Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, March 10, 2016

သမ္မတလောင်းစိစစ်ရေးအဖွဲ့ ရွေးချယ်





သမ္မတလောင်း စိစစ်ရေးအဖွဲ့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ၇ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။

မနက်ဖြန်မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား အစုအဖွဲ့အစည်းအဝေးတွေကနေ ရွေးချယ်တင်မြှောက်မယ့် ဒုတိယ သမ္မတလောင်းတွေကို အဖွဲ့ဝင် ၇ ဦးပါတဲ့ စိစစ်ရေးအဖွဲ့က သမ္မတ အရည်အချင်းနဲ့ ကိုက်ညီမှုရှိ၊ မရှိဆိုတာတွေကို စိစစ်မှာဖြစ်ပါတယ်။



RFA Burmese
.................


ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမျိုးအောင်နှင့် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဘမျိုးသိန်းတို့ကို သမ္မတလောင်း စိစစ်ရေးအဖွဲ့ဝင်တွေအဖြစ် ရွေးချယ်လိုက်ကြောင်း သိရပါတယ်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ ဒီနေ့ညပိုင်းက ကျင်းပတဲ့ NLD ပါတီ အစည်းအဝေးမှာ အသိပေးခဲ့တယ်လို့ အစည်းအဝေး တက်ရောက်ခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။

သမ္မတလောင်း စိစစ်ရေးအဖွဲ့ကို ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၊ အမျိုးသား လွှတ်တော်ကိုယ်စားလှယ် တစ်ဦးနဲ့ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် တစ်ဦး စုစုပေါင်း ကိုယ်စားလှယ် ရ ဦးနဲ့ ဖွဲ့စည်းရမှာဖြစ်ပါတယ်။

မနက်ဖြန်မှာ ကျင်းပမယ့် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တပ်မတော်သား အစုအဖွဲ့အစည်းအဝေးတွေကနေ ရွေးချယ်တင်မြှောက်မယ့် ဒုတိယ သမ္မတလောင်းတွေကို အဖွဲ့ဝင် ရ ဦးပါတဲ့ စိစစ်ရေးအဖွဲ့က သမ္မတ အရည်အချင်းနဲ့ ကိုက်ညီမှုရှိ၊ မရှိဆိုတာတွေကို စိစစ်မှာဖြစ်ပါတယ်။

ဒေါက်တာမျိုးအောင်နဲ့ ဦးဘမျိုးသိန်းတို့ကို ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်နေရာအတွက် ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာမျိုးအောင်ဟာ ဒုတိယသမ္မတလောင်းစာရင်းမှာပါတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့တာဖြစ်ပေမယ့် အခုအခြေအနေအရ မဖြစ်နိုင်တော့ဘူးလို့ သိရပါတယ်။

RFA Burmese
https://www.facebook.com/RFA-Burmese

No comments:

Post a Comment