Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, March 9, 2016
မယ်လဒုက္ခသည်များ ပါဝင်သည့် လိုင်းကားတစီး တိမ်းမှောက်၍ ၁ဦးသေ၊ ၂၀ ကျော်ဒဏ်ရာရ
မတ် ၉ ရက်၊ ၂၀၁၆ခုနှစ်။ စောသိန်းမြင့်
ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့ရှိ မယ်လဒုက္ခသည်စခန်းအနီး အဝေးပြေး လမ်းကြီးပေါ်တွင် မတ် ၈ရက်နေ့၊ နံနက် ၁၀နာရီခန့်က ဒုက္ခသည်များအပါအဝင် ခရီးသည် ၃၂ဦး စီးနင်းလိုက်ပါသည့် လိုင်းကားတစီးတိမ်းမှောက်မှုဖြစ်ပွား၍ ခရီးသည် ၁ဦးသေဆုံးပြီး ၂၀ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
မဲဆောက်မြို့မှ မဲ့စရင်းယန်းမြို့သို့ မောင်းနှင်လာသည့် အဆိုပါ လိုင်းကားသည် မယ်လဒုက္ခသည်စခန်းနှင့် မဲ့တန့်အကြား၊ လမ်းပြုပြင်မှု လုပ်ဆောင်နေသည့် တနေရာ၌ အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ကိုယ်တိုင်သွားကြည့်သူ မယ်လ ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ စောမောကဲက ကေအိုင်စီသို့ ပြောသည်။
အဆိုပါ လိုင်းကားကို မောင်းသူမှာ ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ ကားတိမ်းမှောက်၍ သေဆုံးခဲ့သူ တစ်ဦးမှာ ထိုင်းနိုင်ငံသားဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရှိသူ ၂၀ဦးကျော်အနက် ဒဏ်ရာ ပြင်းထန်ပြီး စိုးရိမ်ရသည့် လူနာများကို မဲဆောက်ဆေးရုံကြီးသို့ မတ်လ ၈ရက်နေ့က ပို့ဆောင်ထားကြောင်း စောမောကဲက ဆက်ပြောသည်။
၎င်းကားတိမ်းမှောက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူများထဲတွင် ဒုက္ခသည်များပါဝင်ခဲ့မှုအပေါ် စခန်းရှိ ထိုင်းအာဏာပိုင်များက စခန်းတာဝန်ရှိသူများကို တစုံတရာ တွေ့ဆုံပြောဆိုမှုများ မရှိသေးသော်လည်း ဒုက္ခသည်များအနေဖြင့် စခန်းပြင်ထွက်ပြီး အသွားအလာ ဆင်ခြင်ရန် လိုအပ်သည်ဟု မယ်လဒုက္ခသည်စခန်းဥက္ကဋ္ဌ စောအောနက်က ကေအိုင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံ မဲဆောက်မြို့ မြောက်ဘက် ၆၀ကီလိုမီတာ အကွာရှိ လူဦးရေ ၄၀‚၀၀၀ ကျော် နေထိုင်သော မယ်လဒုက္ခသည်စခန်းအတွင်း ဒုက္ခသည်များသည် ယခင်က စခန်းအပြင်ထွက်ပြီး မတော်တဆ ယဉ်တိုက်သေဆုံးမှုမရှိသော်လည်း ယခုလို အဝေးပြေးလိုင်းကား စီးနင်းလိုက်ပါပြီး တိမ်းမှောက်မှုနှင့် ကြုံနေရခြင်းသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။
ကေအိုင်စီ - KIC
http://kicnews.org
..........................................
မတ် ၉ ရက်၊ ၂၀၁၆ခုုနှစ်။ စောသိန်းမြင့်
ထုုိင်း-မြန်မာနယ်စပ် တာ့ခ်ခရုုိင်၊ ထာ့ဆောင်ယန်းမြို့ရှိ မယ်လဒုုက္ခသည်စခန်းအနီး အဝေးပြေး လမ်းကြီးပေါ်တွင် မတ် ၈ရက်နေ့၊ နံနက် ၁၀နာရီခန့်က ဒုုက္ခသည်များအပါအဝင် ခရီးသည် ၃၂ဦး စီးနင်းလုုိက်ပါသည့် လုုိင်းကားတစီးတိမ်းမှောက်မှုဖြစ်ပွား၍ ခရီးသည် ၁ဦးသေဆုုံးပြီး ၂၀ကျော် ထိခုုိက်ဒဏ်ရာရရှိခဲ့သည်ဟုု သိရသည်။
မဲဆောက်မြို့မှ မဲ့စရင်းယန်းမြို့သုုိ့ မောင်းနှင်လာသည့် အဆိုပါ လုုိင်းကားသည် မယ်လဒုုက္ခသည်စခန်းနှင့် မဲ့တန့်အကြား၊ လမ်းပြုပြင်မှု လုုပ်ဆောင်နေသည့် တနေရာ၌ အရှိန်လွန် တိမ်းမှောက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုု ကိုုယ်တုုိင်သွားကြည့်သူ မယ်လ ဒုုက္ခသည်စခန်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သူ စောမောကဲက ကေအုုိင်စီသုုိ့ ပြောသည်။
၎င်းက “ကားထဲမှာဆုုိရင်(ဒုုက္ခသည်)စခန်းထဲက လူ ၁၀ကျော်ပါ၀င်ပါတယ်။ ဒဏ်ရာရတဲ့ အထဲမှာလည်း စခန်းကလူပါတယ်။ ဒဏ်ရာပြင်းထန်တဲ့လူအထဲမှာလည်း စခန်းထဲ တစ်ဦးပါ၀င် တယ်။ ကားက ခရီးသည် အပြည့်တင်ဆောင်လာပြီးတော့ အရှိန်ပြင်းပြင်းမောင်းလာတဲ့အတွက် တိမ်းမှောက်မှု ဖြစ်သွားတာဖြစ်တယ်လုုိ့ အဲဒီနားက လမ်းပြုပြင်သူတွေက ပြောပြတယ်”ဟုု ပြောသည်။
အဆုုိပါ လုုိင်းကားကို မောင်းသူမှာ ဒဏ်ရာရရှိခြင်း မရှိကြောင်း၊ ကားတိမ်းမှောက်၍ သေဆုုံးခဲ့သူ တစ်ဦးမှာ ထုုိင်းနုုိင်ငံသားဖြစ်ကြောင်းနှင့် ထိခုုိက်ဒဏ်ရာရှိသူ ၂၀ဦးကျော်အနက် ဒဏ်ရာ ပြင်းထန်ပြီး စုုိးရိမ်ရသည့် လူနာများကိုု မဲဆောက်ဆေးရုုံကြီးသုုိ့ မတ်လ ၈ရက်နေ့က ပုုိ့ဆောင်ထားကြောင်း စောမောကဲက ဆက်ပြောသည်။
၎င်းကားတိမ်းမှောက်မှုကြောင့် ထိခုုိက်ဒဏ်ရာရသူများထဲတွင် ဒုုက္ခသည်များပါ၀င်ခဲ့မှုအပေါ် စခန်းရှိ ထုုိင်းအာဏာပုုိင်များက စခန်းတာဝန်ရှိသူများကိုု တစုုံတရာ တွေ့ဆုုံပြောဆုုိမှုများ မရှိသေးသော်လည်း ဒုုက္ခသည်များအနေဖြင့် စခန်းပြင်ထွက်ပြီး အသွားအလာ ဆင်ခြင်ရန် လုုိအပ်သည်ဟုု မယ်လဒုုက္ခသည်စခန်းဥက္ကဋ္ဌ စောအောနက်က ကေအုုိင်စီသုုိ့ ပြောသည်။
ထုုိင်းနုုိင်ငံ မဲဆောက်မြို့ မြောက်ဘက် ၆၀ကီလုုိမီတာ အကွာရှိ လူဦးရေ ၄၀‚၀၀၀ ကျော် နေထုုိင်သော မယ်လဒုုက္ခသည်စခန်းအတွင်း ဒုုက္ခသည်များသည် ယခင်က စခန်းအပြင်ထွက်ပြီး မတော်တဆ ယဉ်တုုိက်သေဆုုံးမှုမရှိသော်လည်း ယခုုလုုိ အဝေးပြေးလုုိင်းကား စီးနင်းလုုိက်ပါပြီး တိမ်းမှောက်မှုနှင့် ကြုံနေရခြင်းသည် ပထမဦးဆုုံးအကြိမ်ဖြစ်သည်။
ကေအိုင်စီ - KIC
http://kicnews.org
No comments:
Post a Comment