CREDIT
သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။
Thursday, March 10, 2016
ႏိုင္ငံေတာ္၏ တည္ဆဲဥပေဒႏွင့္ မညီညြတ္သည့္ ကိစၥရပ္မ်ား မလုပ္ေဆာင္ရန္ KNU / KNLA-PC မွ ဗိုလ္ခ်ဳပ္ေနာ္ကေပၚထူး ေျပာဆို
ကရင္ၿငိမ္းခ်မ္းေရးေကာင္စီ KNU / KNLA-PC မွ တပ္ဖြဲ႔ဝင္မ်ား ႏိုင္ငံေတာ္၏ တည္ဆဲဥပေဒႏွင့္ မညီညြတ္သည့္ ေျမယာကိစၥ၊ ကားကိစၥမ်ား မလုပ္ေဆာင္ၾကေစရန္ ကရင္ၿငိမ္းခ်မ္းေရး ေကာင္စီမွ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ဗိုလ္ခ်ဳပ္ေနာ္ကေပၚထူးက ေျပာဆိုလိုက္သည္။
ႏိုင္ငံေတာ္၏ တည္ဆဲဥပေဒႏွင့္ မညီညြတ္သည့္ ေျမယာကိစၥ၊ ကားကိစၥမ်ား မလုပ္ေဆာင္မိၾကေစရန္ အေထြေထြ အတြင္းေရးမွဴးခ်ဳပ္ ဗိုလ္ခ်ဳပ္ေနာ္ကေပၚထူးက ေနာ္တယာၿမိဳ႕တြင္ မတ္လ ၈ ရက္ကျပဳလုပ္သည့္ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ေဒသဖြံ႔ၿဖိဳးေရးဆိုင္ရာ ညီလာခံတြင္ တပ္ဖြဲ႔မ်ားကို ေျပာၾကားလိုက္ျခင္းျဖစ္သည္။
“ကိုယ္တပ္ဖြဲ႔ အခ်င္းခ်င္းျဖစ္ေစ၊ အျခား ကရင္တိုင္းရင္းသား လက္နက္ကိုင္ေတြျဖစ္တဲ့ BGF, DKBA, KNU စတဲ့ အဖြဲ႔အစည္းေတြအေပၚမွာျဖစ္ေစ ေဝဖန္ပုတ္ခတ္တာမ်ိဳး မလုပ္ၾကဖို႔လိုပါတယ္။ ဒါ့အျပင္ ႏိုင္ငံေတာ္ရဲ႕ တည္ဆဲဥပေဒနဲ႔ မကိုက္ညီတဲ့ ေျမယာကိစၥ၊ ကားကိစၥေတြ မလုပ္ၾကပါနဲ႔။ ဒါေတြဟာ တပ္ဖြဲ႔ရဲ႕ ဂုဏ္သိကၡာကို က်ဆင္းေစပါတယ္” ဟု ဗိုလ္ခ်ဳပ္ေနာ္ကေပၚထူးက ေျပာသည္။
ကရင္ၿငိမ္းခ်မ္းေရး ေကာင္စီ၏ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ေဒသဖြံ႕ၿဖိဳးေရး လုပ္ငန္းဆိုင္ရာ ညီလာခံကို ကရင္ျပည္နယ္၊ ေကာ့ကရိတ္ခ႐ိုင္၊ ထို႔ေကာ္ကိုးေဒသ၊ ေနာ္တယာၿမိဳ႕တြင္ မတ္လ (၇/၈/၉) သံုးရက္တိုင္က်င္းပေနၿပီး ကရင္ၿငိမ္းခ်မ္းေရး ေကာင္စီ ဗ်ဴဟာ ၆ ခုမွ ဗ်ဴဟာမွဴးမ်ား၊ တပ္ရင္း ၉ ရင္းမွ တပ္ရင္းမွဴးမ်ားႏွင့္ တပ္ဖြဲ႔ဝင္မ်ား၊ PC အမ်ိဳးသမီးေရးရာမ်ား အပါအဝင္အင္အား ၁၃၀ ဦး တက္ေရာက္ခဲ့ ေၾကာင္း သိရသည္။
ညီလာခံ၏ အဓိကရည္ရြယ္ခ်က္ ျဖစ္သည့္ ႏိုင္ငံေရး၊ ၿငိမ္းခ်မ္းေရးႏွင့္ ေဒသဖြံ႔ၿဖိဳးေရး လုပ္ငန္းဆိုင္ရာ ကိစၥရပ္မ်ားကို အသီးသီး တင္ျပေဆြးေႏြးခဲ့ၾကၿပီး KNU / KNLA-PC ၏ မူ၀ါဒ ၉ ခ်က္၊ ရည္ရြယ္ခ်က္ ၈ ခ်က္ႏွင့္ ေရွ႕လုပ္ငန္းစဥ္ ၇ ခ်က္တို႔ကို တင္ျပညွိႏႈိင္းခဲ့ကာ အုပ္ခ်ဳပ္ေရးႏွင့္ တပ္ပိုင္းဆိုင္ရာ ဖြဲ႔ စည္းပံု၊ ဒုတိယအႀကိမ္ ျပည္ေထာင္စုညီလာခံသို႔ တက္ေရာက္ရန္ ႀကိဳတင္ျပင္ဆင္ျခင္းမ်ား အပါအဝင္ စိုက္ပ်ိဳးေရးႏွင့္ စီးပြားေရးဆိုင္ရာကိစၥမ်ား ညိွႏိႈင္းေဆာင္ရြက္ သြားမည္ျဖစ္ေၾကာင္း သိရသည္။
သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies
.................
ကရင်ငြိမ်းချမ်းရေးကောင်စီ KNU / KNLA-PC မှ တပ်ဖွဲ့ဝင်များ နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့် မညီညွတ်သည့် မြေယာကိစ္စ၊ ကားကိစ္စများ မလုပ်ဆောင်ကြစေရန် ကရင်ငြိမ်းချမ်းရေး ကောင်စီမှ အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်နော်ကပေါ်ထူးက ပြောဆိုလိုက်သည်။
နိုင်ငံတော်၏ တည်ဆဲဥပဒေနှင့် မညီညွတ်သည့် မြေယာကိစ္စ၊ ကားကိစ္စများ မလုပ်ဆောင်မိကြစေရန် အထွေထွေ အတွင်းရေးမှူးချုပ် ဗိုလ်ချုပ်နော်ကပေါ်ထူးက နော်တယာမြို့တွင် မတ်လ ၈ ရက်ကပြုလုပ်သည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ ညီလာခံတွင် တပ်ဖွဲ့များကို ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကိုယ်တပ်ဖွဲ့ အချင်းချင်းဖြစ်စေ၊ အခြား ကရင်တိုင်းရင်းသား လက်နက်ကိုင်တွေဖြစ်တဲ့ BGF, DKBA, KNU စတဲ့ အဖွဲ့အစည်းတွေအပေါ်မှာဖြစ်စေ ဝေဖန်ပုတ်ခတ်တာမျိုး မလုပ်ကြဖို့လိုပါတယ်။ ဒါ့အပြင် နိုင်ငံတော်ရဲ့ တည်ဆဲဥပဒေနဲ့ မကိုက်ညီတဲ့ မြေယာကိစ္စ၊ ကားကိစ္စတွေ မလုပ်ကြပါနဲ့။ ဒါတွေဟာ တပ်ဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကျဆင်းစေပါတယ်” ဟု ဗိုလ်ချုပ်နော်ကပေါ်ထူးက ပြောသည်။
ကရင်ငြိမ်းချမ်းရေး ကောင်စီ၏ နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ညီလာခံကို ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ထို့ကော်ကိုးဒေသ၊ နော်တယာမြို့တွင် မတ်လ (၇/၈/၉) သုံးရက်တိုင်ကျင်းပနေပြီး ကရင်ငြိမ်းချမ်းရေး ကောင်စီ ဗျူဟာ ၆ ခုမှ ဗျူဟာမှူးများ၊ တပ်ရင်း ၉ ရင်းမှ တပ်ရင်းမှူးများနှင့် တပ်ဖွဲ့ဝင်များ၊ PC အမျိုးသမီးရေးရာများ အပါအဝင်အင်အား ၁၃၀ ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။
ညီလာခံ၏ အဓိကရည်ရွယ်ချက် ဖြစ်သည့် နိုင်ငံရေး၊ ငြိမ်းချမ်းရေးနှင့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များကို အသီးသီး တင်ပြဆွေးနွေးခဲ့ကြပြီး KNU / KNLA-PC ၏ မူဝါဒ ၉ ချက်၊ ရည်ရွယ်ချက် ၈ ချက်နှင့် ရှေ့လုပ်ငန်းစဉ် ရ ချက်တို့ကို တင်ပြညှိနှိုင်းခဲ့ကာ အုပ်ချုပ်ရေးနှင့် တပ်ပိုင်းဆိုင်ရာ ဖွဲ့ စည်းပုံ၊ ဒုတိယအကြိမ် ပြည်ထောင်စုညီလာခံသို့ တက်ရောက်ရန် ကြိုတင်ပြင်ဆင်ခြင်းများ အပါအဝင် စိုက်ပျိုးရေးနှင့် စီးပွားရေးဆိုင်ရာကိစ္စများ ညှိနှိုင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies
ႏိုင္ငံေတာ္၏ တည္ဆဲဥပေဒႏွင့္ မညီညြတ္သည့္ ကိစၥရပ္မ်ား မလုပ္ေဆာင္ရန္ KNU / KNLA-PC မွ ဗိုလ္ခ်ဳပ္ေနာ္ကေပၚထူး ေျပာဆို
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 10, 2016
Rating: 5
Reviewed by သတင္းစံုေပ်ာ္၀င္အိုးၾကီး
on
March 10, 2016
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment