Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 8, 2016

ျမန္မာႏုိင္ငံနဲ႔ နည္းပညာပြင့္လင္းျမင္သာမႈ

နည္းပညာနဲ႕ ပြင့္လင္းျမင္သာမွဳကိုအဓိကထားတဲ့ TechCamp Myanmar 2016 သင္တန္း (သတင္းဓါတ္ပံု- ကိုစည္သူ ရိုက္ကူးတင္ျပသည္)
ျမန္မာႏိုင္ငံရဲ႕ အေျပာင္းအလဲကာလမွာ အစိုးရအေနနဲ႕ ပြင့္လင္းျမင္သာမွဳရွိလာေအာင္ နည္းပညာအကူအညီနဲ႔ တြန္းအားေပးႏိုင္ဖို႕ အရပ္ဖက္လူ႕အဖြဲ႕အစည္းေတြက ႀကိဳးစားေနၾကပါတယ္။ လူမွဳကြန္ယက္စာမ်က္ႏွာေတြမွာ နည္းပညာကိုအက်ိဳးရွိေအာင္ အသံုးခ်ဖို႕၊ သတင္းအခ်က္အလက္ေတြကို နည္းပညာအကူအညီနဲ႕ အခ်ိန္မွန္ျဖန္႕ေ၀ႏိုင္ဖို႕ နယ္ပယ္အသီးသီးက ကၽြမ္းက်င္နည္းပညာရွင္ေတြနဲ႕ အရပ္ဖက္အဖြဲ႕အစည္းေတြ ရန္ကုန္ၿမိဳ႕မွာစုေ၀းၾကတာပါ။ နည္းပညာနဲ႕ ပြင့္လင္းျမင္သာမွဳကိုအဓိကထားတဲ့ TechCamp Myanmar 2016 အေၾကာင္း ကိုစည္သူ ေျပာျပေပးမွာပါ။


ႏိုင္ငံရဲ႕ေျပာင္းလဲလာတာနဲ႕အမွ် ပြင့္လင္းျမင္သာမွဳရွိအတြက္ နည္းပညာရဲ႕အကူအညီကို နည္းစနစ္က်က် အသံုးခ်ႏိုင္ဖို႕ ဖန္တီးရာအဖြဲ႕နဲ႕ အေမရိကန္သံရံုးတို႕ရဲ႕ အကူအညီနဲ႕ နည္းပညာရွင္ေတြက အရပ္ဖက္အဖြဲ႕အစည္းေတြကို သင္တန္းေပးေနတာပါ။

TechCamp Myanmar လို႕ေခၚတဲ့ နည္းပညာအကူအညီေပးေရး သင္တန္းမွာ Facebook ကိုအက်ိဳးရွိေအာင္သံုးဖို႕၊ လိွဳ႕၀ွက္နံပါတ္ေတြကို စနစ္တက်ထားရွိဖို႕၊ စုေဆာင္းထားရွိတဲ့ သတင္းအခ်က္အလက္ေတြကို လူထုအၾကားမွာ မွန္မွန္နဲ႕ ျမန္ျမန္ေရာက္ရွိဖို႕ လိုအပ္တဲ့ နည္းပညာအကူအညီေတြကို ေထာက္ပံ့ေပးႏိုင္ဖို႕ သင္တန္းေပးေဆြးေႏြးၾကတာပါ။

TechCamp Myanmar ျပဳလုပ္ျဖစ္ရတဲ့အေၾကာင္းကိုေတာ့ ဖန္တီးရာအဖြဲ႕ရဲ႕ Program Director တဦးျဖစ္တဲ့ ကိုမိုက္ကယ္က အခုလိုေျပာပါတယ္။

“အဓိကေတာ့ က်ေနာ္တို႔ျမန္မာႏိုင္ငံက အခု အစိုးရအသစ္တခုေရာက္လာၿပီေပါ့ေနာ္။ က်ေနာ္တို႔ ႏွစ္ေပါင္းမ်ားစြာ ေတာင့္တခဲ့တဲ့ ဒီမိုကေရစီဆိုတဲ့ဟာကို စၿပီးေတာ့ ျမင္လာၿပီ။ ဒီမိုကေရစီ ဆိုတဲ့ဟာက က်ေနာ္တို႔ magic လိုေပါ့။ ခ်က္ခ်င္းရတာမဟုတ္ဘူး။ ဒီမိုကေရစီဆိုတဲ့ဟာက က်ေနာ္တို႔ လုပ္ပိုင္ခြင့္ေတြရတာျဖစ္တယ္။ ဒီပြင့္လင္းလာတဲ့ က်ေနာ္တို႔ အုပ္ခ်ဳပ္ေရးစနစ္မွာ ဒီနည္းပညာေတြ ပိုၿပီး ပြင့္လင္းတိုးတက္ေအာင္လုပ္မယ္၊ ဒီနည္းပညာေတြသံုးၿပီးမွ က်ေနာ္တို႔ရဲ႕ transparency ေပါ့ေနာ္ ပြင့္လင္းျမင္သာမႈအတြက္ အားေကာင္းေအာင္လုပ္မယ္။ အစိုးရ ကိုလည္း ျပည္သူေတြကေနၿပီးေတာ့မွ engage ပိုလုပ္ႏိုင္ေအာင္ေပါ့ေနာ္ အဲဒါကို လုပ္ခ်င္တဲ့ ရည္ရြယ္ခ်က္ျဖစ္ပါတယ္။ ေနာက္တခုကက်ေတာ့ ဒီမွာလာတဲ့လူေတြက က်ေနာ္တို႔ သီးသန္႔ဖိ္တ္ထားတဲ့လူေတြျဖစ္ပါတယ္။ သူတို႔မွာ အခက္အခဲေတြ ၊ issue ေတြရွိတယ္။ သူတို႔ကို ေသခ်ာ အင္တာဗ်ဴးၿပီးမွ ဖိတ္ထားတာအတြက္ေၾကာင့္ သူတို႔ရဲ႕လိုအပ္ခ်က္ေတြကို ဒီ ၂ ရက္တာအတြင္းမွာ သူတို႔ကို အေကာင္းဆံုးေပါ့ေနာ္။ ပံ႔ပိုးႏိုင္မယ္လို႔ေမွ်ာ္လင့္ပါတယ္။”

ဒီေန႕အစီအစဥ္မွာ ျမန္မာႏိုင္ငံေနရာအႏွံ႕အျပားက ေဒသလူမွဳဖြံ႕ျဖိဳးေရးေဆာင္ရြက္ေနတဲ့ အရပ္ဖက္လူ႕အဖြဲ႕အစည္းေတြက လွဳပ္ရွားသူ (၇၀) ေက်ာ္တက္ေရာက္ေနတာပါ။

Social Media လို႕ေခၚတဲ့ လူမွဳကြန္ယက္စာမ်က္ႏွာေတြမွာ လူထုကို ဘယ္လိုဘယ္ပံုစည္းရံုးႏိုင္ဖို႕၊ အစိုးရကို ဘယ္လိုဖိအားေပးႏိုင္မလဲဆိုတာေလ့လာဖို႕ ဒီအစီအစဥ္မွာ ပါ၀င္ခဲ့တာလို႕ မႏၱေလးကေန လာတက္တဲ့ မစုခ်စ္ ကေျပာပါတယ္။

“က်မတို႔အခုဆိုရင္ လူတိုင္းက smart ဖုန္းေတြ သံုးလာၾကတယ္။ အကုန္လံုးက ဒီ social media ေတြလည္း သံုးလာၾကတယ္ဆိုတဲ့အခ်ိန္မွာ က်မတို႔က ထံုးစံအတိုင္း ပံုမန္အတိုင္း journalist ေတြေခၚ က်မတို႔ သတင္းစာ ရွင္းလင္းပြဲေတြလုပ္ေနတာက သူတို႔ထက္ပိုၿပီးေတာ့ လူအမ်ားကို ထိေရာက္မယ္ social media ကေန ဘယ္လိုမ်ိဳးက်မတို႔ advocacy လုပ္ၾကမလဲေပါ့။ ဒီဟာက လူထုကိုေပါ့ေနာ္။ ေနာက္တခုကက်ေတာ့social media မွာ အားေကာင္းလာၿပီဆိုရင္ က်မတို႔ decision maker လို႔ေခၚတဲ့ လႊတ္ေတာ္ ဘက္က အစိုးရအဖြဲ႕ကို ဘယ္လုိမ်ိဳး advocacy ေတြ social media ကေနၿပီးေတာ့ လုပ္ႏိုင္မလဲဆိုတဲ့ဟာကို က်မအေနနဲ႔ သိခ်င္လို႔ လာ join ျဖစ္တာပါ။”

လူမွဳကြန္ယက္စာမ်က္ႏွာေတြ အေရးပါလာတာေၾကာင့္ အရပ္ဖက္အဖြဲ႕အစည္းေတြအေနနဲ႕ နည္းပညာအသံုးခ်ၿပီး လူမွဳအက်ိဳးျပဳလုပ္ငန္းေတြလုပ္ႏိုင္ဖို႕ေမွ်ာ္လင့္ေၾကာင္း TechCamp Myanmar အစီအစဥ္ရဲ႕ သင္တန္းဆရာေတြကေျပာပါတယ္။

TechCamp Myanmar အစီအစဥ္ရဲ႕ သင္တန္းနည္းျပအျဖစ္ပါ၀င္တဲ့ ဗီြအိုေအျမန္မာပိုင္း ဌာနမွဴး ဦးသန္းလြင္းထြန္းက ေျပာပါတယ္။

“ဒီပြင့္လင္းျမင္သာမႈနဲ႔ နည္းပညာဆိုတာက ဒါျမန္မာႏိုင္ငံအတြက္အသစ္။ အလားတူပဲ အခုဒီေန႔ သင္တန္း၊ ဒီမွာလာၿပီးေတာ့ လာတက္ၾကတဲ့သူေတြထဲမွာ CSO လို႔ေခၚတဲ့ Civil organization ေတြ ၊ ႏိုင္ငံတကာမွာ အေဟာင္းဆိုေပမယ့္ ျမန္မာျပည္မွာ အသစ္ ။ ဆိုေတာ့ ဒီအသစ္အသစ္ေတြက ဒီလိုနည္းပညာနဲ႔ ဒီလို အသစ္အသစ္ အဖြဲ႔အစည္းေတြက ဘယ္လိုအသံုးခ်ၿပီးေတာ့ ဖြံ႔ၿဖိဳးလာတဲ့ ျမန္မာျပည္ကို သူတို႔ဘယ္လိုအက်ိဳးေဆာင္မလဲဆိုတာကို ပံ့ပိုးဖို႔ဆိုတဲ့ရည္ရြယ္ခ်က္နဲ႔ သင္တန္းကိုုလုပ္တာေပါ့ေနာ္။ အထူးသျဖင့္က်ေနာ္တို႔ VOA ဆိုရင္ဘာလဲဆိုေတာ့ Main Stream Media ေပါ့။ ေရဒီယိုတို႔ အသံလႊင့္ဌာနတို႔ကို regulate လုပ္ၿပီးေတာ့ တိက်မွန္ကန္ေအာင္၊ နားလည္တက္ကၽြမ္းတဲ့လူေတြရဲ႕ ထင္ျမင္ယူဆခ်က္ေတြက ဘယ္လိုလဲဆိုၿပီးေတာ့ က်ေနာ္တို႔က ေျပာတယ္။ ဟိုဘက္က်ေတာ့ အခု နည္းပညာသစ္ေတြနဲ႔ social media ကေတာ့ freedom of Expression နဲ႔ နည္းပညာကို ေပါင္းစပ္ၿပီးေတာ့ ကိုယ့္ရဲ႕ လူတေယာက္ခ်င္းစီရဲ႕ ထင္ျမင္ယူဆခ်က္ေတြကို ေျပာတာ။ အစတုန္းကဆိုရင္ က်ေနာ္သိပ္အထင္မႀကီးဘူး။ ေနာက္ပိုင္းက်ေတာ့ ဒီ Network ႀကီးေတြက social media နဲ႔ Technology ေတြကႀကီးလာၿပီးေတာ့ ခ်ိတ္စက္မႈေတြ မ်ားလာေတာ့ ၊ က်ေနာ္တို႔လည္း ျပန္အားကိုးလာရတယ္။ အခု VOA ဆိုရင္ က်ေနာ္တို႔ Facebook ေတြရွိလာၿပီ။ VOA က တီဗီ၊ ေရဒီယို လႊင့္ေပးလိုက္တယ္ဆိုတာ ေလထဲမွာ ေပ်ာက္သြားတာပဲ။ က်ေနာ္တို႔ Facebook ေတြ Website ေတြတင္ထားတဲ့အခါက်ေတာ့ သူက ေနတယ္။တခ်ိန္လံုးရွိေနတယ္။ အဲဒီမွာ က်ေနာ္တို႔ရဲ႕ အမာခံ ပရိတ္သတ္ ဆိုတာလည္း ရွိေနတယ္။”

လူမွဳေရးတက္ၾကြလွဳပ္ရွားသူေတြအေနနဲ႕ နည္းပညာကိုအက်ိဳးရွိေအာင္အသံုးခ်ႏိုင္ဖို႕ အခ်က္အလက္စုေဆာင္းျခင္း၊ လူထုသတင္းပညာ၊ ဒစ္ဂ်စ္တယ္နည္းနဲ႕ သတင္းမ်ားတင္ဆက္ျခင္း၊ ဒီဂ်စ္တယ္လံုျခံဳေရးေတြနဲ႕ သဘာ၀ေဘးအႏၱရာယ္ၾကံဳေတြ႕တဲ့အခါ အသံုးျပဳႏိုင္တဲ့ ဒစ္ဂ်စ္တယ္နည္းလမ္းေတြ စတဲ့ ေခါင္းစဥ္ေတြနဲ႕ က႑စံုကို မတ္လ(၈) ရက္နဲ႕ (၉) ရက္ေတြမွာ နည္းပညာရွင္ေတြက ပို႕ခ်ေပးေနတာျဖစ္ပါတယ္။

ကိုစည္သူ / ဗြီအုိေအ (ျမန္မာပုိင္း)
http://burmese.voanews.com

................................


နည်းပညာနဲ့ ပွင့်လင်းမြင်သာမှုကိုအဓိကထားတဲ့ TechCamp Myanmar 2016 သင်တန်း (သတင်းဓါတ်ပုံ- ကိုစည်သူ ရိုက်ကူးတင်ပြသည်)
မြန်မာနိုင်ငံရဲ့ အပြောင်းအလဲကာလမှာ အစိုးရအနေနဲ့ ပွင့်လင်းမြင်သာမှုရှိလာအောင် နည်းပညာအကူအညီနဲ့ တွန်းအားပေးနိုင်ဖို့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက ကြိုးစားနေကြပါတယ်။ လူမှုကွန်ယက်စာမျက်နှာတွေမှာ နည်းပညာကိုအကျိုးရှိအောင် အသုံးချဖို့၊ သတင်းအချက်အလက်တွေကို နည်းပညာအကူအညီနဲ့ အချိန်မှန်ဖြန့်ဝေနိုင်ဖို့ နယ်ပယ်အသီးသီးက ကျွမ်းကျင်နည်းပညာရှင်တွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ ရန်ကုန်မြို့မှာစုဝေးကြတာပါ။ နည်းပညာနဲ့ ပွင့်လင်းမြင်သာမှုကိုအဓိကထားတဲ့ TechCamp Myanmar 2016 အကြောင်း ကိုစည်သူ ပြောပြပေးမှာပါ။



နိုင်ငံရဲ့ပြောင်းလဲလာတာနဲ့အမျှ ပွင့်လင်းမြင်သာမှုရှိအတွက် နည်းပညာရဲ့အကူအညီကို နည်းစနစ်ကျကျ အသုံးချနိုင်ဖို့ ဖန်တီးရာအဖွဲ့နဲ့ အမေရိကန်သံရုံးတို့ရဲ့ အကူအညီနဲ့ နည်းပညာရှင်တွေက အရပ်ဖက်အဖွဲ့အစည်းတွေကို သင်တန်းပေးနေတာပါ။

TechCamp Myanmar လို့ခေါ်တဲ့ နည်းပညာအကူအညီပေးရေး သင်တန်းမှာ Facebook ကိုအကျိုးရှိအောင်သုံးဖို့၊ လှို့ဝှက်နံပါတ်တွေကို စနစ်တကျထားရှိဖို့၊ စုဆောင်းထားရှိတဲ့ သတင်းအချက်အလက်တွေကို လူထုအကြားမှာ မှန်မှန်နဲ့ မြန်မြန်ရောက်ရှိဖို့ လိုအပ်တဲ့ နည်းပညာအကူအညီတွေကို ထောက်ပံ့ပေးနိုင်ဖို့ သင်တန်းပေးဆွေးနွေးကြတာပါ။

TechCamp Myanmar ပြုလုပ်ဖြစ်ရတဲ့အကြောင်းကိုတော့ ဖန်တီးရာအဖွဲ့ရဲ့ Program Director တဦးဖြစ်တဲ့ ကိုမိုက်ကယ်က အခုလိုပြောပါတယ်။

“အဓိကတော့ ကျနော်တို့မြန်မာနိုင်ငံက အခု အစိုးရအသစ်တခုရောက်လာပြီပေါ့နော်။ ကျနော်တို့ နှစ်ပေါင်းများစွာ တောင့်တခဲ့တဲ့ ဒီမိုကရေစီဆိုတဲ့ဟာကို စပြီးတော့ မြင်လာပြီ။ ဒီမိုကရေစီ ဆိုတဲ့ဟာက ကျနော်တို့ magic လိုပေါ့။ ချက်ချင်းရတာမဟုတ်ဘူး။ ဒီမိုကရေစီဆိုတဲ့ဟာက ကျနော်တို့ လုပ်ပိုင်ခွင့်တွေရတာဖြစ်တယ်။ ဒီပွင့်လင်းလာတဲ့ ကျနော်တို့ အုပ်ချုပ်ရေးစနစ်မှာ ဒီနည်းပညာတွေ ပိုပြီး ပွင့်လင်းတိုးတက်အောင်လုပ်မယ်၊ ဒီနည်းပညာတွေသုံးပြီးမှ ကျနော်တို့ရဲ့ transparency ပေါ့နော် ပွင့်လင်းမြင်သာမှုအတွက် အားကောင်းအောင်လုပ်မယ်။ အစိုးရ ကိုလည်း ပြည်သူတွေကနေပြီးတော့မှ engage ပိုလုပ်နိုင်အောင်ပေါ့နော် အဲဒါကို လုပ်ချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပါတယ်။ နောက်တခုကကျတော့ ဒီမှာလာတဲ့လူတွေက ကျနော်တို့ သီးသန့်ဖိ်တ်ထားတဲ့လူတွေဖြစ်ပါတယ်။ သူတို့မှာ အခက်အခဲတွေ ၊ issue တွေရှိတယ်။ သူတို့ကို သေချာ အင်တာဗျူးပြီးမှ ဖိတ်ထားတာအတွက်ကြောင့် သူတို့ရဲ့လိုအပ်ချက်တွေကို ဒီ ၂ ရက်တာအတွင်းမှာ သူတို့ကို အကောင်းဆုံးပေါ့နော်။ ပံ့ပိုးနိုင်မယ်လို့မျှော်လင့်ပါတယ်။”

ဒီနေ့အစီအစဉ်မှာ မြန်မာနိုင်ငံနေရာအနှံ့အပြားက ဒေသလူမှုဖွံ့ဖြိုးရေးဆောင်ရွက်နေတဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေက လှုပ်ရှားသူ (၇၀) ကျော်တက်ရောက်နေတာပါ။

Social Media လို့ခေါ်တဲ့ လူမှုကွန်ယက်စာမျက်နှာတွေမှာ လူထုကို ဘယ်လိုဘယ်ပုံစည်းရုံးနိုင်ဖို့၊ အစိုးရကို ဘယ်လိုဖိအားပေးနိုင်မလဲဆိုတာလေ့လာဖို့ ဒီအစီအစဉ်မှာ ပါ၀င်ခဲ့တာလို့ မန္တလေးကနေ လာတက်တဲ့ မစုချစ် ကပြောပါတယ်။

“ကျမတို့အခုဆိုရင် လူတိုင်းက smart ဖုန်းတွေ သုံးလာကြတယ်။ အကုန်လုံးက ဒီ social media တွေလည်း သုံးလာကြတယ်ဆိုတဲ့အချိန်မှာ ကျမတို့က ထုံးစံအတိုင်း ပုံမန်အတိုင်း journalist တွေခေါ် ကျမတို့ သတင်းစာ ရှင်းလင်းပွဲတွေလုပ်နေတာက သူတို့ထက်ပိုပြီးတော့ လူအများကို ထိရောက်မယ် social media ကနေ ဘယ်လိုမျိုးကျမတို့ advocacy လုပ်ကြမလဲပေါ့။ ဒီဟာက လူထုကိုပေါ့နော်။ နောက်တခုကကျတော့social media မှာ အားကောင်းလာပြီဆိုရင် ကျမတို့ decision maker လို့ခေါ်တဲ့ လွှတ်တော် ဘက်က အစိုးရအဖွဲ့ကို ဘယ်လိုမျိုး advocacy တွေ social media ကနေပြီးတော့ လုပ်နိုင်မလဲဆိုတဲ့ဟာကို ကျမအနေနဲ့ သိချင်လို့ လာ join ဖြစ်တာပါ။”

လူမှုကွန်ယက်စာမျက်နှာတွေ အရေးပါလာတာကြောင့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ နည်းပညာအသုံးချပြီး လူမှုအကျိုးပြုလုပ်ငန်းတွေလုပ်နိုင်ဖို့မျှော်လင့်ကြောင်း TechCamp Myanmar အစီအစဉ်ရဲ့ သင်တန်းဆရာတွေကပြောပါတယ်။

TechCamp Myanmar အစီအစဉ်ရဲ့ သင်တန်းနည်းပြအဖြစ်ပါ၀င်တဲ့ ဗွီအိုအေမြန်မာပိုင်း ဌာနမှူး ဦးသန်းလွင်းထွန်းက ပြောပါတယ်။

“ဒီပွင့်လင်းမြင်သာမှုနဲ့ နည်းပညာဆိုတာက ဒါမြန်မာနိုင်ငံအတွက်အသစ်။ အလားတူပဲ အခုဒီနေ့ သင်တန်း၊ ဒီမှာလာပြီးတော့ လာတက်ကြတဲ့သူတွေထဲမှာ CSO လို့ခေါ်တဲ့ Civil organization တွေ ၊ နိုင်ငံတကာမှာ အဟောင်းဆိုပေမယ့် မြန်မာပြည်မှာ အသစ် ။ ဆိုတော့ ဒီအသစ်အသစ်တွေက ဒီလိုနည်းပညာနဲ့ ဒီလို အသစ်အသစ် အဖွဲ့အစည်းတွေက ဘယ်လိုအသုံးချပြီးတော့ ဖွံ့ဖြိုးလာတဲ့ မြန်မာပြည်ကို သူတို့ဘယ်လိုအကျိုးဆောင်မလဲဆိုတာကို ပံ့ပိုးဖို့ဆိုတဲ့ရည်ရွယ်ချက်နဲ့ သင်တန်းကိုုလုပ်တာပေါ့နော်။ အထူးသဖြင့်ကျနော်တို့ VOA ဆိုရင်ဘာလဲဆိုတော့ Main Stream Media ပေါ့။ ရေဒီယိုတို့ အသံလွှင့်ဌာနတို့ကို regulate လုပ်ပြီးတော့ တိကျမှန်ကန်အောင်၊ နားလည်တက်ကျွမ်းတဲ့လူတွေရဲ့ ထင်မြင်ယူဆချက်တွေက ဘယ်လိုလဲဆိုပြီးတော့ ကျနော်တို့က ပြောတယ်။ ဟိုဘက်ကျတော့ အခု နည်းပညာသစ်တွေနဲ့ social media ကတော့ freedom of Expression နဲ့ နည်းပညာကို ပေါင်းစပ်ပြီးတော့ ကိုယ့်ရဲ့ လူတယောက်ချင်းစီရဲ့ ထင်မြင်ယူဆချက်တွေကို ပြောတာ။ အစတုန်းကဆိုရင် ကျနော်သိပ်အထင်မကြီးဘူး။ နောက်ပိုင်းကျတော့ ဒီ Network ကြီးတွေက social media နဲ့ Technology တွေကကြီးလာပြီးတော့ ချိတ်စက်မှုတွေ များလာတော့ ၊ ကျနော်တို့လည်း ပြန်အားကိုးလာရတယ်။ အခု VOA ဆိုရင် ကျနော်တို့ Facebook တွေရှိလာပြီ။ VOA က တီဗီ၊ ရေဒီယို လွှင့်ပေးလိုက်တယ်ဆိုတာ လေထဲမှာ ပျောက်သွားတာပဲ။ ကျနော်တို့ Facebook တွေ Website တွေတင်ထားတဲ့အခါကျတော့ သူက နေတယ်။တချိန်လုံးရှိနေတယ်။ အဲဒီမှာ ကျနော်တို့ရဲ့ အမာခံ ပရိတ်သတ် ဆိုတာလည်း ရှိနေတယ်။”

လူမှုရေးတက်ကြွလှုပ်ရှားသူတွေအနေနဲ့ နည်းပညာကိုအကျိုးရှိအောင်အသုံးချနိုင်ဖို့ အချက်အလက်စုဆောင်းခြင်း၊ လူထုသတင်းပညာ၊ ဒစ်ဂျစ်တယ်နည်းနဲ့ သတင်းများတင်ဆက်ခြင်း၊ ဒီဂျစ်တယ်လုံခြုံရေးတွေနဲ့ သဘာဝဘေးအန္တရာယ်ကြံုတွေ့တဲ့အခါ အသုံးပြုနိုင်တဲ့ ဒစ်ဂျစ်တယ်နည်းလမ်းတွေ စတဲ့ ခေါင်းစဉ်တွေနဲ့ ကဏ္ဍစုံကို မတ်လ(၈) ရက်နဲ့ (၉) ရက်တွေမှာ နည်းပညာရှင်တွေက ပို့ချပေးနေတာဖြစ်ပါတယ်။

ကိုစည်သူ / ဗွီအိုအေ (မြန်မာပိုင်း)
http://burmese.voanews.com

No comments:

Post a Comment