Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

ရန္ကုန္-ပုသိမ္ကားလမ္းတြင္ ညသန္းေခါင္ေက်ာ္အခ်ိန္ ကားႏွင့္ ဆိုင္ကယ္မ်က္ႏွာခ်င္းဆိုင္တိုက္မိ ဆိုင္ကယ္သမားေသဆံုး


 ညသန္းေခါင္ေက်ာ္အခ်ိန္ ကားႏွင့္ ဆိုင္ကယ္မ်က္ႏွာခ်င္းဆိုင္တိုက္မိ ဆိုင္ကယ္သမားေသဆံုး

Tuesday, 08 March 2016

ဧရာဝတီတိုင္းေဒသႀကီး ပုသိမ္ခ႐ိုင္ေက်ာင္းကုန္းၿမိဳ႕နယ္ ရန္ကုန္-ပုသိမ္ကားလမ္း မိုင္တိုင္အမွတ္ ၇၄/၁ ႏွင့္၇၄/၂ ၾကားတြင္ ယာဥ္တိုက္မႈျဖစ္ပြားခဲ့သည္။

ျဖစ္စဥ္မွာ ယေန႔ နံနက္ ၁ နာရီ ၄၅ မိနစ္ခန္႔တြင္ ကြမ္းျခံကုန္းေက်းရြာအနီး၌ ရန္ကုန္ဘက္မွ ပုသိမ္ဘက္သို႔ ယာဥ္ေမာင္းကိုဆန္းဦး ေမာင္းႏွင္ေသာ ယာဥ္အမွတ္ 2K/---- အျဖဴေရာင္ ေမာ္ေတာ္ယာဥ္သည္ လမ္းေၾကာ အတိုင္း ေမာင္းႏွင္လာစဥ္ ပုသိမ္ဘက္မွ ရန္ကုန္ဘက္သို႔ ယာဥ္ေမာင္း(အမည္မသိ)ေမာင္းႏွင္လာေသာ နံပါတ္မပါ အနက္ေရာင္ဆိုင္ကယ္တို႔ မ်က္ႏွာခ်င္းဆိုင္တိုက္မိၿပီး ဆိုင္ကယ္ယာဥ္ေမာင္း (အမည္မသိ)တြင္ ဒဏ္ရာမ်ားရရွိကာ အခင္းျဖစ္ေနရာတြင္ေသဆံုးသြားသျဖင့္ ယာဥ္မဆင္မျခင္ ေမာင္းႏွင္ျခင္းျဖင့္လူကို ထိခိုက္ေသေစသူ ကိုဆန္းဦးအား ဒုရဲအုပ္သန္႔ဇင္က တရားလိုျပဳလုပ္၍ ေက်ာင္းကုန္းၿမိဳ႕မရဲစခန္းတြင္ အမႈဖြင့္ေဆာင္ရြက္ထားေၾကာင္း သိရသည္။

ေသဆံုးသူမွာ သြင္ထူးေအာင္ျဖစ္ၿပီး စိုက္ပ်ိဳးေရးေဆးအေရာင္းကိုယ္စားလွယ္ ေခ်ာက္ၿမိဳ႕တြင္ ေနထိုင္သူျဖစ္ေၾကာင္း စံုစမ္းသိရသည္။

ဝင္းႀကိဳင္(ေက်ာင္းကုန္း)
The Union Daily
http://uniondaily.net

...........................................


 ညသန်းခေါင်ကျော်အချိန် ကားနှင့် ဆိုင်ကယ်မျက်နှာချင်းဆိုင်တိုက်မိ ဆိုင်ကယ်သမားသေဆုံး

Tuesday, 08 March 2016

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ကျောင်းကုန်းမြို့နယ် ရန်ကုန်-ပုသိမ်ကားလမ်း မိုင်တိုင်အမှတ် ရ၄/၁ နှင့်ရ၄/၂ ကြားတွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့သည်။

ဖြစ်စဉ်မှာ ယနေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် ကွမ်းခြံကုန်းကျေးရွာအနီး၌ ရန်ကုန်ဘက်မှ ပုသိမ်ဘက်သို့ ယာဉ်မောင်းကိုဆန်းဦး မောင်းနှင်သော ယာဉ်အမှတ် 2K/---- အဖြူရောင် မော်တော်ယာဉ်သည် လမ်းကြော အတိုင်း မောင်းနှင်လာစဉ် ပုသိမ်ဘက်မှ ရန်ကုန်ဘက်သို့ ယာဉ်မောင်း(အမည်မသိ)မောင်းနှင်လာသော နံပါတ်မပါ အနက်ရောင်ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်တိုက်မိပြီး ဆိုင်ကယ်ယာဉ်မောင်း (အမည်မသိ)တွင် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာတွင်သေဆုံးသွားသဖြင့် ယာဉ်မဆင်မခြင် မောင်းနှင်ခြင်းဖြင့်လူကို ထိခိုက်သေစေသူ ကိုဆန်းဦးအား ဒုရဲအုပ်သန့်ဇင်က တရားလိုပြုလုပ်၍ ကျောင်းကုန်းမြို့မရဲစခန်းတွင် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သိရသည်။

သေဆုံးသူမှာ သွင်ထူးအောင်ဖြစ်ပြီး စိုက်ပျိုးရေးဆေးအရောင်းကိုယ်စားလှယ် ချောက်မြို့တွင် နေထိုင်သူဖြစ်ကြောင်း စုံစမ်းသိရသည်။

ဝင်းကြိုင်(ကျောင်းကုန်း)
The Union Daily
http://uniondaily.net

No comments:

Post a Comment