Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, March 24, 2016
ဖုတ်သွင်း၊ဖုတ်ထုတ်ပေးတဲ့ ဆံပင်ရှည်ရှည်နဲ့  ဆရာဝန်
မနေ့ညနေကဘဝပဲ့ကိုင်ရှင်ဆုံးရှုံးသွားသလိုခံစားရလို့စိတ်ပြေလက်ပြောက်ကားဦးတဲ့ရာတစ်ယောက်ထဲ
နိုင်လို့။
အစာမကျွေးအနားမှာဘယ်သူမှမကပ်ကျတော့ပဲပြစ်ထားတယ်ဆိုပီးရိုက်ကြီးတငင်ငိုတာနဲ့
credit lwan wai
...................................
မနေ့့ညနေကဘဝပဲ့ကိုင်ရှင်ဆုံးရှုံးသွားသလိုခံစားရလို့စိတ်ပြေလက်ပြောက်ကားဦးတဲ့ရာတစ်ယောက်ထဲ
စိတ်ညစ်ညစ်နဲ့ထွက်ခဲ့တာတစ်နာရီလောက်ကြာတော့
လမ်းမကောင်းလို့ဆက်မမောင်းပဲဘယ်ရွာလဲမေးတော့ပန်းတနော်ပိုင်။ တူးချောင်းရွာတဲ့
ကရင်လူမိူးရွာငယ်လေးပါတဲ့။ဆက်သွားလို့မရလို့နောက်ဆုတ်ဖို့ကြည့်တုံး
တဲအိမ်လေးရှေ့မှာလူတစ်သိုက်တိုးတိုးစကားပြောရင်း။အချို့အမျိုးသမီးတွေက
မျက်ရည်သုတ်နေကျတာမြင်တော့မနေနိုင်တာနဲ့ဝင်စပ်စုတဲ့ခါဦးဝင်းတစ်ယောက်
နေမကောင်းဖြစ်ပီးဖုတ်ဝင်နေတာလေးလလောက်ရှိပီ အခုတော့အသက်ငင်နေလို့
မိသားစုတွေစုပီးအသက်ထွက်တာစောင့်နေကြတာတဲ့။ဒါနဲ့စိတ်ဝင်စားပီးကျွန်တော်
ခနကြည့်ပရစေဆိုတော့ရှင်ကဘယ်ကတုံး။ဘာလုပ်မှာလဲတဲ့။မေးမှာပေါ့လေ
ဆရာဝန်ရုပ်မှမပေါက်ပဲ။အကျိုးကြောင်းရှင်းပြတော့သိပ်လက်မခံချင်ဖူး။
ဖုတ်ဝင်တယ်လို့ယူဆကျတော့ကြောက်ပီးမြန်မြန်သေစေချင်ပုံရတယ်။
ဒါနဲ့ ဆရာဝန်ဆိုပေမဲ့ ဖုတ်လဲသွင်းတတ်ပါတယ်။ဖုတ်လဲထုတ်တတ်ပါတယ်။
ဖုတ်သွင်းတယ်ဆိုတာသားဆက်ခြားပစ္စည်းတစ်သောင်းကျော်ထဲ့ခဲ့တာပါ။
ဖုတ်ထုတ်တယ်ဆိုတာက သြဇာရွက်ခုနှစ်ရွက်ဖင်အောက်မှာထား။
ကုလားဖဲသုံးချပ်ကိုကျောအောက်ခု။ ခုံဖနပ်တစ်စုံကိုကျောချင်းကပ်ပီး
လူနာခေါင်းအောက်မှာထားရင် ဖုတ်ချက်ချင်းထွက်တယ်လို့ပြောတော့နဲနဲ
ယုံသွားပုံရပီးကြည်ချင်ကြည်လေဆိုတော့မှနတ်စင်သာသာတဲလေးပေါ်လေးဖက်
ထောက်ပီးကြည်လိုက်တော့မလှဲနိုင်လို့အိမ်တိုင်ဖက်ကာအသက်လုရူပီး
အသက်ငင်နေတဲ့အသက်ခြောက်ဆယ်ခန့်လူနာကိုစိတ်မကောင်းစွာတွေ့ရလို့
ခနစမ်းသပ်ခွင့်တောင်းတော့ခွင့်ပြုတာနဲ့ကားဆီပြေးပီးအသက်ကယ်အိပ်နဲ့့
တယ်လီဗေးရှင်းဝါတ်မှန်စက်ပြေးယူပီးကြည့်လိုက်တော့ညာဖက်ရင်ခေါင်းတစ်ခု
လုံးရေတွေပြည့်နေတာတွေ့တော့လူနာရှင်နဲ့အနားမှာရှိတဲ့ရွာလူကြီးတွေခေါ်ပီး
ဒီလူနာဟာဖုတ်ဝင်တာမဟုတ်ဖူး။အဆုပ်ထဲရေဝင်တာ။ဖေါက်ထုတ်ရင်အသက်ရှင်နိုင်ကြောင်း။ဒီတိုင်းထားရင်မကြာခင်သေတော့မည်ဖြစ်
ကြောင်းရှင်းပြတော့အားလုံးသဘောတူတာနဲ့လက်မှတ်ထိုးခိုင်းပီး
ပါလာတဲ့သွေးခံအိပ်ကပိုက်ကိုဖြတ်ပီးဖေါက်ထုတ်လိုက်တာတစ်လီတာရေသန့်ဘူး
သုံးပုလင်းခွဲရတယ်။လူနာလဲအသက်ပြန်ရူလာပီးသတိပြန်ရလာတယ်။
အသက်ကယ်ဆေးပါထိုးလိုက်တော့နာရီဝက်လောက်ကြာတော့စကားပြန်ပြော
နိုင်လို့။
ဘာဖြစ်လို့ဒီလောက်ထိအောင်အဖြစ်ခံရလဲလို့မေးတော့ဆေးကုဖို့ပိုက်ဆံမရှိတာကတစ်ကြောင်း။
ဝေဒနာကြာလာတော့ဆေးပညာအသိနဲတော့ သူများပြုစားတယ်။ဖုတ်ဝင်တယ်ဆိုပီးရေမတိုက်။
အစာမကျွေးအနားမှာဘယ်သူမှမကပ်ကျတော့ပဲပြစ်ထားတယ်ဆိုပီးရိူက်ကြီးတငင်ငိုတာနဲ့
အားမငယ်နဲ့အဘရဲ့အသက်ကိုကျွနတော်တာဝန်ယူတယ်။ပျောက်သည်ထိ
အခမဲ့ကုပေးမယ်လို့ကတိပေးပီး အဟာရတွက်ပါလာတဲ့ငွေနှစ်သောင်းနဲ့
pSI ကပေးတဲ့ကိုကာဥထုတ်ပေးခဲ့ပီးလူနာရှင်တွေကိုလဲရှေးရိုးစဉ်လာအစွဲလန်းတွေမထားဖို့
အသေးစိတ်ရှင်းပြခဲ့ရင်းနောက်နေ့လူနာကိုဂါတ်မှန်ရိုက်ဖို့လာခေါ်မည်ဖြစ်ကြောင်း
မှာကြားပီးလူနာစိတ်ချရမှပြန်လာရင်းဆုံးဖြတ်ချက်တစ်ခုခိုင်ခိုင်မာမာချလိုက်ပါတယ်
နောင်ဆိုရင်အဲယားကွန်ခန်းထဲမှာထိုင်ပီးလွမ်းဆွေးနေမဲ့စား ဆင်ရဲတွင်းနက်ပီး
ဝေဒနာခံစားရင်း။ဆရာဝန်ငံ့လင့်နေတဲ့ရောဂါရှင်တွေ ဆီသွားပီးအသက်ကယ်
တော့မယ်လို့ းးးးးးးးးးး
credit lwan wai
No comments:
Post a Comment