Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, March 13, 2016

ှSamsung Galaxy S7 ကို ရေအောက်မှာ ဖွင့်ဖောက်စမ်းသပ်ပြ


Samsung Galaxy S5 ဖုန်းတုန်းက ရေစိုခံဖုန်းဖြစ်ပေမယ့်၊ Galaxy S6 ဖုန်းမှာကျတော့ ရေစိုခံနိုင်စွမ်းရည် ပါဝင်မလာပါဘူး။ ဒါပေမယ့် အခုထွက်ရှိလာတဲ့ Galaxy S7 ဖုန်းမှာတော့ ရေစိုခံနိုင်စွမ်းရည် ပြန်လည်ပါဝင်လာပြီး IP 68 အဆင့်အထိ ရထားပါတယ်။

ရေအောက် ၅ ပေမှာ မိနစ်သုံးဆယ်အထိ စိမ်ထားနိုင်တယ်ဆိုတဲ့ Galaxy S7 ဖုန်းရဲ့စွမ်းရည်ကို စမ်းသပ်ဖို့အတွက် တယ်လီကွန်း ကုမ္ပဏီ T-Mobile ဝန်ထမ်းတစ်ဦးဖြစ်သူ Des ဟာ S7 ဖုန်းကို ရေအောက်မှာ ဖွင့်ဖောက်ပြသသွားခဲ့ပါတယ်။



T-Mobile ရဲ့ ပရောဂျက်မန်နေဂျာဖြစ်သူ Des ဟာ ဖုန်းဖွင့်ဖောက်ပြသတဲ့ unboxing ဗီဒီယိုကို ရေအောက်မှာပဲ ရိုက်ကူးထားတာဖြစ်တာကြောင့် ဒီဗီဒီယိုမှာ စကားပီပီသသမပြောနိုင်ဘဲ၊ ကြည့်ရှုသူတွေ နားလည်နိုင်ဖို့ စာတန်းထိုးပေးထားရပါတယ်။

Des ဟာ S7 ဖုန်းကို ရေအောက်မှာတင် ပါဝါဖွင့် ပြခဲ့သလို၊ အနားကူးခတ်လာတဲ့ အဖော်တစ်ယောက်ကို ဓာတ်ပုံရိုက်ပြတာ၊ ရေအောက်မှာတင် ဗီဒီယိုဖုန်း ခေါ်ပြတာတွေလုပ်ခဲ့ပါတယ်။ ဗီဒီယိုအဆုံးမှာ S7 Edge ကလည်း သူလည်း ရေစိုခံနိုင်ကြောင်း ဝင်ရောက်ပြသသွားတာကို တွေ့ရပါတယ်။

စကားမစပ် Galaxy S7 ဖုန်းမှာ ဖော်ပြထားတဲ့ IP rating ဆိုတာ အီလက်ထရောနစ်ပစ္စည်းတစ်ခုရဲ့ ပြင်ပပစ္စည်း ဝင်ရောက်မှုကနေလုံခြုံမှု (Ingress Protection) လို့ အဓိပ္ပါယ်ပြန်ဆိုနိုင်ပါတယ်။

IP နောက်က ဂဏန်းနှစ်ခုမှာ ပထမဂဏန်းက အစိုင်အခဲပစ္စည်းတွေဝင်ရောက်နိုင်တဲ့ပမာဏဖြစ်ပြီး 6 အဆင့်က ဖုန်မှုန့်တွေတောင် ဖုန်းတွင်းလုံးဝမဝင်နိုင်ဘူးလို့ အဓိပ္ပါယ်ရပါတယ်။ ဒုတိယဂဏန်းကတော့ ရေစိုခံနိုင်စွမ်းရည်ပါ။ Galaxy S7 ရရှိထားတဲ့ IP 68 ကတော့ အမြင့်ဆုံး IP သတ်မှတ်ချက်ဖြစ်ပါတယ်။


Ref : digitaltimes.com.mm

No comments:

Post a Comment