Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 8, 2016

အလွဆံုးမိန္းကေလးေတြရွိတဲ့ ႏိုင္ငံ (၅) ႏိုင္ငံ

လူတိုင္းမွာ အလွကိုယ္စီရွိၾကပါတယ္။ ဒါ့အျပင္လူတစ္ေယာက္နဲ႕တစ္ေယာက္ အလွကိုခံစားပံုခ်င္းလည္း မတူၾကပါဘူး။ ကမာၻေပၚမွာရွိတဲ့ႏိုင္ငံတိုင္းမွာလည္း မိန္းကေလးေတြ ပံုစံမ်ိဳးစံုနဲ႕ ကိုယ္ပိုင္အလွတရားေတြကို ပိုင္ဆိုင္ထားၾကျပီးသားပါ။ အခုေဖာ္ျပေပးမွာကေတာ့ ကမာၻ႕အလွဆံုးမိန္းကေလးေတြရွိတဲ့ ထိပ္တန္းႏိုင္ငံ (၅)ႏိုင္ငံစာရင္းေလးပဲျဖစ္ပါတယ္။ ဘယ္ႏိုင္ငံကမိန္းကေလးေတြ ဘယ္လိုလွလည္းဆိုတာပါ စုစည္းေဖာ္ျပေပးထားပါတယ္။

၅ - အာဂ်င္တီးနား

အာဂ်င္တီးနားသူေလးေတြက လွတယ္ဆိုတာထက္ ၾကည့္ေကာင္းတယ္လို႕ေျပာစမတ္ျပဳခံရပါတယ္။ သူတို႕ဟာ အဓိကအားျဖင့္ သူတို႕အသားအေရကို ပိုဂရုစိုက္ေလ့ရွိၾကပါတယ္။

၄ - ဒိန္းမတ္

ဒိန္းမတ္ႏိုင္ငံက မိန္းကေလးေတြကေတာ့ မ်ားေသာအားျဖင့္ ေရႊေရာင္ဆံပင္ေလးေတြနဲ႕ ပိန္ပိန္သြယ္သြယ္ေလးေတြမ်ားျပီး အရပ္လည္းရွည္ၾကပါတယ္။ ဒိန္းမတ္သူေလးေတြက ကိုယ့္ကိုယ္ကိုယ္လည္း ယံုၾကည္မႈအျပည့္ရွိၾကပါတယ္တဲ့။

၃ - ယူကရိန္း

ယူကရိန္းသူေလးေတြကေတာ့ သူတို႕ရဲ႕အလွကိုလူသိမ်ားမွ သေဘာက်ၾကတာပါ။ ေပ်ာ္ေပ်ာ္ေနတတ္တဲ့ သူတို႕အသြင္အျပင္ေတြက သူတို႕ရဲ႕အလွကို ပိုေပၚလြင္ေစပါတယ္။

၂ - ဘရာဇီး

ဘရာဇီးသူေတြလွတာကိုေတာ့ ဘယ္သူမွ ျငင္းႏုိင္ၾကမယ္မထင္ပါဘူး။ အားကစားမယ္ဆန္ဆန္ လွတတ္ၾကတဲ့ ဘရာဇီးသူေတြကို ေယာက်္ားေလးတိုင္း စြဲမက္ၾကတာအမွန္ပါပဲ။ ဆြဲေဆာင္မႈအားျပင္းတဲ့ မ်က္လံုးေတြနဲ႕ အခ်ိဳးအစားက်လြန္းသူေတြမို႕ ကမာၻ႕အလွဆံုးစာရင္း၀င္ၾကတာပါ။

၁ - ဆြီဒင္

ပိန္ပိန္သြယ္သြယ္ ေရႊအိုေရာင္ဆံႏြယ္ေတြနဲ႕အတူ အျပာလဲ့လဲ့မ်က္လံုးေတြနဲ႕ဆြီဒင္သူေတြကေတာ့ နတ္မိမယ္ေလးေတြအလားပါပဲ။ ေမးရိုးနဲ႕ မ်က္ႏွာက်လည္းလွၾကတဲ့သူတို႕ဟာ အလွသိပ္မျပင္တာေတာင္ ဆြဲေဆာင္မႈအားျပင္းလြန္းသူေလးေတြအျဖစ္ နာမည္ၾကီးၾကပါတယ္။

Source : 3stoogiez

Credit: duwun
................
အလှဆုံးမိန်းကလေးတွေရှိတဲ့ နိုင်ငံ (၅) နိုင်ငံ

လူတိုင်းမှာ အလှကိုယ်စီရှိကြပါတယ်။ ဒါ့အပြင်လူတစ်ယောက်နဲ့တစ်ယောက် အလှကိုခံစားပုံချင်းလည်း မတူကြပါဘူး။ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းမှာလည်း မိန်းကလေးတွေ ပုံစံမျိုးစုံနဲ့ ကိုယ်ပိုင်အလှတရားတွေကို ပိုင်ဆိုင်ထားကြပြီးသားပါ။ အခုဖော်ပြပေးမှာကတော့ ကမ္ဘာ့အလှဆုံးမိန်းကလေးတွေရှိတဲ့ ထိပ်တန်းနိုင်ငံ (၅)နိုင်ငံစာရင်းလေးပဲဖြစ်ပါတယ်။ ဘယ်နိုင်ငံကမိန်းကလေးတွေ ဘယ်လိုလှလည်းဆိုတာပါ စုစည်းဖော်ပြပေးထားပါတယ်။

၅ - အာဂျင်တီးနား

အာဂျင်တီးနားသူလေးတွေက လှတယ်ဆိုတာထက် ကြည့်ကောင်းတယ်လို့ပြောစမတ်ပြုခံရပါတယ်။ သူတို့ဟာ အဓိကအားဖြင့် သူတို့အသားအရေကို ပိုဂရုစိုက်လေ့ရှိကြပါတယ်။

၄ - ဒိန်းမတ်

ဒိန်းမတ်နိုင်ငံက မိန်းကလေးတွေကတော့ များသောအားဖြင့် ရွှေရောင်ဆံပင်လေးတွေနဲ့ ပိန်ပိန်သွယ်သွယ်လေးတွေများပြီး အရပ်လည်းရှည်ကြပါတယ်။ ဒိန်းမတ်သူလေးတွေက ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုအပြည့်ရှိကြပါတယ်တဲ့။

၃ - ယူကရိန်း

ယူကရိန်းသူလေးတွေကတော့ သူတို့ရဲ့အလှကိုလူသိများမှ သဘောကျကြတာပါ။ ပျော်ပျော်နေတတ်တဲ့ သူတို့အသွင်အပြင်တွေက သူတို့ရဲ့အလှကို ပိုပေါ်လွင်စေပါတယ်။

၂ - ဘရာဇီး

ဘရာဇီးသူတွေလှတာကိုတော့ ဘယ်သူမှ ငြင်းနိုင်ကြမယ်မထင်ပါဘူး။ အားကစားမယ်ဆန်ဆန် လှတတ်ကြတဲ့ ဘရာဇီးသူတွေကို ယောကျ်ားလေးတိုင်း စွဲမက်ကြတာအမှန်ပါပဲ။ ဆွဲဆောင်မှုအားပြင်းတဲ့ မျက်လုံးတွေနဲ့ အချိုးအစားကျလွန်းသူတွေမို့ ကမ္ဘာ့အလှဆုံးစာရင်းဝင်ကြတာပါ။

၁ - ဆွီဒင်

ပိန်ပိန်သွယ်သွယ် ရွှေအိုရောင်ဆံနွယ်တွေနဲ့အတူ အပြာလဲ့လဲ့မျက်လုံးတွေနဲ့ဆွီဒင်သူတွေကတော့ နတ်မိမယ်လေးတွေအလားပါပဲ။ မေးရိုးနဲ့ မျက်နှာကျလည်းလှကြတဲ့သူတို့ဟာ အလှသိပ်မပြင်တာတောင် ဆွဲဆောင်မှုအားပြင်းလွန်းသူလေးတွေအဖြစ် နာမည်ကြီးကြပါတယ်။

Source : 3stoogiez

Credit: duwun

No comments:

Post a Comment