Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 13, 2016

ဦးျမင့္ေဆြ ၅၉ (စ) နဲ႔ ၿငိမၿငိ

ဒုတိယသမၼတအျဖစ္ တင္ေျမွာက္ခံထားရတဲ့ ဦးျမင့္ေဆြ
ဒုတိယဗိုလ္ခ်ဳပ္ႀကီးေဟာင္း ဦးျမင့္ေဆြကို ဒုတိယသမၼတအျဖစ္ တပ္မေတာ္သား လႊတ္ေတာ္ကိုယ္စားလွယ္ေတြက ေရြးခ်ယ္ ထားတဲ့အေပၚ ေ၀ဖန္ေျပာဆိုတာေတြ က်ယ္က်ယ္ျပန္႔ျပန္႔ထြက္ေနပါတယ္။ သူ႔မိသားစု၀င္တခ်ဳိ႕ရဲ႕ ႏုိ္င္ငံသားျဖစ္မႈနဲ႔ ပတ္သက္တဲ့ ေမးခြန္းေတြကလည္း ထြက္ေနတာပါ။ လက္ရွိမွာ ေရြးခ်ယ္ထားၿပီးသား ဒုတိယသမၼတသံုးဦးကို သမၼတ အရည္အခ်င္း စိစစ္ေရး ေကာ္မတီက စိစစ္ေနၿပီး ဒီကေန႔ တနလၤာေန႔ ျပည္ေထာင္စုလႊတ္ေတာ္အစည္းအေ၀းမွာ ဒီအေျခအေနကို သိလာရဖြယ္ရွိပါတယ္။ အျပည့္အစံုကို ဗီြအိုေအျမန္မာပိုင္းသတင္းေထာက္ မေမခက ေနျပည္ေတာ္ကေန သတင္းေပးပို႔ထားပါတယ္။

ဒုတိယ ဗိုလ္ခ်ဳပ္ႀကီးေဟာင္းဦးျမင့္ေဆြဟာ တပ္မမွဴး၊ တိုင္းမွဴးနဲ႔ တပ္မေတာ္ လံုျခံဳေရးရာေကာင္စီဥကၠ႒ တာ၀န္ေတြအျပင္ တပ္မေတာ္စစ္ဖက္ေရးရာလံုျခံဳေရးအဖြဲ႔ရဲ႕ အဆင့္ျမင့္တာ၀န္ေတြကို ထမ္းေဆာင္ခဲ့သူျဖစ္ၿပီး ၂၀၀၇ ခုနွစ္မွာျဖစ္ခဲ့တဲ့ သံဃာ ေတာ္ေတြရဲ႕ ေရႊ၀ါေရာင္ေတာ္လွန္ေရးကို အၾကမ္းဖက္ႏွိမ္နင္းတာမွာလည္း အဓိက တာ၀န္ရွိသူတဦးအျဖစ္ သတ္မွတ္ခံထားရ သူပါ။ ဒီအေတာအတြင္းမွာပဲ ဦးျမင့္ေဆြရဲ႕ မိသားစု၀င္တခ်ဳိ႕ဟာ ျပည္ပႏုိင္ငံသားေတြအျဖစ္ ခံယူထားတယ္လုိ႔ သတင္းေတြ ထြက္ဖူးတာေၾကာင့္ အခုခ်ိန္မွာေရာ ျမန္မာႏုိင္ငံသား ျပန္ျဖစ္ေနၾကၿပီလားဆိုတဲ့ ေမးခြန္းေတြကလည္း ထြက္ေနတာပါ။

ဒုတိယသမၼတသံုးဦးကို စိစစ္ေနတာနဲ႔ပတ္သက္ၿပီး စိစစ္ေရးအဖြဲ႔၀င္တဦးျဖစ္သူ ဦးဗမ်ဳိးသိန္းက အေသးစိတ္မေျပာေပမဲ့ ျပည္သူ ေတြအတြက္ အေကာင္းဆံုး စစ္ေဆးေနတာေၾကာင့္ အေျဖမွန္ထြက္လာမယ္လုိ႔ ေျပာပါတယ္။ တကယ္လုိ႔ မိသားစု၀င္ေတြထဲမွာ ျမန္မာႏုိင္ငံသားမဟုတ္သူတဦးဦး ရွိေနတယ္ဆိုတာကို စိစစ္ေတြ႔ရွိရင္ ျပန္ၿပီး ေရြးခ်ယ္ရမယ့္ လုပ္ငန္းစဥ္ပိုင္းကိုေတာ့ ဦးဗမ်ိဳးသိန္းက အခုလိုရွင္းျပပါတယ္။

“အခု လူႀကီးေတြလည္းအကုန္လံုး လက္တံေျခတံရွည္ၾကပါတယ္။ သူတို႔ကိုလည္း ၀ိုင္းၿပီးေတာ့ လိုအပ္တဲ့ အခ်က္အလက္ေတြ ပို႔ေပးပါတယ္။ အဲေလာက္ေတာ့ရွိတယ္။ လူႀကီးေတြလည္း သိတယ္။ အမ်ားႀကီးေတာ့ အခ်က္အလက္ေတြလည္း ပံ့ပိုးေပးပါတယ္။ လုပ္ထံုးလုပ္နည္းလည္းရွိၿပီးသားေပါ့။ သေဘာကေတာ့ မကိုက္ညီဘူးဆိုရင္ မနက္ျဖန္ေၾကညာတဲ့အထဲမွာပါမယ္။ တကယ္လို႔ လုပ္ဖို႔လိုရင္ လႊတ္ေတာ္ကို ျပန္ခ်ေပးရတာေပါ့။ ၿပီးေတာ့ လမ္းေၾကာင္းအဆင့္ဆင့္ကို ျပန္သြား ၊ က်မ္းၾကိန္ အဲလိုပဲ ျပန္လုပ္ရမွာေပါ့ေလ။”

တခါ ဦးျမင့္ေဆြဟာ အေမရိကန္ျပည္ေထာင္စုက ဒဏ္ခတ္ အေရးယူထားတဲ့ လက္ရွိစာရင္းထဲမွာ ပါေနဆဲျဖစ္ပါတယ္။ ရန္ကုန္ ၿမိဳ႕မွာျဖစ္ခ့ဲတဲ့ လူထုဆႏၵျပပြဲေတြကို အၾကမ္းဖက္ႏွိမ္နင္းတာမွာ တာ၀န္ရွိသူတဦးအျဖစ္ အေမရိကန္ျပည္ေထာင္စုက သတ္မွတ္ ၿပီးေတာ့ ဒဏ္ခတ္ အေရးယူတဲ့စာရင္းထဲ ထည့္ထားတာပါ။

ဒီအေပၚမွာ အေမရိကန္ျပည္ေထာင္စုဘက္ကေတာ့ သူ႔ကို အေရးယူထားတဲ့ စာရင္းကေန ပယ္ဖ်က္ဖို႔ဆိုရင္ စာရင္းထဲ ထည့္ထား ရတဲ့အေၾကာင္းရင္းျဖစ္တဲ့ သူလုပ္ခဲ့ဖူးတာမ်ဳိး ဆက္ၿပီး မလုပ္ေတာ့ဘူးဆိုတာ အခိုင္အမာ သက္ေသျပဖို႔လိုတယ္လို႔ အေမရိကန္ ႏိုင္ငံျခားေရးဌာန ၾကာသပေတးေန႔ ပံုမွန္သတင္းစာ ရွင္းလင္းပဲြအတြင္း ေျပာခြင့္ရပုဂၢိဳလ္ John Kirby ကေျပာထားပါတယ္။

ဦးျမင့္ေဆြဟာ ဗိုလ္ခ်ဳပ္မွဴးႀကီးေဟာင္း ဦးသန္းေရႊရဲ႕ လက္ရင္းတပည့္တဦးျဖစ္ၿပီး သေဘာထား တင္းမာသူ၊ လုပ္ပိုင္ခြင့္ေတြကို ကိုယ္က်ဳိးအတြက္ အသံုးခ်သူအျဖစ္ ေ၀ဖန္တာေတြကလည္း က်ယ္က်ယ္ျပန္႔ျပန္႔ကို ရွိထားပါတယ္။ အခု သမၼတဦးသိန္းစိန္ အစိုးရလက္ထက္အတြင္း အရင္ဒုတိယသမၼတ သီဟသူရဦးတင္ေအာင္ျမင့္ဦး အနားယူသြားခ်ိန္တုန္းကလည္း ဦးျမင့္ေဆြကို အစားထိုးေရြးခ်ယ္မယ့္သတင္း ထြက္ခဲ့ပါေသးတယ္။

အဲဒီအခ်ိန္တုန္းကတည္းက သူ႔ရဲ႕မိသားစု၀င္ေတြထဲမွာ ျပည္ပႏုိင္ငံသားျဖစ္ေနသူေတြ ရွိတယ္ဆိုၿပီးေတာ့ ဒုတိယသမၼတမျဖစ္ခဲ့ ဘဲ သူ႔အစား အခုလက္ရွိ ဒုတိယသမၼတျဖစ္ေနတဲ့ ဦးဥာဏ္ထြန္းကို တပ္ဘက္က ေရြးခ်ယ္ခဲ့တာပါ။ အခုတႀကိမ္မွာလည္း ဒီ ႏုိင္ငံ သားျဖစ္မႈကိစၥ ေမးခြန္းေတြ ျပန္ထြက္လာေနတာေၾကာင့္ ဒါနဲ႔ပတ္သက္ၿပီး ေမးျမန္းအတည္ျပဳႏုိင္ဖို႔ ဦးျမင့္ေဆြကို ဗီြအိုေအက အႀကိမ္ႀကိမ္ ဆက္သြယ္ခဲ့ေပမဲ့ တယ္လီဖုန္းလက္ခံေျဖဆိုတာမ်ဳိး မရွိခဲ့ပါဘူး။

သူ႔ရဲ႕မိသားစု၀င္တခ်ဳိ႕ဟာ အခုခ်ိန္ထိ ျပည္ပႏုိင္ငံသား ဆက္ျဖစ္ေနေသးသလားဆိုတာကို သမၼတအရည္အခ်င္း စိစစ္ေရးအဖြဲ႔ အေနနဲ႔ အလြယ္တကူေမးျမန္းႏုိင္ၿပီး အဲဒီကေနတဆင့္ ျဖစ္လာႏုိင္္တဲ့ ေနာက္ဆက္တြဲအေနအထားေတြကိုေတာ့ ျမန္မာ့ႏိုင္ငံေရး ေလ့လာသူ ဦးတင္ေမာင္သန္းက အခုလိုသံုးသပ္ျပပါတယ္။

“စိစစ္ေရးေကာ္မတီက ၾသစေတးလ်ႏိုင္ငံသံရံုးကို ေမးခဲ့တယ္ဆိုရင္ ဒီစစ္တာက သတင္းေတြမွာ ေဖာ္ျပထားတဲ့အတိုင္း မွန္တယ္ဆိုရင္ေတာ့ ဦးျမင့္ေဆြ ရဲ႕ အမည္စာရင္းတင္သြင္းမႈက ဒုတိယအၾကိမ္ ျပန္လည္ရုတ္သိမ္းသြားရလိမ့္မယ္။ ဆိုေတာ့ အဲလို ရုတ္သိမ္းသြားလို႔ရွိရင္လည္းတပ္မေတာ္က သူတို႔ သည္ ၅၉(စ)ကို ေလးေလးနက္နက္အခိုင္အမာ ကိုင္စြဲထားတာျဖစ္ပါတယ္ ဆိုတာကို ျပသသြားတာလည္း ျဖစ္သြားႏိုင္တယ္။ ဆိုေတာ့ ဘယ္လိုအေၾကာင္းေၾကာင့္ပဲျဖစ္ျဖစ္ေပါ့ ဦးျမင့္ေဆြ ဒုသမၼတအေနနဲ႔ အပယ္မခံရဘူး ျဖစ္သြားတယ္ဆိုရင္လည္း ၅၉(စ) နဲ႔ ပတ္သက္ၿပီး ျပၿပီးသားျဖစ္တယ္။ ဒါကေတာ့ ႏိုင္ငံေရးအရ တျပည္လံုးကို သတင္းေပးလိုက္တယ္လို႔ သံုးသပ္လို႔ရမယ္လို႔ ထင္တယ္။”

ဒီကေန႔လုပ္မယ့္ ျပည္ေထာင္စုလႊတ္ေတာ္ အစည္းအေ၀းမွာေတာ့ ဒီကိစၥ အေျဖ ထြက္လာဖြယ္ ရွိေနပါတယ္။ တကယ္လို႔သာ အခုေရြးထားတဲ့ ဒုတိယသမၼတသံုးဦးထဲမွာ တဦးဦးဟာ သတ္မွတ္ထားတဲ့ သမၼတအရည္အခ်င္းေတြထဲက တခ်က္ခ်က္နဲ႔ ၿငိစြန္း ေနတယ္ဆိုရင္ေတာ့ အဲဒီသက္ဆုိင္ရာအစုအဖြဲ႔က ဒုတိယသမၼတကို ျပန္ၿပီး ေရြးခ်ယ္ရမွာပါ။ သံုးဦးစလံုးဟာ သတ္မွတ္အရည္ အခ်င္းေတြနဲ႔ အျပည့္အ၀ကိုက္ညီတယ္ဆိုရင္ေတာ့ မတ္လ ၁၅ ရက္၊ အဂၤါေန႔ က်ရင္ ျပည္ေထာင္စုလႊတ္ေတာ္မွာ မဲခြဲၿပီး သမၼတနဲ႔ ဒုတိယသမၼတေတြကို ေရြးခ်ယ္ၾကမွာျဖစ္ပါတယ္။

ေမခ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.................................


ဒုတိယသမ္မတအဖြစ် တင်မြှောက်ခံထားရတဲ့ ဦးမြင့်ဆွေ
ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေကို ဒုတိယသမ္မတအဖြစ် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေက ရွေးချယ် ထားတဲ့အပေါ် ဝေဖန်ပြောဆိုတာတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်နေပါတယ်။ သူ့မိသားစုဝင်တချို့ရဲ့ နို်င်ငံသားဖြစ်မှုနဲ့ ပတ်သက်တဲ့ မေးခွန်းတွေကလည်း ထွက်နေတာပါ။ လက်ရှိမှာ ရွေးချယ်ထားပြီးသား ဒုတိယသမ္မတသုံးဦးကို သမ္မတ အရည်အချင်း စိစစ်ရေး ကော်မတီက စိစစ်နေပြီး ဒီကနေ့ တနင်္လာနေ့ ပြည်ထောင်စုလွှတ်တော်အစည်းအဝေးမှာ ဒီအခြေအနေကို သိလာရဖွယ်ရှိပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်းဦးမြင့်ဆွေဟာ တပ်မမှူး၊ တိုင်းမှူးနဲ့ တပ်မတော် လုံခြုံရေးရာကောင်စီဥက္ကဋ္ဌ တာဝန်တွေအပြင် တပ်မတော်စစ်ဖက်ရေးရာလုံခြံုရေးအဖွဲ့ရဲ့ အဆင့်မြင့်တာဝန်တွေကို ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၀၇ ခုနှစ်မှာဖြစ်ခဲ့တဲ့ သံဃာ တော်တွေရဲ့ ရွှေဝါရောင်တော်လှန်ရေးကို အကြမ်းဖက်နှိမ်နင်းတာမှာလည်း အဓိက တာဝန်ရှိသူတဦးအဖြစ် သတ်မှတ်ခံထားရ သူပါ။ ဒီအတောအတွင်းမှာပဲ ဦးမြင့်ဆွေရဲ့ မိသားစုဝင်တချို့ဟာ ပြည်ပနိုင်ငံသားတွေအဖြစ် ခံယူထားတယ်လို့ သတင်းတွေ ထွက်ဖူးတာကြောင့် အခုချိန်မှာရော မြန်မာနိုင်ငံသား ပြန်ဖြစ်နေကြပြီလားဆိုတဲ့ မေးခွန်းတွေကလည်း ထွက်နေတာပါ။

ဒုတိယသမ္မတသုံးဦးကို စိစစ်နေတာနဲ့ပတ်သက်ပြီး စိစစ်ရေးအဖွဲ့ဝင်တဦးဖြစ်သူ ဦးဗမျိုးသိန်းက အသေးစိတ်မပြောပေမဲ့ ပြည်သူ တွေအတွက် အကောင်းဆုံး စစ်ဆေးနေတာကြောင့် အဖြေမှန်ထွက်လာမယ်လို့ ပြောပါတယ်။ တကယ်လို့ မိသားစုဝင်တွေထဲမှာ မြန်မာနိုင်ငံသားမဟုတ်သူတဦးဦး ရှိနေတယ်ဆိုတာကို စိစစ်တွေ့ရှိရင် ပြန်ပြီး ရွေးချယ်ရမယ့် လုပ်ငန်းစဉ်ပိုင်းကိုတော့ ဦးဗမျိုးသိန်းက အခုလိုရှင်းပြပါတယ်။

“အခု လူကြီးတွေလည်းအကုန်လုံး လက်တံခြေတံရှည်ကြပါတယ်။ သူတို့ကိုလည်း ၀ိုင်းပြီးတော့ လိုအပ်တဲ့ အချက်အလက်တွေ ပို့ပေးပါတယ်။ အဲလောက်တော့ရှိတယ်။ လူကြီးတွေလည်း သိတယ်။ အများကြီးတော့ အချက်အလက်တွေလည်း ပံ့ပိုးပေးပါတယ်။ လုပ်ထုံးလုပ်နည်းလည်းရှိပြီးသားပေါ့။ သဘောကတော့ မကိုက်ညီဘူးဆိုရင် မနက်ဖြန်ကြေညာတဲ့အထဲမှာပါမယ်။ တကယ်လို့ လုပ်ဖို့လိုရင် လွှတ်တော်ကို ပြန်ချပေးရတာပေါ့။ ပြီးတော့ လမ်းကြောင်းအဆင့်ဆင့်ကို ပြန်သွား ၊ ကျမ်းကြိန် အဲလိုပဲ ပြန်လုပ်ရမှာပေါ့လေ။”

တခါ ဦးမြင့်ဆွေဟာ အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် အရေးယူထားတဲ့ လက်ရှိစာရင်းထဲမှာ ပါနေဆဲဖြစ်ပါတယ်။ ရန်ကုန် မြို့မှာဖြစ်ခဲ့တဲ့ လူထုဆန္ဒပြပွဲတွေကို အကြမ်းဖက်နှိမ်နင်းတာမှာ တာဝန်ရှိသူတဦးအဖြစ် အမေရိကန်ပြည်ထောင်စုက သတ်မှတ် ပြီးတော့ ဒဏ်ခတ် အရေးယူတဲ့စာရင်းထဲ ထည့်ထားတာပါ။

ဒီအပေါ်မှာ အမေရိကန်ပြည်ထောင်စုဘက်ကတော့ သူ့ကို အရေးယူထားတဲ့ စာရင်းကနေ ပယ်ဖျက်ဖို့ဆိုရင် စာရင်းထဲ ထည့်ထား ရတဲ့အကြောင်းရင်းဖြစ်တဲ့ သူလုပ်ခဲ့ဖူးတာမျိုး ဆက်ပြီး မလုပ်တော့ဘူးဆိုတာ အခိုင်အမာ သက်သေပြဖို့လိုတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ကြာသပတေးနေ့ ပုံမှန်သတင်းစာ ရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် John Kirby ကပြောထားပါတယ်။

ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေရဲ့ လက်ရင်းတပည့်တဦးဖြစ်ပြီး သဘောထား တင်းမာသူ၊ လုပ်ပိုင်ခွင့်တွေကို ကိုယ်ကျိုးအတွက် အသုံးချသူအဖြစ် ဝေဖန်တာတွေကလည်း ကျယ်ကျယ်ပြန့်ပြန့်ကို ရှိထားပါတယ်။ အခု သမ္မတဦးသိန်းစိန် အစိုးရလက်ထက်အတွင်း အရင်ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦး အနားယူသွားချိန်တုန်းကလည်း ဦးမြင့်ဆွေကို အစားထိုးရွေးချယ်မယ့်သတင်း ထွက်ခဲ့ပါသေးတယ်။

အဲဒီအချိန်တုန်းကတည်းက သူ့ရဲ့မိသားစုဝင်တွေထဲမှာ ပြည်ပနိုင်ငံသားဖြစ်နေသူတွေ ရှိတယ်ဆိုပြီးတော့ ဒုတိယသမ္မတမဖြစ်ခဲ့ ဘဲ သူ့အစား အခုလက်ရှိ ဒုတိယသမ္မတဖြစ်နေတဲ့ ဦးဉာဏ်ထွန်းကို တပ်ဘက်က ရွေးချယ်ခဲ့တာပါ။ အခုတကြိမ်မှာလည်း ဒီ နိုင်ငံ သားဖြစ်မှုကိစ္စ မေးခွန်းတွေ ပြန်ထွက်လာနေတာကြောင့် ဒါနဲ့ပတ်သက်ပြီး မေးမြန်းအတည်ပြုနိုင်ဖို့ ဦးမြင့်ဆွေကို ဗွီအိုအေက အကြိမ်ကြိမ် ဆက်သွယ်ခဲ့ပေမဲ့ တယ်လီဖုန်းလက်ခံဖြေဆိုတာမျိုး မရှိခဲ့ပါဘူး။

သူ့ရဲ့မိသားစုဝင်တချို့ဟာ အခုချိန်ထိ ပြည်ပနိုင်ငံသား ဆက်ဖြစ်နေသေးသလားဆိုတာကို သမ္မတအရည်အချင်း စိစစ်ရေးအဖွဲ့ အနေနဲ့ အလွယ်တကူမေးမြန်းနိုင်ပြီး အဲဒီကနေတဆင့် ဖြစ်လာနိုင််တဲ့ နောက်ဆက်တွဲအနေအထားတွေကိုတော့ မြန်မာ့နိုင်ငံရေး လေ့လာသူ ဦးတင်မောင်သန်းက အခုလိုသုံးသပ်ပြပါတယ်။

“စိစစ်ရေးကော်မတီက သြစတေးလျနိုင်ငံသံရုံးကို မေးခဲ့တယ်ဆိုရင် ဒီစစ်တာက သတင်းတွေမှာ ဖော်ပြထားတဲ့အတိုင်း မှန်တယ်ဆိုရင်တော့ ဦးမြင့်ဆွေ ရဲ့ အမည်စာရင်းတင်သွင်းမှုက ဒုတိယအကြိမ် ပြန်လည်ရုတ်သိမ်းသွားရလိမ့်မယ်။ ဆိုတော့ အဲလို ရုတ်သိမ်းသွားလို့ရှိရင်လည်းတပ်မတော်က သူတို့ သည် ၅၉(စ)ကို လေးလေးနက်နက်အခိုင်အမာ ကိုင်စွဲထားတာဖြစ်ပါတယ် ဆိုတာကို ပြသသွားတာလည်း ဖြစ်သွားနိုင်တယ်။ ဆိုတော့ ဘယ်လိုအကြောင်းကြောင့်ပဲဖြစ်ဖြစ်ပေါ့ ဦးမြင့်ဆွေ ဒုသမ္မတအနေနဲ့ အပယ်မခံရဘူး ဖြစ်သွားတယ်ဆိုရင်လည်း ၅၉(စ) နဲ့ ပတ်သက်ပြီး ပြပြီးသားဖြစ်တယ်။ ဒါကတော့ နိုင်ငံရေးအရ တပြည်လုံးကို သတင်းပေးလိုက်တယ်လို့ သုံးသပ်လို့ရမယ်လို့ ထင်တယ်။”

ဒီကနေ့လုပ်မယ့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာတော့ ဒီကိစ္စ အဖြေ ထွက်လာဖွယ် ရှိနေပါတယ်။ တကယ်လို့သာ အခုရွေးထားတဲ့ ဒုတိယသမ္မတသုံးဦးထဲမှာ တဦးဦးဟာ သတ်မှတ်ထားတဲ့ သမ္မတအရည်အချင်းတွေထဲက တချက်ချက်နဲ့ ငြိစွန်း နေတယ်ဆိုရင်တော့ အဲဒီသက်ဆိုင်ရာအစုအဖွဲ့က ဒုတိယသမ္မတကို ပြန်ပြီး ရွေးချယ်ရမှာပါ။ သုံးဦးစလုံးဟာ သတ်မှတ်အရည် အချင်းတွေနဲ့ အပြည့်အဝကိုက်ညီတယ်ဆိုရင်တော့ မတ်လ ၁၅ ရက်၊ အင်္ဂါနေ့ ကျရင် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲပြီး သမ္မတနဲ့ ဒုတိယသမ္မတတွေကို ရွေးချယ်ကြမှာဖြစ်ပါတယ်။

မေခ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment