Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 25, 2016

တိုင္းျပည္ဘ႑ာေငြကို ေျခြတာၾကဖို႔ ေဒၚေအာင္္ဆန္းစုၾကည္မွာၾကား


(မတ္လ ၂၅ ရက္ေန႔က ဝန္ႀကီး ၁၄ ဦးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ တရားဥပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရး ေကာ္မတီအေဆာင္မွာ ေတြ႔ဆံုစဥ္) Photo: NLD Chairperson
အစိုးရသစ္ဖဲြ႔စည္းၿပီးေနာက္ ရက္ေပါင္း ၁ဝဝ အတြင္း ေဆာင္ရြက္မယ့္ ဝန္ႀကီးဌာနအလိုက္ စီမံခ်က္ေတြကို ေရးဆြဲထားၾကဖို႔နဲ႔ ဝန္ၾကီးအိမ္ေတြမွာ ထားရိွမယ့္ ပရိေဘာဂေတြအတြက္ ကုန္က်စရိတ္ကို လစာထဲကေန သံုးစဲြဖို႔ ဝန္ႀကီး ၁၄ ဦးကို ဒီေန႔ တုိက္တြန္းလိုက္ပါတယ္။

မေန႔က ျပည္ေထာင္စုလႊတ္ေတာ္မွာ အတည္ျပဳလိုက္တဲ့ ဝန္ႀကီး ၁၈ ဦးထဲက ၁၄ ဦးနဲ႔ ေဒၚေအာင္ဆန္းစုၾကည္တုိ႔ ဒီေန႔ တရားဥပေဒစိုးမိုးေရးနဲ႔ တည္ၿငိမ္ေအးခ်မ္းေရး ေကာ္မတီအေဆာင္မွာ ေတြ႔ဆံုခဲ့တာျဖစ္ပါတယ္။ ေဒၚေအာင္ဆန္းစုၾကည္ရဲ႕ မွာၾကားခ်က္ေတြကို ေတြ႔ဆံုပဲြအၿပီးမွာ သာသနာေရးနဲ႔ ယဥ္ေက်းမႈဝန္ၾကီး သူရဦးေအာင္ကို က အခုလို ေျပာပါတယ္။

ဒါ့အျပင္ သူရဦးေအာင္ကို သူ႔အေနနဲ႔ ေဆာင္ရြက္မယ့္ကိစၥေတြကို ေျပာရာမွာ သာသနာေရးနဲ႔ ပတ္သက္တာေတြဟာ တခါတေလမွာ ႏုိင္ငံေရးျဖစ္သြားတတ္ေၾကာင္းနဲ႔ အစိုးရသစ္ရဲ႕ လုပ္ငန္းေတြကို ေအာင္ျမင္ေစခ်င္သူေတြ ရွိသလို၊ မေအာင္ျမင္ေစခ်င္တဲ့ ေခတ္ေနာက္ျပန္ဆဲြခ်င္တဲ့ အဖဲြ႔အစည္းေတြ ရွိေကာင္းရွိႏုိင္ၿပီး လူမႈအဖဲြ႔အစည္းအတြင္းမွာ မၿငိမ္မသက္ျဖစ္ေအာင္ လုပ္ေဆာင္မႈေတြ ရွိလာႏုိင္တယ္လို႔ ေျပာပါတယ္။

သံဃာ့အဖဲြ႔အစည္းအဆင့္ဆင့္ေတြအျပင္ တျခားဘာသာေရး ေခါင္းေဆာင္ေတြနဲ႔ ေတြ႔ဆံုသြားမယ္လို႔ သူရဦးေအာင္ကို က ေျပာပါတယ္။
ေဒၚေအာင္ဆန္းစုၾကည္ဟာ အဂတိတရားကင္းကင္းေဆာင္ရြက္ဖို႔၊ ျမန္ျမန္ဆန္ဆန္နဲ႔တုိးတက္မႈရွိမယ့္ လုပ္ငန္းေတြကို ေဆာင္ရြက္ဖို႔လည္း မွာၾကားခဲ့ပါတယ္။

ေတြ႔ဆံုပဲြကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ခန္႔အပ္တဲ့ ကာကြယ္ေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ႀကီး စိန္ဝင္း၊ ျပည္ထဲေရးဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ၾကီး ေက်ာ္ေဆြနဲ႔ နယ္စပ္ေရးရာဝန္ႀကီး ဒုတိယဗိုလ္ခ်ဳပ္ၾကီး ရဲေအာင္တုိ႔ တက္ေရာက္ျခင္းမရွိပါဘူး။

တက္ေရာက္ခဲ့သူေတြက စိုက္ပ်ဳိးေရး၊ ေမြးျမဴေရးနဲ႔ ဆည္ေျမာင္းဝန္ႀကီး ေဒါက္တာေအာင္သူ၊ ျပန္ၾကားေရးဝန္ႀကီး ေဒါက္တာေဖျမင့္၊ အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးနဲ႔ ျပည္သူ႔အင္အားဝန္ႀကီး ဦးသိန္းေဆြ၊ တိုင္းရင္းသားေရးရာဝန္ႀကီး ဦးႏုိင္သက္လြင္၊ က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး စတဲ့ ဝန္ႀကီး ၁၄ ဦးျဖစ္ပါတယ္။

RFA Burmese
https://www.facebook.com/RFA-Burmese
.................

(မတ်လ ၂၅ ရက်နေ့က ဝန်ကြီး ၁၄ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်မှာ တွေ့ဆုံစဉ်) Photo: NLD Chairperson
အစိုးရသစ်ဖွဲ့စည်းပြီးနောက် ရက်ပေါင်း ၁ဝဝ အတွင်း ဆောင်ရွက်မယ့် ဝန်ကြီးဌာနအလိုက် စီမံချက်တွေကို ရေးဆွဲထားကြဖို့နဲ့ ဝန်ကြီးအိမ်တွေမှာ ထားရှိမယ့် ပရိဘောဂတွေအတွက် ကုန်ကျစရိတ်ကို လစာထဲကနေ သုံးစွဲဖို့ ဝန်ကြီး ၁၄ ဦးကို ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

မနေ့က ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုလိုက်တဲ့ ဝန်ကြီး ၁၈ ဦးထဲက ၁၄ ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီနေ့ တရားဥပဒေစိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး ကော်မတီအဆောင်မှာ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မှာကြားချက်တွေကို တွေ့ဆုံပွဲအပြီးမှာ သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို က အခုလို ပြောပါတယ်။

ဒါ့အပြင် သူရဦးအောင်ကို သူ့အနေနဲ့ ဆောင်ရွက်မယ့်ကိစ္စတွေကို ပြောရာမှာ သာသနာရေးနဲ့ ပတ်သက်တာတွေဟာ တခါတလေမှာ နိုင်ငံရေးဖြစ်သွားတတ်ကြောင်းနဲ့ အစိုးရသစ်ရဲ့ လုပ်ငန်းတွေကို အောင်မြင်စေချင်သူတွေ ရှိသလို၊ မအောင်မြင်စေချင်တဲ့ ခေတ်နောက်ပြန်ဆွဲချင်တဲ့ အဖွဲ့အစည်းတွေ ရှိကောင်းရှိနိုင်ပြီး လူမှုအဖွဲ့အစည်းအတွင်းမှာ မငြိမ်မသက်ဖြစ်အောင် လုပ်ဆောင်မှုတွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်။

သံဃာ့အဖွဲ့အစည်းအဆင့်ဆင့်တွေအပြင် တခြားဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံသွားမယ်လို့ သူရဦးအောင်ကို က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ အဂတိတရားကင်းကင်းဆောင်ရွက်ဖို့၊ မြန်မြန်ဆန်ဆန်နဲ့တိုးတက်မှုရှိမယ့် လုပ်ငန်းတွေကို ဆောင်ရွက်ဖို့လည်း မှာကြားခဲ့ပါတယ်။

တွေ့ဆုံပွဲကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်တဲ့ ကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနဲ့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်တို့ တက်ရောက်ခြင်းမရှိပါဘူး။

တက်ရောက်ခဲ့သူတွေက စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီး ဒေါက်တာအောင်သူ၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးသိန်းဆွေ၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုင်သက်လွင်၊ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး စတဲ့ ဝန်ကြီး ၁၄ ဦးဖြစ်ပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment