Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 16, 2016

အစုိးရအဖြဲ႕သစ္၏ ၀န္ႀကီးဌာန အေရအတြက္ႏွင့္ အမည္မ်ား ယေန႔သိရမည္

ျပည္ေထာင္စုလႊတ္ေတာ္ နာယက မန္း၀င္းခိုင္သန္း မတ္လ ၁၅ ရက္က ေတြ႕ရစဥ္ (ဓာတ္ပံု − စိုင္းေဇာ္)
သမၼတသစ္ ဦးထင္ ေက်ာ္က တင္ျပေသာ အစုိးရအဖြဲ႕ ၏ ၀န္ႀကီးဌာန အေရအတြက္၊ အမည္ႏွင့္ ၀န္ႀကီးစာရင္းကို ျပည္ ေထာင္စုလႊတ္ေတာ္တြင္ ယေန႔ သိရမည္ျဖစ္သည္။

ျပည္ေထာင္စုလႊတ္ေတာ္အ စည္းအေ၀းကို ယေန႔နံနက္ ၁၀ နာရီတြင္ စတင္က်င္းပမည္ျဖစ္ၿပီး အစည္းအေ၀းအစီအစဥ္ (၅) ၌ သမၼတသစ္ကတင္ျပေသာ ျပည္ ေထာင္စုအစုိးရ၀န္ႀကီးဌာနအေရ အတြက္၊ အမည္ႏွင့္ ျပည္ေထာင္စု၀န္ႀကီးဦးေရ သတ္မွတ္ျခင္းကို ျပည္ေထာင္စုလႊတ္ေတာ္နာယကက လႊတ္ေတာ္သုိ႔ တင္ျပရန္အစည္းအေ၀းလ်ာထားခ်က္တြင္ ေဖာ္ျပထားသည္။

၀န္ႀကီးဌာနအေရအတြက္၊၀န္ႀကီး ဦးေရ စာရင္းႏွင့္ ပတ္သက္၍ ေဆြးေႏြးလုိေသာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားက အမည္စာရင္း တင္သြင္းရန္ျဖစ္ကာ ေဆြးေႏြးမႈမ်ားကို မတ္လ ၁၈ရက္ျပည္ေထာင္စုလႊတ္ေတာ္တြင္ စ တင္ျပဳလုပ္မည္ျဖစ္သည္။

မတ္လ ၁၇ တြင္ ျပည္ေထာင္စု ၀န္ႀကီးစာရင္းထြက္လာဦးမည္မဟုတ္ဘဲ ၀န္ႀကီးဌာန အေရအ တြက္အမည္ႏွင့္  ၀န္ႀကီးအေရအ တြက္သာ သိရဦးမည္ျဖစ္သည္။ ၀န္ႀကီးအမည္ စာရင္းသိရွိရန္မွာ ရက္အနည္းငယ္လုိဦးမည္ဟုထပ္မံသတင္းရရွိသည္။

အစုိးရ အဖြဲ႕သစ္တြင္ ၀န္ ႀကီးဌာနအေရအတြက္ကို ဆယ္ ခုေက်ာ္ေလွ်ာ့ခ်မည္ျဖစ္ၿပီး ၂၀ ေက်ာ္သာ ထားရွိမည္ျဖစ္ေၾကာင္း  အမ်ဳိးသားဒီမုိကေရစီအဖြဲ႕ခ်ဳပ္ဗ ဟုိအတြင္းေရးမွဴးအဖြဲ႕၀င္ဦး၀င္း ထိန္က ေျပာၾကားသည္။ လက္ရွိ အစုိးရလက္ထက္တြင္ သမၼတ႐ုံး ၀န္ႀကီးဌာန ေျခာက္ခုကို တစ္ခု သာထားရွိမည္ျဖစ္ေၾကာင္း ၎က ဆက္လက္ေျပာထားသည္။

အစုိးရအဖြဲ႕သစ္ဖြဲ႕စည္းရာ တြင္ ယခင္ရွိခဲ့ေသာ ဌာနအခ်ဳိ႕ ေလွ်ာ့ခ်ျခင္း ေပါင္းစည္းျခင္းမ်ားျပဳလုပ္မည္ဟု သတင္းရရွိသည္။

‘‘ႏုိင္ငံေတာ္သမၼတအေနနဲ႔ သူတာ၀န္ယူရတဲ့ ကာလအတြင္း  မွာ သူ႔အေနနဲ႔ တုိင္းျပည္ကို ဘယ္ လုိပုံစံနဲ႔ စီမံအုပ္ခ်ဳပ္မလဲ ဆုိတဲ့ အုပ္ခ်ဳပ္မႈပုံစံသစ္ကို လႊတ္ေတာ္ ထံတင္ျပၿပီး သေဘာတူညီခ်က္ ေတာင္းခံတာပဲျဖစ္ပါတယ္’’ ဟု ရန္ကုန္တုိင္းေဒသႀကီးအမတ္ဦး ေနဘုန္းလတ္က ၎၏ ေဖ့စ္ ဘြတ္ခ္စာမ်က္ႏွာတြင္ ေရးသားထားသည္။

‘‘မနက္ျဖန္က်ရင္ (၁) ၀န္ ႀကီးဌာနဘယ္ႏွခုထားမွာလဲ။(၂) ဘယ္၀န္ႀကီးဌာနေတြ က်န္မလဲ၊ ဘယ္၀န္ႀကီးဌာနေတြျပဳတ္မလဲ၊ ဘာ၀န္ႀကီးဌာနေတြအသစ္ေပၚ လာမလဲ။ (၃)ျပည္ေထာင္စု၀န္ ႀကီးဘယ္ႏွဦးရွိမလဲဆုိတဲ့အခ်က္ ေတြကို ကၽြန္ေတာ္တုိ႔ သိရေတာ့ မွာပဲျဖစ္ပါတယ္’’ဟု ဦးေနဘုန္း လတ္က ဆက္လက္ေရးသားထား သည္။

ျပည္ေထာင္စု၀န္ႀကီး ျဖစ္ လာမည္ဟု သတင္းထြက္ေပၚေန သူမ်ားတြင္ ဦးေဖျမင့္၊ ေဒါက္တာ တင္မာေအာင္၊ ဦးစုိင္းၫြန္႔လြင္၊ သူရဦးေအာင္ကို၊ ဦးေပါခင္စသူ တုိ႔ပါ၀င္ေၾကာင္း ပါတီႏွင့္နီးစပ္ သူမ်ားထံမွ စုံစမ္းသိရွိရသည္။

ထုိ႔အျပင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္က ခန္႔အပ္မည့္ကာကြယ္ေရး၀န္ႀကီးဌာန၊ ျပည္ထဲေရး ၀န္ႀကီးဌာနႏွင့္ နယ္စပ္ေရးရာ ၀န္ႀကီးဌာနတုိ႔၏ ျပည္ေထာင္စု၀န္ႀကီးအျဖစ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီးစိန္၀င္း၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးေက်ာ္ေဆြ၊ ဒုတိယဗုိလ္ခ်ဳပ္ႀကီးရဲေအာင္တုိ႔ကုိ ခန္႔အပ္ႏုိင္သည္ဟု တပ္မေတာ္ႏွင့္ နီးစပ္သူမ်ားက ခန္႔မွန္းေနၾကသည္။
7Daydaily
..................
အစိုးရအဖွဲ့သစ်၏ ၀န်ကြီးဌာန အရေအတွက်နှင့် အမည်များ ယနေ့သိရမည်

ပြည်ထောင်စုလွှတ်တော် နာယက မန်းဝင်းခိုင်သန်း မတ်လ ၁၅ ရက်က တွေ့ရစဉ် (ဓာတ်ပုံ − စိုင်းဇော်)
သမ္မတသစ် ဦးထင် ကျော်က တင်ပြသော အစိုးရအဖွဲ့ ၏ ၀န်ကြီးဌာန အရေအတွက်၊ အမည်နှင့် ၀န်ကြီးစာရင်းကို ပြည် ထောင်စုလွှတ်တော်တွင် ယနေ့ သိရမည်ဖြစ်သည်။

ပြည်ထောင်စုလွှတ်တော်အ စည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် စတင်ကျင်းပမည်ဖြစ်ပြီး အစည်းအဝေးအစီအစဉ် (၅) ၌ သမ္မတသစ်ကတင်ပြသော ပြည် ထောင်စုအစိုးရဝန်ကြီးဌာနအရေ အတွက်၊ အမည်နှင့် ပြည်ထောင်စုဝန်ကြီးဦးရေ သတ်မှတ်ခြင်းကို ပြည်ထောင်စုလွှတ်တော်နာယကက လွှတ်တော်သို့ တင်ပြရန်အစည်းအဝေးလျာထားချက်တွင် ဖော်ပြထားသည်။

၀န်ကြီးဌာနအရေအတွက်၊၀န်ကြီး ဦးရေ စာရင်းနှင့် ပတ်သက်၍ ဆွေးနွေးလိုသော လွှတ်တော်ကိုယ်စားလှယ်များက အမည်စာရင်း တင်သွင်းရန်ဖြစ်ကာ ဆွေးနွေးမှုများကို မတ်လ ၁၈ရက်ပြည်ထောင်စုလွှတ်တော်တွင် စ တင်ပြုလုပ်မည်ဖြစ်သည်။

မတ်လ ၁၇ တွင် ပြည်ထောင်စု ၀န်ကြီးစာရင်းထွက်လာဦးမည်မဟုတ်ဘဲ ၀န်ကြီးဌာန အရေအ တွက်အမည်နှင့်  ၀န်ကြီးအရေအ တွက်သာ သိရဦးမည်ဖြစ်သည်။ ၀န်ကြီးအမည် စာရင်းသိရှိရန်မှာ ရက်အနည်းငယ်လိုဦးမည်ဟုထပ်မံသတင်းရရှိသည်။

အစိုးရ အဖွဲ့သစ်တွင် ၀န် ကြီးဌာနအရေအတွက်ကို ဆယ် ခုကျော်လျှော့ချမည်ဖြစ်ပြီး ၂၀ ကျော်သာ ထားရှိမည်ဖြစ်ကြောင်း  အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗ ဟိုအတွင်းရေးမှူးအဖွဲ့ဝင်ဦးဝင်း ထိန်က ပြောကြားသည်။ လက်ရှိ အစိုးရလက်ထက်တွင် သမ္မတရုံး ၀န်ကြီးဌာန ခြောက်ခုကို တစ်ခု သာထားရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောထားသည်။

အစိုးရအဖွဲ့သစ်ဖွဲ့စည်းရာ တွင် ယခင်ရှိခဲ့သော ဌာနအချို့ လျှော့ချခြင်း ပေါင်းစည်းခြင်းများပြုလုပ်မည်ဟု သတင်းရရှိသည်။

‘‘နိုင်ငံတော်သမ္မတအနေနဲ့ သူတာဝန်ယူရတဲ့ ကာလအတွင်း  မှာ သူ့အနေနဲ့ တိုင်းပြည်ကို ဘယ် လိုပုံစံနဲ့ စီမံအုပ်ချုပ်မလဲ ဆိုတဲ့ အုပ်ချုပ်မှုပုံစံသစ်ကို လွှတ်တော် ထံတင်ပြပြီး သဘောတူညီချက် တောင်းခံတာပဲဖြစ်ပါတယ်’’ ဟု ရန်ကုန်တိုင်းဒေသကြီးအမတ်ဦး နေဘုန်းလတ်က ၎င်း၏ ဖေ့စ် ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်။

‘‘မနက်ဖြန်ကျရင် (၁) ၀န် ကြီးဌာနဘယ်နှခုထားမှာလဲ။(၂) ဘယ်ဝန်ကြီးဌာနတွေ ကျန်မလဲ၊ ဘယ်ဝန်ကြီးဌာနတွေပြုတ်မလဲ၊ ဘာဝန်ကြီးဌာနတွေအသစ်ပေါ် လာမလဲ။ (၃)ပြည်ထောင်စုဝန် ကြီးဘယ်နှဦးရှိမလဲဆိုတဲ့အချက် တွေကို ကျွန်တော်တို့ သိရတော့ မှာပဲဖြစ်ပါတယ်’’ဟု ဦးနေဘုန်း လတ်က ဆက်လက်ရေးသားထား သည်။

ပြည်ထောင်စုဝန်ကြီး ဖြစ် လာမည်ဟု သတင်းထွက်ပေါ်နေ သူများတွင် ဦးဖေမြင့်၊ ဒေါက်တာ တင်မာအောင်၊ ဦးစိုင်းညွန့်လွင်၊ သူရဦးအောင်ကို၊ ဦးပေါခင်စသူ တို့ပါ၀င်ကြောင်း ပါတီနှင့်နီးစပ် သူများထံမှ စုံစမ်းသိရှိရသည်။

ထို့အပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ခန့်အပ်မည့်ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေး ၀န်ကြီးဌာနနှင့် နယ်စပ်ရေးရာ ၀န်ကြီးဌာနတို့၏ ပြည်ထောင်စုဝန်ကြီးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီးစိန်ဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီးရဲအောင်တို့ကို ခန့်အပ်နိုင်သည်ဟု တပ်မတော်နှင့် နီးစပ်သူများက ခန့်မှန်းနေကြသည်။
7Daydaily

No comments:

Post a Comment