Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 16, 2016

သမၼတ ဦးထင္ေက်ာ္ကုိ ျပည္တြင္းျပည္ပ ဆက္လက္ ႀကိဳဆုိၾက

သမၼတအျဖစ္ ေရြးခ်ယ္ခံရတဲ့ ဦးထင္ေက်ာ္ ကို မတ္လ ၁၅ ရက္ေန႔က ေတြ႔ရစဥ္။ Photo: AFP
ျမန္မာနိုင္ငံမွာ ႏွစ္ေပါင္း ၅ဝ ေက်ာ္အတြင္း အရပ္သားသမၼတတစ္ေယာက္ တင္ေျမွာက္လိုက္နိုင္တာကို ကုလသမဂၢအတြင္းေရးမွဴးခ်ဳပ္ မစၥတာ ဘန္ကီမြန္းက ႀကိဳဆိုလိုက္ပါတယ္။

ဒီမိုကေရစီ အသြင္ကူးေျပာင္းေရးကိုေရွးရႈၿပီး ထူးျခားေျပာင္ေျမာက္တဲ့ ရလာဒ္တစ္ခုအျဖစ္ ႀကိဳဆိုေၾကာင္း မစၥတာဘန္ကီမြန္းက သူ႔ရဲ႕သဝဏ္လႊာမွာ ေဖၚျပထားပါတယ္။ ဒါ့အျပင္ ျမန္မာျပည္သူေတြအေနနဲ႔ အမ်ိဳးသားျပန္ လည္သင့္ျမတ္ေရးနဲ႔ ဒီမိုကေရစီလမ္းေၾကာင္းကို အလ်င္ျမန္ျမန္နဲ႔ ဆက္လက္ေဖၚေဆာင္နိုင္မယ္လို႔ ေမွ်ာ္လင့္ သလို၊ သမၼတဦးထင္ေက်ာ္နဲ႔ အျခားနုိင္ငံေရးေခါင္းေဆာင္ေတြအေနနဲ႔ ျမန္မာနိုင္ငံအသြင္ကူးေျပာင္းေရးမွာ တည္တည္ၿငိမ္ၿငိမ္ ေခ်ာေခ်ာေမြ႔ေမြ႔၊ စည္းစည္းလံုးလံုးနဲ႔ ပူးေပါင္းေဆာင္ရြက္ၾကဖို႔ကိုလည္း မစၥတာ ဘန္ကီမြန္းက တုိက္တြန္းလိုက္ပါတယ္။

ဒီအေတာအတြင္းမွာပဲ နိုင္ငံေတာ္သမၼတအျဖစ္ ဦးထင္ေက်ာ္ ေရြးခ်ယ္တင္ေျမွာက္ခံရတာကို ထိုင္ဝမ္အစိုးရက နိုင္ငံျခားေရးဌါနကေနတဆင့္ ဂုဏ္ျပဳသဝဏ္လႊာေပးပို႔မယ္လို႔ သိရပါတယ္။ လက္ရွိမွာ ထိုင္ဝမ္အေနနဲ႔ ျမန္မာ နုိင္ငံမွာ တရားဝင္ကိုယ္စားလွယ္ရံုး မရွိေသးေပမယ့္၊ နိုင္ငံျခားေရး ဌါနလက္ေအာက္ခံ ထိုင္ဝမ္ျပည္ပ ကုန္သြယ္ေရးနဲ႔ ဖြံ႔ၿဖိဳးေရးေကာင္စီ၊ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္မႈနဲ႔ ဖြံ႔ၿဖိဳးေရးရံပံုေငြအဖြဲ႔ကို ရန္ကုန္ၿမိဳ႕မွာ ရံုးခန္းဖြင့္လွစ္ထားပါတယ္။

ဒါ့အျပင္ ဘဂၤလားေဒ့ရွ္သမၼတ အက္ဘ္ဒူလ္ ဟာမစ္နဲ႔ ဝန္ႀကီးခ်ဳပ္ ရွိတ္ဟာဆီးနားတို႔ကလည္း ျမန္မာသမၼတသစ္ ဦးထင္ေက်ာ္ကို ခ်ီးက်ဴးဂုဏ္ျပဳေၾကာင္း မေန႔က ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

အလားတူ ျပည္တြင္းအဖြဲ႔အစည္းေတြထဲက ရွမ္းတိုင္းရင္းသားမ်ားဒီမိုကေရစီအဖြဲ႔ခ်ဳပ္ SNLD ကလည္း အမ်ိဳးသား ဒီမုိုကေရစီအဖြဲ႔ခ်ဳပ္ ပါတီဝင္ ဦးထင္ေက်ာ္ကို နိုင္ငံေတာ္သမၼတအျဖစ္ ေအာင္ျမင္စြာ ေရြးခ်ယ္တင္ေျမွာက္နိုင္ခဲ့တဲ့ အတြက္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္း ထုတ္ျပန္ေၾကညာခဲ့သလုိ နိုင္ငံေရးအက်ဥ္းသားေဟာင္းမ်ားအဖြဲ႔ကလည္း နိုင္ငံေရးအက်ဥ္းသားတစ္ေယာက္ျဖစ္ခဲ့တဲ့ ဦးထင္ေက်ာ္ကို ျပည္ေထာင္စုလႊတ္ေတာ္မွာ နိုင္ငံေတာ္သမၼတ အျဖစ္ ေရြးခ်ယ္လိုက္တဲ့အတြက္ ဂုဏ္ယူဝမ္းေျမာက္ေၾကာင္းနဲ႔၊ နိုင္ငံေရးအက်ဥ္းသားေရးရာေတြ အပါအဝင္ ျပည္သူလူထု အက်ိဳးေတြကို သမၼတႀကီးဦးထင္ေက်ာ္ ေခါင္းေဆာင္မယ့္ အစိုးရနဲ႔ လက္တြဲ ကူညီေဆာင္ရြက္သြားမယ္လို႔ မတ္လ ၁၅ ရက္ေန႔စြဲနဲ႔ ေၾကညာခ်က္ ထုတ္ျပန္ခဲ့ပါတယ္။

RFA Burmese
http://www.rfa.org/burmese
.............
 သမ္မတအဖြစ် ရွေးချယ်ခံရတဲ့ ဦးထင်ကျော် ကို မတ်လ ၁၅ ရက်နေ့က တွေ့ရစဉ်။ Photo: AFP
မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅ဝ ကျော်အတွင်း အရပ်သားသမ္မတတစ်ယောက် တင်မြှောက်လိုက်နိုင်တာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။

ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကိုရှေးရှုပြီး ထူးခြားပြောင်မြောက်တဲ့ ရလာဒ်တစ်ခုအဖြစ် ကြိုဆိုကြောင်း မစ္စတာဘန်ကီမွန်းက သူ့ရဲ့သဝဏ်လွှာမှာ ဖေါ်ပြထားပါတယ်။ ဒါ့အပြင် မြန်မာပြည်သူတွေအနေနဲ့ အမျိုးသားပြန် လည်သင့်မြတ်ရေးနဲ့ ဒီမိုကရေစီလမ်းကြောင်းကို အလျင်မြန်မြန်နဲ့ ဆက်လက်ဖေါ်ဆောင်နိုင်မယ်လို့ မျှော်လင့် သလို၊ သမ္မတဦးထင်ကျော်နဲ့ အခြားနိုင်ငံရေးခေါင်းဆောင်တွေအနေနဲ့ မြန်မာနိုင်ငံအသွင်ကူးပြောင်းရေးမှာ တည်တည်ငြိမ်ငြိမ် ချောချောမွေ့မွေ့၊ စည်းစည်းလုံးလုံးနဲ့ ပူးပေါင်းဆောင်ရွက်ကြဖို့ကိုလည်း မစ္စတာ ဘန်ကီမွန်းက တိုက်တွန်းလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ နိုင်ငံတော်သမ္မတအဖြစ် ဦးထင်ကျော် ရွေးချယ်တင်မြှောက်ခံရတာကို ထိုင်ဝမ်အစိုးရက နိုင်ငံခြားရေးဌါနကနေတဆင့် ဂုဏ်ပြုသဝဏ်လွှာပေးပို့မယ်လို့ သိရပါတယ်။ လက်ရှိမှာ ထိုင်ဝမ်အနေနဲ့ မြန်မာ နိုင်ငံမှာ တရားဝင်ကိုယ်စားလှယ်ရုံး မရှိသေးပေမယ့်၊ နိုင်ငံခြားရေး ဌါနလက်အောက်ခံ ထိုင်ဝမ်ပြည်ပ ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဖွံ့ဖြိုးရေးရံပုံငွေအဖွဲ့ကို ရန်ကုန်မြို့မှာ ရုံးခန်းဖွင့်လှစ်ထားပါတယ်။

ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်သမ္မတ အက်ဘ်ဒူလ် ဟာမစ်နဲ့ ဝန်ကြီးချုပ် ရှိတ်ဟာဆီးနားတို့ကလည်း မြန်မာသမ္မတသစ် ဦးထင်ကျော်ကို ချီးကျူးဂုဏ်ပြုကြောင်း မနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အလားတူ ပြည်တွင်းအဖွဲ့အစည်းတွေထဲက ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ကလည်း အမျိုးသား ဒီမိုုကရေစီအဖွဲ့ချုပ် ပါတီဝင် ဦးထင်ကျော်ကို နိုင်ငံတော်သမ္မတအဖြစ် အောင်မြင်စွာ ရွေးချယ်တင်မြှောက်နိုင်ခဲ့တဲ့ အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ထုတ်ပြန်ကြေညာခဲ့သလို နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကလည်း နိုင်ငံရေးအကျဉ်းသားတစ်ယောက်ဖြစ်ခဲ့တဲ့ ဦးထင်ကျော်ကို ပြည်ထောင်စုလွှတ်တော်မှာ နိုင်ငံတော်သမ္မတ အဖြစ် ရွေးချယ်လိုက်တဲ့အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်းနဲ့၊ နိုင်ငံရေးအကျဉ်းသားရေးရာတွေ အပါအဝင် ပြည်သူလူထု အကျိုးတွေကို သမ္မတကြီးဦးထင်ကျော် ခေါင်းဆောင်မယ့် အစိုးရနဲ့ လက်တွဲ ကူညီဆောင်ရွက်သွားမယ်လို့ မတ်လ ၁၅ ရက်နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

RFA Burmese
http://www.rfa.org/burmese

No comments:

Post a Comment