Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 16, 2016

ေဒၚေအာင္ဆန္းစုၾကည္ကုိ "ေဖာ္ရိန္နာ" တစ္ဦးကဲ့သုိ႔သာ ျမင္ေၾကာင္း တပ္ကုိယ္စားလွယ္အဖဲြ႕ ေျပာခြင့္ရပုဂၢိဳလ္ ဗုိလ္မွဴးခ်ဳပ္တင္ဆန္းႏုိင္ ေျပာ

လႊတ္ေတာ္ရွိ တပ္မေတာ္သား ကုိယ္စားလွယ္မ်ား၏ ေျပာခြင့္ရပုဂိၢဳလ္ ဗုိလ္မွဴးခ်ဳပ္ တင္ဆန္းႏုိင္က ေဒၚေအာင္ဆန္းစုၾကည္သည္ “ေဖာ္ရိန္နာ (ႏုိင္ငံျခားသား) တစ္ဦး" ကဲ့သုိ႔ ျဖစ္ေၾကာင္း ႐ုိက္တာသတင္းဌာနသုိ႔ ေျပာၾကားသည္။ တပ္မေတာ္အေနျဖင့္ NLD ႏွင့္ မည္သုိ႔ ပူးေပါင္း ေဆာင္ရြက္ရန္ စီစဥ္ထားသနည္းဟု ႐ုိက္တာက ေမးျမန္းသည္ကုိ ေျဖၾကားစဥ္ ထုိသုိ႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ေဒၚေအာင္ဆန္းစုၾကည္အား သမၼတျဖစ္ခြင့္ ပိတ္ပင္ထားသည့္ စစ္အစုိးရ ေခတ္ အေျခခံဥပေဒကုိ ျပင္ဆင္ျခင္း ဆန္႔က်င္သည့္ စစ္တပ္၏ သေဘာထားအရ ဗုိလ္မွဴးခ်ဳပ္တင္ဆန္းႏုိင္က ထပ္မံေျပာၾကားခဲ့သည္။ ယင္းက “သူ (ေဒၚေအာင္ဆန္းစုၾကည္) ဟာ ႏုိင္ငံျခား တုိင္းျပည္တစ္ခုနဲ႔ ဆက္ႏြယ္မႈရွိတဲ့အတြက္ အေျခခံ ဥပေဒအရ သမၼတ ျဖစ္ခြင့္ မရွိပါဘူး။ ဒါက ႏုိင္ငံ လံုၿခဳံေရးအတြက္ အလြန္အေရးႀကီးၿပီး အေျခခံဥပေဒကုိ ျပင္ဆင္ဖုိ႔ မျဖစ္ႏုိင္ပါဘူး” ဟု ေျပာၾကားသည္။

ထုိမွတ္ခ်က္ကုိ NLD ေျပာခြင့္ရပုဂိၢဳလ္ ဦးေဇာ္ျမင့္ေမာင္က ကန္႔ကြက္ခဲ့ၿပီး ေဒၚေအာင္ဆန္းစုၾကည္၏ ဖခင္ ဗုိလ္ခ်ဳပ္ေအာင္ဆန္းမွာ တပ္မေတာ္ကုိ တည္ေထာင္သူတစ္ဦးျဖစ္ေၾကာင္း ေထာက္ျပေျပာၾကားခဲ့သည္။

“ဗုိလ္ခ်ဳပ္ေအာင္ဆန္းက တပ္မေတာ္ရဲ႕ ဖခင္ပါ။ ေဒၚေအာင္ဆန္းစုၾကည္ကုိ ျမန္မာႏုိင္ငံသား မိဘႏွစ္ပါးက ေမြးဖြားခဲ့တာပါ။ သူ႕ကုိ ႏုိင္ငံျခားသားတစ္ဦးလုိ႔ ေျပာတာက စိတ္မေကာင္းစရာပါပဲ” ဟု ဦးေဇာ္ျမင့္ေမာင္က ႐ုိက္တာသုိ႔ ေျပာၾကားသည္။

တပ္မေတာ္သား ကုိယ္စားလွယ္မ်ားက အဆုိျပဳခဲ့သည့္ ဒုတိယသမၼတေလာင္း ဦးျမင့္ေဆြမွာ သေဘာထားတင္းမာသူတစ္ဦး ျဖစ္သည္ဆုိေသာ ေျပာၾကားမႈမ်ားကုိ ဗုိလ္မွဴးခ်ဳပ္ တင္ဆန္းႏုိင္က ျငင္းဆုိခဲ့သည္။

ယငး္က စစ္အစုိးရေခါင္းေဆာင္ေဟာင္း ဦးသန္းေရႊႏွင့္ နီးစပ္သူတစ္ဦး ျဖစ္သည့္ ဦးျမင့္ေဆြ မွာ စစ္ေရးႏွင့္ အုပ္ခ်ဳပ္ေရး အေတြ႕အႀကဳံ ရွိသူျဖစ္သည္ဟု ေျပာၾကားသည္။ ဦးျမင့္ေဆြသည္ စစ္အစုိးရလက္ထက္တြင္ ေထာက္လွမ္းေရးတပ္ဖြဲ႕ အႀကီးအကဲအျဖစ္ တာ၀န္ ထမ္းေဆာင္ခဲ့ၿပီး အေမရိကန္အစုိးရ၏ ကန္႔သတ္အေရးယူ ခံထားသူမ်ား စာရင္းတြင္ ပါ၀င္ေနသူျဖစ္သည္။

KHTun

Ref - Reuters

The Ladies News
..................
ဒေါ်အောင်ဆန်းစုကြည်ကို "ဖော်ရိန်နာ" တစ်ဦးကဲ့သို့သာ မြင်ကြောင်း တပ်ကိုယ်စားလှယ်အဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ်တင်ဆန်းနိုင် ပြော

လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ်များ၏ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် တင်ဆန်းနိုင်က ဒေါ်အောင်ဆန်းစုကြည်သည် “ဖော်ရိန်နာ (နိုင်ငံခြားသား) တစ်ဦး" ကဲ့သို့ ဖြစ်ကြောင်း ရိုက်တာသတင်းဌာနသို့ ပြောကြားသည်။ တပ်မတော်အနေဖြင့် NLD နှင့် မည်သို့ ပူးပေါင်း ဆောင်ရွက်ရန် စီစဉ်ထားသနည်းဟု ရိုက်တာက မေးမြန်းသည်ကို ဖြေကြားစဉ် ထိုသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အား သမ္မတဖြစ်ခွင့် ပိတ်ပင်ထားသည့် စစ်အစိုးရ ခေတ် အခြေခံဥပဒေကို ပြင်ဆင်ခြင်း ဆန့်ကျင်သည့် စစ်တပ်၏ သဘောထားအရ ဗိုလ်မှူးချုပ်တင်ဆန်းနိုင်က ထပ်မံပြောကြားခဲ့သည်။ ယင်းက “သူ (ဒေါ်အောင်ဆန်းစုကြည်) ဟာ နိုင်ငံခြား တိုင်းပြည်တစ်ခုနဲ့ ဆက်နွယ်မှုရှိတဲ့အတွက် အခြေခံ ဥပဒေအရ သမ္မတ ဖြစ်ခွင့် မရှိပါဘူး။ ဒါက နိုင်ငံ လုံခြုံရေးအတွက် အလွန်အရေးကြီးပြီး အခြေခံဥပဒေကို ပြင်ဆင်ဖို့ မဖြစ်နိုင်ပါဘူး” ဟု ပြောကြားသည်။

ထိုမှတ်ချက်ကို NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်မြင့်မောင်က ကန့်ကွက်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်းမှာ တပ်မတော်ကို တည်ထောင်သူတစ်ဦးဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။

“ဗိုလ်ချုပ်အောင်ဆန်းက တပ်မတော်ရဲ့ ဖခင်ပါ။ ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာနိုင်ငံသား မိဘနှစ်ပါးက မွေးဖွားခဲ့တာပါ။ သူ့ကို နိုင်ငံခြားသားတစ်ဦးလို့ ပြောတာက စိတ်မကောင်းစရာပါပဲ” ဟု ဦးဇော်မြင့်မောင်က ရိုက်တာသို့ ပြောကြားသည်။

တပ်မတော်သား ကိုယ်စားလှယ်များက အဆိုပြုခဲ့သည့် ဒုတိယသမ္မတလောင်း ဦးမြင့်ဆွေမှာ သဘောထားတင်းမာသူတစ်ဦး ဖြစ်သည်ဆိုသော ပြောကြားမှုများကို ဗိုလ်မှူးချုပ် တင်ဆန်းနိုင်က ငြင်းဆိုခဲ့သည်။

ယငး်က စစ်အစိုးရခေါင်းဆောင်ဟောင်း ဦးသန်းရွှေနှင့် နီးစပ်သူတစ်ဦး ဖြစ်သည့် ဦးမြင့်ဆွေ မှာ စစ်ရေးနှင့် အုပ်ချုပ်ရေး အတွေ့အကြုံ ရှိသူဖြစ်သည်ဟု ပြောကြားသည်။ ဦးမြင့်ဆွေသည် စစ်အစိုးရလက်ထက်တွင် ထောက်လှမ်းရေးတပ်ဖွဲ့ အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပြီး အမေရိကန်အစိုးရ၏ ကန့်သတ်အရေးယူ ခံထားသူများ စာရင်းတွင် ပါ၀င်နေသူဖြစ်သည်။

KHTun

Ref - Reuters

The Ladies News

No comments:

Post a Comment