Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

ႏိုင္ငံေတာ္သမၼတ ေရြးခ်ယ္မႈ ႏွင့္ အစိုးရတာ၀န္မ်ား လႊဲေျပာင္းမႈကို မတ္လ ၁၀ ရက္မွစ၍ အစီအစဥ္မ်ားအတိုင္း ျပဳလုပ္မည္



ႏိုင္ငံေတာ္သမၼတ တာ၀န္ႏွင့္ အစိုးရတာ၀န္မ်ား လႊဲေျပာင္းမႈကို မတ္လ ၁၀ ရက္မွ မတ္လ ၃၁ ရက္ေန႕အထိ အစီအစဥ္မ်ားအတိုင္း ျပဳလုပ္သြားမည္ဟု သိရသည္။

ျပည္သူ႕လႊတ္ေတာ္ႏွင့္ အမ်ိဳးသားလႊတ္ေတာ္တြင္ ဒုတိယသမၼတ အမည္စာရင္း အဆိုျပဳလႊာကို မတ္လ ၁၀ ရက္တြင္ တင္သြင္းမည္ျဖစ္ၿပီး မတ္လ ၁၁ ရက္တြင္ အဆိုျပဳလႊာကို စိစစ္ေရးအဖြဲ႕မ်ားႏွင့္ ဌာနဆိုင္ရာမ်ားက အရည္အခ်င္း ကိုက္ညီမႈရွိမရွိ စစ္ေဆးမည္ျဖစ္သည္။

မတ္လ ၁၁ ရက္ (သို႕မဟုတ္) မတ္လ ၁၄ ရက္ တစ္ရက္ရက္တြင္ ဒုသမၼတ ေရြးခ်ယ္မည္ျဖစ္ၿပီး မတ္လ ၁၅ ရက္တြင္ ျပည္ေထာင္စု လႊတ္ေတာ္သို႕ သမၼတေလာင္း သံုးဦးစာရင္း တင္သြင္းမည္ျဖစ္သည္။

မတ္လ ၁၇ - ၁၈ တစ္ရက္ရက္တြင္ ျပည္ေထာင္စု လႊတ္ေတာ္တြင္ လွ်ိဳ႕၀ွက္မဲေပးစနစ္ျဖင့္ သမၼတ၊ ဒုသမၼတ(၁)ႏွင့္ ဒုသမၼတ(၂) တို႕ကို ေရြးခ်ယ္မည္ျဖစ္သည္။

မတ္လ ၂၁ ရက္တြင္ ဖြဲ႕စည္းမည့္ ၀န္ႀကီးဌာနမ်ားကို သမၼတက အဆိုျပဳ စာရင္း တင္သြင္းရမည္ျဖစ္ၿပီး မတ္လ ၂၂ ရက္တြင္ ေဆြးေႏြး အတည္ျပဳ မည္ ျဖစ္သည္။

မတ္ ၂၃ ရက္တြင္ အစိုးရသစ္ႏွင့္ အစိုးရေဟာင္းတို႕ေတြ႕ဆုံၾကမည္ျဖစ္ၿပီး မတ္လ ၂၄ ရက္တြင္ ခန္႕အပ္မည့္ ၀န္ႀကီးစာရင္းကို လႊတ္ေတာ္တြင္ တင္သြင္းျဖန္႕ေ၀မည္ ျဖစ္ၿပီး မတ္လ ၂၅ ရက္တြင္ ေဆြးေႏြး အတည္ျပဳ မည္ျဖစ္သည္။

ယင္းေနာက္ မတ္လ ၂၈ ရက္ (သုိ႔မဟုတ္) ၂၉ ရက္တို႕တြင္ ၀န္ႀကီးမ်ား၊ ေရွ႕ေနခ်ဳပ္၊ စာရင္းစစ္ခ်ဳပ္မ်ားပါ ကတိသစၥာျပဳမည္ျဖစ္သည္။

မတ္လ ၃၀ ရက္တြင္ သမၼတတာ၀န္ႏွင့္ အစိုးရဌာန တာ၀န္မ်ား လႊဲေျပာင္း ပြဲ ျပဳလုပ္မည္ျဖစ္သည္။ မတ္လ ၃၁ ရက္တြင္ ေရြးခ်ယ္တင္ေျမာက္ ခံရသည့္ ႏိုင္ငံေတာ္သမၼတက ျပည္ေထာင္စု လႊတ္ေတာ္တြင္ မိန္႕ခြန္းေျပာၾကားမည္ ျဖစ္ေၾကာင္း သိရသည္။

သတင္း - ေဇာ္မင္းထြန္း

The Ladies News
https://www.facebook.com/News.TheLadies
..................


နိုင်ငံတော်သမ္မတ တာဝန်နှင့် အစိုးရတာဝန်များ လွှဲပြောင်းမှုကို မတ်လ ၁၀ ရက်မှ မတ်လ ၃၁ ရက်နေ့အထိ အစီအစဉ်များအတိုင်း ပြုလုပ်သွားမည်ဟု သိရသည်။

ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တွင် ဒုတိယသမ္မတ အမည်စာရင်း အဆိုပြုလွှာကို မတ်လ ၁၀ ရက်တွင် တင်သွင်းမည်ဖြစ်ပြီး မတ်လ ၁၁ ရက်တွင် အဆိုပြုလွှာကို စိစစ်ရေးအဖွဲ့များနှင့် ဌာနဆိုင်ရာများက အရည်အချင်း ကိုက်ညီမှုရှိမရှိ စစ်ဆေးမည်ဖြစ်သည်။

မတ်လ ၁၁ ရက် (သို့မဟုတ်) မတ်လ ၁၄ ရက် တစ်ရက်ရက်တွင် ဒုသမ္မတ ရွေးချယ်မည်ဖြစ်ပြီး မတ်လ ၁၅ ရက်တွင် ပြည်ထောင်စု လွှတ်တော်သို့ သမ္မတလောင်း သုံးဦးစာရင်း တင်သွင်းမည်ဖြစ်သည်။

မတ်လ ၁၇ - ၁၈ တစ်ရက်ရက်တွင် ပြည်ထောင်စု လွှတ်တော်တွင် လျှို့ဝှက်မဲပေးစနစ်ဖြင့် သမ္မတ၊ ဒုသမ္မတ(၁)နှင့် ဒုသမ္မတ(၂) တို့ကို ရွေးချယ်မည်ဖြစ်သည်။

မတ်လ ၂၁ ရက်တွင် ဖွဲ့စည်းမည့် ၀န်ကြီးဌာနများကို သမ္မတက အဆိုပြု စာရင်း တင်သွင်းရမည်ဖြစ်ပြီး မတ်လ ၂၂ ရက်တွင် ဆွေးနွေး အတည်ပြု မည် ဖြစ်သည်။

မတ် ၂၃ ရက်တွင် အစိုးရသစ်နှင့် အစိုးရဟောင်းတို့တွေ့ဆုံကြမည်ဖြစ်ပြီး မတ်လ ၂၄ ရက်တွင် ခန့်အပ်မည့် ၀န်ကြီးစာရင်းကို လွှတ်တော်တွင် တင်သွင်းဖြန့်ဝေမည် ဖြစ်ပြီး မတ်လ ၂၅ ရက်တွင် ဆွေးနွေး အတည်ပြု မည်ဖြစ်သည်။

ယင်းနောက် မတ်လ ၂၈ ရက် (သို့မဟုတ်) ၂၉ ရက်တို့တွင် ၀န်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်များပါ ကတိသစ္စာပြုမည်ဖြစ်သည်။

မတ်လ ၃၀ ရက်တွင် သမ္မတတာဝန်နှင့် အစိုးရဌာန တာဝန်များ လွှဲပြောင်း ပွဲ ပြုလုပ်မည်ဖြစ်သည်။ မတ်လ ၃၁ ရက်တွင် ရွေးချယ်တင်မြောက် ခံရသည့် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော်တွင် မိန့်ခွန်းပြောကြားမည် ဖြစ်ကြောင်း သိရသည်။

သတင်း - ဇော်မင်းထွန်း

The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment