Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 14, 2016

သမၼတေလာင္းသံုးဦးလံုး သမၼတအရည္ခ်င္းႏွင့္ကုိက္ညီဟုဆုိ၊ မတ္ ၁၅ ရက္တြင္ သမၼတေရြးခ်ယ္ေတာ့မည္



ယေန႔က်င္းပေသာ ျပည္ေထာင္စုလႊတ္ေတာ္တြင္ မတ္လ ၁၁ ရက္ကေရြးခ်ယ္ခဲ့ေသာ ဒုတိယသမၼတေလာင္းမ်ားျဖစ္သည့္ ျပည္သူ႔လႊတ္ေတာ္မွ ဦးထင္ေက်ာ္၊ အမ်ိဳးသားလႊတ္ေတာ္မွ ဦးဟင္နရီဗန္ထီးယူ၊ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္မ်ားအစုအဖြဲ႔မွ ဒုတိယဗုိလ္ခ်ဳပ္ႀကီး(ၿငိမ္း)ဦးျမင့္ေဆြတုိ႔သုံးဦးအား နိုင္ငံေတာ္သမၼတအရည္အခ်င္းႏွင့္ ျပည့္စုံမႈ ရွိမရွိႏွင့္ပတ္သက္ၿပီး စိစစ္ေရးအဖြဲ႔၏ေတြ႔ရွိခ်က္မ်ားကုိ ျပည္ေထာင္စုလႊတ္ေတာ္ နာယက က လႊတ္ေတာ္သုိ႔ တင္ျပခဲ့သည္။

တင္ျပရာတြင္ သံုးဦးစလံုးမွာ သမၼတအရည္အခ်င္းႏွင့္ျပည့္စံုမႈရွိေၾကာင္း၊ ယေန႔ မတ္လ ၁၄ ရက္ေန႔တြင္ က်င္းပေသာ ျပည္ေထာင္စုလႊတ္ေတာ္သို႔
ျပန္ၾကားခဲ့ေၾကာင္း သတင္းရရွိသည္။ ထို႔ေၾကာင့္ မနက္ျဖန္ မတ္ ၁၅ ရက္တြင္ က်င္းပမည့္ျပည္ေထာင္စုလႊတ္ေတာ္၌ နိုင္ငံေတာ္သမၼတကို မဲခြဲေရြးခ်ယ္ၾကမည္ျဖစ္သည္။

အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္မွ ေရြးခ်ယ္တင္ေျမွာက္ထားသည့္ ဒုသမၼတႏွစ္ဦးအနက္ ဦးထင္ေက်ာ္ကသာ ပထမဦးစားေပးျဖစ္မည္ဆိုေသာ သတင္းမ်ားလည္း ထြက္ေပၚလ်က္ရွိသည္။

“ကြ်န္ေတာ္နားလည္သေလာက္ ဦးထင္ေက်ာ္ကုိ သမၼတေမွ်ာ္မွန္းထားတာ ျဖစ္တဲ့အတြက္ ဦးထင္ေက်ာ္ကုိပဲ အားလုံး ပုံေအာၿပီးေတာ့ မဲၾကမွာပါ။ ဦးဟင္နရီကေတာ့ ဒုသမၼတ (၂)ပဲ ျဖစ္မွာေပါ့။ ဒီဟာက သိပ္အဓိက မက်ပါဘူး။ ဒု-သမၼတဆုိတာ သမၼတမရိွတဲ့အခါ ေခတၱယာယီ တာ၀န္ထမ္းေဆာင္ရတဲ့ အဆင့္ပဲရိွပါတယ္။ ဖြဲ႔စည္းပုံမွာ ဒုသမၼတရဲ႕ လုပ္ပုိင္ခြင့္တာ၀န္ဆုိတာ ျပဌာန္ထားတာ မရိွပါဘူး”ဟု NLD ဗဟိုဥပေဒအေထာက္အကူျပဳေကာ္မတီ၀င္ ဦးကုိနီ က News Watch သုိ႔ ေျပာသည္။

နိုင္ငံေတာ္သမၼတ အရည္အခ်င္း ရွိမရွိ စိစစ္ေရးအဖြဲ႔တြင္ ျပည္သူ႔လႊတ္ေတာ္ဥကၠ႒ ဦး၀င္းျမင့္၊ အမ်ိဳးသားလႊတ္ေတာ္ဥကၠ႒ ဦးမန္း၀င္းခုိင္သန္း၊ ျပည္သူ႔လႊတ္ေတာ္ ဒုဥကၠ႒ဦးတီခြန္ျမတ္၊ အမ်ိဳးသားလႊတ္ေတာ္ ဒုဥကၠ႒ ဦးေအးသာေအာင္၊ ဒဂုံၿမိဳ႕သစ္အေရွ႕ပုိင္း မဲဆႏၵနယ္မွ ျပည္သူ႔လႊတ္ေတာ္ကုိယ္စားလွယ္ ေဒါက္တာမ်ိဳးေအာင္၊ ရန္ကုန္တုိင္းေဒသႀကီး မဲဆႏၵနယ္အမွတ္ ၅ မွ အမ်ိဳးသားလႊတ္ေတာ္ကုိယ္စားလွယ္ ဦၤးဘမ်ိဳးသိန္း၊ တပ္မေတာ္သားလႊတ္ေတာ္ကုိယ္စားလွယ္ ဗုိလ္ခ်ဳပ္သန္းစုိးတုိ႔ ပါ၀င္သည္။

News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.................


ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် မတ်လ ၁၁ ရက်ကရွေးချယ်ခဲ့သော ဒုတိယသမ္မတလောင်းများဖြစ်သည့် ပြည်သူ့လွှတ်တော်မှ ဦးထင်ကျော်၊ အမျိုးသားလွှတ်တော်မှ ဦးဟင်နရီဗန်ထီးယူ၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များအစုအဖွဲ့မှ ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း)ဦးမြင့်ဆွေတို့သုံးဦးအား နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိမရှိနှင့်ပတ်သက်ပြီး စိစစ်ရေးအဖွဲ့၏တွေ့ရှိချက်များကို ပြည်ထောင်စုလွှတ်တော် နာယက က လွှတ်တော်သို့ တင်ပြခဲ့သည်။

တင်ပြရာတွင် သုံးဦးစလုံးမှာ သမ္မတအရည်အချင်းနှင့်ပြည့်စုံမှုရှိကြောင်း၊ ယနေ့ မတ်လ ၁၄ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်သို့
ပြန်ကြားခဲ့ကြောင်း သတင်းရရှိသည်။ ထို့ကြောင့် မနက်ဖြန် မတ် ၁၅ ရက်တွင် ကျင်းပမည့်ပြည်ထောင်စုလွှတ်တော်၌ နိုင်ငံတော်သမ္မတကို မဲခွဲရွေးချယ်ကြမည်ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ်တင်မြှောက်ထားသည့် ဒုသမ္မတနှစ်ဦးအနက် ဦးထင်ကျော်ကသာ ပထမဦးစားပေးဖြစ်မည်ဆိုသော သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။

“ကျွန်တော်နားလည်သလောက် ဦးထင်ကျော်ကို သမ္မတမျှော်မှန်းထားတာ ဖြစ်တဲ့အတွက် ဦးထင်ကျော်ကိုပဲ အားလုံး ပုံအောပြီးတော့ မဲကြမှာပါ။ ဦးဟင်နရီကတော့ ဒုသမ္မတ (၂)ပဲ ဖြစ်မှာပေါ့။ ဒီဟာက သိပ်အဓိက မကျပါဘူး။ ဒု-သမ္မတဆိုတာ သမ္မတမရှိတဲ့အခါ ခေတ္တယာယီ တာဝန်ထမ်းဆောင်ရတဲ့ အဆင့်ပဲရှိပါတယ်။ ဖွဲ့စည်းပုံမှာ ဒုသမ္မတရဲ့ လုပ်ပိုင်ခွင့်တာဝန်ဆိုတာ ပြဌာန်ထားတာ မရှိပါဘူး”ဟု NLD ဗဟိုဥပဒေအထောက်အကူပြုကော်မတီဝင် ဦးကိုနီ က News Watch သို့ ပြောသည်။

နိုင်ငံတော်သမ္မတ အရည်အချင်း ရှိမရှိ စိစစ်ရေးအဖွဲ့တွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးမန်းဝင်းခိုင်သန်း၊ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌဦးတီခွန်မြတ်၊ အမျိုးသားလွှတ်တော် ဒုဥက္ကဋ္ဌ ဦးအေးသာအောင်၊ ဒဂုံမြို့သစ်အရှေ့ပိုင်း မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် ၅ မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦင်္းဘမျိုးသိန်း၊ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ဗိုလ်ချုပ်သန်းစိုးတို့ ပါ၀င်သည်။

News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment