Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 2, 2016

ျမန္မာနဲ႔ ေျမာက္ကိုရီးယား ပက္စ္ပို႔ အဆင့္တူ သတ္မွတ္ခံရ


ႏို္္င္ငံေပါင္း ၁၀၄ ႏုိင္ငံက ပက္စ္ပို႔ေတြရဲ႕ ၾသဇာရွိမႈကို အဆင့္သတ္မွတ္ခဲ့ရာမွာ ျမန္မာက အဆင့္ ၉၅
 ျဖစ္ၿပီး ေျမာက္ကိုရီးယားနဲ႔ အတူတူျဖစ္ပါတယ္။
ျမန္မာပက္စ္ပို႔ ကိုင္ေဆာင္ထားသူေတြအတြက္ ခရီးသြားရတာ မလြယ္ကူဘူးဆိုတာကုိ သက္ေသျပတဲ့ စစ္တမ္းတစ္ခု ထပ္မံထြက္ေပၚလာပါတယ္။ ႏုိ္င္ငံေပါင္း ၁၀၄ ႏို္င္ငံက ပက္စ္ပို႔ေတြကို ေလ့လာစစ္မ္းထုတ္ယူၿပီး သတ္မွတ္ထားတဲ့ အဆင့္အရ ျမန္မာပက္စ္ပုိ႔ရဲ႕ အဆင့္ဟာ ၉၅ ေနရာမွာရွိေနပါတယ္။
ျမန္မာပက္စ္ပို႔ရဲ႕ အရွိန္အဝါဟာ အနိမ့္ဆံုး စာရင္းထဲမွာပါဝင္ပါတယ္။ ကမၻာ့အင္အားႀကီး ႏုိင္ငံေတြ ဝိုင္းဝန္းၿပီး စီးပြားေရးပိတ္ဆို႔ထားတဲ့ ေျမာက္ကိုရီးယားႏုိင္ငံရဲ႕ ပက္စ္ပို႔လည္း အဆင့္-၉၅ ေနရာပဲ ျဖစ္လို႔ ျမန္မာပက္စ္ပို႔နဲ႔ အဆင့္အတူတူျဖစ္ပါတယ္။ ဒါကို Visaindes.com
က စစ္တမ္းျပဳစုၿပီး ထုတ္ျပန္ေၾကျငာခဲ့တာပါ။

ကမၻာအႏွံ႔အျပားက ပက္စ္ပို႔ေတြရဲ႕ အင္အားႀကီးမႈအဆင့္အတန္းကို အဆင့္သတ္မွတ္ရာမွာ ေအာက္ပါအခ်က္ေတြ ထည့္သြင္းတြက္ခ်က္ပါတယ္။ ႏုိင္ငံေပါင္းဘယ္ေလာက္ကို ဗီဇာမေလွ်ာက္ပဲ ခရီးသြားႏုိင္သလဲဆိုတာနဲ႔ ဗီဇာႀကိဳမေလွ်ာက္ပဲ ဆိုက္ေရာက္ဗီဇာေလွ်ာက္ထားလို႔ရတဲ့ ႏုိင္ငံ ဘယ္ေလာက္ရွိ၊ မရွိဆုိတာကို ထည့္သြင္းစဥ္းစားပါတယ္။

ျမန္မာပက္စ္ပို႔ကိုင္ေဆာင္သူေတြအတြက္ အနည္းငယ္တိုးတက္လာတဲ့ ျဖစ္စဥ္တစ္ခုအေနနဲ႔ ၿပီးခဲ့တဲ့ ႏွစ္အတြင္ ျမန္မာနဲ႔ ထိုင္းအၾကား ဗီဇာႀကိဳေလွ်ာက္စရာမလိုပဲ ႏွစ္ပတ္ၾကာဗီဇာကင္းလြတ္ၿပီး လည္ပတ္ခြင့္သေဘာတူညီမႈကို ႏွစ္ႏုိင္ငံလက္မွတ္ေရးထိုးႏုိင္ခဲ့ပါတယ္။ အခုထုတ္ျပန္ထားတဲ့ စာရင္းအရ ကမၻာမွာ ၾသဇာအရွိဆံုး ပက္စ္ပို႔က ဂ်ာမနီပက္စ္ပို႔ျဖစ္ၿပီး အဲဒီေနာက္မွာ ဆီြဒင္၊ ဖင္လန္နဲ႔ ျပင္သစ္တို႔ ရွိပါတယ္။

Source : Visaindex, Coconuts Yangon
‪ဒီမိုကေရစီတူေဒး‬,via Lwin Oo
...............................
မြန်မာနဲ့ မြောက်ကိုရီးယား ပက်စ်ပို့ အဆင့်တူ သတ်မှတ်ခံရ

နို််င်ငံပေါင်း ၁၀၄ နိုင်ငံက ပက်စ်ပို့တွေရဲ့ သြဇာရှိမှုကို အဆင့်သတ်မှတ်ခဲ့ရာမှာ မြန်မာက အဆင့် ၉၅ ဖြစ်ပြီး မြောက်ကိုရီးယားနဲ့ အတူတူဖြစ်ပါတယ်။
မြန်မာပက်စ်ပို့ ကိုင်ဆောင်ထားသူတွေအတွက် ခရီးသွားရတာ မလွယ်ကူဘူးဆိုတာကို သက်သေပြတဲ့ စစ်တမ်းတစ်ခု ထပ်မံထွက်ပေါ်လာပါတယ်။ နို်င်ငံပေါင်း ၁၀၄ နို်င်ငံက ပက်စ်ပို့တွေကို လေ့လာစစ်မ်းထုတ်ယူပြီး သတ်မှတ်ထားတဲ့ အဆင့်အရ မြန်မာပက်စ်ပို့ရဲ့ အဆင့်ဟာ ၉၅ နေရာမှာရှိနေပါတယ်။
မြန်မာပက်စ်ပို့ရဲ့ အရှိန်အဝါဟာ အနိမ့်ဆုံး စာရင်းထဲမှာပါဝင်ပါတယ်။ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ ဝိုင်းဝန်းပြီး စီးပွားရေးပိတ်ဆို့ထားတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ပက်စ်ပို့လည်း အဆင့်-၉၅ နေရာပဲ ဖြစ်လို့ မြန်မာပက်စ်ပို့နဲ့ အဆင့်အတူတူဖြစ်ပါတယ်။ ဒါကို Visaindes.com
က စစ်တမ်းပြုစုပြီး ထုတ်ပြန်ကြေငြာခဲ့တာပါ။
ကမ္ဘာအနှံ့အပြားက ပက်စ်ပို့တွေရဲ့ အင်အားကြီးမှုအဆင့်အတန်းကို အဆင့်သတ်မှတ်ရာမှာ အောက်ပါအချက်တွေ ထည့်သွင်းတွက်ချက်ပါတယ်။ နိုင်ငံပေါင်းဘယ်လောက်ကို ဗီဇာမလျှောက်ပဲ ခရီးသွားနိုင်သလဲဆိုတာနဲ့ ဗီဇာကြိုမလျှောက်ပဲ ဆိုက်ရောက်ဗီဇာလျှောက်ထားလို့ရတဲ့ နိုင်ငံ ဘယ်လောက်ရှိ၊ မရှိဆိုတာကို ထည့်သွင်းစဉ်းစားပါတယ်။
မြန်မာပက်စ်ပို့ကိုင်ဆောင်သူတွေအတွက် အနည်းငယ်တိုးတက်လာတဲ့ ဖြစ်စဉ်တစ်ခုအနေနဲ့ ပြီးခဲ့တဲ့ နှစ်အတွင် မြန်မာနဲ့ ထိုင်းအကြား ဗီဇာကြိုလျှောက်စရာမလိုပဲ နှစ်ပတ်ကြာဗီဇာကင်းလွတ်ပြီး လည်ပတ်ခွင့်သဘောတူညီမှုကို နှစ်နိုင်ငံလက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ အခုထုတ်ပြန်ထားတဲ့ စာရင်းအရ ကမ္ဘာမှာ သြဇာအရှိဆုံး ပက်စ်ပို့က ဂျာမနီပက်စ်ပို့ဖြစ်ပြီး အဲဒီနောက်မှာ ဆွီဒင်၊ ဖင်လန်နဲ့ ပြင်သစ်တို့ ရှိပါတယ်။

Source : Visaindex, Coconuts Yangon
‪ဒီမိုကရေစီတူဒေး‬

No comments:

Post a Comment