Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Friday, March 11, 2016

ကြၽန္ေတာ္သိေသာ ဦးထင္ေက်ာ္

By၀င္းေဇာ္လတ္On  Fri, 2016-03-11 06:30Issue No.No.1035 Friday, March 11, 2016

မတ္လ ၁၀ရက္တြင္က်င္းပသည့္ ျပည္သူ႔လႊတ္ေတာ္၌ အမ်ိဳး သားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ဒုတိယသမၼတေလာင္းအျဖစ္ ဦးထင္ေက်ာ္ကို အမည္စာရင္းတင္သြင္းခဲ့သည္။ သူႏွင့္ အၿပိဳင္တင္သြင္းခံရသည့္ ပုဂၢိဳလ္ေတြရွိသည့္တိုင္ ဦးထင္ေက်ာ္သာလွ်င္ သမၼတျဖစ္ ရန္ ရာခုိင္ႏႈန္းေသခ်ာေနသည္။ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္ေပၚ တြင္လည္း ဦးထင္ေက်ာ္၏ ပံုရိပ္ မ်ား ပလူပ်ံလ်က္ရွိသည္။ ႏူးညံ့ ေသာ၊ ခ်ိဳျမေသာ အၿပံဳးပိုင္ရွင္။ လြန္ခဲ့သည့္ ၁၀ ႏွစ္ခန္႔က ကြၽန္ ေတာ္တုိ႔ႏွင့္ ရင္းႏွီးခဲ့ဖူးသည့္ ေအးေဆးသိမ္ေမြ႕သူ လူႀကီးလူေကာင္းတစ္ဦး၏ မ်က္ႏွာ...။

၂၀၀၅ (သို႔မဟုတ္) ၂၀၀၆ ခုႏွစ္လား မသဲကြဲေတာ့ပါ။ ၂၀၀၇ ေရႊဝါေရာင္လႈပ္ရွားမႈႀကီး မျဖစ္ခင္ႏွစ္ေတြတည္းက တစ္ႏွစ္ဟုသာ မွတ္သားမိသည္။ မိုးရာသီ တစ္ရက္ျဖစ္ပါသည္။ အဲဒီတုန္း က မုိးစက္ေလးေတြ တေျဖာက္ ေျဖာက္က်ေနသည္။ ဆိပ္ကမ္း သာလမ္းထဲတြင္ ‘စိတ္တုိင္းက်’ လက္ဖက္ရည္ဆုိင္လည္းရွိေသး သည္။ ထိုဆုိင္ထဲတြင္ စာေရး ဆရာ၊ ထုတ္ေဝသူႏွင့္ စာဖတ္ဝါ သနာပါသူ လူငယ္ေလးအခ်ိဳ႕ ထိုင္ေနၾကသည္။ ဆရာႀကီး မင္း သုဝဏ္၏ သားျဖစ္သူ ဆရာ ဦးထင္ေက်ာ္ (သို႔မဟုတ္) က ေလာင္အမည္ ဒလဘန္းအား ေစာင့္ေနၾကျခင္းျဖစ္သည္။

ခ်ိန္းထားသည့္အခ်ိန္တြင္ တစ္ဖက္ပလက္ေဖာင္းမွ ဥပဓိ႐ုပ္ ေကာင္းေကာင္းႏွင့္ အရပ္အ ေမာင္းျမင့္မားၿပီး ေရွးဗမာႀကီးႏွင့္ တူေသာ အမ်ိဳးသားႀကီးတစ္ဦး လမ္းျဖတ္ကူးလာသည္။ ထီးမပါ။ တဖြဲဖြဲရြာေနသည့္ မုိးစက္ေတြကို လက္ႏွစ္ဖက္ေခါင္းေပၚတင္၍ ကာရင္း ေထာ့နဲ႔နဲ႔ႏွင့္ ေလွ်ာက္ လာသည္။ ေျခေထာက္တြင္ ပတ္ တီးျဖဴထူထူကို စည္းလ်က္သားေတြ႕ရသည္။ ဆုိင္တြင္းေရာက္ေတာ့ သူႏွင့္ ရင္းႏွီးကြၽမ္းဝင္ၿပီးသား မိတ္ေဆြက ဘာျဖစ္တာပါ လဲဟု ပ်ာပ်ာသလဲေမးသည္။ ေခ်ာ္လဲရာက ေျခသလံုးအ႐ိုးကို ထိခိုက္သြားသျဖင့္ ေဆးပတ္တီးစည္း ထားသည္ဟု အဆုိပါပုဂၢိဳလ္ႀကီးက ျပန္ေျဖသည္။ ၿပီးေတာ့ လက္ ဖက္ရည္ဝိုင္းတြင္ ထုိင္ေနသည့္ ကြၽန္ေတာ္တုိ႔လူငယ္တစ္စုကို ေႏြးေထြးစြာ ၿပံဳးျပပါသည္။ သူသည္ ဆရာမင္းသုဝဏ္၏ ဒုတိယ ေျမာက္သား ဦးထင္ေက်ာ္ျဖစ္ သည္။


ကြၽန္ေတာ္တုိ႔က ကြမ္းၿခံ ကုန္းၿမိဳ႕ကလာ၍ ရန္ကုန္စာနယ္ ဇင္းေလာကတြင္ က်င္လည္ေန သူမ်ားဟု သိရေသာအခါ ဦးထင္ ေက်ာ္၏ နဂိုၿပံဳးခ်ိဳေသာ မ်က္ႏွာ တြင္ ရင္းႏွီးမႈႏွင့္ ပြင့္လင္းမႈက ထပ္မံေပါင္းစပ္ေပၚလြင္လာ သည္။ ‘အဘ (မင္းသုဝဏ္)တုိ႔ ၿမိဳ႕သားေတြေပါ့ေလ’ဟု ၿပံဳးစစႏွင့္ ႏႈတ္ဆက္သည္။ ႀကိဳးစားၾက၊ လိုအပ္သည့္ အကူအညီရွိပါက ကူညီႏိုင္လွ်င္ ကူညီမည္။ ေျပာပါ၊ အားမနာႏွင့္ ဟုလည္း ကမ္းလွမ္းသည္။ သူ၏ ေဖာ္ေရြလိႈက္လွဲမႈေၾကာင့္ ကြၽန္ေတာ္တုိ႔သည္ သူ႔ကို ယခုမွ စတင္သိကြၽမ္းရသူတစ္ဦးဟု မေတြးမထင္မိဘဲ ႏွစ္ေပါင္းမ်ားစြာကတည္းက ရင္းႏွီးလာသူ ေဆြမ်ိဳးရင္းခ်ာသဖြယ္ ခံစားခ်က္ျဖစ္ေပၚခဲ့သည္။

သူသည္ ကဗ်ာစာဆိုႀကီး မင္းသုဝဏ္၏ သားျဖစ္သည္သာ မက ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ပုဂၢိဳလ္ေရးရင္းႏွီးသူဆိုသည့္ ဂုဏ္ ပုဒ္ကလည္း သူ႔အေပၚ ကြၽန္ေတာ္ တုိ႔၏ စိတ္ဝင္စားမႈကို ပို၍တိုးေစ ပါသည္။ ထိုအခ်ိန္က ေဒၚေအာင္ ဆန္းစုၾကည္မွာ ေနအိမ္အက်ယ္ ခ်ဳပ္ႏွင့္ ေနထိုင္ေနရဆဲျဖစ္သည္။ ေဒၚေအာင္ဆန္းစုၾကည္ကို သူက ‘အစ္မ’ဟု ေခၚေဝၚသံုးႏႈန္းသည္ ကို စတင္ေတြ႕ဆံုစဥ္ကပင္ သတိ ထားမိခဲ့သည္။

ထိုေန႔က ေတြ႕ဆံုမႈေလး သည္ မၾကာပါ။ လက္ဖက္ရည္ ဝိုင္းသည္ စာေပအေၾကာင္းအရာ မ်ား လႊမ္းမိုးေနသည္။ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ပတ္သက္သည့္ ကြၽန္ေတာ္တုိ႔ သိခ်င္တာေလးေတြ ဗဟုသုတအျဖစ္ ေမးရာတြင္ လည္း ေျဖေပးသည္။ ကြၽန္ေတာ္ တုိ႔ သိခ်င္သည္မွာလည္း ေနအိမ္အက်ယ္ခ်ဳပ္ႏွင့္ ေနရေသာ ေဒၚေအာင္ဆန္းစုၾကည္၏ က်န္းမာေရးေကာင္းသလားထက္မပို ပါ။ ဒီ့ထက္လည္း ေျပာဆုိ၍ မျဖစ္ပါ။ လူစံုသည့္ ဖက္ရည္ဆုိင္ထဲ တြင္ မသိမသာနားေထာင္ေနႏုိင္ သည့္ ေထာက္လွမ္းေရးကို ေၾကာက္ရသည္။ လက္ဖက္ရည္ ဆုိင္ထဲမွ သူျပန္ထြက္သြားေတာ့ မိုးတဖြဲဖြဲရြာေနတုန္းပင္။ ေျခေထာ့နဲ႔နဲ႔ႏွင့္ လူႀကီးတစ္ဦး လမ္းျဖတ္ကူးသြားသည္ကို ကြၽန္ေတာ္တုိ႔ လက္ ဖက္ရည္ဆုိင္ထဲက ေငးၾကည့္ေနခဲ့ၾကသည္။

ထို႔ေနာက္ပိုင္းတြင္လည္း စာေပကိစၥႏွင့္ပတ္သက္၍ ဦးထင္ ေက်ာ္ကို ကြၽန္ေတာ္တုိ႔ မၾကာခဏ ေတြ႕ဆံုခြင့္ရသည္။ ဆရာႀကီးမင္းသုဝဏ္၏ အထိမ္းအမွတ္ျပဳလုပ္ ေသာ အခမ္းအနားငယ္ေလးမ်ား တြင္ ဆံုၾကသည္။ ထိုအခ်ိန္က သူသည္ မဂၢဇင္းတစ္ေစာင္တြင္ ဖခင္ျဖစ္သူ ကဗ်ာစာဆုိႀကီး၏ ကဗ်ာအေၾကာင္း၊ စာအေၾကာင္း ႏွင့္ ပုဂၢိဳလ္ေရး ႐ုပ္ပံုလႊာေတြကို ဆက္တိုက္နီးပါး ေရးေနသည္။ ဒလဘန္းအမည္ႏွင့္ ျဖစ္သည္။ ေနာက္ပိုင္းတြင္ အဆုိပါေဆာင္း ပါးမ်ားကို စုစည္း၍ ‘အဘ ဘဝ အဘအေၾကာင္း တေစ့တေစာင္း’ အမည္ျဖင့္ စာအုပ္လံုးခ်င္းအျဖစ္ ထုတ္ေဝသည္။ အေရာင္းရတြင္ သည္။ ဒုတိယအႀကိမ္ ထပ္မံပံုႏွိပ္ ရသည္။

  ေဒၚေအာင္ဆန္းစုၾကည္ လည္း ေနအိမ္အက်ယ္ခ်ဳပ္က လြတ္မလာေသးပါ။ ဦးထင္ေက်ာ္ သည္ စာေပေရးသားမႈအခ်ိဳ႕ကို ႀကိဳးၾကားျပဳလုပ္လ်က္ရွိသည္။ တစ္ရက္ သူ႔အိမ္သို႔ ေရာက္သြား ၾကသည္။ အုတ္နီေလးေတြျဖင့္ သီးသန္႔ေဆာက္ထားသည့္ အိမ္ ေရွ႕မွ အခန္းေလးထဲတြင္ သူ႔ကို ေတြ႕ၾကရသည္။ နံရံတြင္ ဆရာ ႀကီးမင္းသုဝဏ္၏ တစ္ဦးတည္း ပံုတူပန္းခ်ီကား။ အျခားမိသားစု ဓာတ္ပံုမ်ားကို ခ်ိတ္ထားသည္။ ဆရာဦးထင္ေက်ာ္က ဖခင္ျဖစ္သူ စာဆုိႀကီး၏ ကဗ်ာေတြ၊ စာေတြ အေၾကာင္းကို စိတ္ဝင္တစားေျပာ ျပေနသည္။ ေျပာေနရင္း စိတ္ အားထက္သန္လာကာ ‘‘ခင္ဗ်ား တုိ႔ကို ျပရဦးမယ္’’ဆုိကာ မွန္ဗီ႐ို ႀကီးထဲမွာ စာရြက္စာတမ္းေတြ၊ ဓာတ္ပံုမွတ္တမ္းေတြကို ယူၿပီး ထုတ္ျပသည္။ ဆရာမင္းသုဝဏ္ ၏ ေန႔စဥ္မွတ္တမ္းေတြကိုလည္း ျမင္ဖူးသည္ရွိေအာင္ဆုိကာ ျပသ သည္ကိုလည္း မွတ္မိေနေသး သည္။

 သူႏွင့္ ေတြ႕ဆံုတုိင္းပင္ သူ ၏ ေဖာ္ေရြမႈ၊ စိတ္ရွည္သည္းခံမႈ ႏွင့္ ေျပျပစ္သည့္ ဆက္ဆံေျပာဆို မႈကို ကြၽန္ေတာ္တုိ႔ ထိေတြ႕ၾကရ ၿမဲျဖစ္သည္။ မွတ္မိေသးသည္။ ဆရာတစ္ေယာက္က ဆရာမင္း သုဝဏ္အေၾကာင္း စာအုပ္ေလး တစ္အုပ္ထုတ္မည္လုပ္ေသာအ ခါ သားျဖစ္သူ ဦးထင္ေက်ာ္ထံမွ အမွာစာေတာင္းသည္။ သူက လည္း အားပါးတရ အမွာရွည္ႀကီး ကို ေရးေပးသည္။ စိတ္ဝင္စား စရာေကာင္းသည္။

အေၾကာင္းမလွစြာ အဆုိပါ စာအုပ္ကို ထုတ္ေဝမည့္သူက မထုတ္ျဖစ္။ ဦးထင္ေက်ာ္၏ အ မွာစာကလည္း အဆုိပါထုတ္ေဝ သူ၏ လက္ထဲမွာ ေပ်ာက္သြား သည္။ ေနာက္ပိုင္း ထိုစာအုပ္ကို ကြၽန္ေတာ္တုိ႔ ကိုယ္တိုင္ပင္ ထုတ္ ေဝမည္ဟု စီစဥ္ေသာအခါ ဦးထင္ေက်ာ္ထံမွ အမွာစာထပ္ေတာင္း သည္။ ေတာင္းရသည့္တုိင္ မ်က္ ႏွာပူသည္။ တစ္ႀကိမ္ေရးၿပီးသား လည္း ျဖစ္သည္။ ဦးထင္ေက်ာ္ အား အက်ိဳးအေၾကာင္း ေျပာျပ သည့္အခါ ျပန္ေရးေပးမည္ဟု ဆုိ ပါသည္။ ထိုအခ်ိန္က အလုပ္ေတြ ႐ႈပ္ေနေသာ္လည္း ဦးထင္ေက်ာ္ သည္ သူ႔ကတိအတုိင္း အမွာစာ သစ္ကို စိတ္ရွည္လက္ရွည္ ျပန္ ေရးေပးခဲ့သည္။ နဂိုမူလ အမွာ စာေလာက္ မရွည္လ်ားေတာ့ ေသာ္လည္း ကြၽန္ေတာ္တုိ႔ ေက် နပ္ရပါသည္။

 အခ်ိန္ေတြ ေရြ႕သြားပါ သည္။ ကြၽန္ေတာ္တုိ႔သည္ ၂၀၀၇ ေရႊဝါေရာင္လႈပ္ရွားမႈ ႏုိင္ငံေရး လိႈင္းလံုးႀကီးေတြကို ျဖတ္ခဲ့သည္။ ၂၀၀၈ နာဂစ္မုန္တုိင္းႀကီးကို ႀကံဳ ေတြ႕ခဲ့သည္။ ၂၀၁၀ ျပည့္ႏွစ္တြင္ ျမန္မာ့ႏုိင္ငံေရးသည္ လူးလြန္႔ လႈပ္ရွားလာသည္။ ေရြးေကာက္ပြဲ အသံၾကားရသည္။ ႏုိင္ငံေရးပါတီ ေတြ အသက္ဝင္လာသည္။ ႏိုင္ငံ ေရးအက်ဥ္းသားေတြ ျပန္လႊတ္ သည္။ ေဒၚေအာင္ဆန္းစုၾကည္ လည္း ေနအိမ္အက်ယ္ခ်ဳပ္က မၾကာမီ လြတ္ေျမာက္လာေတာ့ မည္ဟူသည့္ သတင္းေတြၾကားရ သည္။ ထိုအခ်ိန္တြင္ ကြၽန္ေတာ္ တို႔သည္ ဆရာမင္းသုဝဏ္ႏွင့္ပတ္ သက္သည့္ စာေပကိစၥမ်ားႏွင့္ ဆက္စပ္၍ အေၾကာင္းကိစၥေပၚ ေပါက္လာလွ်င္ ဦးထင္ေက်ာ္ထံ တယ္လီဖုန္းမွတစ္ဆင့္သာ ဆက္ သြယ္ခြင့္ရသည္။ အရင္ကလို ေအးေအးေဆးေဆး မေတြ႕ျဖစ္ ၾကေတာ့ပါ။

  ၂၀၁၀ ႏိုဝင္ဘာတြင္ ေဒၚေအာင္ဆန္းစုၾကည္ ေနအိမ္ အက်ယ္ခ်ဳပ္က လြတ္ေျမာက္လာ ပါသည္။ အိမ္ေရွ႕ၿခံတံခါးမွတစ္ ဆင့္ ႏွစ္ေပါင္းမ်ားစြာအတြင္း လူ ထုပရိသတ္အား မိန္႔ခြန္းေျပာရန္ ရပ္ေနေသာ ေဒၚေအာင္ဆန္းစု ၾကည္၏ေဘးတြင္ ဦးထင္ေက်ာ္ ကို ကြၽန္ေတာ္တုိ႔ ေတြ႕လိုက္ရပါ သည္။ အရပ္ေထာင္ေထာင္ ေမာင္းေမာင္းႏွင့္ ၿပံဳးခ်ိဳေသာ မ်က္ႏွာ။ ကြၽန္ေတာ္တုိ႔ စတင္ေတြ႕ဆံု စဥ္ကအတုိင္းပင္ ဘာမွမေျပာင္း လဲပါ။ စာေပသမားတစ္ဦးအျဖစ္ ကြၽန္ေတာ္တုိ႔ ေလးစားခ်စ္ခင္မိ ေသာ ဦးထင္ေက်ာ္သည္ ေဒၚေအာင္ဆန္းစုၾကည္၏ နံေဘး တြင္ မားမားမတ္မတ္ျပန္လည္ရပ္ တည္ေနၿပီ။

ေဒၚေအာင္ဆန္းစုၾကည္၏ ၿခံတြင္း သတင္းယူရင္း ေရာက္ သည့္အခါမ်ားတြင္ ဦးထင္ေက်ာ္ ႏွင့္ ေတြ႕ေနရသည္။ သူ၏ ခ်ိဳသာ ေအးေဆးေသာ အၿပံဳးႏွင့္ ေဖာ္ ေရြမႈကေတာ့ လုပ္ငန္းတာဝန္ ေတြ မ်ားျပားေနသည့္တိုင္ မေျပာင္းလဲပါ။ ၂၀၁၁ ခုႏွစ္တြင္ ကြၽန္ေတာ္တုိ႔သည္ ဗိုလ္ခ်ဳပ္ ေအာင္ဆန္းႏွင့္ပတ္သက္ေသာ စာအုပ္ေလးတစ္အုပ္ ထုတ္မည္ ဆိုေသာအခါ ေဒၚေအာင္ဆန္းစု ၾကည္ ေနအိမ္အက်ယ္ခ်ဳပ္က်ခံ ေနရစဥ္ရက္မ်ားအတြင္း ေရးထားသည့္ ဗိုလ္ခ်ဳပ္ေအာင္ဆန္း႐ုပ္ပံု ပန္းခ်ီလက္ရာမ်ားကို ထည့္ခ်င္ သည္။ ဆရာဦးထင္ေက်ာ္အား ေျပာျပအကူအညီေတာင္းရာ သူ က ခ်က္ခ်င္းအကူအညီေပးသည္။ ‘‘အစ္မကို ေျပာျပထားေပးမယ္’’ ဟု ဆုိသည္။

  ေနာက္တစ္ရက္မွာပင္ ေဒၚေအာင္ဆန္းစုၾကည္ထံမွ ခြင့္ ျပဳခ်က္ရသည့္အေၾကာင္း တကူး တက ဖုန္းဆက္၍ ေျပာျပသည္။ ေနာက္ပိုင္း စာအုပ္ထြက္လာ ေသာအခါ ေဒၚေအာင္ဆန္းစု ၾကည္ထံ စာအုပ္လက္ေဆာင္ကို လည္း သူမွတစ္ဆင့္သာေပးရန္ ျဖစ္ေသာ္လည္း သူ႔ဆီေရာက္ ေသာအခါ ကိုယ္တုိင္ကုိယ္က် ေပးျဖစ္ေအာင္ ဆရာသည္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ ေပးပါသည္။ တစ္ခါတစ္ရံ ေဖ့စ္ ဘြတ္ခ္လူမႈကြန္ရက္စာမ်က္ႏွာ တြင္ ထြက္ေပၚလာတတ္သည့္ ‘ေအာင္ဆန္းေနာ္၊ ေတဇေနာ္၊ ဗိုလ္ခ်ဳပ္ေနာ္’စာအုပ္ကို ရင္ခြင္ တြင္ပိုက္၍ ဓာတ္ပံု႐ိုက္ခံေန ေသာ ေဒၚေအာင္ဆန္းစုၾကည္၏ ဓာတ္ပံုေလးကို ျမင္ေတြ႕တုိင္း ကြၽန္ေတာ္တုိ႔သည္ ဦးထင္ေက်ာ္ ၏ ကူညီေစာင္မမႈကို သတိရမိပါ သည္။

၂၀၁၂ ခုႏွစ္တြင္ ေဒၚေအာင္ ဆန္းစုၾကည္ ဦးေဆာင္သည့္ အ မ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ဳပ္က ၾကားျဖတ္ ေရြးေကာက္ပြဲဝင္ သည္။ လႊတ္ေတာ္အမတ္တစ္ဦး ျဖစ္လာသည့္ အမ်ိဳးသမီးကို ကူညီရင္း ဦးထင္ေက်ာ္လည္း မအား မလပ္ အလုပ္မ်ားလ်က္ရွိသည္။ ကိစၥတစ္ခုရွိသျဖင့္ ဆရာႏွင့္ ေတြ႕ခ်င္ေသာေၾကာင့္ တယ္လီဖုန္း ဆက္ရာ ေနျပည္ေတာ္ေရာက္ေန သည္။ ေနျပည္ေတာ္တြင္ ေနရ ထိုင္ရသည့္ အခက္အခဲမ်ားကို သူေျပာျပသည္။ မွတ္မွတ္ရရ ေႁမြ ေပါသည့္အေၾကာင္း၊ သူလည္း ေႁမြကိုက္ခံရေသးေၾကာင္း၊ သို႔ ေသာ္ အဆိပ္ျပင္းသည့္ အမ်ိိဳးအ စားမဟုတ္သျဖင့္ ေတာ္ေသး ေၾကာင္း တယ္လီဖုန္းထဲမွ သူ၏ ကိုယ္ပိုင္ဟန္ျဖစ္ေသာ ေလေအး ကေလးႏွင့္ ဟာသေလးေတြ ေဖာက္ၿပီး ေျပာျပပါသည္။ ဆရာ ဦးထင္ေက်ာ္ႏွင့္ စကားေျပာရ သည္မွာ ထိုအခ်ိန္က ေနာက္ဆံုး ျဖစ္ပါသည္။

ၿပီးခဲ့သည့္ လပိုင္းမွစ၍ ေရြး ေကာက္ပြဲအႏုိင္ရအမ်ိဳးသားဒီမို ကေရစီအဖြဲ႕ခ်ဳပ္က တင္မည့္ သမၼတေလာင္း အမည္စာရင္း တြင္ ဆရာဦးထင္ေက်ာ္ အမည္ပါ လာသည္။ အနာဂတ္ သမၼတအ ျဖစ္လည္း အမ်ိဳးမ်ိဳးထင္ျမင္ခ်က္ မ်ား ေပးလ်က္ရွိသည္။ သူ႔အ ေၾကာင္း ေရးတာေတြလည္း ေတြ႕ရသည္။ အေနအထိုင္က်စ္လ်စ္ သူ၊ ဘဝကို ႐ိုး႐ိုးရွင္းရွင္းျဖတ္သန္း သူတစ္ဦးျဖစ္ရာ သူ႔ဘဝအ ေၾကာင္း စံုစမ္းရသည္မွာ အခက္ အခဲရွိသည္ဟု မိတ္ေဆြသတင္း သမားမ်ား ေျပာသံဆုိသံၾကားမိ သည္။ ေအးေအးေနထိုင္လုိသူ တစ္ဦးသည္ ျပည္တြင္း၊ ျပည္ပ စာနယ္ဇင္းသမားေတြ၊ ျမန္မာ့ ႏုိင္ငံေရးေလ့လာသူေတြ၏ စိတ္ ဝင္စား အာ႐ံုစိုက္မႈႏွင့္ ႀကံဳေန  ေလၿပီ။

မတ္လ ၁၀ ရက္မွာေတာ့ ႀကိဳတင္သတင္းထြက္သည့္အ တိုင္း အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ ခ်ဳပ္က ျပည္သူ႔လႊတ္ေတာ္သို႔ တင္သြင္းသည့္ သမၼတအမည္စာရင္း ၌ ဦးထင္ေက်ာ္ပါဝင္လာသည္။ လက္ရွိအေနအထားအရ သူသာလွ်င္ သမၼတရာထူးရရွိဖို႔ ေသခ်ာေနသည္။ ႏုိင္ငံတကာ စာနယ္ ဇင္းေတြကလည္း ဦးထင္ေက်ာ္အ ေၾကာင္း ခ်က္ခ်င္းေရးသားေဖာ္ ျပဖို႔ ႀကိဳးစားလာသည္။ အခ်ိဳ႕က ဦးထင္ေက်ာ္က မည္သူျဖစ္သည္ ကို ေသခ်ာမသိသျဖင့္ အခ်က္အ လက္အမွားေရးတာေတြလည္း ေတြ႕ရသည္။ လူပုဂၢိဳလ္အားျဖင့္ ႏူးညံ့သိမ္ေမြ႕သူ၊ ေအးေဆး႐ိုးသားသူ ဦးထင္ေက်ာ္ႏွင့္ ၾကမ္းတမ္း႐ႈပ္ ေထြးသည့္ ျမန္မာ့ႏုိင္ငံေရးကို မဆက္စပ္မိၾကတာလည္း ပါမည္။

မည္သို႔ျဖစ္ေစ တစ္ခ်ိန္က လူခ်င္းရင္းႏွီး ထိေတြ႕ခြင့္ရခဲ့သူ တစ္ဦး မၾကာမီ မိမိတုိ႔ ျပည္သူ မ်ား၏ ဦးေဆာင္သမၼတျဖစ္လာ ေတာ့မည္ကိုေတြး၍ ကြၽန္ေတာ္တုိ႔ ဝမ္းသာရင္ခုန္ပါသည္။ ထို႔အတူ လႊတ္ေတာ္တြင္ သမၼတေလာင္းအမည္စာရင္းတင္သြင္းၿပီး မိနစ္ပိုင္းတြင္း အင္တာနက္ႏွင့္ ေဖ့စ္ဘြတ္ခ္လူမႈကြန္ရက္တြင္ တက္လာသည့္ ဦးထင္ေက်ာ္၏ ဓာတ္ပံုမ်ား၊ သူႏွင့္ပတ္သက္သည့္ သတင္းေရးသားခ်က္မ်ားကို ၾကည့္ရင္း၊ ဖတ္ရင္း လူ႔ဘဝ၏ ကံၾကမၼာအလွည့္အေျပာင္း ဆန္းၾကယ္မႈအေၾကာင္းကိုလည္း ေတြးေတာ ေနမိသည္။
7Daydily
.................
ကျွန်တော်သိသော ဦးထင်ကျော်

By၀င်းဇော်လတ်On  Fri, 2016-03-11 06:30Issue No.No.1035 Friday, March 11, 2016

မတ်လ ၁၀ရက်တွင်ကျင်းပသည့် ပြည်သူ့လွှတ်တော်၌ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်က ဒုတိယသမ္မတလောင်းအဖြစ် ဦးထင်ကျော်ကို အမည်စာရင်းတင်သွင်းခဲ့သည်။ သူနှင့် အပြိုင်တင်သွင်းခံရသည့် ပုဂ္ဂိုလ်တွေရှိသည့်တိုင် ဦးထင်ကျော်သာလျှင် သမ္မတဖြစ် ရန် ရာခိုင်နှုန်းသေချာနေသည်။ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်ပေါ် တွင်လည်း ဦးထင်ကျော်၏ ပုံရိပ် များ ပလူပျံလျက်ရှိသည်။ နူးညံ့ သော၊ ချိုမြသော အပြုံးပိုင်ရှင်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ကျွန် တော်တို့နှင့် ရင်းနှီးခဲ့ဖူးသည့် အေးဆေးသိမ်မွေ့သူ လူကြီးလူကောင်းတစ်ဦး၏ မျက်နှာ...။

၂၀၀၅ (သို့မဟုတ်) ၂၀၀၆ ခုနှစ်လား မသဲကွဲတော့ပါ။ ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှုကြီး မဖြစ်ခင်နှစ်တွေတည်းက တစ်နှစ်ဟုသာ မှတ်သားမိသည်။ မိုးရာသီ တစ်ရက်ဖြစ်ပါသည်။ အဲဒီတုန်း က မိုးစက်လေးတွေ တဖြောက် ဖြောက်ကျနေသည်။ ဆိပ်ကမ်း သာလမ်းထဲတွင် ‘စိတ်တိုင်းကျ’ လက်ဖက်ရည်ဆိုင်လည်းရှိသေး သည်။ ထိုဆိုင်ထဲတွင် စာရေး ဆရာ၊ ထုတ်ဝေသူနှင့် စာဖတ်ဝါ သနာပါသူ လူငယ်လေးအချို့ ထိုင်နေကြသည်။ ဆရာကြီး မင်း သုဝဏ်၏ သားဖြစ်သူ ဆရာ ဦးထင်ကျော် (သို့မဟုတ်) က လောင်အမည် ဒလဘန်းအား စောင့်နေကြခြင်းဖြစ်သည်။

ချိန်းထားသည့်အချိန်တွင် တစ်ဖက်ပလက်ဖောင်းမှ ဥပဓိရုပ် ကောင်းကောင်းနှင့် အရပ်အ မောင်းမြင့်မားပြီး ရှေးဗမာကြီးနှင့် တူသော အမျိုးသားကြီးတစ်ဦး လမ်းဖြတ်ကူးလာသည်။ ထီးမပါ။ တဖွဲဖွဲရွာနေသည့် မိုးစက်တွေကို လက်နှစ်ဖက်ခေါင်းပေါ်တင်၍ ကာရင်း ထော့နဲ့နဲ့နှင့် လျှောက် လာသည်။ ခြေထောက်တွင် ပတ် တီးဖြူထူထူကို စည်းလျက်သားတွေ့ရသည်။ ဆိုင်တွင်းရောက်တော့ သူနှင့် ရင်းနှီးကျွမ်းဝင်ပြီးသား မိတ်ဆွေက ဘာဖြစ်တာပါ လဲဟု ပျာပျာသလဲမေးသည်။ ချော်လဲရာက ခြေသလုံးအရိုးကို ထိခိုက်သွားသဖြင့် ဆေးပတ်တီးစည်း ထားသည်ဟု အဆိုပါပုဂ္ဂိုလ်ကြီးက ပြန်ဖြေသည်။ ပြီးတော့ လက် ဖက်ရည်ဝိုင်းတွင် ထိုင်နေသည့် ကျွန်တော်တို့လူငယ်တစ်စုကို နွေးထွေးစွာ ပြံုးပြပါသည်။ သူသည် ဆရာမင်းသုဝဏ်၏ ဒုတိယ မြောက်သား ဦးထင်ကျော်ဖြစ် သည်။


ကျွန်တော်တို့က ကွမ်းခြံ ကုန်းမြို့ကလာ၍ ရန်ကုန်စာနယ် ဇင်းလောကတွင် ကျင်လည်နေ သူများဟု သိရသောအခါ ဦးထင် ကျော်၏ နဂိုပြံုးချိုသော မျက်နှာ တွင် ရင်းနှီးမှုနှင့် ပွင့်လင်းမှုက ထပ်မံပေါင်းစပ်ပေါ်လွင်လာ သည်။ ‘အဘ (မင်းသုဝဏ်)တို့ မြို့သားတွေပေါ့လေ’ဟု ပြံုးစစနှင့် နှုတ်ဆက်သည်။ ကြိုးစားကြ၊ လိုအပ်သည့် အကူအညီရှိပါက ကူညီနိုင်လျှင် ကူညီမည်။ ပြောပါ၊ အားမနာနှင့် ဟုလည်း ကမ်းလှမ်းသည်။ သူ၏ ဖော်ရွေလှိုက်လှဲမှုကြောင့် ကျွန်တော်တို့သည် သူ့ကို ယခုမှ စတင်သိကျွမ်းရသူတစ်ဦးဟု မတွေးမထင်မိဘဲ နှစ်ပေါင်းများစွာကတည်းက ရင်းနှီးလာသူ ဆွေမျိုးရင်းချာသဖွယ် ခံစားချက်ဖြစ်ပေါ်ခဲ့သည်။

သူသည် ကဗျာစာဆိုကြီး မင်းသုဝဏ်၏ သားဖြစ်သည်သာ မက ဒေါ်အောင်ဆန်းစုကြည်နှင့် ပုဂ္ဂိုလ်ရေးရင်းနှီးသူဆိုသည့် ဂုဏ် ပုဒ်ကလည်း သူ့အပေါ် ကျွန်တော် တို့၏ စိတ်ဝင်စားမှုကို ပို၍တိုးစေ ပါသည်။ ထိုအချိန်က ဒေါ်အောင် ဆန်းစုကြည်မှာ နေအိမ်အကျယ် ချုပ်နှင့် နေထိုင်နေရဆဲဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်ကို သူက ‘အစ်မ’ဟု ခေါ်ဝေါ်သုံးနှုန်းသည် ကို စတင်တွေ့ဆုံစဉ်ကပင် သတိ ထားမိခဲ့သည်။

ထိုနေ့က တွေ့ဆုံမှုလေး သည် မကြာပါ။ လက်ဖက်ရည် ဝိုင်းသည် စာပေအကြောင်းအရာ များ လွှမ်းမိုးနေသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့်ပတ်သက်သည့် ကျွန်တော်တို့ သိချင်တာလေးတွေ ဗဟုသုတအဖြစ် မေးရာတွင် လည်း ဖြေပေးသည်။ ကျွန်တော် တို့ သိချင်သည်မှာလည်း နေအိမ်အကျယ်ချုပ်နှင့် နေရသော ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကောင်းသလားထက်မပို ပါ။ ဒီ့ထက်လည်း ပြောဆို၍ မဖြစ်ပါ။ လူစုံသည့် ဖက်ရည်ဆိုင်ထဲ တွင် မသိမသာနားထောင်နေနိုင် သည့် ထောက်လှမ်းရေးကို ကြောက်ရသည်။ လက်ဖက်ရည် ဆိုင်ထဲမှ သူပြန်ထွက်သွားတော့ မိုးတဖွဲဖွဲရွာနေတုန်းပင်။ ခြေထော့နဲ့နဲ့နှင့် လူကြီးတစ်ဦး လမ်းဖြတ်ကူးသွားသည်ကို ကျွန်တော်တို့ လက် ဖက်ရည်ဆိုင်ထဲက ငေးကြည့်နေခဲ့ကြသည်။

ထို့နောက်ပိုင်းတွင်လည်း စာပေကိစ္စနှင့်ပတ်သက်၍ ဦးထင် ကျော်ကို ကျွန်တော်တို့ မကြာခဏ တွေ့ဆုံခွင့်ရသည်။ ဆရာကြီးမင်းသုဝဏ်၏ အထိမ်းအမှတ်ပြုလုပ် သော အခမ်းအနားငယ်လေးများ တွင် ဆုံကြသည်။ ထိုအချိန်က သူသည် မဂ္ဂဇင်းတစ်စောင်တွင် ဖခင်ဖြစ်သူ ကဗျာစာဆိုကြီး၏ ကဗျာအကြောင်း၊ စာအကြောင်း နှင့် ပုဂ္ဂိုလ်ရေး ရုပ်ပုံလွှာတွေကို ဆက်တိုက်နီးပါး ရေးနေသည်။ ဒလဘန်းအမည်နှင့် ဖြစ်သည်။ နောက်ပိုင်းတွင် အဆိုပါဆောင်း ပါးများကို စုစည်း၍ ‘အဘ ဘဝ အဘအကြောင်း တစေ့တစောင်း’ အမည်ဖြင့် စာအုပ်လုံးချင်းအဖြစ် ထုတ်ဝေသည်။ အရောင်းရတွင် သည်။ ဒုတိယအကြိမ် ထပ်မံပုံနှိပ် ရသည်။

  ဒေါ်အောင်ဆန်းစုကြည် လည်း နေအိမ်အကျယ်ချုပ်က လွတ်မလာသေးပါ။ ဦးထင်ကျော် သည် စာပေရေးသားမှုအချို့ကို ကြိုးကြားပြုလုပ်လျက်ရှိသည်။ တစ်ရက် သူ့အိမ်သို့ ရောက်သွား ကြသည်။ အုတ်နီလေးတွေဖြင့် သီးသန့်ဆောက်ထားသည့် အိမ် ရှေ့မှ အခန်းလေးထဲတွင် သူ့ကို တွေ့ကြရသည်။ နံရံတွင် ဆရာ ကြီးမင်းသုဝဏ်၏ တစ်ဦးတည်း ပုံတူပန်းချီကား။ အခြားမိသားစု ဓာတ်ပုံများကို ချိတ်ထားသည်။ ဆရာဦးထင်ကျော်က ဖခင်ဖြစ်သူ စာဆိုကြီး၏ ကဗျာတွေ၊ စာတွေ အကြောင်းကို စိတ်ဝင်တစားပြော ပြနေသည်။ ပြောနေရင်း စိတ် အားထက်သန်လာကာ ‘‘ခင်ဗျား တို့ကို ပြရဦးမယ်’’ဆိုကာ မှန်ဗီရို ကြီးထဲမှာ စာရွက်စာတမ်းတွေ၊ ဓာတ်ပုံမှတ်တမ်းတွေကို ယူပြီး ထုတ်ပြသည်။ ဆရာမင်းသုဝဏ် ၏ နေ့စဉ်မှတ်တမ်းတွေကိုလည်း မြင်ဖူးသည်ရှိအောင်ဆိုကာ ပြသ သည်ကိုလည်း မှတ်မိနေသေး သည်။

 သူနှင့် တွေ့ဆုံတိုင်းပင် သူ ၏ ဖော်ရွေမှု၊ စိတ်ရှည်သည်းခံမှု နှင့် ပြေပြစ်သည့် ဆက်ဆံပြောဆို မှုကို ကျွန်တော်တို့ ထိတွေ့ကြရ မြဲဖြစ်သည်။ မှတ်မိသေးသည်။ ဆရာတစ်ယောက်က ဆရာမင်း သုဝဏ်အကြောင်း စာအုပ်လေး တစ်အုပ်ထုတ်မည်လုပ်သောအ ခါ သားဖြစ်သူ ဦးထင်ကျော်ထံမှ အမှာစာတောင်းသည်။ သူက လည်း အားပါးတရ အမှာရှည်ကြီး ကို ရေးပေးသည်။ စိတ်ဝင်စား စရာကောင်းသည်။

အကြောင်းမလှစွာ အဆိုပါ စာအုပ်ကို ထုတ်ဝေမည့်သူက မထုတ်ဖြစ်။ ဦးထင်ကျော်၏ အ မှာစာကလည်း အဆိုပါထုတ်ဝေ သူ၏ လက်ထဲမှာ ပျောက်သွား သည်။ နောက်ပိုင်း ထိုစာအုပ်ကို ကျွန်တော်တို့ ကိုယ်တိုင်ပင် ထုတ် ဝေမည်ဟု စီစဉ်သောအခါ ဦးထင်ကျော်ထံမှ အမှာစာထပ်တောင်း သည်။ တောင်းရသည့်တိုင် မျက် နှာပူသည်။ တစ်ကြိမ်ရေးပြီးသား လည်း ဖြစ်သည်။ ဦးထင်ကျော် အား အကျိုးအကြောင်း ပြောပြ သည့်အခါ ပြန်ရေးပေးမည်ဟု ဆို ပါသည်။ ထိုအချိန်က အလုပ်တွေ ရှုပ်နေသော်လည်း ဦးထင်ကျော် သည် သူ့ကတိအတိုင်း အမှာစာ သစ်ကို စိတ်ရှည်လက်ရှည် ပြန် ရေးပေးခဲ့သည်။ နဂိုမူလ အမှာ စာလောက် မရှည်လျားတော့ သော်လည်း ကျွန်တော်တို့ ကျေ နပ်ရပါသည်။

 အချိန်တွေ ရွေ့သွားပါ သည်။ ကျွန်တော်တို့သည် ၂၀၀၇ ရွှေဝါရောင်လှုပ်ရှားမှု နိုင်ငံရေး လှိုင်းလုံးကြီးတွေကို ဖြတ်ခဲ့သည်။ ၂၀၀၈ နာဂစ်မုန်တိုင်းကြီးကို ကြံု တွေ့ခဲ့သည်။ ၂၀၁၀ ပြည့်နှစ်တွင် မြန်မာ့နိုင်ငံရေးသည် လူးလွန့် လှုပ်ရှားလာသည်။ ရွေးကောက်ပွဲ အသံကြားရသည်။ နိုင်ငံရေးပါတီ တွေ အသက်ဝင်လာသည်။ နိုင်ငံ ရေးအကျဉ်းသားတွေ ပြန်လွှတ် သည်။ ဒေါ်အောင်ဆန်းစုကြည် လည်း နေအိမ်အကျယ်ချုပ်က မကြာမီ လွတ်မြောက်လာတော့ မည်ဟူသည့် သတင်းတွေကြားရ သည်။ ထိုအချိန်တွင် ကျွန်တော် တို့သည် ဆရာမင်းသုဝဏ်နှင့်ပတ် သက်သည့် စာပေကိစ္စများနှင့် ဆက်စပ်၍ အကြောင်းကိစ္စပေါ် ပေါက်လာလျှင် ဦးထင်ကျော်ထံ တယ်လီဖုန်းမှတစ်ဆင့်သာ ဆက် သွယ်ခွင့်ရသည်။ အရင်ကလို အေးအေးဆေးဆေး မတွေ့ဖြစ် ကြတော့ပါ။

  ၂၀၁၀ နိုဝင်ဘာတွင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာ ပါသည်။ အိမ်ရှေ့ခြံတံခါးမှတစ် ဆင့် နှစ်ပေါင်းများစွာအတွင်း လူ ထုပရိသတ်အား မိန့်ခွန်းပြောရန် ရပ်နေသော ဒေါ်အောင်ဆန်းစု ကြည်၏ဘေးတွင် ဦးထင်ကျော် ကို ကျွန်တော်တို့ တွေ့လိုက်ရပါ သည်။ အရပ်ထောင်ထောင် မောင်းမောင်းနှင့် ပြံုးချိုသော မျက်နှာ။ ကျွန်တော်တို့ စတင်တွေ့ဆုံ စဉ်ကအတိုင်းပင် ဘာမှမပြောင်း လဲပါ။ စာပေသမားတစ်ဦးအဖြစ် ကျွန်တော်တို့ လေးစားချစ်ခင်မိ သော ဦးထင်ကျော်သည် ဒေါ်အောင်ဆန်းစုကြည်၏ နံဘေး တွင် မားမားမတ်မတ်ပြန်လည်ရပ် တည်နေပြီ။

ဒေါ်အောင်ဆန်းစုကြည်၏ ခြံတွင်း သတင်းယူရင်း ရောက် သည့်အခါများတွင် ဦးထင်ကျော် နှင့် တွေ့နေရသည်။ သူ၏ ချိုသာ အေးဆေးသော အပြံုးနှင့် ဖော် ရွေမှုကတော့ လုပ်ငန်းတာဝန် တွေ များပြားနေသည့်တိုင် မပြောင်းလဲပါ။ ၂၀၁၁ ခုနှစ်တွင် ကျွန်တော်တို့သည် ဗိုလ်ချုပ် အောင်ဆန်းနှင့်ပတ်သက်သော စာအုပ်လေးတစ်အုပ် ထုတ်မည် ဆိုသောအခါ ဒေါ်အောင်ဆန်းစု ကြည် နေအိမ်အကျယ်ချုပ်ကျခံ နေရစဉ်ရက်များအတွင်း ရေးထားသည့် ဗိုလ်ချုပ်အောင်ဆန်းရုပ်ပုံ ပန်းချီလက်ရာများကို ထည့်ချင် သည်။ ဆရာဦးထင်ကျော်အား ပြောပြအကူအညီတောင်းရာ သူ က ချက်ချင်းအကူအညီပေးသည်။ ‘‘အစ်မကို ပြောပြထားပေးမယ်’’ ဟု ဆိုသည်။

  နောက်တစ်ရက်မှာပင် ဒေါ်အောင်ဆန်းစုကြည်ထံမှ ခွင့် ပြုချက်ရသည့်အကြောင်း တကူး တက ဖုန်းဆက်၍ ပြောပြသည်။ နောက်ပိုင်း စာအုပ်ထွက်လာ သောအခါ ဒေါ်အောင်ဆန်းစု ကြည်ထံ စာအုပ်လက်ဆောင်ကို လည်း သူမှတစ်ဆင့်သာပေးရန် ဖြစ်သော်လည်း သူ့ဆီရောက် သောအခါ ကိုယ်တိုင်ကိုယ်ကျ ပေးဖြစ်အောင် ဆရာသည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ပေးပါသည်။ တစ်ခါတစ်ရံ ဖေ့စ် ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာ တွင် ထွက်ပေါ်လာတတ်သည့် ‘အောင်ဆန်းနော်၊ တေဇနော်၊ ဗိုလ်ချုပ်နော်’စာအုပ်ကို ရင်ခွင် တွင်ပိုက်၍ ဓာတ်ပုံရိုက်ခံနေ သော ဒေါ်အောင်ဆန်းစုကြည်၏ ဓာတ်ပုံလေးကို မြင်တွေ့တိုင်း ကျွန်တော်တို့သည် ဦးထင်ကျော် ၏ ကူညီစောင်မမှုကို သတိရမိပါ သည်။

၂၀၁၂ ခုနှစ်တွင် ဒေါ်အောင် ဆန်းစုကြည် ဦးဆောင်သည့် အ မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကြားဖြတ် ရွေးကောက်ပွဲဝင် သည်။ လွှတ်တော်အမတ်တစ်ဦး ဖြစ်လာသည့် အမျိုးသမီးကို ကူညီရင်း ဦးထင်ကျော်လည်း မအား မလပ် အလုပ်များလျက်ရှိသည်။ ကိစ္စတစ်ခုရှိသဖြင့် ဆရာနှင့် တွေ့ချင်သောကြောင့် တယ်လီဖုန်း ဆက်ရာ နေပြည်တော်ရောက်နေ သည်။ နေပြည်တော်တွင် နေရ ထိုင်ရသည့် အခက်အခဲများကို သူပြောပြသည်။ မှတ်မှတ်ရရ မြွေ ပေါသည့်အကြောင်း၊ သူလည်း မြွေကိုက်ခံရသေးကြောင်း၊ သို့ သော် အဆိပ်ပြင်းသည့် အမျိိုးအ စားမဟုတ်သဖြင့် တော်သေး ကြောင်း တယ်လီဖုန်းထဲမှ သူ၏ ကိုယ်ပိုင်ဟန်ဖြစ်သော လေအေး ကလေးနှင့် ဟာသလေးတွေ ဖောက်ပြီး ပြောပြပါသည်။ ဆရာ ဦးထင်ကျော်နှင့် စကားပြောရ သည်မှာ ထိုအချိန်က နောက်ဆုံး ဖြစ်ပါသည်။

ပြီးခဲ့သည့် လပိုင်းမှစ၍ ရွေး ကောက်ပွဲအနိုင်ရအမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်က တင်မည့် သမ္မတလောင်း အမည်စာရင်း တွင် ဆရာဦးထင်ကျော် အမည်ပါ လာသည်။ အနာဂတ် သမ္မတအ ဖြစ်လည်း အမျိုးမျိုးထင်မြင်ချက် များ ပေးလျက်ရှိသည်။ သူ့အ ကြောင်း ရေးတာတွေလည်း တွေ့ရသည်။ အနေအထိုင်ကျစ်လျစ် သူ၊ ဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်း သူတစ်ဦးဖြစ်ရာ သူ့ဘဝအ ကြောင်း စုံစမ်းရသည်မှာ အခက် အခဲရှိသည်ဟု မိတ်ဆွေသတင်း သမားများ ပြောသံဆိုသံကြားမိ သည်။ အေးအေးနေထိုင်လိုသူ တစ်ဦးသည် ပြည်တွင်း၊ ပြည်ပ စာနယ်ဇင်းသမားတွေ၊ မြန်မာ့ နိုင်ငံရေးလေ့လာသူတွေ၏ စိတ် ဝင်စား အာရုံစိုက်မှုနှင့် ကြံုနေ  လေပြီ။

မတ်လ ၁၀ ရက်မှာတော့ ကြိုတင်သတင်းထွက်သည့်အ တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်က ပြည်သူ့လွှတ်တော်သို့ တင်သွင်းသည့် သမ္မတအမည်စာရင်း ၌ ဦးထင်ကျော်ပါဝင်လာသည်။ လက်ရှိအနေအထားအရ သူသာလျှင် သမ္မတရာထူးရရှိဖို့ သေချာနေသည်။ နိုင်ငံတကာ စာနယ် ဇင်းတွေကလည်း ဦးထင်ကျော်အ ကြောင်း ချက်ချင်းရေးသားဖော် ပြဖို့ ကြိုးစားလာသည်။ အချို့က ဦးထင်ကျော်က မည်သူဖြစ်သည် ကို သေချာမသိသဖြင့် အချက်အ လက်အမှားရေးတာတွေလည်း တွေ့ရသည်။ လူပုဂ္ဂိုလ်အားဖြင့် နူးညံ့သိမ်မွေ့သူ၊ အေးဆေးရိုးသားသူ ဦးထင်ကျော်နှင့် ကြမ်းတမ်းရှုပ် ထွေးသည့် မြန်မာ့နိုင်ငံရေးကို မဆက်စပ်မိကြတာလည်း ပါမည်။

မည်သို့ဖြစ်စေ တစ်ချိန်က လူချင်းရင်းနှီး ထိတွေ့ခွင့်ရခဲ့သူ တစ်ဦး မကြာမီ မိမိတို့ ပြည်သူ များ၏ ဦးဆောင်သမ္မတဖြစ်လာ တော့မည်ကိုတွေး၍ ကျွန်တော်တို့ ဝမ်းသာရင်ခုန်ပါသည်။ ထို့အတူ လွှတ်တော်တွင် သမ္မတလောင်းအမည်စာရင်းတင်သွင်းပြီး မိနစ်ပိုင်းတွင်း အင်တာနက်နှင့် ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်တွင် တက်လာသည့် ဦးထင်ကျော်၏ ဓာတ်ပုံများ၊ သူနှင့်ပတ်သက်သည့် သတင်းရေးသားချက်များကို ကြည့်ရင်း၊ ဖတ်ရင်း လူ့ဘဝ၏ ကံကြမ္မာအလှည့်အပြောင်း ဆန်းကြယ်မှုအကြောင်းကိုလည်း တွေးတော နေမိသည်။
7Daydily

No comments:

Post a Comment