Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 7, 2016

တပ္မေတာ္ေလယာဥ္တစ္စီး ေျပးလမ္းေက်ာ္ ရပ္တန္ ့ပ်က္စီးခဲ့


ေနျပည္ေတာ္၊ မတ္ ၇

တပ္မေတာ္ ေလယာဥ္တစ္စီး ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာ ေလဆိပ္သုိ႔ ဆင္းသက္စဥ္ အရွိန္ထိန္း ေလထီးႀကိဳး ျပဳတ္ထြက္ၿပီး ေျပးလမ္းေက်ာ္ထြက္ ရပ္တန္႔ခဲ႔ေၾကာင္း တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္ရံုးက သတင္းထုတ္ျပန္ လုိက္ပါတယ္။



တပ္မေတာ္ေလယာဥ္မ်ား အုပ္စုဖြဲ႔ပ်ံသန္း ေလ႔က်င္႔ခန္း ေဆာင္ရြက္ရန္အတြက္ ေလယာဥ္မ်ားကို ေတာင္ငူေလတပ္စခန္း ဌာနခ်ဳပ္မွ ေနျပည္ေတာ္သို႔ ေျပာင္းေရႊ႕ရာ ယေန႔နံနက္ ၁၁ နာရီ ၅၄မိနစ္ခန္႔တြင္ တပ္မေတာ္ေလယာဥ္တစ္စီးသည္ ေနျပည္ေတာ္ အျပည္ျပည္ဆိုင္ရာေလဆိပ္ ေလယာဥ္ေျပးလမ္းသို႔ ေတာင္ဘက္မွ ေျမာက္ဘက္အတိုင္း ဆင္းသက္စဥ္ စက္မႈဆိုင္ရာ ခ်ိဳ႕ယြင္းမႈေၾကာင္႔ အရွိန္ထိန္းေလထီးႀကိဳး ျပဳတ္ထြက္ခဲ႔ၿပီး ေလယာဥ္ေျပးလမ္း၏ ေျမာက္ဘက္ထိပ္မွ ေပ ၃၃၀ ခန္႔ ေက်ာ္ထြက္၍ ေျပးလမ္းမီးတိုင္ ၃ တိုင္အား တိုက္မိ ရပ္တန္႔ခဲ႔ေၾကာင္း သိရပါတယ္။

ေလယာဥ္ေျပးလမ္း အရွိန္လြန္မႈေၾကာင္႕ ေလသူရဲ ထိခိုက္ဒဏ္ရာ ရရွိမႈ မရွိဘဲ ေလယာဥ္၏ဘီးမ်ား ပ်က္စီးခဲ႔ကာ ဆီတိုင္ကီႏွင္႔ ေလယာဥ္ဦးပိုင္းတို႔ ပ်က္စီးခဲ႔ေၾကာင္း သတင္းထုတ္ျပန္ခ်က္မွာ ေဖာ္ျပထားပါတယ္။

PHOTO - တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဴပ္ရံုး FB
by သစ္ထူးလြင္
...............


နေပြည်တော်၊ မတ် ရ

တပ်မတော် လေယာဉ်တစ်စီး နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆင်းသက်စဉ် အရှိန်ထိန်း လေထီးကြိုး ပြုတ်ထွက်ပြီး ပြေးလမ်းကျော်ထွက် ရပ်တန့်ခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် လိုက်ပါတယ်။


တပ်မတော်လေယာဉ်များ အုပ်စုဖွဲ့ပျံသန်း လေ့ကျင့်ခန်း ဆောင်ရွက်ရန်အတွက် လေယာဉ်များကို တောင်ငူလေတပ်စခန်း ဌာနချုပ်မှ နေပြည်တော်သို့ ပြောင်းရွှေ့ရာ ယနေ့နံနက် ၁၁ နာရီ ၅၄မိနစ်ခန့်တွင် တပ်မတော်လေယာဉ်တစ်စီးသည် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ် လေယာဉ်ပြေးလမ်းသို့ တောင်ဘက်မှ မြောက်ဘက်အတိုင်း ဆင်းသက်စဉ် စက်မှုဆိုင်ရာ ချို့ယွင်းမှုကြောင့် အရှိန်ထိန်းလေထီးကြိုး ပြုတ်ထွက်ခဲ့ပြီး လေယာဉ်ပြေးလမ်း၏ မြောက်ဘက်ထိပ်မှ ပေ ၃၃၀ ခန့် ကျော်ထွက်၍ ပြေးလမ်းမီးတိုင် ၃ တိုင်အား တိုက်မိ ရပ်တန့်ခဲ့ကြောင်း သိရပါတယ်။

လေယာဉ်ပြေးလမ်း အရှိန်လွန်မှုကြောင့် လေသူရဲ ထိခိုက်ဒဏ်ရာ ရရှိမှု မရှိဘဲ လေယာဉ်၏ဘီးများ ပျက်စီးခဲ့ကာ ဆီတိုင်ကီနှင့် လေယာဉ်ဦးပိုင်းတို့ ပျက်စီးခဲ့ကြောင်း သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PHOTO - တပ်မတော်ကာကွယ်ရေးဦးစီးချူပ်ရုံး FB
by သစ်ထူးလွင်

No comments:

Post a Comment