Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 13, 2016

သမၼတေလာင္း အရည္အခ်င္းေတြနဲ႔ ကိုက္ညီသလား၊ စိစစ္ေရးအဖြဲ႕ အစီရင္ခံေတာ့မယ္

အေမရိကန္ အစိုးရ ကေန ပိတ္ဆို႔ ကန္႔သတ္ မွုေတြ ခ်မွတ္ ခံထားရတဲ့ နာမည္ပ်က္ စာရင္းထဲ မွာလည္း ဦးျမင့္ေဆြ ဟာ လက္ရွိ ပါဝင္ ေန ပါတယ္။
လႊတ္ေတာ္ ႏွစ္ရပ္ နဲ႔ စစ္တပ္ က အသီးသီး ေရြးခ်ယ္ ထားတဲ့ သမၼတ ေလာင္း ၃ ဦး ဟာ သတ္မွတ္ ထားတဲ့ သမၼတ ေလာင္း အရည္အခ်င္း ေတြ နဲ႔ ကိုက္ညီမွု ရွိမရွိ ကို ဒီကေန႔ မတ္လ ၁၄ ရက္ တနလၤာေန႔ မွာ က်င္းပ မယ့္ ျပည္ေထာင္စု လႊတ္ေတာ္ အစည္းအေဝး အတြင္း စိစစ္ေရး အဖြဲ႕ က အစီအရင္ခံစာ ဖတ္ၾကား ဖို႔ ရွိေနပါတယ္။

ေရြးေကာက္ပြဲ အနိုင္ရ အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဴပ္ NLD ပါတီ လႊမ္းမိုး ထားတဲ့ လႊတ္ေတာ္ ႏွစ္ရပ္ မွာ NLD ပါတီ က အဆိုျပဳ ခဲ့တဲ့ ဦးထင္ေက်ာ္ နဲ႔ ဦး ဟင္နရီ ဗန္ထီးယူ တို႔ကို ေရြးခ်ယ္ ထားခဲ့ၿပီး၊ တပ္မေတာ္သား ကိုယ္စားလွယ္ ေတြက ေတာ့ ရန္ကုန္တိုင္း ဝန္ႀကီး ခ်ဳပ္ ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေဟာင္း ဦးျမင့္ေဆြ ကို ေရြးခ်ယ္ ထားတာ ျဖစ္ပါတယ္။

ဦးျမင့္ေဆြဟာ ဗိုလ္ခ်ဳပ္မွူးႀကီးေဟာင္း ဦးသန္းေရႊ နဲ႔ နီးစပ္သူ အျဖစ္ လူအမ်ား က ရွုျမင္ ေနၾကၿပီး သေဘာထား တင္းမာသူ တစ္ဦး ျဖစ္တယ္ ဆိုတဲ့ ေဝဖန္ သုံးသပ္ မွု ေတြ လည္း ရွိ ေနပါတယ္။

ရန္ကုန္တိုင္း ဝန္ႀကီးခ်ဳပ္ အေနနဲ႔ ဦးျမင့္ေဆြဟာ အစိုးရ စီမံကိန္းေတြကို ပြင့္လင္း ျမင္ သာမွု မရွိဘဲ ခ်ထားေပး ခဲ့တယ္ ဆိုတဲ့ ေဝဖန္ စြပ္စြဲမွု ေတြ သာမက သပိတ္ေမွာက္ ေက်ာင္းသားေတြ ကို အၾကမ္းဖက္ ႏွိမ္နင္းခဲ့မွု အတြက္ အဓိက တာဝန္ ရွိသူ တစ္ဦး အေနနဲ႔လည္း အေဝဖန္ ခံခဲ့ရသူ ျဖစ္ပါတယ္။

အေမရိကန္ အစိုးရ ကေန ပိတ္ဆို႔ ကန္႔သတ္ မွုေတြ ခ်မွတ္ ခံထားရတဲ့ နာမည္ပ်က္ စာရင္းထဲ မွာလည္း ဦးျမင့္ေဆြ ဟာ လက္ရွိ ပါဝင္ ေန ပါတယ္။

သမၼတ အရည္အခ်င္း စိစစ္တဲ့ ေကာ္မတီ ကသာ ဦးျမင့္ေဆြ ကို သမၼတ ေလာင္း အျဖစ္ အတည္ ျပဳ ေပး ၿပီ ဆိုရင္ သူဟာ အနည္းဆုံး ဒုသမၼတ တစ္ေယာက္ ျဖစ္လာ ေတာ့မွာပါ။

စစ္အာဏာရွင္ ေဟာင္းေတြ စစ္ဗိုလ္ခ်ဳပ္ ေဟာင္း ေတြ မေတာ္မတရား ရယူထားတဲ့ ဓန အင္အားနဲ႔ စီးပြားေရး လုပ္ငန္း ေတြ ကို အကာအကြယ္ ေပးဖို႔ သက္သက္ ဦးျမင့္ေဆြ ေဆာင္ရြက္ လာမယ္ ဆိုရင္ ေတာ့ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရး ဆက္လက္ ထိခိုက္ ေနဦး မွာပဲ လို႔ နိုင္ငံေရး ေဆာင္းပါးရွင္ စည္သူေအာင္ျမင့္ က သုံးသပ္ပါတယ္။

ဒါေပမယ့္ ဖြဲ႕စည္းပုံ အေၿခ ခံ ဥပေဒ အတိုင္း သမၼတ အေပၚသာ တာဝန္ ခံရမယ့္ ဒုသမၼတ တစ္ဦး အေနနဲ႔ သမၼတ ရဲ့ မူဝါဒ နဲ႔ လမ္းညႊန္ ခ်က္ ေတြ ကို အေကာင္အထည္ ေဖာ္မယ္ ဆိုရင္ေတာ့ အရပ္ဘက္ စစ္ဘက္ ဆက္ဆံေရး အမ်ားႀကီးေျပျပစ္ လာနိုင္တယ္ လို႔လည္း ဦးစည္သူေအာင္ျမင့္က ဆိုပါတယ္။

သမၼတ အရည္အခ်င္း စိစစ္တဲ့ ေကာ္မတီ က သမၼတ ေလာင္း ၃ ဦး ကို အတည္ျပဳ ေပး ခဲ့ရင္ အခု သီတင္း ပတ္ထဲမွာပဲ ျပည္ေထာင္စု လႊက္ေတာ္ တြင္း မဲ ခြဲ ၾကၿပီး ဦးထင္ေက်ာ္၊ ဦး ဟင္နရီ ဗန္ထီးယူ နဲ႔ ဦးျမင့္ေဆြ တို႔ဟာ သမၼတ နဲ ဒု သမၼတ ေတြ အသီးသီး အျဖစ္ တာဝန္ယူ သြားၾကမွာ ျဖစ္ပါတယ္။

BBC Burmese
http://www.bbc.com/burmese

.....................................


အမေရိကန် အစိုးရ ကနေ ပိတ်ဆို့ ကန့်သတ် မှုတွေ ချမှတ် ခံထားရတဲ့ နာမည်ပျက် စာရင်းထဲ မှာလည်း ဦးမြင့်ဆွေ ဟာ လက်ရှိ ပါဝင် နေ ပါတယ်။
လွှတ်တော် နှစ်ရပ် နဲ့ စစ်တပ် က အသီးသီး ရွေးချယ် ထားတဲ့ သမ္မတ လောင်း ၃ ဦး ဟာ သတ်မှတ် ထားတဲ့ သမ္မတ လောင်း အရည်အချင်း တွေ နဲ့ ကိုက်ညီမှု ရှိမရှိ ကို ဒီကနေ့ မတ်လ ၁၄ ရက် တနင်္လာနေ့ မှာ ကျင်းပ မယ့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အတွင်း စိစစ်ရေး အဖွဲ့ က အစီအရင်ခံစာ ဖတ်ကြား ဖို့ ရှိနေပါတယ်။

ရွေးကောက်ပွဲ အနိုင်ရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချူပ် NLD ပါတီ လွှမ်းမိုး ထားတဲ့ လွှတ်တော် နှစ်ရပ် မှာ NLD ပါတီ က အဆိုပြု ခဲ့တဲ့ ဦးထင်ကျော် နဲ့ ဦး ဟင်နရီ ဗန်ထီးယူ တို့ကို ရွေးချယ် ထားခဲ့ပြီး၊ တပ်မတော်သား ကိုယ်စားလှယ် တွေက တော့ ရန်ကုန်တိုင်း ဝန်ကြီး ချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဟောင်း ဦးမြင့်ဆွေ ကို ရွေးချယ် ထားတာ ဖြစ်ပါတယ်။

ဦးမြင့်ဆွေဟာ ဗိုလ်ချုပ်မှူးကြီးဟောင်း ဦးသန်းရွှေ နဲ့ နီးစပ်သူ အဖြစ် လူအများ က ရှုမြင် နေကြပြီး သဘောထား တင်းမာသူ တစ်ဦး ဖြစ်တယ် ဆိုတဲ့ ဝေဖန် သုံးသပ် မှု တွေ လည်း ရှိ နေပါတယ်။

ရန်ကုန်တိုင်း ဝန်ကြီးချုပ် အနေနဲ့ ဦးမြင့်ဆွေဟာ အစိုးရ စီမံကိန်းတွေကို ပွင့်လင်း မြင် သာမှု မရှိဘဲ ချထားပေး ခဲ့တယ် ဆိုတဲ့ ဝေဖန် စွပ်စွဲမှု တွေ သာမက သပိတ်မှောက် ကျောင်းသားတွေ ကို အကြမ်းဖက် နှိမ်နင်းခဲ့မှု အတွက် အဓိက တာဝန် ရှိသူ တစ်ဦး အနေနဲ့လည်း အဝေဖန် ခံခဲ့ရသူ ဖြစ်ပါတယ်။

အမေရိကန် အစိုးရ ကနေ ပိတ်ဆို့ ကန့်သတ် မှုတွေ ချမှတ် ခံထားရတဲ့ နာမည်ပျက် စာရင်းထဲ မှာလည်း ဦးမြင့်ဆွေ ဟာ လက်ရှိ ပါဝင် နေ ပါတယ်။

သမ္မတ အရည်အချင်း စိစစ်တဲ့ ကော်မတီ ကသာ ဦးမြင့်ဆွေ ကို သမ္မတ လောင်း အဖြစ် အတည် ပြု ပေး ပြီ ဆိုရင် သူဟာ အနည်းဆုံး ဒုသမ္မတ တစ်ယောက် ဖြစ်လာ တော့မှာပါ။

စစ်အာဏာရှင် ဟောင်းတွေ စစ်ဗိုလ်ချုပ် ဟောင်း တွေ မတော်မတရား ရယူထားတဲ့ ဓန အင်အားနဲ့ စီးပွားရေး လုပ်ငန်း တွေ ကို အကာအကွယ် ပေးဖို့ သက်သက် ဦးမြင့်ဆွေ ဆောင်ရွက် လာမယ် ဆိုရင် တော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး ဆက်လက် ထိခိုက် နေဦး မှာပဲ လို့ နိုင်ငံရေး ဆောင်းပါးရှင် စည်သူအောင်မြင့် က သုံးသပ်ပါတယ်။

ဒါပေမယ့် ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေ အတိုင်း သမ္မတ အပေါ်သာ တာဝန် ခံရမယ့် ဒုသမ္မတ တစ်ဦး အနေနဲ့ သမ္မတ ရဲ့ မူဝါဒ နဲ့ လမ်းညွှန် ချက် တွေ ကို အကောင်အထည် ဖော်မယ် ဆိုရင်တော့ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး အများကြီးပြေပြစ် လာနိုင်တယ် လို့လည်း ဦးစည်သူအောင်မြင့်က ဆိုပါတယ်။

သမ္မတ အရည်အချင်း စိစစ်တဲ့ ကော်မတီ က သမ္မတ လောင်း ၃ ဦး ကို အတည်ပြု ပေး ခဲ့ရင် အခု သီတင်း ပတ်ထဲမှာပဲ ပြည်ထောင်စု လွှက်တော် တွင်း မဲ ခွဲ ကြပြီး ဦးထင်ကျော်၊ ဦး ဟင်နရီ ဗန်ထီးယူ နဲ့ ဦးမြင့်ဆွေ တို့ဟာ သမ္မတ နဲ ဒု သမ္မတ တွေ အသီးသီး အဖြစ် တာဝန်ယူ သွားကြမှာ ဖြစ်ပါတယ်။

BBC Burmese
http://www.bbc.com/burmese

No comments:

Post a Comment