Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 2, 2016

‘ေနဝင္အိပ္တန္းတက္’ ႐ုပ္ရွင္ ဇာတ္ကားကို နာမည္ ထပ္ႀကီးဖို႔ ႐ိုက္ကူးတာ မဟုတ္ဘူး ဆိုတဲ့ ဒါရိုက္တာ ဝိုင္း

ဒါ႐ိုက္တာဝိုင္း က ခေရျဖဴထုတ္ လုပ္ေရး အတြက္ ဆရာလကၤာရည္ ေက်ာ္ ေရးသားထားတဲ့ “ေနဝင္အိပ္ တန္းတက္” ႐ုပ္ရွင္ဇာတ္ကား ကို ေျပတီဦး၊ ထြန္းအိâႏၵာဗို၊ ပိုင္ၿဖိဳးသုတို႔နဲ႔ မႏၲေလးနဲ႔ ျပင္ဦးလြင္ၿမိဳ႕က ေဆး႐ုံ ေတြမွာ သြားေရာက္ ႐ိုက္ကူးခဲ့ပါတယ္။

ဒီ႐ုပ္ရွင္ ဇာတ္ကား ကို နာ မည္ႀကီးခ်င္လို႔ ႐ိုက္ကူးတာ မဟုတ္ဘူး ဆိုတဲ့ ဒါ႐ိုက္တာဝိုင္း က “ကြၽန္ေတာ့္ ရဲ႕ အရင္ဇာတ္ကားေတြထက္စာရင္ ဒီဇာတ္ကား က ေအးတယ္။ ဒါေပမဲ့ ေအးေပမယ့္လည္း သူ႔ရဲ႕ ေပးခ်င္ တဲ့ မက္ေဆ့ခ်္က တအားေကာင္း တယ္။ ႐ုပ္ရွင္႐ုံထဲမွာ လူ ၅ဝဝ လာၾကည့္ ရင္ လူ ၅ဝဝမွာ လူ ၁ဝဝ ေလာက္ရ မယ္။ ဒီလူေတြက အေၾကာင္းအရာ တစ္ခုေတြးမိၿပီ ဆုိရင္ပဲ ဒီဇာတ္ကား ႐ိုက္ကူး ရက်ဳိးနပ္ၿပီလို႔ ထင္တယ္။ အရွင္းဆုံး ဝန္ခံရရင္ ဒီ ဇာတ္ကားကို ကြၽန္ေတာ္ နာမည္ထပ္ႀကီး ဖုိ႔လည္း ႐ိုက္ကူးတာ မဟုတ္ ဘူး။ ေငြေၾကး ေစ်းကြက္ ဆိုင္ရာ ရွာေဖြခ်င္လို႔ လည္း ထုတ္လုပ္သူက ထုတ္လုပ္ တာမဟုတ္ဘူး။

ထုတ္လုပ္သူက လည္း ေစတနာ သန္႔ သန္႔ နဲ႔ ထုတ္ လုပ္တာပါ” လို႔ ေျပာပါတယ္။ ဒီ႐ုပ္ရွင္ ဇာတ္ကား ႐ိုက္ကူးဖို႔ အတြက္ ေဆးဘက္ဆိုင္ရာ အေၾကာင္းအရာ ေတြ ကုိ ေလ့ လာ ခဲ့ရၿပီး အႏုပညာရွင္ ဆရာဝန္ တစ္ဦးျဖစ္တဲ့ ပိုင္ၿဖိဳးသုနဲ႔ တျခား ဆရာဝန္ေတြ ကလည္း ဝိုင္း ဝန္း ကူညီေပးၾကေၾကာင္း၊ ဒီဇာတ္ကား မွာ လူနာ တစ္ေယာက္ ကို စနစ္ တက် ကုသမႈေတြကိုပါ ေတြ႕ျမင္ရမွာ ျဖစ္ေၾကာင္း ဒါ႐ိုက္တာ ဝိုင္းက ေျပာ ပါတယ္။ ကိုယ္ ႐ိုက္ကူး ခဲ့ၿပီးတဲ့ ဇာတ္ကားေတြ အေပၚ ျပန္လည္ သုံးသပ္ ေလ့ရွိတဲ့ ဒါ႐ိုက္တာဝိုင္း က အခု ေနာက္ပိုင္း မွာ ျပည္သူ လူထုေတြ ကို ေကာင္းမြန္တဲ့ အသိဥာဏ္ေပးတဲ့ ဇာတ္ကားေတြကိုလည္း ႐ိုက္ကူးသင့္ တယ္လို႔ သုံးသပ္မိ လာေၾကာင္း ေျပာပါတယ္။

 “ကြၽန္ေတာ္ အရင္က ႐ိုက္ကူးခဲ့တဲ့ ဇာတ္ကားေတြကို ေလ့လာ ၾကည့္တဲ့ အခါမွာ တခ်ဳိ႕မက္ေဆ့ခ်္ အမွားေတြ ေပးတာမ်ဳိး သြားေတြ႕ တယ္။ အခုေနာက္ပိုင္း မွာ လုပ္တဲ့ အႏုပညာကို ဆန္းစစ္ၾကည့္တဲ့ အခါ က်ေတာ့ ေကာင္းတဲ့ အသိဥာဏ္ေပး တဲ့ ဇာတ္ကားမ်ဳိး ႐ိုက္သင့္ တယ္လို႔ ထင္တယ္။ တစ္ခါတေလက်ရင္ ကြၽန္ေတာ္တို႔က ဇာတ္လမ္းေအး တယ္။ စီးပြားေရး အရ မေအာင္ျမင္ ႏိုင္ဘူး ဆိုၿပီး ေရွာင္ လိုက္ တာမ်ဳိးေတြ ရွိတယ္။ အဲဒါေတြကို အေတြးအေခၚ ေျပာင္းၿပီး ႀကိဳးစားၾကည့္မယ္။ ဒါ မ်ဳိးေတြေကာ ဘာလို႔ ေအာင္ျမင္ ေအာင္ မ႐ိုက္ႏိုင္ရမွာလဲ၊ အႏုပညာ  အရလည္း ေအာင္ျမင္ႏိုင္မယ္။ ျပည္ သူလူထု အတြက္လည္း အသိဥာဏ္ရ မယ္ဆိုရင္ ပိုၿပီးwin win ျဖစ္တာ ေပါ့” လို႔ ေျပာပါတယ္။

ခိုင္ေဝလြင္
........................
‘နေဝင်အိပ်တန်းတက်’ ရုပ်ရှင် ဇာတ်ကားကို နာမည် ထပ်ကြီးဖို့ ရိုက်ကူးတာ မဟုတ်ဘူး ဆိုတဲ့ ဒါရိုက်တာ ဝိုင်း

26.DEC(Min-Min-Tun)-(1)ဒါရိုက်တာဝိုင်း က ခရေဖြူထုတ် လုပ်ရေး အတွက် ဆရာလင်္ကာရည် ကျော် ရေးသားထားတဲ့ “နေဝင်အိပ် တန်းတက်” ရုပ်ရှင်ဇာတ်ကား ကို ပြေတီဦး၊ ထွန်းအိâန္ဒာဗို၊ ပိုင်ဖြိုးသုတို့နဲ့ မန္တလေးနဲ့ ပြင်ဦးလွင်မြို့က ဆေးရုံ တွေမှာ သွားရောက် ရိုက်ကူးခဲ့ပါတယ်။ ဒီရုပ်ရှင် ဇာတ်ကား ကို နာ မည်ကြီးချင်လို့ ရိုက်ကူးတာ မဟုတ်ဘူး ဆိုတဲ့ ဒါရိုက်တာဝိုင်း က “ကျွန်တော့် ရဲ့ အရင်ဇာတ်ကားတွေထက်စာရင် ဒီဇာတ်ကား က အေးတယ်။ ဒါပေမဲ့ အေးပေမယ့်လည်း သူ့ရဲ့ ပေးချင် တဲ့ မက်ဆေ့ချ်က တအားကောင်း တယ်။ ရုပ်ရှင်ရုံထဲမှာ လူ ၅ဝဝ လာကြည့် ရင် လူ ၅ဝဝမှာ လူ ၁ဝဝ လောက်ရ မယ်။ ဒီလူတွေက အကြောင်းအရာ တစ်ခုတွေးမိပြီ ဆိုရင်ပဲ ဒီဇာတ်ကား ရိုက်ကူး ရကျိုးနပ်ပြီလို့ ထင်တယ်။ အရှင်းဆုံး ဝန်ခံရရင် ဒီ ဇာတ်ကားကို ကျွန်တော် နာမည်ထပ်ကြီး ဖို့လည်း ရိုက်ကူးတာ မဟုတ် ဘူး။ ငွေကြေး စျေးကွက် ဆိုင်ရာ ရှာဖွေချင်လို့ လည်း ထုတ်လုပ်သူက ထုတ်လုပ် တာမဟုတ်ဘူး။ ထုတ်လုပ်သူက လည်း စေတနာ သန့် သန့် နဲ့ ထုတ် လုပ်တာပါ” လို့ ပြောပါတယ်။ ဒီရုပ်ရှင် ဇာတ်ကား ရိုက်ကူးဖို့ အတွက် ဆေးဘက်ဆိုင်ရာ အကြောင်းအရာ တွေ ကို လေ့ လာ ခဲ့ရပြီး အနုပညာရှင် ဆရာဝန် တစ်ဦးဖြစ်တဲ့ ပိုင်ဖြိုးသုနဲ့ တခြား ဆရာဝန်တွေ ကလည်း ဝိုင်း ဝန်း ကူညီပေးကြကြောင်း၊ ဒီဇာတ်ကား မှာ လူနာ တစ်ယောက် ကို စနစ် တကျ ကုသမှုတွေကိုပါ တွေ့မြင်ရမှာ ဖြစ်ကြောင်း ဒါရိုက်တာ ဝိုင်းက ပြော ပါတယ်။ ကိုယ် ရိုက်ကူး ခဲ့ပြီးတဲ့ ဇာတ်ကားတွေ အပေါ် ပြန်လည် သုံးသပ် လေ့ရှိတဲ့ ဒါရိုက်တာဝိုင်း က အခု နောက်ပိုင်း မှာ ပြည်သူ လူထုတွေ ကို ကောင်းမွန်တဲ့ အသိဉာဏ်ပေးတဲ့ ဇာတ်ကားတွေကိုလည်း ရိုက်ကူးသင့် တယ်လို့ သုံးသပ်မိ လာကြောင်း ပြောပါတယ်။ “ကျွန်တော် အရင်က ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေကို လေ့လာ ကြည့်တဲ့ အခါမှာ တချို့မက်ဆေ့ချ် အမှားတွေ ပေးတာမျိုး သွားတွေ့ တယ်။ အခုနောက်ပိုင်း မှာ လုပ်တဲ့ အနုပညာကို ဆန်းစစ်ကြည့်တဲ့ အခါ ကျတော့ ကောင်းတဲ့ အသိဉာဏ်ပေး တဲ့ ဇာတ်ကားမျိုး ရိုက်သင့် တယ်လို့ ထင်တယ်။ တစ်ခါတလေကျရင် ကျွန်တော်တို့က ဇာတ်လမ်းအေး တယ်။ စီးပွားရေး အရ မအောင်မြင် နိုင်ဘူး ဆိုပြီး ရှောင် လိုက် တာမျိုးတွေ ရှိတယ်။ အဲဒါတွေကို အတွေးအခေါ် ပြောင်းပြီး ကြိုးစားကြည့်မယ်။ ဒါ မျိုးတွေကော ဘာလို့ အောင်မြင် အောင် မရိုက်နိုင်ရမှာလဲ၊ အနုပညာ  အရလည်း အောင်မြင်နိုင်မယ်။ ပြည် သူလူထု အတွက်လည်း အသိဉာဏ်ရ မယ်ဆိုရင် ပိုပြီးwin win ဖြစ်တာ ပေါ့” လို့ ပြောပါတယ်။

ခိုင်ဝေလွင်

No comments:

Post a Comment