ဂျပန်ရဲ့ နိုင်ငံရေးသုံးသပ်ဝေဖန်မှု အစီအစဉ်တခုက
မြန်မာ့နိုင်ငံရေး သရုပ်ဖော်ရုပ်ပြ တစ်ကွက်ပါ။
၁) သင်္ဘောပေါ်မှာက
ဒေါ်အောင်ဆန်းစုကြည်ကို မြင်နိုင်သူ လမ်းပြသူ
သမ္မတကို မာလိန်းမှူးကပ္ပတိန် အဖြစ် သရုပ်ဖော်ထားပါတယ်။
၂) ဒေါ်အောင်ဆန်းစုကြည်ကိုတော့
"သမ္မတကိုကျော်လွန်သော သြဇာသက်ရောက်မှု" လို့ စာနဲ့ထပ် ညွှန်းထားပါသေးတယ်။
၃) မေးခွန်းတွေကတော့
နိုင်ငံခြားရေးဝန်ကြီးက ဘယ်သူဖြစ်မလဲ
သမ္မတရုံးဝန်ကြီးလို စီနီယာဝန်ကြီးက ဘယ်သူဖြစ်မလဲ တဲ့။
၎) ပုံရဲ့ ညာဘက်အောက်အခြမ်းမှာလှေငယ်ပေါ်ကနေ
သင်္ဘောကြီးရဲ့ ဦးတည်ချက်တွေ လွဲအောင်
ကဖျက် ယဖျက် လုပ်နေတာကတော့
မြင်တဲ့အတိုင်းပါပဲ။
၅) သင်္ဘောကြီးပေါ်က ပုဂ္ဂိုလ်တွေကတော့
လှေငယ်ပေါ်က ပုဂ္ဂိုလ်တွေကို အရေးတယူ လုပ်မနေဘဲ
သင်္ဘောကြီးကို မိမိတို့ မျှော်မှန်းရာဆီ
အားသွန်ခုတ်မောင်းဖို့ တက်ကြွနေပုံနဲ့၊
၆) မြန်မာ့အလံရော အဖွဲ့ချုပ်အလံကပါ
လေလမ်းကြောင်းဟာ သင်္ဘောကြီးရဲ့ ဦးတည်ဘက်မှာ
ရှိနေကြောင်းကို ရွက်တိုင်ဖျားမှာ
တညီတညာပြနေပုံ
တို့ကို သရုပ်ဖော်ထားတာ တွေ့ရပါတယ်။
(Credit- Shein KyiThu fb)Aung Myo Hein
Friday, March 18, 2016
ဂျပန်ရဲ့ နိုင်ငံရေးသုံးသပ်ဝေဖန်မှု အစီအစဉ်တခုက မြန်မာ့နိုင်ငံရေး သရုပ်ဖော်ရုပ်ပြ တစ်ကွက်
ဂျပန်ရဲ့ နိုင်ငံရေးသုံးသပ်ဝေဖန်မှု အစီအစဉ်တခုက မြန်မာ့နိုင်ငံရေး သရုပ်ဖော်ရုပ်ပြ တစ်ကွက်
Reviewed by MP4 YoU
on
March 18, 2016
Rating: 5

Subscribe to:
Post Comments (Atom)