Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

ရန္ကုန္တိုင္းတြင္ အသံုးျပဳမည့္ ၂၀၁၆-၂၀၁၇ ခုႏွစ္ ဘတ္ဂ်က္ေငြမ်ားကို ပထမအႀကိမ္ လႊတ္ေတာ္မွ အတည္ျပဳ ေပးထားသည့္အတိုင္း သံုးစြဲရမည္


၂၀၁၆ ခုႏွစ္ အစိုးရသစ္ တာဝန္လႊဲယူမႈ ေနာက္က်ေနသည့္အတြက္ ရန္ကုန္တိုင္း ေဒသႀကီးတြင္ အသံုးျပဳမည့္ ၂၀၁၆-၂၀၁၇ ခုႏွစ္ ဘတ္ဂ်က္ေငြမ်ားကို ပထမအႀကိမ္ လႊတ္ေတာ္မွ အတည္ျပဳ ေပးထားသည့္အတိုင္း သံုးစြဲရမည္ျဖစ္ေၾကာင္း သိရွိရသည္။

“အစိုးရ အလႊဲအေျပာင္းကာလ ေနာက္က်သြားတဲ့အတြက္ မႏွစ္က လႊတ္ေတာ္က အတည္ျပဳထားတဲ့ ဘတ္ဂ်က္ကိုပဲ အတည္ျပဳ သံုးစြဲရမယ့္ အေျခအေနမွာ ရွိေနတယ္။ ကၽြန္ေတာ္တို႔လည္း အစည္းအေဝးေတာ့ လုပ္ေနပါ တယ္” ဟု လိႈင္သာယာၿမိဳ႕နယ္ မဲဆႏၵနယ္အမွတ္ ၂ မွ တိုင္းေဒသႀကီး ကိုယ္စားလွယ္ ဦးျမတ္မင္းသူက ေျပာသည္။

ရန္ကုန္တိုင္းေဒသႀကီးတြင္ ၂၀၁၆-၂၀၁၇ ဘ႑ာႏွစ္အတြင္း စီမံံကိန္းမ်ား ေဖာ္ေဆာင္ရန္အတြက္ ၃၃၆.၂၁၈၅၇ ဘီလီယံသံုးစြဲရန္ လ်ာထားေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႔မွ ဘ႑ာေရးဝန္ႀကီး ေဒၚစန္းစန္းႏြယ္က ေဖေဖာ္ဝါရီ ၁၅ ရက္က က်င္းပသည့္ ဒုတိယအႀကိမ္ ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ပထမပံုမွန္ အစည္းအေဝး ဒုတိယေန႔တြင္ အဆုိတင္သြင္းခဲ့ေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရအေနျဖင့္ ၂၀၁၆-၁၇ ဘ႑ာေရးႏွစ္အတြင္း အခြန္အေကာက္ရေငြ ၃၄.၁၂၀၈၅ ဘီလီယံ၊ ကုန္သြယ္လုပ္ငန္းခြန္ရေငြ ၃၇.၉၇၆၃၂၇ ဘီလီယံ၊ ျပည္ေထာင္စု အစိုးရမွ ေထာက္ပံ့ေငြ ၄၅.၃၅၈ ဘီလီယံ၊ ျပည္ပေခ်းေငြမ်ားမွရေငြ ၄၂.၅၃၆ ဘီလီယံ၊ သာမန္ရေငြ ၉၇.၈၇၄၃ ဘီလီယံ၊ ေငြလံုးေငြရင္းရေငြ ၂၆.၅၄၁၈၅၉ ဘီလီယံ၊ ျပည္ပ အကူအညီရေငြ ၁.၈၁၁၂၃ ဘီလီယံ၊ စုစုေပါင္း ၃၃၆.၂၁၈၅၇ ဘီလီယံရရွိရန္ လ်ာထားေၾကာင္း သိရသည္။

ရန္ကုန္တိုင္းေဒသႀကီး အစိုးရ၏ အသံုးစရိတ္အေနျဖင့္ လစာ၊ ပင္စင္ႏွင့္ ခ်ီးျမွင့္ေငြ ၄၃.၂၀၃၉၅၅ ဘီလီယံ၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား ေဒသဖြံ႔ၿဖိဳးေရးအတြက္ ၄.၅ ဘီလီယံ၊ စိုက္ပ်ိဳးေရ ရရွိေရး ေဆာင္ရြက္ရန္ ၆.၅၄၀၇၉ ဘီလီယံ၊ သဘာဝေဘးအႏၲရာယ္ ကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရန္ ၂.၁၂၃၁၅ ဘီလီယံ၊ ျပည္ပေခ်းေငြျပန္ဆပ္ရန္ ၇.၃၁၁၅၀၈ ဘီလီယံတို႔ကို လ်ာထားေၾကာင္း သိရသည္။

“ေပးထားတဲ့ ဘတ္ဂ်က္က အခုျပည္ေထာင္စု လႊတ္ေတာ္မွာ ေဆြးေႏြးခဲ့ၿပီးၿပီ။ ရန္ကုန္တိုင္းေဒသႀကီး မွာေတာ့ သက္ဆိုင္ရာ ေကာ္မတီေတြဖြဲ႔မယ္။ ကၽြန္မလည္း ဘယ္ေကာ္မတီမွာ က်မလဲ မသိေသးဘူး။ ၿပီးတဲ့အခါက်ေတာ့မွ တိုင္းေဒသႀကီး အစိုးရအဖြဲ႔ကေန ဘတ္ဂ်က္ေငြေတြ ေတာင္းၾကည့္ရမယ္။ ေတာင္းၾကည့္ၿပီးမွပဲ သူတို႔ ဘယ္လိုသံုး ထားလဲဆိုတာ ေဆြးေႏြးေနတယ္” ဟု ရန္ကုန္တိုင္းေဒသႀကီး လႊတ္ေတာ္ ဘ႑ာေရး၊ စီမံကိန္းႏွင့္ စီးပြားေရး ေကာ္မတီ ဥကၠ႒ ဆိပ္ႀကီးခေနာင္တို မဲဆႏၵနယ္ အမွတ္ ၁ ကိုယ္စားလွယ္ ေဒၚစႏၵာမင္းက ေျပာသည္။

ထို႔အျပင္ ၂၀၁၆-၁၇ ဘတ္ဂ်က္တြင္ ေက်းလက္ဖြံ႔ၿဖိဳးေရး ေဆာင္ရြက္ရန္ တစ္ဘီလီယံ၊ ခံုးေက်ာ္တံတားႏွစ္စင္း တည္ေဆာက္ရန္ ၃၂.၂ ဘီလီယံ၊ အေျခခံအေဆာက္အအံုမ်ား ဖြံ႔ၿဖိဳးတိုးတက္ေရး ေဆာင္ရြက္ရန္၊ လမ္းမ်ားခင္းျခင္းႏွင့္ တံတားမ်ား တည္ေဆာက္ေရးအတြက္ ၄၉.၇၁၅၁၆၇ ဘီလီယံ၊ ေသာက္သံုးေရ ရရွိေရးေဆာင္ရြက္ရန္ ၆၄.၅၃၄၉၄၄ ဘီလီယံ ရရွိရန္သံုးစြဲရန္ လ်ာထားေၾကာင္း သိရသည္။

သတင္း - MMK
The Ladies News
https://www.facebook.com/News.TheLadies

,..................................................


၂၀၁၆ ခုနှစ် အစိုးရသစ် တာဝန်လွှဲယူမှု နောက်ကျနေသည့်အတွက် ရန်ကုန်တိုင်း ဒေသကြီးတွင် အသုံးပြုမည့် ၂၀၁၆-၂၀၁၇ ခုနှစ် ဘတ်ဂျက်ငွေများကို ပထမအကြိမ် လွှတ်တော်မှ အတည်ပြု ပေးထားသည့်အတိုင်း သုံးစွဲရမည်ဖြစ်ကြောင်း သိရှိရသည်။

“အစိုးရ အလွှဲအပြောင်းကာလ နောက်ကျသွားတဲ့အတွက် မနှစ်က လွှတ်တော်က အတည်ပြုထားတဲ့ ဘတ်ဂျက်ကိုပဲ အတည်ပြု သုံးစွဲရမယ့် အခြေအနေမှာ ရှိနေတယ်။ ကျွန်တော်တို့လည်း အစည်းအဝေးတော့ လုပ်နေပါ တယ်” ဟု လှိုင်သာယာမြို့နယ် မဲဆန္ဒနယ်အမှတ် ၂ မှ တိုင်းဒေသကြီး ကိုယ်စားလှယ် ဦးမြတ်မင်းသူက ပြောသည်။

ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွင်း စီမံံကိန်းများ ဖော်ဆောင်ရန်အတွက် ၃၃၆.၂၁၈၅၇ ဘီလီယံသုံးစွဲရန် လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဘဏ္ဍာရေးဝန်ကြီး ဒေါ်စန်းစန်းနွယ်က ဖေဖော်ဝါရီ ၁၅ ရက်က ကျင်းပသည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ပထမပုံမှန် အစည်းအဝေး ဒုတိယနေ့တွင် အဆိုတင်သွင်းခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအနေဖြင့် ၂၀၁၆-၁၇ ဘဏ္ဍာရေးနှစ်အတွင်း အခွန်အကောက်ရငွေ ၃၄.၁၂၀၈၅ ဘီလီယံ၊ ကုန်သွယ်လုပ်ငန်းခွန်ရငွေ ၃၇.၉၇၆၃၂၇ ဘီလီယံ၊ ပြည်ထောင်စု အစိုးရမှ ထောက်ပံ့ငွေ ၄၅.၃၅၈ ဘီလီယံ၊ ပြည်ပချေးငွေများမှရငွေ ၄၂.၅၃၆ ဘီလီယံ၊ သာမန်ရငွေ ၉၇.၈၇၄၃ ဘီလီယံ၊ ငွေလုံးငွေရင်းရငွေ ၂၆.၅၄၁၈၅၉ ဘီလီယံ၊ ပြည်ပ အကူအညီရငွေ ၁.၈၁၁၂၃ ဘီလီယံ၊ စုစုပေါင်း ၃၃၆.၂၁၈၅၇ ဘီလီယံရရှိရန် လျာထားကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရ၏ အသုံးစရိတ်အနေဖြင့် လစာ၊ ပင်စင်နှင့် ချီးမြှင့်ငွေ ၄၃.၂၀၃၉၅၅ ဘီလီယံ၊ လွှတ်တော် ကိုယ်စားလှယ်များ ဒေသဖွံ့ဖြိုးရေးအတွက် ၄.၅ ဘီလီယံ၊ စိုက်ပျိုးရေ ရရှိရေး ဆောင်ရွက်ရန် ၆.၅၄၀၇၉ ဘီလီယံ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ၂.၁၂၃၁၅ ဘီလီယံ၊ ပြည်ပချေးငွေပြန်ဆပ်ရန် ရ.၃၁၁၅၀၈ ဘီလီယံတို့ကို လျာထားကြောင်း သိရသည်။

“ပေးထားတဲ့ ဘတ်ဂျက်က အခုပြည်ထောင်စု လွှတ်တော်မှာ ဆွေးနွေးခဲ့ပြီးပြီ။ ရန်ကုန်တိုင်းဒေသကြီး မှာတော့ သက်ဆိုင်ရာ ကော်မတီတွေဖွဲ့မယ်။ ကျွန်မလည်း ဘယ်ကော်မတီမှာ ကျမလဲ မသိသေးဘူး။ ပြီးတဲ့အခါကျတော့မှ တိုင်းဒေသကြီး အစိုးရအဖွဲ့ကနေ ဘတ်ဂျက်ငွေတွေ တောင်းကြည့်ရမယ်။ တောင်းကြည့်ပြီးမှပဲ သူတို့ ဘယ်လိုသုံး ထားလဲဆိုတာ ဆွေးနွေးနေတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေး ကော်မတီ ဥက္ကဋ္ဌ ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ် အမှတ် ၁ ကိုယ်စားလှယ် ဒေါ်စန္ဒာမင်းက ပြောသည်။

ထို့အပြင် ၂၀၁၆-၁၇ ဘတ်ဂျက်တွင် ကျေးလက်ဖွံ့ဖြိုးရေး ဆောင်ရွက်ရန် တစ်ဘီလီယံ၊ ခုံးကျော်တံတားနှစ်စင်း တည်ဆောက်ရန် ၃၂.၂ ဘီလီယံ၊ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရန်၊ လမ်းများခင်းခြင်းနှင့် တံတားများ တည်ဆောက်ရေးအတွက် ၄၉.၇၁၅၁၆၇ ဘီလီယံ၊ သောက်သုံးရေ ရရှိရေးဆောင်ရွက်ရန် ၆၄.၅၃၄၉၄၄ ဘီလီယံ ရရှိရန်သုံးစွဲရန် လျာထားကြောင်း သိရသည်။

သတင်း - MMK
The Ladies News
https://www.facebook.com/News.TheLadies

No comments:

Post a Comment