Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, March 1, 2016

သမီးမ်ားသာ ေမြးေန၍ ကုိယ့္ကုိယ္ကုိယ္ အျပစ္ေပးသည့္အေနျဖင့္ လိင္အဂၤါကိုျဖတ္ေတာက္

တ႐ုတ္ႏိုင္ငံေတာင္ပိုင္းမွ ဖခင္တစ္ဦးသည္ လက္ရွိ သမီးႏွစ္ဦးကို ဆက္တိုက္ပိုင္ဆိုင္ထားၿပီး သားေယာက္်ားေလးတစ္ဦးမွ် ေမြးဖြားႏိုင္ျခင္း မရွိသည့္အတြက္ မိမိကိုယ္မိမိ အျပစ္ေပးသည့္အေနႏွင့္ အမ်ဳိးသားအဂၤါ ကို ျဖတ္ေတာက္ပစ္လိုက္ေၾကာင္း People's Daily Online သတင္းတြင္ ေဖာ္ျပထားသည္။
အသက္ ၃၆ ႏွစ္အ႐ြယ္ရွိ အေယာင္ ဟု အမည္ဝွက္ေပးထားသူတစ္ဦး သည္ ေဖေဖာ္ဝါရီ ၂၂ ရက္ေန႔က ဓားတစ္ေခ်ာင္းကို အသုံးျပဳကာ မိမိကိုယ္တိုင္ ျဖတ္ေတာက္ခဲ့ျခင္းျဖစ္ေၾကာင္း ယင္းသတင္းက ဆိုသည္။
ကြမ္က်ဳိးနယ္ ေက်းလက္ေတာ႐ြာ တစ္႐ြာေန အေယာင္သည္ သမီးႏွစ္ေယာက္ ဆက္တိုက္ရေနသည္ကို ႐ြာသူ႐ြာသားမ်ား က ေလွာင္ေျပာင္ၾကေသာေၾကာင့္ စိတ္ပ်က္ၿပီး ယခုလို လုပ္ေဆာင္ လိုက္ျခင္းျဖစ္သည္ဟု သတင္းတြင္ ေရးသားထားသည္။
အေယာင္တြင္ အသက္ ၁၃ ႏွစ္ႏွင့္ ၃ ႏွစ္အ႐ြယ္ သမီးႏွစ္ေယာက္ရွိေနၿပီး အခင္းျဖစ္ပြားစဥ္က အရက္ ၅ ပုလင္းခန္႔ ေသာက္ထားေသာေၾကာင့္ မူးေနေၾကာင္း၊ သူ႔ကိုယ္သူ ျဖတ္ေတာက္ရန္ ႀကိဳတင္စီစဥ္ထားၿပီးျဖစ္ေၾကာင္း မိသားစုဝင္တစ္ဦးက ေျပာၾကားသည္။
သူ႔ကို ည ၁၁ နာရီခန္႔တြင္ ေဒသခံရဲမ်ားက ဖူက်င္းရဲတပ္ဖြဲ႕ေဆး႐ုံသို႔ ေခၚေဆာင္သြားၿပီး အေရးေပၚကုသမႈမ်ား ကို ျပဳလုပ္ေပးခဲ့ရေၾကာင္း၊ သူျဖတ္ေတာက္ခဲ့သည့္ အဂၤါကိုလည္း မိသားစုမ်ားက ေရခဲအိတ္ထဲတြင္ထည့္ကာ ေဆး႐ုံသို႔ ယူလာခဲ့ၾကေၾကာင္း၊ ခြဲစိတ္ဆရာဝန္မ်ားက ျပန္လည္ဆက္ကာ ကုသေပးခဲ့ေၾကာင္း ညတာဝန္က် ဆရာဝန္တစ္ဦးျဖစ္သည့္ ေဒါက္တာ ေဟာင္ဇီဟန္းက ထုတ္ျပန္ခဲ့သည္။
အေယာင္က သူ႔အဂၤါကို ျပန္လည္ မလိုခ်င္ေတာ့ေၾကာင္း ကန္႔ကြက္ေနသည့္ၾကားမွ မိသားစုဝင္မ်ား၏ဆႏၵျဖင့္ ေလးနာရီေက်ာ္ ၾကာသည္အထိ ခြဲစိတ္ျပဳျပင္ တပ္ဆင္ေပးခဲ့ရေၾကာင္း၊ ေနာက္ ၆ လခန္႔တြင္ ပုံမွန္ျပန္ျဖစ္သြားႏိုင္ေၾကာင္း People's Daily Online သတင္းတြင္ ေရး သားထားသည္။
တ႐ုတ္ႏိုင္ငံတြင္ ေယာက္်ားေလး ေမြးျခင္းသည္ ပိုၿပီးဂုဏ္ရွိသည္ဟု ယူဆၾကၿပီး၊ သားေယာက္်ားေလးသည္ မိသားစု မ်ဳိးဆက္ကို ဆက္လက္ ထိန္းသိမ္းႏိုင္သူမ်ားျဖစ္ကာ၊ သမီးမိန္းကေလးမ်ားသည္ အိမ္ေထာင္က်ၿပီး အျခားမိသားစုသို႔ ေပးလိုက္ရေသာေၾကာင့္ အေလးထားျခင္း မရွိၾကေပ။
The Voice Weekly
....................
သမီးများသာ မွေးနေ၍ ကိုယ့်ကိုယ်ကိုယ် အပြစ်ပေးသည့်အနေဖြင့် လိင်အင်္ဂါကိုဖြတ်တောက်

တရုတ်နိုင်ငံတောင်ပိုင်းမှ ဖခင်တစ်ဦးသည် လက်ရှိ သမီးနှစ်ဦးကို ဆက်တိုက်ပိုင်ဆိုင်ထားပြီး သားယောက်ျားလေးတစ်ဦးမျှ မွေးဖွားနိုင်ခြင်း မရှိသည့်အတွက် မိမိကိုယ်မိမိ အပြစ်ပေးသည့်အနေနှင့် အမျိုးသားအင်္ဂါ ကို ဖြတ်တောက်ပစ်လိုက်ကြောင်း People's Daily Online သတင်းတွင် ဖော်ပြထားသည်။
အသက် ၃၆ နှစ်အရွယ်ရှိ အယောင် ဟု အမည်ဝှက်ပေးထားသူတစ်ဦး သည် ဖေဖော်ဝါရီ ၂၂ ရက်နေ့က ဓားတစ်ချောင်းကို အသုံးပြုကာ မိမိကိုယ်တိုင် ဖြတ်တောက်ခဲ့ခြင်းဖြစ်ကြောင်း ယင်းသတင်းက ဆိုသည်။
ကွမ်ကျိုးနယ် ကျေးလက်တောရွာ တစ်ရွာနေ အယောင်သည် သမီးနှစ်ယောက် ဆက်တိုက်ရနေသည်ကို ရွာသူရွာသားများ က လှောင်ပြောင်ကြသောကြောင့် စိတ်ပျက်ပြီး ယခုလို လုပ်ဆောင် လိုက်ခြင်းဖြစ်သည်ဟု သတင်းတွင် ရေးသားထားသည်။
အယောင်တွင် အသက် ၁၃ နှစ်နှင့် ၃ နှစ်အရွယ် သမီးနှစ်ယောက်ရှိနေပြီး အခင်းဖြစ်ပွားစဉ်က အရက် ၅ ပုလင်းခန့် သောက်ထားသောကြောင့် မူးနေကြောင်း၊ သူ့ကိုယ်သူ ဖြတ်တောက်ရန် ကြိုတင်စီစဉ်ထားပြီးဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ပြောကြားသည်။
သူ့ကို ည ၁၁ နာရီခန့်တွင် ဒေသခံရဲများက ဖူကျင်းရဲတပ်ဖွဲ့ဆေးရုံသို့ ခေါ်ဆောင်သွားပြီး အရေးပေါ်ကုသမှုများ ကို ပြုလုပ်ပေးခဲ့ရကြောင်း၊ သူဖြတ်တောက်ခဲ့သည့် အင်္ဂါကိုလည်း မိသားစုများက ရေခဲအိတ်ထဲတွင်ထည့်ကာ ဆေးရုံသို့ ယူလာခဲ့ကြကြောင်း၊ ခွဲစိတ်ဆရာဝန်များက ပြန်လည်ဆက်ကာ ကုသပေးခဲ့ကြောင်း ညတာဝန်ကျ ဆရာဝန်တစ်ဦးဖြစ်သည့် ဒေါက်တာ ဟောင်ဇီဟန်းက ထုတ်ပြန်ခဲ့သည်။
အယောင်က သူ့အင်္ဂါကို ပြန်လည် မလိုချင်တော့ကြောင်း ကန့်ကွက်နေသည့်ကြားမှ မိသားစုဝင်များ၏ဆန္ဒဖြင့် လေးနာရီကျော် ကြာသည်အထိ ခွဲစိတ်ပြုပြင် တပ်ဆင်ပေးခဲ့ရကြောင်း၊ နောက် ၆ လခန့်တွင် ပုံမှန်ပြန်ဖြစ်သွားနိုင်ကြောင်း People's Daily Online သတင်းတွင် ရေး သားထားသည်။
တရုတ်နိုင်ငံတွင် ယောက်ျားလေး မွေးခြင်းသည် ပိုပြီးဂုဏ်ရှိသည်ဟု ယူဆကြပြီး၊ သားယောက်ျားလေးသည် မိသားစု မျိုးဆက်ကို ဆက်လက် ထိန်းသိမ်းနိုင်သူများဖြစ်ကာ၊ သမီးမိန်းကလေးများသည် အိမ်ထောင်ကျပြီး အခြားမိသားစုသို့ ပေးလိုက်ရသောကြောင့် အလေးထားခြင်း မရှိကြပေ။
The Voice Weekly

No comments:

Post a Comment