရိကန် ပြည်ထောင်စုက ခေါင်းဆောင်များ၊ ဥရောပတိုက်က ခေါင်းဆောင်များ၊ သြစတေးလျတိုက်နဲ့ နယူးဇီလန်ကခေါင်းဆောင်များ၊ အာရှတိုက်ကဆို ဂျပန်က စလို ့ ပါကစ္စတန်က ခေါင်းဆောင် အဆုံး လာရောက်ခဲ့ကြတယ်။ ----
( ကျုပ်အမ အညာသား သမီး ဒေါ်အောင်ဆန်းစုကြည် - စာမျက်နှာ ၁၃၉ )

Khinmg Soe


No comments:

Post a Comment