Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 17, 2016

ပွဲဆူနေတဲ့ ဒေါက်တာလွဏ်းဆွေရဲ့  "ငယ်ကျွမ်းဆွေ"

ပွဲဆူနေတဲ့ ဒေါက်တာလွဏ်းဆွေရဲ့  "ငယ်ကျွမ်းဆွေ"


''ငယ်ကျွမ်းဆွေ'' -----------------  
တကယ်တော့ နိုင်ငံတကာက အထင်ကရ သတင်းစာကြီးတွေက 'ငယ်ကျွမ်းဆွေ' ဆိုတဲ့ မြန်မာသီချင်းကို မကြားလည်း မကြားဖူး၊ နားလည်းမလည်လို့ သမ္မတ ဦးထင်ကျော်ကို 'ဒေါ်အောင်ဆန်းစုကြည်ရဲ့ဖော်မာဒရိုင်ဘာ' လို့ သုံးနှုန်းရေးသားမိတာနေမှာပါ (ကားမောင်းဖူးတဲ့သူမှန်သမျှ ဒရိုင်ဘာပဲမို့၊ ဒရိုင်ဘာအလုပ်ဟာ မဟုတ်တာလုပ်တာမဟုတ်တာမို့ ကျနော့်အနေနဲ့တော့ ဒရိုင်ဘာလို့ သုံးနှုန်းရေးသားခံရတာကို ဂုဏ်သိက္ခာညှိုးနွမ်းစရာလို့ မမြင်မိပါ)။ ဒါပေမယ့် 'ငယ်ကျွမ်းဆွေ' ဆိုတဲ့ သီချင်းကိုသာ အထင်ကရ သတင်းစာကြီးတွေက အယ်ဒီတာတွေ ကြားလည်းကြားဖူး နားလည်းနားလည်မယ်ဆိုရင် သမ္မတ ဦးထင်ကျော်ကို 'ဒေါ်အောင်ဆန်းစုကြည်ရဲ့ငယ်ကျွမ်းဆွေ' လို့ အနုပညာပါပါ သေချာပေါက် သုံးနှုန်းရေးသားလိမ့်မယ်လို့ ကျနော့်အနေနဲ့ ထင်မြင်မိပါတယ်။ ''ငယ်သူငယ်ချင်းရေ xxx အခုတော့ ငယ်ကျွမ်းဆွေ xxx ငယ်သူငယ်ချင်းရေ xxx အခုတော့ ငယ်ကျွမ်းဆွေ xxx အခုလို ပြန်လည် ဆုံတွေ့ရတာ xxx ၀မ်းသာမဆုံးနိုင်ပေ xxx အခုလို ဆုံတွေ့ရတာ xxx ၀မ်းသာမဆုံးနိုင်ပေ xxx မီးပုံးလှလှလေးတွေ xxx '' 
.................................
အထက်ပါစာစုကိုရေးသားခဲ့သူဒေါက်တာလွဏ်းဆွေဆိုသူကတော့ ဒေါ်အောင်ဆန်းစုကြည်ကို မထိတထိတမျိုး၊ကလိတိတိ၊ရိတိတိတမျိုးတိုက်ခိုက်ခဲ့သူပါပဲ။မြန်မာပြည်မှာ
ဒီလိုလူစားမျိုးတွေ က တစား အုပ်စုတစ်ခုအဖြစ်ရှိပါတယ်။
ကိုယ်တိုင်လည်း မလုပ်၊တကယ်လုပ်ဆောင်နေသူများကိုလည်း အနိမ့်ဆုံးခွန်အားရှိမယ့်၊အကျိုးရှိမယ့်ဝေဖန်အကြံပြုချက်အပြုသဘောပြောဆိုဝေဖန်တာ
မျိုးမရှိပဲတောက်လျှောက် အပျက်သဘောပြောဆိုကြတဲ့ လူတန်းစား
တမျိုးဖြစ်ပါတယ်။
နိုင်ငံရေးအတင်းပြောသူများ group လို့  admin ကအမည်ပေးထားပါတယ်။
ဒေါက်တာလွဏ်းဆွေဟာ ဒီအထက်က ငယ်ကျွမ်းဆွေ လိုစာမျိုးနဲ့ ခပ်ဆင်ဆင် စာတွေကို ရေးထုတ်ခဲ့သူပါ။
(ဒေါက်တာလွဏ်းဆွေရဲ့  နိုင်ငံရေးအမြင်၊အတွေးအခေါ်အတိမ်အနက်ကိုထောက်ဆကြည့်ရှုနိုင်ဖို့ 
တချိန်က ဒေါက်တာလွဏ်းဆွေရေးခဲ့တဲ့တော်လှန်ရေး တိုက်ပွဲနည်းနာတွေကိုလည်း ကူးယူဖော်ပြလိုက်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ကို ထိုးနှက်တိုက်ခိုက်ရခြင်းဟာ သူ့ ရဲ့ မဟာတိုက်ပွဲနည်းနာတွေကို မလိုက် နာလို့   ဖြစ်နိုင်တယ်လို့   ယူဆမိပါကြောင်း။အပျင်းပြေဖတ်ကြဖို့ တင်ပေးလိုက်ပါတယ်။)

အားလုံးပဲ ဟောင်းနွမ်းလွန်းလို့ အသစ်က ပြန်စကြစို့ (၇) (နိဂုံးပိုင်း)
ဒေါက်တာလွဏ်းဆွေ

ဤနိဂုံးပိုင်းမှာ ကျနော် ဉာဏ်မီသလောက် စဉ်းစားမိတဲ့ “အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” ဆိုတဲ့ လူထု တိုက်ပွဲနည်းနာ အကြံပြုစဉ်းစားချက်တွေကို တင်ပြမှာဖြစ်ပါတယ်။ မတင်ပြမီ အခြေအနေအရပ်ရပ်ကို ပြန်ပြီး သုံးသပ်ရရင်ဖြင့် ဒီကနေ့အချိန်ကာလမှာ မျက်စိပသာဒပိုင်းအရ အရင်ကနဲ့မတူ တမူထူးခြားတာလေးတော့ အနည်းငယ်ရှိလာတယ်လို့ ပြောရပါမယ်။ ဘာထူးခြားတာလဲဆိုတော့ (၂၃) နှစ်ကြာ “ပြည်သူ့မေတ္တာခံယူတဲ့ သားတွေပါခင်ဗျ” လို့ ဆလံသရမယ့် ဗိုလ်သန်းရွှေနဲ့ ဗိုလ်မောင်အေးတို့နှစ်ယောက် စစ်အာဏာရှင်ဇာတ်ခုံကြီး ရဲ့ ကန့်လန့်ကာနောက်ထဲ ၀င်ပုန်းသွားကြပြီး ကန့်လန့်ကာရှေ့မှာ ကျန်ခဲ့တဲ့ ဗိုလ်သိန်းစိန်တို့တသိုက် ကြံ့ဖွံ့ပု ဆိုးနဲ့တိုက်ပုံ လဲဝတ်လိုက်ကြတဲ့ ထူးခြားမှုပါပဲ။ ဒါပေမယ့် စစ်အာဏာရှင်ဇာတ်ခုံကြီးနဲ့ အဆောက်အအုံကြီးက ရှိမြဲအတိုင်းရှိနေပြီး ဗိုလ်သန်းရွှေတို့ ကန့်လန့်ကာနောက်ကွယ်က ကြိုးဆွဲတဲ့အတိုင်း ဇာတ်ခုံပေါ်ကျန်ခဲ့တဲ့ ဘောင်းဘီချွတ် ကြံ့ဖွံ့မောင်တွေ ကနေကြရဆဲ၊ ကနေကြရဦးမယ်ဆိုတာကိုတော့ နိုင်ငံရေးအကင်းပါးသူတိုင်း ရိပ်မိသိရှိကြမှာအမှန်ပါ။

ဦးသိန်းစိန်တို့ မအူမလည်တသိုက် အဲသလို ဆက်မိုက်ကြဖို့ ပြင်နေကြချိန်မှာပဲ ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့ ဒီ မိုကရေစီလိမ်ဆင်ပြဇာတ်တော်ကြီးမှာ ကပြအသုံးတော်ခံခွင့်ရမယ်အထင်နဲ့ (စစ်အာဏာရှင်ဇာတ်ခုံဟောင်းကို ဒီမိုကရေစီဇာတ်ခုံအထင်နဲ့) ပါတီထောင်ခဲ့ကြသူတွေအားလုံးလည်း ၂၀၀၈ အတုအယောင်အခြေခံဥပဒေမှာ ဗိုလ်သန်းရွှေ ဇာတ်ညွှန်းခွဲပေးထားတဲ့အတိုင်း ခေါင်းညိတ်၊ ခေါင်းခါ၊ အမြီးနှန့်ကကွက်တွေနဲ့သာ တသဝေ မသိမ်း ကပြအသုံးတော်ခံခဲ့ကြရတာကိုလည်း အာလုံးမြင်တွေ့ခဲ့ကြရပြီမဟုတ်ပါလား။ ပြောရရင် ပါတီထောင် ခဲ့ကြသူတွေအားလုံး အမည်ခံ ‘ပါတီ’ တေးနဲ့ ‘ပါပီ’ ကလေးတွေ ဖြစ်ခဲ့ကြရတယ်ပေါ့ခင်ဗျာ (နောက် ၅ နှစ်အ ကြာမှာ ပါပီကလေးတွေအဆင့်ကနေ ကြွက်စုတ်ကလေးတွေအဆင့်လောက် ရှိနေသေးရင် ကံကောင်းတယ် လို့ ပြောရမှာပေါ့)။

နောက်ပြီး ‘ဦးသိန်းစိန်အစိုးရသစ်’ ဆိုတာကြီးသာ ပေါ်လာတယ်၊ နအဖစစ်အစိုးရလက်ထက်က ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသား (၂,၀၀၀) ကျော်ကိုလည်း မလွှတ်ရဲ၊ စာနယ်ဇင်းလွတ်လပ်ခွင့်လည်း မပေးရဲဘဲ ဖိနှိပ် ရေးယန္တရားတွေကို တိုးချဲ့ဖို့သာ အကွက်စိစိ လုပ်ဆောင်နေတာ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို နိုင်ငံရေးနည်းနဲ့ ဆွေးနွေးအဖြေရှာဖို့ မစဉ်းစားဘဲ ထိုးစစ်ဆင်ဖို့ ပြင်ဆင်နေတာတွေကိုသာ တွေ့နေရလို့ စစ် အာဏာရှင်စနစ်ကြီး အမြစ်ယိုင်နဲ့ခြင်းမရှိသေးဘဲ ရှိမြဲအတိုင်း အမြစ်တွယ်နေဆဲဆိုတာ သိသာထင်ရှားလွန်း နေပါတယ်။ အဲဒီတော့ အစိုးရသစ်ဆိုတာကြီး ဘယ်လိုပဲ ပေါ်လာပေါ်လာ ဒီကနေ့အချိန်ကာလဟာ မြန်မာ ပြည်မှာ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်ရေးအတွက် ဆက်လက်တိုက်ပွဲဝင် တော်လှန်ရဦးမယ့် အချိန်ကာလ (တော်လှန်ရေးကာလ) ပဲ ဖြစ်တယ်ဆိုတာကို ကျနော်တို့ နိုင်ငံသူနိုင်ငံသားအားလုံး ရှင်းရှင်းလင်းလင်း မြင် ကြပြီးသားဖြစ်မယ်လို့ ယုံကြည်ပါတယ်။

ဒါပေမယ့် အခုတလောမှာ ဆက်လက်တိုက်ပွဲဝင်တော်လှန်ကြရဦးမယ့် ကျနော်တို့တတွေအတွက် စိတ်ဓာတ် ရေးရာအရ အားပျက်ေ၀၀ါးချင်စရာ သြ၀ါဒအမှာစကားတချို့ ထွက်ပေါ်လာနေတာမို့ အဲဒါတွေနဲ့ ပတ်သက်ပြီး စိတ်ဓာတ်မကျ၊ စိတ်ဝမ်းမကွဲစေဖို့ ကျနော့်အနေနဲ့ အကြံပြုချင်စိတ်ဖြစ်ပေါ်နေမိပါတယ်။ ဘာဖြစ်လို့လဲဆို တော့ ကျနော်တို့ ကြားလာရတဲ့ စိတ်ဓာတ်ရေးရာအရ အားပျက်ေ၀၀ါးချင်စရာ သြ၀ါဒအမှာစကားတချို့က (၂၃) နှစ်နီးပါး ဒီမိုကရေစီတိုက်ပွဲအတွက် ယုံကြည်ကိုးစားခဲ့တဲ့ ကျနော်တို့ရဲ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်ဆီက ထွက်ပေါ်လာတဲ့ စကားတွေ ဖြစ်နေလို့ပါ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စကားတခွန်းက ဒီမိုကရေ စီအင်အားစုတွေအကြား အတော်ကလေး တာသွားလွန်းလှတာမို့ ဆက်လက်တိုက်ပွဲဝင်ရဦးမယ့် တော်လှန် ရေးကာလမှာ တိုက်ပွဲဝင်ချင်သူတွေ စိတ်ဓာတ်ကျဆင်းကုန်မှာ၊ ဒီမိုကရေစီပန်းတိုင်ကို ချီတက်နေကြသူချင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ပွဲဝင်ရဦးမယ်လို့ ယုံကြည်သူတွေကြား ကွာဟမှု ပိုကြီးလာမှာကို ကျနော့်အ နေနဲ့ အထူးစိုးရိမ်နေမိတာပါ။

အဓိကကတော့ နောက်ဆုံးအကြိမ် အကျယ်ချုပ်က ပြန်ထွက်လာပြီး နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် က “အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဟာ တိုင်းပြည်အာဏာရရေးအတွက် မဟုတ်” လို့ ပြောဆိုလာ တာမျိုးတွေ၊ “ကျမက တော်လှန်ရေးတွေအတွက် ဆော်သြတိုက်တွန်းနေသူတော့ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ သိပ်ရင်ခုန်စရာ မကောင်းလို့ပါဘဲ” လို့ ဖြေကြားလာတာမျိုးတွေ၊ “အကြမ်းမဖက်တဲ့နည်းနဲ့ ငြိမ်းချမ်း စွာ အသွင်ကူးပြောင်းရေးကိုပဲ လုပ်ဆောင်မယ်” လို့ ပြောဆိုလာတာမျိုးတွေကြောင့် အခြားနည်းနာပေါင်းစုံနဲ့ တိုက်ပွဲဝင်မှဖြစ်ဦးမယ်လို့ ယုံကြည်နေသူတွေအကြားမှာ တိုက်ပွဲဝင်ချင်စိတ်တွေ လျော့ပါးကုန်မှာစိုးတာရယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုက်ပွဲနည်းနာပေါင်းစုံအသုံးချရေးကို ယုံကြည်သူတွေအကြား စိတ်ဝမ်းကွဲကုန်မှာ ကို စိုးရိမ်မိတာရယ်ပါ။ ဘယ်လို သဘောထားကွဲစရာတွေ ရှိတယ်ဆိုတာကို အပိုင်း (၆) မှာ ကျနော် အသေး စိတ် ဆွေးနွေးခဲ့ပြီးပါပြီ။

ကျနော် အကြံပြုချင်တာက ဒီလိုပါ။ ကျနော်တို့ ခေါင်းဆောင်တင်ခဲ့ပြီးသား ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့ တဲ့ ၂၃ နှစ်မှာ တိုင်းပြည်နဲ့လူမျိုးအတွက် ရာနှုန်းပြည့်ပေးဆပ်ခဲ့တာ သေချာလွန်းလှတာရယ်မို့ အသင်းခေါင်း ဆောင်လက်ပတ်နဲ့ ဆက်လက်ရှိနေစေပြီး (ကွင်းထဲမှာ ဒေါ်အောင်ဆန်းစုကြည် ရှိနေသေးတာကိုကလည်း စိတ်ဓာတ်ရေးရာအရ အားဖြစ်စေတာမို့) တော်လှန်ရေးကာလကို တိုက်ပွဲနည်းနာပေါင်းစုံနဲ့ ဖြတ်သန်းဖို့ လို အပ်နေသေးတယ်လို့ ယုံကြည်တဲ့သူတွေကသာ ကိုယ့်အသိစိတ်ဓာတ်နဲ့ကိုယ် ဆက်လက်တိုက်ပွဲဝင်ကြဖို့ အ ကြံပြုချင်တာပါ။

အဲဒီလို တော်လှန်တိုက်ပွဲဝင်ကြရင်း စစ်အာဏာရှင်စနစ် အမြစ်ကျွတ်သွားတဲ့တနေ့မှာ တဖြေးဖြေးချင်း ငြိမ်း ချမ်းစွာပြောင်းလဲရေးကို ဦးတည်လျှောက်လှမ်းနေသူ ဒေါ်အောင်ဆန်းစုကြည်နဲ့ နည်းနာပေါင်းစုံအသုံးချတိုက် ပွဲဝင်သူတွေ ပြန်လည်ချိတ်ဆက်မိကြမယ်လို့ ယုံကြည်ပါတယ်။ အဲဒီအခါကျရင်သာ ကျနော့်တို့အားလုံး ဒေါ် အောင်ဆန်းစုကြည်ရဲ့ အမြော်အမြင်ကြီးတဲ့ ဦးဆောင်မှုအောက်မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးတည် ဆောက်မှုကာလ၊ တိုင်းပြည်ပြန်လည်ထူထောင်ရေးကာလတွေကို တက်ညီလက်ညီ ဖြတ်သန်းကြဖို့ တိုက် တွန်းလိုပါတယ်။

အခုအချိန်မှာတော့ တိုက်ပွဲဝင်ဦးမှဖြစ်မယ်လို့ ယုံကြည်သူတွေအနေနဲ့ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်ရေးအ တွက် စတင်လုပ်ဆောင်ရမယ့် ဦးစားပေးလုပ်ငန်းစဉ်က နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး လုပ်ငန်းစဉ်ပဲ ဖြစ်တယ်လို့ ထင်မိပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေအားလုံး လွတ်မြောက်ပါမှ ရွှေဝါရောင်မ တိုင်မီမှာ ကျနော်တို့ရဲ့တိုက်ပွဲကို ထင်သာမြင်သာတဲ့ အရွေ့ရှိအောင် ဦးဆောင်မှုပေးခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ၊ ရွှေဝါရောင်မတိုင်မီ ရွှေဝါရောင်အပြီးနဲ့ နာဂစ်သင့်ကာလတွေမှာ မြန်မာပြည် သူတွေကို အားဆေးတိုက်ကျွေးခဲ့တဲ့ ပြည်သူ့အချစ်တော် လူရွှင်တော် ဇာဂနာနဲ့ နှစ်ရှည်နိုင်ငံရေးအကျဉ်းသား ကြီးတွေဖြစ်တဲ့ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့လည်း တပါတည်း လွတ်မြောက်နိုင်မှာပါ။ သူ တို့တတွေ အပြင်ကို ပြန်ရောက်လာမှ သူတို့တွေရဲ့ ဦးဆောင်မှုနဲ့ စစ်အာဏာရှင်စနစ် အမြစ်ကျွတ်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်နိုင်မယ်လို့ ယုံကြည်ပါတယ် (ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ ချိတ်ဆက်မိရင် ပိုမိုအားကောင်းတဲ့ ဦးဆောင်မှု ဖြစ်ပေါ်လာပြီး တိုက်ပွဲကို မြန်မြန်အဆုံး သတ်နိုင်မယ်လို့ မျှော်လင့်ထားတာလည်းရှိပါတယ်)။

လူမှုရေးလုပ်ငန်းတွေ၊ အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းတွေ လုပ်ဆောင်ရင်း၊ NLD နဲ့ ဦးသိန်းစိန်အစိုးရ ကြား (NLD ဟာ အာဏာလိုချင်လို့ မဟုတ်ပါဘူးလို့ ဦးသိန်းစိန်အစိုးရက မြင်လာတဲ့အထိ) ယုံကြည်မှု ဖြစ် တည်လာအောင် လုပ်ဆောင်ပြရင်း တွေ့ဆုံဆွေးနွေးရေးအဆင့်ထိ တက်လှမ်းလာမယ်လို့ မျှော်လင့်နေပုံရတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကြိုးပမ်းမှုကလည်း လမ်းကြောင်းတခုအနေနဲ့တော့ သူ့ဟာသူရှိနေမှာပေါ့။ ကျနော့် တဦးချင်းအမြင်အရတော့ လက်နက်ကိုင်တိုက်ပွဲ၊ လူထုတိုက်ပွဲ၊ သံတမန်ရေးတိုက်ပွဲ … စတဲ့ ဖိအားပေါင်းစုံ ပေးနိုင်မှသာ ဦးသိန်းစိန် ဦးဆောင်တဲ့ အရပ်သားအရေခြုံ စစ်အစိုးရ အကျပ်အတည်း ဆိုက်လာမယ်၊ အကျပ် အတည်းဆိုက်လာမှသာ တွေ့ဆုံဆွေးနွေးရေးဆိုတာကို ကမ်းလှမ်းလာမယ်လို့ ထင်ပါတယ်။ မဟုတ်လို့က တော့ စောင့်ရင်းနဲ့သာ တမလွန်ကို မြန်းရမယ့်ကိန်းလို့ပဲ မြင်မိပါတယ်။

အဲဒီတော့ အခုအချိန်မှာ နုနယ်ပျိုမျစ်ဆဲ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေနဲ့ အခြားနိုင်ငံရေးအ ကျဉ်းသားတွေ လွတ်မြောက်ဖို့က အလွန့်အလွန်ကို အရေးကြီးနေပါတယ်။ အဲဒီလို လွတ်မြောက်ဖို့ကတော့ လူထုတိုက်ပွဲနည်းနာနဲ့ ဆွဲထုတ်မှ ရမယ်လို့ မြင်ပါတယ် (ဦးသိန်းစိန်ရဲ့ အရပ်သားအရေခြုံ စစ်အစိုးရသစ်ကြီး က သဘောထားကြီးစွာနဲ့ အသာတကြည် လွတ်ပေးလိမ့်မယ်လို့ လုံးဝမထင်လို့ပါ)။ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မှာ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ဦးဝင်းတင်တို့ ဦးဆောင်ပြီး နိုင်ငံရေးအကျဉ်းသားလွတ်မြောက်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေး၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ ပြန်လာနိုင်ရေးအတွက် လက်မှတ်ရေးထိုးလှုပ် ရှားမှု စတင်နေတာ တွေ့ရပါတယ်။ အရှိန်ကောင်းလာတာ တွေ့ရလို့လည်း အားတက်ဝမ်းမြောက်မိပါတယ်။

ဒါပေမယ့် လက်မှတ်ထိုးတဲ့ လှုပ်ရှားမှုလောက်ကိုတော့ နအဖစစ်အစိုးရလက်ထက်ကတည်းက မျက်နှာပြောင် တာ ကျင့်သားရနေပြီးသားဖြစ်တဲ့ သမ္မတ ဦးသိန်းစိန်ဆိုသူကြီးက မဖြုံရေးချမဖြုံလို့ မြင်မိပါတယ်။ လက်မှတ် ရေးထိုးတောင်းဆိုတဲ့အဆင့်ကနေ လူထုတိုက်ပွဲမျိုးနဲ့ ဖိအားပေးတောင်းဆိုတဲ့အဆင့်အထိ တက်လှမ်းတိုက်ပွဲ ၀င်နိုင်မှသာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးရေးကို ဦးသိန်းစိန်စစ်အစိုးရက စဉ်းစားလာလိမ့်မယ်လို့ ထင်ပါတယ် (ဒီကြားထဲမှာတော့ ဦးသိန်းစိန်အစိုးရက သူတို့ အသက်ရှူချောင်ဖို့ နိုင်ငံရေးကစားတဲ့အနေနဲ့ နိုင် ငံရေးအကျဉ်းသား တချို့တလေလောက်ကိုပဲ လွှတ်ပေးမှာပါ)။ တပြိုင်နက်တည်းမှာ သံတမန်ရေးနည်း၊ စစ် ရေးနည်းတွေနဲ့ပါ ၀ိုင်းပြီး ဖိအားပေးနိုင်ရင်တော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာတဲ့အပြင် ဒေါ် အောင်ဆန်းစုကြည် မျှော်လင့်နေတဲ့ တွေ့ဆုံဆွေးနွေးရေးအဆင့်အထိပါ တက်လှမ်းလာနိုင်မယ်လို့ မျှော်လင့် မိပါတယ် (မောင်လွဏ်းဆွေကလေး ပြောတာတွေလောက်တော့ ငါတို့လည်း မစဉ်းစားဘဲနေပါ့မလား၊ ဖြေး ဖြေးပေါ့ လာမှာပေါ့ ဆိုရင်လည်း ဆန္ဒစောပြီး ပြောနေမိတဲ့ ကျနော်မျိုးကြီး လေးဖြူမဟုတ်ကို ခွင့်လွှတ်ပါပေါ့ လေ)။

အဲဒီလို လူထုတိုက်ပွဲနဲ့ ဖိအားပေးတောင်းဆိုမှသာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်နိုင်မယ်လို့ ယုံ ကြည်တာကြောင့် ကျနော်စဉ်းစားမိတဲ့ တိုက်ပွဲနည်းနာတချို့ကို တင်ပြချင်မိခြင်းဖြစ်ပါတယ်။ အခုအချိန်မှာ “အာရပ်ဒီမိုကရေစီလှိုင်း” ကလည်း အကြီးအကျယ် ရိုက်ခတ်နေဆဲမို့ အဲဒီအာရပ်လှိုင်းကို အချိန်မီ လိုက်စီးနိုင် ရင်ဖြင့် နှစ်ရှည်လများ ထောင်တွေထဲမှာ ပေးဆပ်နေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေတော့ လွတ်မြောက်နိုင် ကောင်းရဲ့လို့ စဉ်းစားမိတာကလည်း နောက်အကြောင်းတချက်မို့ အခုလို အရဲစွန့် တင်ပြမိခြင်းဖြစ်ပါတယ်။ နိုင်ငံရေးအပြောင်းအလဲတွေကို ဖြစ်ပေါ်စေတဲ့ လှိုင်းလုံးဆိုတာမျိုးကလည်း အနှစ်နှစ်ဆယ်ကျော် အစိတ်နီးပါး ကြာမှ တခါ ရိုက်ခတ်တတ်တာမို့ ဒီတခါ ရိုက်ခတ်တဲ့ အာရပ်ဒီမိုကရေစီလှိုင်းကို အမီလိုက်မစီးရင်ဖြင့် ကျနော် တို့ အားကိုးတဲ့ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေလည်း ဆံဖြူသွား ကျိုးအရွယ်ကျမှသာ လွတ်မြောက်မယ့်ကိန်းပါပဲ။ အဲဒီလို မတွေးရဲ၊ မတွေးဝံ့စရာ အခြေအနေတွေ ရှိနေတာမို့ ကျနော်တို့ပြည်သူတွေအားလုံး အာရပ်လှိုင်းကို အမီလိုက်စီးကြစေချင်တာပါ။

ကျနော် အကြံပြုတင်ပြမယ့် တိုက်ပွဲနည်းနာကတော့ ရွှေဝါရောင်မတိုင်မီမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်း ဆောင်တွေ ကိုယ်တိုင်ကျင့်သုံးသွားခဲ့တဲ့ လမ်းလျှောက်ခြင်းနည်းနာနဲ့ နိုင်ငံရေးအကျဉ်းသားများလွတ်မြောက် ရေးအတွက် ဒေါ်နော်အုန်းလှ ဦးဆောင်တဲ့အဖွဲ့ ပြုလုပ်သွားခဲ့တဲ့ အပတ်စဉ် အင်္ဂါဝတ်ပြုဆုတောင်းပွဲ နည်းနာ နှစ်ခုကို ပေါင်းစပ်ထားခြင်းပဲဖြစ်ပါတယ်။ အဆိုပါနည်းနာနှစ်ခုစလုံးဟာ သာမာန်ပြည်သူတွေအတွက် ငွေကုန် ကြေးကျခြင်းလည်းမရှိ၊ အဖမ်းအဆီးခံရမယ့် အန္တရာယ်လည်းမရှိဘဲ လွယ်လွယ်ကူကူ လိုက်ပါလုပ်ဆောင်နိုင် တဲ့ နည်းနာတွေဖြစ်လို့ ကျနော့်အနေနဲ့ ယုံကြည်ကိုးစားစွာ အကြံပြုမိခြင်းဖြစ်ပါတယ်။

ပြည်ပရောက် ညီအစ်ကိုမောင်နှမများထဲကလည်း တိုင်းပြည်နဲ့လူမျိုးအတွက် တိုက်ပွဲဝင်ချင်စိတ်ရှိသူတွေအ နေနဲ့ ပြည်တွင်းပြန်ဝင်လို့ အန္တရာယ်တစုံတရာမရှိသူမှန်သမျှ (ပြန်ဝင်လို့ အန္တရာယ်ရှိမရှိဆိုတာ ကိုယ့်လိပ်ပြာ ကိုယ်အသိဆုံး ဖြစ်မှာပါ။ ကိုယ့်ကိုယ်ကို မလိမ်ညာမိဖို့ အရေးကြီးပါတယ်) ပြန်ဝင်ပြီး တိုက်ပွဲဝင်ကြဖို့ ကျနော့် အနေနဲ့ မေတ္တာရပ်ခံပန်ကြားလိုပါတယ်။ ပြည်ပရောက် မြန်မာနိုင်ငံသား (၅) သန်းလောက်ထဲက ငါးသောင်း လောက်ပဲ ပြန်ဝင်ပြီး တိုက်ပွဲဝင်ဦး နည်းနည်းနောနောအားမဟုတ်ပါ။ ကျနော့်အနေနဲ့လည်း လုံခြုံရေးအခြေ အနေအရ ပြန်ဝင်လှုပ်ရှားလို့ရပြီဆိုတာနဲ့ ပြန်ဝင်လှုပ်ရှားမှာဖြစ်တဲ့အကြောင်း အပိုင်း (၆) မှာ ပြောခဲ့ပြီးဖြစ်ပါ တယ်။ ပြည်ပကနေ လိပ်ခေါင်းထွက်အောင် အော်ဟစ် ကြေညာချက်ထုတ်နေတာလောက်ကို ဦးသိန်းစိန်အ စိုးရက ယားတယ်လို့ ခါးတွန့်မှာ မဟုတ်လို့ အမှန်တကယ် မျိုးချစ်စိတ်ရှိသူတွေကို ကျနော့်အနေနဲ့ တိုက်တွန်း နေရခြင်းဖြစ်ပါတယ် (ပြန်ဝင်ဖို့ အခြေအနေမပေးသေးတဲ့ ပြည်ပရောက် ဒီမိုကရေစီတိုက်ပွဲဝင်တွေအနေနဲ့က တော့ နိုင်ငံရေးကို စီးပွားဖြစ်လုပ်စားနေတဲ့ ဘာတပ်ပေါင်းစု၊ ညာတပ်ပေါင်းစု ဆိုတာတွေအစား အောက်ခြေ ထုက စစ်စစ်မှန်မှန် ရွေးချယ်တင်မြှောက်တဲ့၊ ထိရောက်အားကောင်းတဲ့ အဝေးရောက် ပြည်သူ့အစိုးရသစ်တ ရပ် ပေါ်ပေါက်လာဖို့ ၀ိုင်းဝန်ကြိုးစားသင့်တယ်လို့ ကြားဖြတ်အကြံပြုလိုပါတယ်)။

ကျနော် အကြံပြုတင်ပြမယ့် ပြည်တွင်းလူထုတိုက်ပွဲနည်းနာကတော့ အာဏာရှင်မှန်ရင် ကြောက်တတ်စမြဲဖြစ် တဲ့ လူထုလှိုင်းနဲ့ အင်အားပြမယ့် နည်းနာပါ။ ဦးသိန်းစိန်းအစိုးရဟာ ဒီမိုကရေစီကို ဖော်ဆောင်မယ့် အစိုးရ လား၊ အာဏာရှင်အစိုးရပဲလား ဆိုတာကို တဖြေးဖြေးချင်း စမ်းသပ်မယ့် တချက်ခုတ် နှစ်ချက်ပြတ် တိုက်ပွဲ နည်းနာလည်း ဖြစ်ပါတယ်။ အသေးစိတ်ကို အောက်မှာ တင်ပြပါမယ်။

“အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” လူထုတိုက်ပွဲနည်းနာများ

ရည်ရွယ်ချက် ။ ။ နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်ရေး၊ ပြည်တွင်းစစ် ချုပ်ငြိမ်းရေးမှသည် စစ် မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးအထိ ရည်ရွယ်သည်။

အဓိဌာန် ။ ။ ငါသည် စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီရရှိရေးအတွက် အကျဉ်း ထောင်အသီးသီးတွင် ပေးဆပ်တိုက်ပွဲဝင်နေသော နိုင်ငံရေးအကျဉ်းသားများအားလုံး လွတ်မြောက်လာသည် အထိ အပတ်စဉ် မပျက်မကွက် တိုက်ပွဲဝင်ပါမည်။ ငါ၏ မဆုတ်မနစ်သော ဇွဲ၊ လုံ့လ၊ ၀ီရိယတို့ဖြင့် တိုက်ပွဲဝင် မှုကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံး လွတ်မြောက်ပြီး ပြည်တွင်းစစ် အပြီးတိုင် ချုပ်ငြိမ်းပါစေ သား၊ စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းပါစေသား (တိုက်ပွဲဝင်ရန် ပိုင်းဖြတ်သူတိုင်း အဓိဌာန်ပြု ရွတ်ဆို ရန်)။

တိုက်ပွဲဝင်ရမည့်ရက် ။ ။ စနေနေ့နှင့် တနင်္ဂနွေနေ့ (စနေနေ့ကို “နိုင်ငံရေးအကျဉ်းသားများနှင့် ပြည်တွင်းစစ် ဒဏ်ခံနေရသည့် တိုင်းရင်းသားပြည်သူများအတွက် ၀တ်ပြုဆုတောင်းရေးနေ့” အဖြစ် သတ်မှတ်ပြီး တနင်္ဂနွေ နေ့ကို “နိုင်ငံရေးအကျဉ်းသားများအတွက် နွေးထွေးမှုပေးရေးနေ့” အဖြစ် သတ်မှတ်သည်။ ပြည်သူအများစု လိုက်ပါလုပ်ဆောင်နိုင်မည့် အားလပ်ရက်နှစ်ရက်ကို ရွေးချယ်ခြင်းဖြစ်သည်)

စနေနေ့တွင် လုပ်ဆောင်ရန် ။ ။ မိမိနေထိုင်ရာအရပ်နှင့် အနီးဆုံးရှိ ဘုရားသို့ တက်ရောက်၍ နိုင်ငံရေးအ ကျဉ်းသားများနှင့် ပြည်တွင်းစစ်ဒဏ်ခံနေရသည့် တိုင်းရင်းသားပြည်သူများအတွက် ၀တ်ပြုဆုတောင်းပါ။ ဘု ရားပေါ်တွင် အချိန်ပေးနိုင်သမျှ ကြာကြာနေပြီး ဆုတောင်းပေးပါ။ ဘုရားသို့ သွားရာတွင် တဦးချင်း (သို့မ ဟုတ်) လေးဦးထက်မပိုဘဲ သွားရောက်ပါ။ တူညီဝတ်စုံ ၀တ်ဆင်ရန် မလိုပါ (အခြားဘာသာဝင်များဖြစ်လျှင် လည်း မိမိတို့ ကိုးကွယ်ရာဘာသာအလိုက် ဘုရားရှိခိုးကျောင်း၊ ဗလီ … အစရှိသည်များသို့ သွားရောက်၍ ၀တ်ပြုဆုတောင်းပါ)။

တနင်္ဂနွေနေ့တွင် လုပ်ဆောင်ရန် ။ ။ မိမိနေထိုင်ရာ မြို့ရှိ နိုင်ငံရေးအကျဉ်းသားများ ထားရှိရာ အကျဉ်းထောင် ဆီသို့ နီးနိုင်သမျှ အနီးဆုံးအထိ ချဉ်းကပ်သွားရောက်ပြီး အပေါ်မှ အဓိဌာန်ကို ရွတ်ဆိုဆုတောင်းပါ။ တဦးချင်း (သို့မဟုတ်) လေးဦးထက်မပိုဘဲ သွားရောက်ပါ။ တူညီဝတ်စုံ ၀တ်ဆင်ရန် မလိုပါ။ ထောင်ဆီသို့ မျက်နှာမူကာ မတ်တပ်ရပ်ပြီး ရွတ်ဆိုဆုတောင်းပါ။ လုံခြုံရေးအခြေအနေကြောင့် မတ်တပ်ရပ်ပြီး ရွတ်ဆိုဆုတောင်းခွင့် မရလျှင် ထောင်နှင့် အနီးဆုံးနေရာမှ လမ်းဖြတ်လျှောက်ရင်း ရွတ်ဆိုဆုတောင်းပါ။ လမ်းဖြတ်လျှောက်ရန်ပင် အခက်အခဲရှိလာပါက စက်ဘီး၊ ဆိုက္ကားကဲ့သို့သော ယာဉ်များကို ဖြေးညင်းစွာစီးနင်း၍ ရွတ်ဆိုဆုတောင်းပါ (အကျဉ်းထောင်မရှိသော မြို့ရွာနေ ပြည်သူများအနေနှင့်မူ စနေနေ့လုပ်ငန်းစဉ်အတိုင်းသာ မပျက်မကွက် ဆောင်ရွက်ပါ)။

ဤ စနေနှင့် တနင်္ဂနွေနေ့များတွင် လုပ်ဆောင်ရန်များသည် လူထုတိုက်ပွဲ၏ ပထမအဆင့် နည်းနာများဖြစ် သည်။ တစ်ယောက်မှ တစ်ရာ၊ တစ်ရာမှ တစ်ထောင်၊ တစ်ထောင်မှ တစ်သောင်း၊ တစ်သောင်းမှ တစ်သိန်း၊ တစ်သိန်းမှ တတိုင်းတပြည်လုံး ပါဝင်ဆင်နွှဲလာသည်အထိ တိုက်ပွဲနည်းနာကို လက်ဆင့်ကမ်းပါ၊ မျှဝေပါ၊ အ ပတ်စဉ် မပျက်မကွက် အချိန်ပေးဆောင်ရွက်အောင် တိုက်တွန်းနှိုးဆော်ပါ။ တတိုင်းတပြည်လုံး ပါဝင်လာ သည်အထိ (၆) လ ကြာချင်ကြာမည်။ (၁) နှစ် ကြာချင်ကြာမည်၊ ဇွဲရှိရှိ ဆောင်ရွက်ပါ (ဒေါ်အောင်ဆန်းစု ကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များပါ ပါဝင်လုပ်ဆောင်ကြမည်ဆိုလျှင် အတိုင်းအထက်အလွန်ဖြစ် ပြီး လူထုတိုက်ပွဲ လျင်လျင်မြန်မြန် အရှိန်မြင့်တက်လာမည်ဖြစ်သည်)။

မီဒီယာများ၊ စီတီဇင်ဂျာနယ်လစ်များသို့ မေတ္တာရပ်ခံချက် ။ ။ လူထုလှုပ်ရှားမှု အရှိန်မြှင့်လာသည်နှင့်အမျှ နည်းမျိုးစုံဖြင့် မှတ်တမ်းတင်ပြီး နိုင်ငံတကာမီဒီယာများသို့ တင်ပြနိုင်ရန် ကြိုးပမ်းအားထုတ်ပေးပါ။

ပထမအဆင့်တွင် သတိပြုရန်အချက်များ ။ ။ အထက်ပါ ပထမအဆင့် တိုက်ပွဲနည်းနာနှစ်ခုတွင် အောက်ပါအ ချက်များကို သတိပြုပါ။

ဘုရားဖူးသွားရောက်ရာတွင်ဖြစ်စေ၊ အကျဉ်းထောင်အနီးသို့ ချဉ်းကပ်ရာတွင်ဖြစ်စေ အချိန်ကြာမြင့်လာပြီး လိုက်ပါဆောင်ရွက်သူ များလာသည်နှင့်အမျှ စစ်တပ်၊ ရဲ လုံခြုံရေးချထားမှု၊ ကြံ့ဖွံ့၊ စွမ်းအားရှင်တို့၏ စောင့် ကြည့်ခံရမှုလည်း ပိုများလာမည်ဖြစ်သည်။ ရှေ့ဆက်မသွားရ ဆိုသည်မျိုး တားမြစ်ပိတ်ဆို့လာမှုများ ကြုံတွေ့ လာရမည်ဖြစ်သည်။ ထိုအခါမျိုးတွင် လုံခြုံရေးများ၊ စောင့်ကြည့်သူများနှင့် ထိပ်တိုက်ရင်ဆိုင်မှုမပြုဘဲ ဘုရား နှင့် အကျဉ်းထောင်ကို အနီးဆုံးချဉ်းကပ်၍ရသည့် နေရာအထိသာချဉ်းကပ်ပြီး အပတ်စဉ် မပျက်မကွက် လမ်း လျှောက် အဓိဌာန်ပြု ဆုတောင်းပါ။ ယုတ်စွအဆုံး လုံခြုံရေးများ တမြို့လုံးနီးပါး ချလာလျှင်လည်း ကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိဘဲ လျှောက်လို့ရသည့် နေရာတွင် ဆက်လျှောက်ကာ အသံတိတ် အဓိဌာန်ပြုဆုတောင်းပါ။

တိုက်ပွဲဒုတိယအဆင့် ။ ။ လိုက်ပါဆောင်ရွက်သည့် ပြည်သူများ တဖြေးဖြေး များပြားလာပြီး လူအင်အား သိ သိသာသာ တိုးများလာချိန်တွင် တိုက်ပွဲကို ရှေ့ဆောင်မည့်သူများ (တိုက်ပွဲဖော်မည့်သူများ) မုချပေါ်လာမည် ဖြစ်သည်။ ကြွေးကြော်သံ တိုင်ပေးမည့်သူများ ပေါ်လာမည်ဖြစ်သည်။ ဆိုင်းဘုတ်ထောင်၊ အလံကိုင်ရဲမည့်သူ များ ပေါ်လာမည်ဖြစ်သည်။ ဤအဆင့်တွင် …

“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး … ဒို့အရေး ဒို့အရေး”
“ပြည်တွင်းစစ် ချုပ်ငြိမ်းရေး … ဒို့အရေး ဒို့အရေး” တို့ကို အစပြု တောင်းဆိုရင်း တိုက်ပွဲဝင်သင့်သည်။

ဤနေရာတွင် အထူးသတိထားရမည်မှာ တိုက်ပွဲဖော်သည့် သူများသည် အတုအယောင် စစ်အုပ်စုဒလန်တွေ လား၊ မိမိတို့ကို အမှန်တကယ် ဦးဆောင်မှုပေးမည့်သူများလား ဆိုသည်ကို သေချာစွာ အကဲခတ်လေ့လာပါ။ မိမိတို့ကို အမှန်တကယ် ဦးဆောင်မှုပေးမည့်သူများ သေချာသည်ဆိုလျှင် စနေ၊ တနင်္ဂနွေတိုက်ပွဲဝင်များထဲမှ လိုက်ပါရဲသူများအနေနှင့် လုံခြုံရေးအနေအထားကို သတိကြီးကြီး၊ အကင်းပါးပါး၊ မျက်စိရှင်ရှင်ဖြင့် လိုက်ပါ အားပေးတိုက်ပွဲဝင်ပါ။ လိုက်ပါရန် စိုးရွံ့သေးသူများအနေနှင့် မိမိတို့ လုပ်ဆောင်နေသည့် တိုက်ပွဲပထမအ ဆင့်ကိုသာ မပျက်မကွက် လုပ်မြဲအတိုင်း ဆက်လက်လုပ်ဆောင်ပါ။

တိုက်ပွဲတတိယအဆင့် ။ ။ ဤအဆင့်တွင် ဦးသိန်းစိန်အစိုးရ မင်းသားခေါင်းစွပ် ကွာကျပြီး ဘီလူးဆိုင်း တီး လာနိုင်သည်။ ဤအဆင့်ကို ဆက်လက်လိုက်ပါ တိုက်ပွဲဝင်ရဲသူများအနေနှင့် ရွှေဝါရောင်သံဃာ့အရေးအခင်း တုန်းကကဲ့သို့ “နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ” လောက်နှင့် မရတော့ဘဲ …

“နိုင်ငံရေးအကျဉ်းသား လွတ်မြောက်ရေး … ဒို့အရေး ဒို့အရေး”
“ပြည်တွင်းစစ် ချုပ်ငြိမ်းရေး … ဒို့အရေး ဒို့အရေး”
“၂၀၀၈ အခြေခံဥပဒေ ဖျက်သိမ်းရေး … ဒို့အရေး ဒို့အရေး”
“စစ်မှန်သည့် ဒီမိုကရေစီစနစ် ပေါ်ထွန်းရေး … ဒို့အရေး ဒို့အရေး”

… စသည်များအထိ တိုးချဲ့တောင်းဆို တိုက်ပွဲဝင်သင့်သည်။ အကြမ်းအရမ်း နည်းနာပေါင်းစုံကို သုံး၍ တိုက်ပွဲ ၀င်ရန် ကြိုးစားသင့်သည် (အာရပ်လူထု၏ တိုက်ပွဲဝင်ပုံကို လေ့လာပါ)။ စစ်အုပ်စု၏ အကျိုးစီးပွားများနှင့် ဒေါက်တိုင်များ (အဆောက်အအုံ၊ ယာဉ်၊ ပြည်သူလူထုကို နည်းမျိုးစုံဖြင့် ဒုက္ခပေးနေသူများ) ကို အဓိကပစ် မှတ်ထားပြီး မိမိတို့ဉာဏ်စွမ်းရှိသမျှ တဦးချင်းသော်လည်းကောင်း၊ ယုံကြည်စိတ်ချရသည့် ရဲဘော်ရဲဘက်ချင်း ချိတ်ဆက်၍သော်လည်းကောင်း နေ့ရောညပါ လက်ဦးမှုရှိရှိ ဖြိုချတိုက်ပွဲဝင်သင့်သည်။ အစိုးရယန္တရားပေါင်းစုံ ရပ်ဆိုင်းသည်အထိ ရည်ရွယ်လုပ်ဆောင်သင့်သည်။ ဤအဆင့်အထိ လိုက်ပါဆောင်ရွက်ရန် စိုးရွံ့သူများအ နေနှင့်မူ မိမိတို့ လုပ်ဆောင်နေသည့် ပထမအဆင့်ကို လုပ်၍ရသည့်နေရာတွင် မပျက်မကွက် ဆက်လက်လုပ် ဆောင် အင်အားပြပါ။

အဓိကမှာ တိုက်ပွဲအရှိန်မြင့်သထက်မြင့်လာပြီး မိမိတို့ တောင်းဆိုသည့် နိုင်ငံရေးအကျဉ်းသားများ လွတ် မြောက်ရေး၊ ၂၀၀၈ အခြေခံဥပဒေဖျက်သိမ်းရေး၊ စစ်မှန်သည့် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးများကို ဦးသိန်း စိန်အစိုးရမှ လိုက်လျောလုပ်ဆောင်ပေးလာသည်အထိ (ယုတ်စွအဆုံး ဦးသိန်းစိန်အစိုးရ ပြုတ်ကျပြီး မိမိတို့ ခေါင်းဆောင်များ ဦးဆောင်သည့် ကြားဖြတ်အစိုးရ ပေါ်လာသည်အထိ) တိုက်ပွဲအရှိန်ကို လျှော့ချမပစ်ဘဲ နေ့ စဉ်ရက်ဆက် လမ်းပေါ်ထွက်၍ (ထွက်လို့ရသည့် နေရာသို့ ထွက်၍) ဇွဲရှိရှိ၊ သတ္တိရှိရှိ၊ အကင်းပါးပါး လုပ် ဆောင်ရန်ပင်ဖြစ်သည် (ရွှေဝါရောင်တုန်းကကဲ့သို့ တွေ့ဆုံဆွေးနွေးရေးအသံကြားသည်နှင့် တိုက်ပွဲအရှိန်ကို လျှော့ချမပစ်ဘဲ မိမိတို့လိုလားချက်များ အမှန်တကယ်ရရှိသည်အထိ တိုက်ပွဲဝင်ရန်ပင်ဖြစ်သည်)။

ဤတွင် ကျနော်၏ “အာရပ်လှိုင်းကို အမီလိုက်စီးကြစို့” လူထုတိုက်ပွဲနည်းနာအကြံပြုချက် ပြီးပါပြီ။

*******

စစ်အာဏာရှင်စနစ်အောက်မှ အမှန်တကယ် လွတ်မြောက်လိုသူ ပြည်တွင်းပြည်ပမှ တိုက်ပွဲဝင် ညီအစ်ကို မောင်နှမများအနေနဲ့ အထက်ပါ တိုက်ပွဲနည်းနာများကို ယုံကြည်ပါက ဖတ်ရှုပြီးချိန်ကစပြီး မည်သူ့ကိုမှ တိုင် ပင်စရာမလိုဘဲ စတင်အကောင်အထည်ဖော် ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။ တိုက်ပွဲနည်းနာတွေကို ပြည်သူ လူထုထံ အမြန်ဆုံး ပျံ့နှံ့ရောက်ရှိအောင်လည်း လက်ဆင့်ကမ်း ပို့ဆောင်ပေးကြစေလိုပါတယ်။ လိုက်ပါ ဆောင်ရွက်လာအောင်လည်း လူသတင်းလူချင်းဆောင်ပြီး စည်းရုံးလှုံ့ဆော်ပေးကြစေလိုပါတယ်။

မြန်မာပြည် စစ်အာဏာရှင်စနစ်အောက်မှ အမှန်တကယ် လွတ်မြောက်ပြီး စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ပေါ် ထွန်းလာတာကို မြင်တွေ့လိုတဲ့ မီဒီယာများအနေနဲ့လည်း “အာရပ်လှိုင်းကို အမီလိုက်စီးကြပါစို့” ဆိုတဲ့ အ ထက်ပါ လူထုတိုက်ပွဲနည်းနာများကို ပြည်သူများထံသို့ ပိုမိုရောက်ရှိအောင် ထုတ်လွှင့်တင်ဆက်ပေးကြဖို့ အ နူးအညွတ် မေတ္တာရပ်ခံပန်ကြားအပ်ပါတယ်။

“တကယ်ဖြစ်ချင် တကယ်လုပ် အဟုတ်လွတ်မြောက်မည်”

‘ငယ်ကျွမ်းဆွေ’ ပို့စ်နှင့်ပတ်သက်၍ ဖော်မာ မြာနတ်မောင်မင်္ဂလာမဂ္ဂဇင်း တာဝန်ခံအယ်ဒီတာ၊ ဆရာဝန်မလုပ်သော ဖော်မာ ဘလော်ဂါ၊ လွတ်လပ်၍...
Posted by Lun Swe on Thursday, March 17, 2016

No comments:

Post a Comment