Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 9, 2016

ေနက်က္ျပီး ၃ ရက္အတြင္း သမၼတေရြးျခင္းကုိ ေရွာင္ရွားသင့္ဟု ဦးေဇယ်ာကုိ ေဟာကိန္းထုတ္



မတ္ ၉

ေနက်က္ျခင္း ျဖစ္စဥ္အျပီး ၃ ရက္အတြင္းသမၼတေရြးခ်ယ္ျခင္း လုပ္ငန္းကုိေရွာင္ရွားသင့္ဟုနကၡတ္ေဗဒပညာရွင္ ဦးေဇယ်ာကုိက China.comမွ တစ္ဆင့္ ေဟာကိန္းထုတ္ ေျပာၾကားခဲ့သည္။

ယေန႔ နံနက္ ျမန္မာစံေတာ္ခ်ိန္ ၆ နာရီ ၄၉ မိနစ္မွ ၇ နာရီ ၄၉ မိနစ္အတြင္း ျမန္မာႏိုင္ငံတြင္ ျဖစ္ေပၚခဲ့ေသာ ေနတစ္ပိုင္းၾကတ္ျခင္းျဖစ္စဥ္ႏွင့္ ပတ္သက္ျပီး အထက္ပါအတိုင္း ေဟာကိန္းထုတ္ခဲ့ျခင္းျဖစ္သည္။
'' က်မ္းဂန္ေတြ အဆိုအရေတာ့ ေနက်က္ျပီး သုံးရက္အတြင္းမွာ မဂၤလာကိစၥေတြ မေဆာင္ရြက္သင့္ဘူးလုိ႔ ျပထားတယ္။ ဒီလုိကိစၥမ်ိဳးေတြက ေရွာင္လုိ႔ရရင္ ေရွာင့္သင့္တယ္။ ေရွ႕မွာ အစဥ္အဆက္ အုပ္ခ်ဳပ္ခဲ့တဲ့ အစုိးရေတြက ဒီလုိအေျခအေနမ်ိဳးေတြကုိ ေရွာင္ရွားျပီး သူတို႔အတြက္ အေကာင္းဆုံး ျဖစ္ႏိုင္မယ့္ ကာလေတြမွာ သမၼတေရြးတာတို႔ တာဝန္ထမ္းေဆာင္တာတို႔ ေဆာင္ရြက္ခဲ့တာေတြ႔ရတယ္''ဟု ဦးေဇယ်ာကုိကေျပာသည္။


ျမန္မာသမိုင္း၌ ေနက်က္ျပီးေနာက္တစ္ရက္တြင္ သမၼတ ေရြးခ်ယ္ျခင္းသည္ အစဥ္အလာအရ တစ္ၾကိမ္တစ္ခါမွ မေတြ႔ရွိခဲ့သျဖင့္ က်မ္းဂန္၏ အဆိုအမိန္႔မ်ား မည္မ်ွမွန္ကန္မည္ကုိ သုေတသနအေနျဖင့္ ေစာင့္ၾကည့္ရမည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

လႊတ္ေတာ္တြင္ အစုိးရသစ္အတြက္ ယေန႔ ေနက်က္ျခင္း ျဖစ္စဥ္အျပီး ေနာက္တစ္ရက္ျဖစ္သည့္ မတ္လ ၁၀ ရက္ေန႔တြင္ ဒုတိယသမၼတေလာင္းမ်ားကု္ိ ေရြးခ်ယ္စီစစ္ျပီး မတ္ ၁၄ ရက္တြင္ အမည္စာရင္းတင္သြင္းကာ မတ္ ၁၆ ရက္ေန႔တြင္ သမၼတေရြးခ်ယ္ တင္ေျမွာက္သြားမည္ ျဖစ္သည္။

စည္သူ
china.com Myanmar
https://www.facebook.com/china.com.mm
....................


မတ် ၉

နေကျက်ခြင်း ဖြစ်စဉ်အပြီး ၃ ရက်အတွင်းသမ္မတရွေးချယ်ခြင်း လုပ်ငန်းကိုရှောင်ရှားသင့်ဟုနက္ခတ်ဗေဒပညာရှင် ဦးဇေယျာကိုက China.comမှ တစ်ဆင့် ဟောကိန်းထုတ် ပြောကြားခဲ့သည်။

ယနေ့ နံနက် မြန်မာစံတော်ချိန် ၆ နာရီ ၄၉ မိနစ်မှ ရ နာရီ ၄၉ မိနစ်အတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပေါ်ခဲ့သော နေတစ်ပိုင်းကြတ်ခြင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး အထက်ပါအတိုင်း ဟောကိန်းထုတ်ခဲ့ခြင်းဖြစ်သည်။
'' ကျမ်းဂန်တွေ အဆိုအရတော့ နေကျက်ပြီး သုံးရက်အတွင်းမှာ မင်္ဂလာကိစ္စတွေ မဆောင်ရွက်သင့်ဘူးလို့ ပြထားတယ်။ ဒီလိုကိစ္စမျိုးတွေက ရှောင်လို့ရရင် ရှောင့်သင့်တယ်။ ရှေ့မှာ အစဉ်အဆက် အုပ်ချုပ်ခဲ့တဲ့ အစိုးရတွေက ဒီလိုအခြေအနေမျိုးတွေကို ရှောင်ရှားပြီး သူတို့အတွက် အကောင်းဆုံး ဖြစ်နိုင်မယ့် ကာလတွေမှာ သမ္မတရွေးတာတို့ တာဝန်ထမ်းဆောင်တာတို့ ဆောင်ရွက်ခဲ့တာတွေ့ရတယ်''ဟု ဦးဇေယျာကိုကပြောသည်။


မြန်မာသမိုင်း၌ နေကျက်ပြီးနောက်တစ်ရက်တွင် သမ္မတ ရွေးချယ်ခြင်းသည် အစဉ်အလာအရ တစ်ကြိမ်တစ်ခါမှ မတွေ့ရှိခဲ့သဖြင့် ကျမ်းဂန်၏ အဆိုအမိန့်များ မည်မျှမှန်ကန်မည်ကို သုတေသနအနေဖြင့် စောင့်ကြည့်ရမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

လွှတ်တော်တွင် အစိုးရသစ်အတွက် ယနေ့ နေကျက်ခြင်း ဖြစ်စဉ်အပြီး နောက်တစ်ရက်ဖြစ်သည့် မတ်လ ၁၀ ရက်နေ့တွင် ဒုတိယသမ္မတလောင်းများကု်ိ ရွေးချယ်စီစစ်ပြီး မတ် ၁၄ ရက်တွင် အမည်စာရင်းတင်သွင်းကာ မတ် ၁၆ ရက်နေ့တွင် သမ္မတရွေးချယ် တင်မြှောက်သွားမည် ဖြစ်သည်။

စည်သူ
china.com Myanmar
https://www.facebook.com/china.com.mm

No comments:

Post a Comment