Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, March 13, 2016

အစိုးရအဖြဲ႕သစ္ ဘယ္လို ျဖစ္လာမလဲ

အမ်ိဳးသားဒီမိုကေရစီ အဖြဲ႕ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ အဖြဲ႕ခ်ဳပ္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ေတြ႕ဆံုစဥ္ ( ဓါတ္ပံု-NLD Chairperson Facebook)
အခုဆို လႊတ္ေတာ္တြင္း ဒုသမၼတ ေရြးခ်ယ္ပြဲေတြ ျပီးဆံုးခဲ့ပါျပီ။ သမၼတ ေရြးခ်ယ္ပြဲ မလုပ္ရေသးေပမယ့္ ဘယ္သူသမၼတ ျဖစ္လာမယ္၊ ဘယ္သူေတြ ဒုသမၼတ ျဖစ္လာမယ္ အေသအျခာ ေျပာႏိုင္ျပီ ျဖစ္ပါတယ္။ ဒီကေန တဆင့္ ေပၚေပါက္လာမယ့္ သမၼတက ဖြဲ႕စည္းမယ့္ အစိုးရအဖြဲ႕ ဆိုတာ ဘယ္လို အစိုးရအဖြဲ႕မ်ိဳး ျဖစ္မယ္ ဆိုတာကိုလည္း မွန္းဆ ၾကည့္ႏုိင္ပါျပီ။ ဒီ အစိုးရအဖြဲ႕သစ္အေနနဲ႔ တုိင္းျပည္ရဲ႕ ျငိမ္းခ်မ္းေရး၊ တည္ျငိမ္ေရး၊ ဖြံ႕ျဖိဳးတိုးတက္ေရး၊ ႏိုင္ငံတကာအလည္မွာ က်ဆင္းခဲ့တဲ့ ျမန္မာ့ဂုဏ္သိကၡာ ျမွင့္တင္ေရး ဘယ္ေလာက္အထိ အေကာင္အထည္ ေဖာ္ႏိုင္မလဲ ဆိုတာ ဒီကေန႔ ေဆြးေႏြး တင္ျပသြားပါ့မယ္။

လာမယ့္ ရက္ပိုင္းအတြင္း သမၼတ ေရြးခ်ယ္တင္ေျမွာက္ပြဲ လုပ္ျပီးသြားရင္ ေပၚေပါက္လာမယ့္ ႏိုင္ငံေတာ္ အၾကီးအကဲေတြကေတာ့ သမၼတ ဦးထင္ေက်ာ္၊ ဒုသမၼတ ေတြအျဖစ္ အျငိမ္းစားဒုဗိုလ္ခ်ဳပ္ၾကီး ျမင့္ေဆြနဲ႔ ဦးဟင္နရီဗန္ထီးယူ တို႔ ျဖစ္ပါလိမ့္မယ္။ ေရြးခ်ယ္ခံရသူေတြနဲ႔ ပတ္သက္တဲ့ အခ်က္အလက္ကို ၾကည့္ရင္ အစိုးရပံုသ႑ာန္ အၾကမ္းဖ်ဥ္း ေပၚႏိုင္ပါတယ္။ အားလံုးသိၾကျပီျဖစ္တဲ့အတိုင္း ခုလို သမၼတ ေရြးခ်ယ္တင္ေျမွာက္ပြဲ မတုိင္ခင္တုန္းက ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အင္န္အယ္လ္ဒီ ပါတီဟာ ေဒၚစုကို သမၼတ အျဖစ္ တင္ေျမွာက္ႏိုင္ေရး တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္နဲ႔ ေတြ႕ဆံုေဆြးေႏြးတာေတြ ရွိခဲ့ပါတယ္။ ေဆြးေႏြးမွဳေတြနဲ႔ ပတ္သက္ျပီး ႏွစ္ဖက္ တရား၀င္ ထုတ္ေဖာ္ေျပာဆိုမွဳေတြ မရွိေပမယ့္ ေဒၚေအာင္ဆန္းစုၾကည္ သမၼတ ျဖစ္ေရး၊ ပုဒ္မ ၅၉(စ) ကို ယာယီ ဆုိင္းငံ့ထားေရး ညွိႏွိဳင္းလို႔ မရဘူးဆိုတာ ေပၚလြင္ပါတယ္။ ဒီအတြက္ ေဒၚေအာင္ဆန္းစုၾကည္ဟာ လာမယ့္ အစိုးရအဖြဲ႕သစ္ကို ဦးေဆာင္ႏိုင္ဖို႔ သူ႕ကိုကူညီႏုိင္မယ့္ သမၼတ တစ္ေယာက္ ေရြးခ်ယ္ေရး လုပ္ရပါေတာ့တယ္။
အစိုးရအဖြဲ႕သစ္ ဘယ္လို ျဖစ္လာမလဲ
http://burmese.voanews.com/audio/3234594.html

အင္န္အယ္လ္ဒီက ေရြးခ်ယ္ တင္ေျမွာက္မယ့္ ဒီသမၼတ ဟာ တိုင္းျပည္ အထြဋ္အထိပ္ တာ၀န္ ယူမယ္ ဆိုတာထက္ အစိုးရအဖြဲ႕ကို ဦးေဆာင္မယ့္ ေဒၚေအာင္ဆန္းစုၾကည္ကို ကူညီမယ့္သူ ျဖစ္ဖို႔ ပိုျပီး အဓိက က်ပါတယ္။ တရား၀င္ သေဘာအရ သမၼတ တာ၀န္ယူမယ့္သူဟာ ႏိုင္ငံ့အထြဋ္အထိပ္လည္းျဖစ္၊ လုပ္ပိုင္ခြင့္ေတြကလည္း အလြန္႔အလြန္မ်ားတာမို႔ ေဒၚေအာင္ဆန္းစုၾကည္ကို ကူညီေနရင္း တစ္ခ်ိန္ခ်ိန္မွာ စိတ္သေဘာထား ေျပာင္းသြားတာမ်ိဳး ျဖစ္လို႔ မရပါဘူး။ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ နည္းနည္းေလးမွ သေဘာထားကြဲလြဲလို႔ မရပါဘူး။ အလြန္ သစၥာရွိမွျဖစ္မယ့္ အေနအထားမ်ိဳးပါ။ တစ္ဖက္မွာလည္း ႏုိင္ငံ့သမၼတ ျဖစ္ႏုိင္ေလာက္တဲ့ ပညာ၊ မ်ိဳးရိုးဂုဏ္အဂၤါ ဆိုတာမ်ိဳးလည္း လိုပါေသးတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ ဦးထင္ေက်ာ္ကို ေဒၚေအာင္ဆန္းစုၾကည္ကိုယ္တုိင္ ေရြးခ်ယ္ခဲ့တာ ျဖစ္ပါတယ္။ အဓိပၸါယ္ကေတာ့ ဦးထင္ေက်ာ္ သမၼတ တာ၀န္ယူမယ္ဆိုတာဟာ ေဒၚေအာင္ဆန္းစုၾကည္ ကိုယ္တုိင္ အစိုးရအဖြဲ႕ကို ဦးေဆာင္သြားမယ္ ဆိုတဲ့ သေဘာပါ။

ခ်င္းတုိင္းရင္းသား၊ စစ္အရာရွိေဟာင္း ဦးဟင္နရီဗန္ထီးယူ ကို ေရြးခ်ယ္တင္ေျမွာက္တာကေတာ့ တိုင္းရင္းသားအေရး ေရွ႕တန္းတင္တဲ့ သေဘာျဖစ္ျပီး အင္န္အယ္လ္ဒီ ေခါင္းေဆာင္ေတြ စုေပါင္း တိုင္ပင္ ေရြးခ်ယ္၊ ေဒၚေအာင္ဆန္းစုၾကည္က အတည္ျပဳေပးခဲ့တာ ျဖစ္ပါတယ္။ တပ္မေတာ္ဘက္က ေရြးခ်ယ္ေပးတဲ့ ဒုသမၼတ ဦးျမင့္ေဆြကေတာ့ အုပ္ခ်ဳပ္ေရးပိုင္းမွာ ႏွစ္ေပါင္းမ်ားစြာ ပါ၀င္လာခဲ့သူျဖစ္ပါတယ္။ သိပ္မၾကာခင္ တုိင္းျပည္အာဏာ အလဲႊေျပာင္း လုပ္ေတာ့မယ္ ဆိုတဲ့အခါ မျပီးျပတ္ေသးတဲ့၊ ျပီးျပတ္ျပီး ဆက္လည္ပတ္ေနေသးတဲ့ အရင္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြ၊ သူတို႔ မိသားစု၀င္ေတြ၊ သူတို႔နဲ႔ နီးစပ္သူေတြရဲ႕ အက်ိဳးစီးပြား အေျမာက္အမ်ား က်န္ရစ္ပါတယ္။ တစ္ခ်ိဳ႕ အက်ိဳးစီးပြားေတြကေတာ့ တပ္မေတာ္နဲ႔ ဆက္စပ္ေနပါတယ္။

ဒီလို အက်ိဳးစီးပြားေပါင္း ေျမာက္မ်ားစြာကို အကာအကြယ္ေပးႏုိင္မယ့္၊ စကားေျပာေပးႏုိင္မယ့္ သူတစ္ေယာက္ စစ္ဗိုလ္ခ်ဳပ္ေတြနဲ႔ စစ္ဗိုလ္ခ်ဳပ္ေဟာင္းေတြ ဘက္မွာ လိုအပ္ေနပါတယ္။ အဲဒီလိုအပ္ခ်က္နဲ႔ အကိုက္ညီဆံုးဟာ အရင္ ရန္ကုန္တိုင္း တုိင္းမွဴးေဟာင္း၊ ရန္ကုန္တုိင္း ၀န္ၾကီးခ်ဳပ္ေဟာင္း အျငိမ္းစား ဒုဗိုလ္ခ်ဳပ္ၾကီး ျမင့္ေဆြ ျဖစ္ပါတယ္။ သူဟာ စစ္ဗိုလ္ခ်ဳပ္အသိုင္းအ၀ိုင္းရဲ႕ အက်ိဳးစီးပြားကိစၥေတြကို ထဲထဲ၀င္၀င္ ပါ၀င္ပတ္သက္ သိရွိနားလည္ေနသူ ျဖစ္သလို လက္ရွိ ၀န္ၾကီးဌာနအသီးသီးက မ်ားျပားလွတဲ့ စစ္ဗိုလ္ေဟာင္းေတြ အေပၚလည္း ၾသဇာေညာင္းသူ ျဖစ္တာေၾကာင့္ ဒုသမၼတ အျဖစ္ ေရြးခ်ယ္လိုက္တာ ျဖစ္ႏိုင္ပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ ဦးေဆာင္ဖြဲ႕စည္းမယ့္ အစိုးရပံုပန္းသ႑ာန္နဲ႔ ပတ္သက္ျပီးေတာ့လည္း အင္န္အယ္လ္ဒီ ေျပာခြင့္ရ ဦးဥာဏ္၀င္းက အရိပ္အျမြက္ ေျပာဆုိထားျပီးျဖစ္ပါတယ္။ အင္န္အယ္လ္ဒီ ပါတီက နည္းနည္းပဲ ပါမယ္၊ က်န္တာ အသိပညာရွင္ေတြ၊ အတတ္ပညာရွင္ေတြ၊ ကၽြမ္းက်င္သူေတြနဲ႔ တုိင္းရင္းသားေတြ ျဖစ္မယ္လို႔ ဆိုထားတာပါ။ ဒါေၾကာင့္ အစိုးရအဖြဲ႕တစ္ခုလံုးကို ျခံဳငံုသံုးသပ္ၾကည့္လိုက္ရင္ ထိပ္ဆံုးမွာ ေဒၚေအာင္ဆန္းစုၾကည္ကို ကူညီမယ့္ အရပ္သားသမၼတ၊ ေနာက္ စစ္ဗိုလ္ခ်ဳပ္ေဟာင္း ဒုသမၼတ တစ္ေယာက္နဲ႔ တိုင္းရင္းသား ဒုသမၼတ တစ္ေယာက္၊ ၀န္ၾကီးဌာနေတြကို ၾကည့္လိုက္ရင္လည္း အင္န္အယ္လ္ဒီ၊ အင္န္အယ္လ္ဒီ ျပင္ပက ပုဂၢိဳလ္ေတြ၊ တပ္မေတာ္သား ၀န္ၾကီးေတြ စသျဖင့္ ပူးတြဲ ပါ၀င္မွာ ျဖစ္ပါတယ္။ အစိုးရအဖြဲ႕ ဆိုတာဟာ ျပည္သူလူထုက ေရြးခ်ယ္တင္ေျမွာက္ေပးလိုက္သူေတြက ေရြးခ်ယ္ထားသူေတြနဲ႔ တပ္မေတာ္သား စစ္အရာရွိေတြ စုစည္းထားတဲ့ ပံုသ႑ာန္မ်ိဳးပါ။

အျခားတစ္ဖက္မွာလည္း တပ္မေတာ္ဟာ တစ္သီးတစ္ျခား တည္ရွိေနျပီး ၾသဇာၾကီးတဲ့ တပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္လည္း ရွိေနမွာျဖစ္ပါတယ္။ ဒီမိုကေရစီ အသြင္ကူးေျပာင္းေရး ပထမ အဆင့္လို႔ ေခၚႏိုင္တဲ့ ဒီ အေျခအေနေအာက္မွာတုိင္းျပည္ကို ျပည္သူေတြက ေရြးေကာက္တင္ေျမွာက္လိုက္သူေတြနဲ႔ တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြ ပူးတြဲ အုပ္ခ်ဳပ္တဲ့ ပံုသ႑ာန္ အျဖစ္ ေတြ႕ျမင္ၾကရပါလိမ့္မယ္။

ဒါေၾကာင့္ အင္န္အယ္လ္ဒီ အစိုးရလက္ထက္ ျငိမ္းခ်မ္းေရးကို ဘယ္ေလာက္ တည္ေဆာက္ႏိုင္မလဲ၊ တိုင္းျပည္ ဘယ္ေလာက္ တည္ျငိမ္မလဲ၊ စီးပြားဖြံ႕ျဖိဳးတုိးတက္ေအာင္ ဘယ္ေလာက္ လုပ္ႏုိင္မလဲ၊ တိုင္းျပည္ ဂုဏ္သိကၡာ ျမင့္မားလာေအာင္ ဘယ္ေလာက္ ဆြဲတင္ႏိုင္မလဲ ဆိုတာကေတာ့ ျပည္သူေတြက ေရြးခ်ယ္တင္ေျမွာက္ထားသူေတြနဲ႔ တပ္မေတာ္ စစ္ေခါင္းေဆာင္ေတြ ဘယ္ေလာက္ အတိုင္းအတာ အထိ ပူးေပါင္းေဆာင္ရြက္ႏုိင္ၾကသလဲ ဆိုတဲ့အေပၚ မူတည္ေနမွာ ျဖစ္ပါတယ္။ တစ္ဖက္နဲ႔ တစ္ဖက္ ပူးေပါင္းေဆာင္ရြက္မွဳ အားေကာင္းရင္ ေကာင္းသေလာက္ တုိင္းျပည္ ျငိမ္းခ်မ္း၊ တည္ျငိမ္၊ ဖြံ႕ျဖိဳးတိုးတက္လာႏိုင္မွာ ျဖစ္ပါေၾကာင္း သံုးသပ္ တင္ျပလိုက္ရပါတယ္။

ဦးစည္သူေအာင္ျမင့္ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

.................................


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် အဖွဲ့ချုပ် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံစဉ် ( ဓါတ်ပုံ-NLD Chairperson Facebook)
အခုဆို လွှတ်တော်တွင်း ဒုသမ္မတ ရွေးချယ်ပွဲတွေ ပြီးဆုံးခဲ့ပါပြီ။ သမ္မတ ရွေးချယ်ပွဲ မလုပ်ရသေးပေမယ့် ဘယ်သူသမ္မတ ဖြစ်လာမယ်၊ ဘယ်သူတွေ ဒုသမ္မတ ဖြစ်လာမယ် အသေအခြာ ပြောနိုင်ပြီ ဖြစ်ပါတယ်။ ဒီကနေ တဆင့် ပေါ်ပေါက်လာမယ့် သမ္မတက ဖွဲ့စည်းမယ့် အစိုးရအဖွဲ့ ဆိုတာ ဘယ်လို အစိုးရအဖွဲ့မျိုး ဖြစ်မယ် ဆိုတာကိုလည်း မှန်းဆ ကြည့်နိုင်ပါပြီ။ ဒီ အစိုးရအဖွဲ့သစ်အနေနဲ့ တိုင်းပြည်ရဲ့ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတကာအလည်မှာ ကျဆင်းခဲ့တဲ့ မြန်မာ့ဂုဏ်သိက္ခာ မြှင့်တင်ရေး ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာ ဒီကနေ့ ဆွေးနွေး တင်ပြသွားပါ့မယ်။

လာမယ့် ရက်ပိုင်းအတွင်း သမ္မတ ရွေးချယ်တင်မြှောက်ပွဲ လုပ်ပြီးသွားရင် ပေါ်ပေါက်လာမယ့် နိုင်ငံတော် အကြီးအကဲတွေကတော့ သမ္မတ ဦးထင်ကျော်၊ ဒုသမ္မတ တွေအဖြစ် အငြိမ်းစားဒုဗိုလ်ချုပ်ကြီး မြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ တို့ ဖြစ်ပါလိမ့်မယ်။ ရွေးချယ်ခံရသူတွေနဲ့ ပတ်သက်တဲ့ အချက်အလက်ကို ကြည့်ရင် အစိုးရပုံသဏ္ဍာန် အကြမ်းဖျဉ်း ပေါ်နိုင်ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ခုလို သမ္မတ ရွေးချယ်တင်မြှောက်ပွဲ မတိုင်ခင်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီဟာ ဒေါ်စုကို သမ္မတ အဖြစ် တင်မြှောက်နိုင်ရေး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့ဆုံဆွေးနွေးတာတွေ ရှိခဲ့ပါတယ်။ ဆွေးနွေးမှုတွေနဲ့ ပတ်သက်ပြီး နှစ်ဖက် တရားဝင် ထုတ်ဖော်ပြောဆိုမှုတွေ မရှိပေမယ့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ ပုဒ်မ ၅၉(စ) ကို ယာယီ ဆိုင်းငံ့ထားရေး ညှိနှိုင်းလို့ မရဘူးဆိုတာ ပေါ်လွင်ပါတယ်။ ဒီအတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ လာမယ့် အစိုးရအဖွဲ့သစ်ကို ဦးဆောင်နိုင်ဖို့ သူ့ကိုကူညီနိုင်မယ့် သမ္မတ တစ်ယောက် ရွေးချယ်ရေး လုပ်ရပါတော့တယ်။
အစိုးရအဖွဲ့သစ် ဘယ်လို ဖြစ်လာမလဲ

အင်န်အယ်လ်ဒီက ရွေးချယ် တင်မြှောက်မယ့် ဒီသမ္မတ ဟာ တိုင်းပြည် အထွဋ်အထိပ် တာဝန် ယူမယ် ဆိုတာထက် အစိုးရအဖွဲ့ကို ဦးဆောင်မယ့် ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမယ့်သူ ဖြစ်ဖို့ ပိုပြီး အဓိက ကျပါတယ်။ တရားဝင် သဘောအရ သမ္မတ တာဝန်ယူမယ့်သူဟာ နိုင်ငံ့အထွဋ်အထိပ်လည်းဖြစ်၊ လုပ်ပိုင်ခွင့်တွေကလည်း အလွန့်အလွန်များတာမို့ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီနေရင်း တစ်ချိန်ချိန်မှာ စိတ်သဘောထား ပြောင်းသွားတာမျိုး ဖြစ်လို့ မရပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နည်းနည်းလေးမှ သဘောထားကွဲလွဲလို့ မရပါဘူး။ အလွန် သစ္စာရှိမှဖြစ်မယ့် အနေအထားမျိုးပါ။ တစ်ဖက်မှာလည်း နိုင်ငံ့သမ္မတ ဖြစ်နိုင်လောက်တဲ့ ပညာ၊ မျိုးရိုးဂုဏ်အင်္ဂါ ဆိုတာမျိုးလည်း လိုပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးထင်ကျော်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ဦးထင်ကျော် သမ္မတ တာဝန်ယူမယ်ဆိုတာဟာ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် အစိုးရအဖွဲ့ကို ဦးဆောင်သွားမယ် ဆိုတဲ့ သဘောပါ။

ချင်းတိုင်းရင်းသား၊ စစ်အရာရှိဟောင်း ဦးဟင်နရီဗန်ထီးယူ ကို ရွေးချယ်တင်မြှောက်တာကတော့ တိုင်းရင်းသားအရေး ရှေ့တန်းတင်တဲ့ သဘောဖြစ်ပြီး အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေ စုပေါင်း တိုင်ပင် ရွေးချယ်၊ ဒေါ်အောင်ဆန်းစုကြည်က အတည်ပြုပေးခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်ဘက်က ရွေးချယ်ပေးတဲ့ ဒုသမ္မတ ဦးမြင့်ဆွေကတော့ အုပ်ချုပ်ရေးပိုင်းမှာ နှစ်ပေါင်းများစွာ ပါ၀င်လာခဲ့သူဖြစ်ပါတယ်။ သိပ်မကြာခင် တိုင်းပြည်အာဏာ အလွှဲပြောင်း လုပ်တော့မယ် ဆိုတဲ့အခါ မပြီးပြတ်သေးတဲ့၊ ပြီးပြတ်ပြီး ဆက်လည်ပတ်နေသေးတဲ့ အရင် စစ်ဗိုလ်ချုပ်ဟောင်းတွေ၊ သူတို့ မိသားစုဝင်တွေ၊ သူတို့နဲ့ နီးစပ်သူတွေရဲ့ အကျိုးစီးပွား အမြောက်အများ ကျန်ရစ်ပါတယ်။ တစ်ချို့ အကျိုးစီးပွားတွေကတော့ တပ်မတော်နဲ့ ဆက်စပ်နေပါတယ်။

ဒီလို အကျိုးစီးပွားပေါင်း မြောက်များစွာကို အကာအကွယ်ပေးနိုင်မယ့်၊ စကားပြောပေးနိုင်မယ့် သူတစ်ယောက် စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေ ဘက်မှာ လိုအပ်နေပါတယ်။ အဲဒီလိုအပ်ချက်နဲ့ အကိုက်ညီဆုံးဟာ အရင် ရန်ကုန်တိုင်း တိုင်းမှူးဟောင်း၊ ရန်ကုန်တိုင်း ၀န်ကြီးချုပ်ဟောင်း အငြိမ်းစား ဒုဗိုလ်ချုပ်ကြီး မြင့်ဆွေ ဖြစ်ပါတယ်။ သူဟာ စစ်ဗိုလ်ချုပ်အသိုင်းအဝိုင်းရဲ့ အကျိုးစီးပွားကိစ္စတွေကို ထဲထဲဝင်ဝင် ပါ၀င်ပတ်သက် သိရှိနားလည်နေသူ ဖြစ်သလို လက်ရှိ ၀န်ကြီးဌာနအသီးသီးက များပြားလှတဲ့ စစ်ဗိုလ်ဟောင်းတွေ အပေါ်လည်း သြဇာညောင်းသူ ဖြစ်တာကြောင့် ဒုသမ္မတ အဖြစ် ရွေးချယ်လိုက်တာ ဖြစ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ဖွဲ့စည်းမယ့် အစိုးရပုံပန်းသဏ္ဍာန်နဲ့ ပတ်သက်ပြီးတော့လည်း အင်န်အယ်လ်ဒီ ပြောခွင့်ရ ဦးဉာဏ်ဝင်းက အရိပ်အမြွက် ပြောဆိုထားပြီးဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ ပါတီက နည်းနည်းပဲ ပါမယ်၊ ကျန်တာ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ၊ ကျွမ်းကျင်သူတွေနဲ့ တိုင်းရင်းသားတွေ ဖြစ်မယ်လို့ ဆိုထားတာပါ။ ဒါကြောင့် အစိုးရအဖွဲ့တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ထိပ်ဆုံးမှာ ဒေါ်အောင်ဆန်းစုကြည်ကို ကူညီမယ့် အရပ်သားသမ္မတ၊ နောက် စစ်ဗိုလ်ချုပ်ဟောင်း ဒုသမ္မတ တစ်ယောက်နဲ့ တိုင်းရင်းသား ဒုသမ္မတ တစ်ယောက်၊ ၀န်ကြီးဌာနတွေကို ကြည့်လိုက်ရင်လည်း အင်န်အယ်လ်ဒီ၊ အင်န်အယ်လ်ဒီ ပြင်ပက ပုဂ္ဂိုလ်တွေ၊ တပ်မတော်သား ၀န်ကြီးတွေ စသဖြင့် ပူးတွဲ ပါ၀င်မှာ ဖြစ်ပါတယ်။ အစိုးရအဖွဲ့ ဆိုတာဟာ ပြည်သူလူထုက ရွေးချယ်တင်မြှောက်ပေးလိုက်သူတွေက ရွေးချယ်ထားသူတွေနဲ့ တပ်မတော်သား စစ်အရာရှိတွေ စုစည်းထားတဲ့ ပုံသဏ္ဍာန်မျိုးပါ။

အခြားတစ်ဖက်မှာလည်း တပ်မတော်ဟာ တစ်သီးတစ်ခြား တည်ရှိနေပြီး သြဇာကြီးတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်လည်း ရှိနေမှာဖြစ်ပါတယ်။ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပထမ အဆင့်လို့ ခေါ်နိုင်တဲ့ ဒီ အခြေအနေအောက်မှာတိုင်းပြည်ကို ပြည်သူတွေက ရွေးကောက်တင်မြှောက်လိုက်သူတွေနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေ ပူးတွဲ အုပ်ချုပ်တဲ့ ပုံသဏ္ဍာန် အဖြစ် တွေ့မြင်ကြရပါလိမ့်မယ်။

ဒါကြောင့် အင်န်အယ်လ်ဒီ အစိုးရလက်ထက် ငြိမ်းချမ်းရေးကို ဘယ်လောက် တည်ဆောက်နိုင်မလဲ၊ တိုင်းပြည် ဘယ်လောက် တည်ငြိမ်မလဲ၊ စီးပွားဖွံ့ဖြိုးတိုးတက်အောင် ဘယ်လောက် လုပ်နိုင်မလဲ၊ တိုင်းပြည် ဂုဏ်သိက္ခာ မြင့်မားလာအောင် ဘယ်လောက် ဆွဲတင်နိုင်မလဲ ဆိုတာကတော့ ပြည်သူတွေက ရွေးချယ်တင်မြှောက်ထားသူတွေနဲ့ တပ်မတော် စစ်ခေါင်းဆောင်တွေ ဘယ်လောက် အတိုင်းအတာ အထိ ပူးပေါင်းဆောင်ရွက်နိုင်ကြသလဲ ဆိုတဲ့အပေါ် မူတည်နေမှာ ဖြစ်ပါတယ်။ တစ်ဖက်နဲ့ တစ်ဖက် ပူးပေါင်းဆောင်ရွက်မှု အားကောင်းရင် ကောင်းသလောက် တိုင်းပြည် ငြိမ်းချမ်း၊ တည်ငြိမ်၊ ဖွံ့ဖြိုးတိုးတက်လာနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

ဦးစည်သူအောင်မြင့် / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment