Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 14, 2016

ေထာ္လာဂ်ီႏွင့္ မွန္လံုယာဥ္ မ်က္ႏွာခ်င္းဆိုင္တုိက္ ႏွစ္ဦးေသ


ပုသိမ္ မတ္ ၁၃

ပုသိမ္-ရန္ကုန္လမ္းမႀကီး မုိင္ တိုင္အမွတ္ (၂၁/၇) ႏွင့္ (၂၂/ ၁) ၾကား မဲဇလီေအာက္စုေက်းရြာအနီး ၌ မတ္ ၁၂ ရက္ မြန္းလြဲ ၁ နာရီခြဲခန္႔က ယာဥ္ေမာင္း သူရျမင့္ (၄ဝႏွစ္)၊ ပုသိမ္ၿမိဳ႕ အမွတ္(၉)နယ္ ေျမ သေဘၤာက်ဥ္းေနသူ ေမာင္းႏွင္ လာေသာ ခရီးသည္ ၅ဝ ခန္႔တင္ ေဆာင္လာသည့္ ပုသိမ္-ရန္ကုန္ ခရီးသည္ယာဥ္ ေနလဝင္းမွန္လံုယာဥ္ ႏွင့္ ယာဥ္ေမာင္း မ်ဳိးကိုဦး(၂၉ႏွစ္) ေအာက္စုေက်းရြာ မဲဇလီေက်းရြာ အုပ္စုေန ေမာင္းႏွင္လာသည့္ ေထာ္လာဂ်ီယာဥ္ေပၚ၌ ကုကိၠဳသား ေျခာက္ထင္းမ်ား သယ္ေဆာင္ၿပီး မဇင္သူစိုး (၃၅ႏွစ္) စန္သေယာ္ ေက်းရြာ ထန္းတပင္ၿမိဳ႕ေနသူ ျပည့္ ၿဖိဳးေအာင္(၂၂ ႏွစ္) ဆားမေလာက္ ေက်းရြာ ေညာင္တုန္းၿမိဳ႕ေနသူတို႔ ခရီးႀကံဳလိုက္ပါလာေသာ ေထာ္လာ ဂ်ီ ယာဥ္တစ္စီးသည္ လမ္းမႀကီး အလယ္ အရွိန္ျပင္းစြာ ေမာင္းႏွင္ လာရာမွ မ်က္ႏွာခ်င္းဆိုင္တိုက္မိ ကာ ေထာ္လာဂ်ီယာဥ္တိမ္းေမွာက္ ၿပီး ယာဥ္ေမာင္း မ်ဳိးကိုဦးတြင္ ဒဏ္ရာ(စိုးရိမ္ရ) ရရွိသြားၿပီး မဇင္သူ စိုးႏွင့္ ျပည့္ၿဖိဳးေအာင္တို႔ႏွစ္ဦးမွာ ေထာ္ လာဂ်ီယာဥ္ႏွင့္ ကုကိၠဳသား ေျခာက္မ်ားပိ၍ အခင္းျဖစ္ေနရာ၌ ေသဆံုးခဲ့သည္။

ပုသိမ္-ရန္ကုန္ ခရီးသည္တင္ မွန္လံုယာဥ္၌ လိုက္ပါလာေသာ ဦးသန္းေအာင္(၄၂ ႏွစ္) ပန္းတေနာ္ ၿမိဳ႕ေနသူမွာ ဒဏ္ရာအနည္းငယ္ ရရွိ သြားေၾကာင္း သိရသည္။

အဆိုပါ ယာဥ္တိုက္မႈေၾကာင့္ မဲဇလီနယ္ေျမရဲစခန္းမွ ယာဥ္ေမာင္း မ်ဳိးကိုဦးႏွင့္ သူရျမင့္တို႔ႏွစ္ဦးကို အေရးယူထားေၾကာင္း သိရသည္။
''ျဖစ္လာျပန္ေတာ့လည္း သနား စရာ၊ က႐ုဏာသက္စရာပါ။ ေထာ္ လာဂ်ီေတြဟာ လယ္ယာက႑မွာ သာ အသံုးျပဳဖို႔ျဖစ္ပါတယ္။ ဒါေပ မယ့္ အျမန္လမ္းမႀကီးေတြေပၚမွာ ကုန္တင္ယာဥ္ျပဳလုပ္ေနၾကတယ္။ အျမန္ယာဥ္ႀကီးေတြနဲ႔အတူ ယွဥ္ၿပိဳင္ ေမာင္းႏွင္ၾကတယ္။ စပယ္ယာမပါ၊ ဘက္မွန္မရွိ၊ ယာဥ္စည္းကမ္း နား မလည္ၾကေတာ့ ယာဥ္တိုက္မႈ၊ ေထာ္ လာဂ်ီယာဥ္တိုက္မႈေတြ မ်ားျပားလာ တယ္''ဟု ဧရာဝတီတိုင္းေဒသႀကီး ယာဥ္ထိန္းတာဝန္ခံရဲမွဴး ေစာဝင္းက ေျပာသည္။

 ပုသိမ္-လွၾကည္
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

..............................


ပုသိမ် မတ် ၁၃

ပုသိမ်-ရန်ကုန်လမ်းမကြီး မိုင် တိုင်အမှတ် (၂၁/၇) နှင့် (၂၂/ ၁) ကြား မဲဇလီအောက်စုကျေးရွာအနီး ၌ မတ် ၁၂ ရက် မွန်းလွဲ ၁ နာရီခွဲခန့်က ယာဉ်မောင်း သူရမြင့် (၄ဝနှစ်)၊ ပုသိမ်မြို့ အမှတ်(၉)နယ် မြေ သင်္ဘောကျဉ်းနေသူ မောင်းနှင် လာသော ခရီးသည် ၅ဝ ခန့်တင် ဆောင်လာသည့် ပုသိမ်-ရန်ကုန် ခရီးသည်ယာဉ် နေလဝင်းမှန်လုံယာဉ် နှင့် ယာဉ်မောင်း မျိုးကိုဦး(၂၉နှစ်) အောက်စုကျေးရွာ မဲဇလီကျေးရွာ အုပ်စုနေ မောင်းနှင်လာသည့် ထော်လာဂျီယာဉ်ပေါ်၌ ကုက္ကိုသား ခြောက်ထင်းများ သယ်ဆောင်ပြီး မဇင်သူစိုး (၃၅နှစ်) စန်သယော် ကျေးရွာ ထန်းတပင်မြို့နေသူ ပြည့် ဖြိုးအောင်(၂၂ နှစ်) ဆားမလောက် ကျေးရွာ ညောင်တုန်းမြို့နေသူတို့ ခရီးကြုံလိုက်ပါလာသော ထော်လာ ဂျီ ယာဉ်တစ်စီးသည် လမ်းမကြီး အလယ် အရှိန်ပြင်းစွာ မောင်းနှင် လာရာမှ မျက်နှာချင်းဆိုင်တိုက်မိ ကာ ထော်လာဂျီယာဉ်တိမ်းမှောက် ပြီး ယာဉ်မောင်း မျိုးကိုဦးတွင် ဒဏ်ရာ(စိုးရိမ်ရ) ရရှိသွားပြီး မဇင်သူ စိုးနှင့် ပြည့်ဖြိုးအောင်တို့နှစ်ဦးမှာ ထော် လာဂျီယာဉ်နှင့် ကုက္ကိုသား ခြောက်များပိ၍ အခင်းဖြစ်နေရာ၌ သေဆုံးခဲ့သည်။

ပုသိမ်-ရန်ကုန် ခရီးသည်တင် မှန်လုံယာဉ်၌ လိုက်ပါလာသော ဦးသန်းအောင်(၄၂ နှစ်) ပန်းတနော် မြို့နေသူမှာ ဒဏ်ရာအနည်းငယ် ရရှိ သွားကြောင်း သိရသည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မဲဇလီနယ်မြေရဲစခန်းမှ ယာဉ်မောင်း မျိုးကိုဦးနှင့် သူရမြင့်တို့နှစ်ဦးကို အရေးယူထားကြောင်း သိရသည်။
''ဖြစ်လာပြန်တော့လည်း သနား စရာ၊ ကရုဏာသက်စရာပါ။ ထော် လာဂျီတွေဟာ လယ်ယာကဏ္ဍမှာ သာ အသုံးပြုဖို့ဖြစ်ပါတယ်။ ဒါပေ မယ့် အမြန်လမ်းမကြီးတွေပေါ်မှာ ကုန်တင်ယာဉ်ပြုလုပ်နေကြတယ်။ အမြန်ယာဉ်ကြီးတွေနဲ့အတူ ယှဉ်ပြိုင် မောင်းနှင်ကြတယ်။ စပယ်ယာမပါ၊ ဘက်မှန်မရှိ၊ ယာဉ်စည်းကမ်း နား မလည်ကြတော့ ယာဉ်တိုက်မှု၊ ထော် လာဂျီယာဉ်တိုက်မှုတွေ များပြားလာ တယ်''ဟု ဧရာဝတီတိုင်းဒေသကြီး ယာဉ်ထိန်းတာဝန်ခံရဲမှူး စောဝင်းက ပြောသည်။

 ပုသိမ်-လှကြည်
Myanmaalinn
https://www.facebook.com/MYANMAALINNNEWS

No comments:

Post a Comment