Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 14, 2016

နိုင္ငံေတာ္ သမၼတေနရာအတြက္ ဦးထင္ေက်ာ္ ပထမဦးစားေပးဟုဆို



ယေန႔က်င္းပေသာ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ဒုတိယသမၼတေလာင္းမ်ားျဖစ္သည့္ ဦးထင္ေက်ာ္၊ ဦးဟင္နရီဗန္ထီးယူ၊ ရန္ကုန္တိုင္းေဒသၾကီး ၀န္ၾကီးခ်ဳပ္ ဒုတိယဗုိလ္ခ်ဳပ္ႀကီး (ၿငိမ္း) ဦးျမင့္ေဆြတုိ႔သုံးဦးအား နိုင္ငံေတာ္သမၼတအရည္အခ်င္းႏွင့္ ျပည့္စုံမႈ ရွိေၾကာင္း သမၼတ အရည္အခ်င္း စိစစ္ေရးအဖြဲ႔က ျပည္ေထာင္စု လႊတ္ေတာ္သို႔ အေၾကာင္းျပန္ခဲ့သည္။ ထို႔ေၾကာင္း အစီအစဥ္မ်ားအရ မနက္ျဖန္ မတ္ ၁၅ ရက္ေန႔တြင္ က်င္းပမည့္ ျပည္ေထာင္စုလႊတ္ေတာ္တြင္ အဆိုပါ သံုးဦးအနက္မွတဦးကို နိုင္ငံေတာ္သမၼတအျဖစ္ မဲခြဲေရြးခ်ယ္မည္ျဖစ္သည္။ NLD က အုပ္စီးထားေသာ ျပည္ေထာင္စုလႊတ္ေတာ္တြင္ ပါတီကတင္သြင္းထားေသာ ဦးထင္ေက်ာ္ႏွင့္ ဦးဟင္နရီဗန္ထီးယူ ႏွစ္ဦးအနက္ တဦးမွာ နိုင္ငံေတာ္သမၼတျဖစ္လာရန္ ေသခ်ာသေလာက္ရွိျပီး NLD က မည္သူ႔ကို သမၼတ တင္ေျမွာက္မလဲဆိုျခင္းကိုသာ ေစာင့္ၾကည့္ရမည့္ အေျခအေနျဖစ္သည္။

အမ်ဳိးသားဒီမုိကေရစီအဖြဲ႔ခ်ဳပ္မွ ေရြးခ်ယ္တင္ေျမွာက္ထားသည့္ ဒုသမၼတႏွစ္ဦးအနက္ ဦးထင္ေက်ာ္ကသာ ပထမဦးစားေပးျဖစ္မည္ဟု NLD ဗဟိုဥပေဒအေထာက္အကူျပဳေကာ္မတီ၀င္ ဦးကုိနီ က News Watch သုိ႔ ေျပာသည္။

“ကြ်န္ေတာ္နားလည္သေလာက္ ဦးထင္ေက်ာ္ကုိ သမၼတေမွ်ာ္မွန္းထားတာ ျဖစ္တဲ့အတြက္ ဦးထင္ေက်ာ္ကုိပဲ အားလုံး ပုံေအာၿပီးေတာ့ မဲၾကမွာပါ။ ဦးဟင္နရီကေတာ့ ဒုသမၼတ (၂) ပဲ ျဖစ္မွာေပါ့။ ဒီဟာက သိပ္အဓိက မက်ပါဘူး။ ဒု-သမၼတဆုိတာ သမၼတမရိွတဲ့အခါ ေခတၱယာယီ တာ၀န္ထမ္းေဆာင္ရတဲ့ အဆင့္ပဲရိွပါတယ္။ ဖြဲ႔စည္းပုံမွာ ဒုသမၼတရဲ႕ လုပ္ပုိင္ခြင့္တာ၀န္ဆုိတာ ျပဌာန္ထားတာ မရိွပါဘူး”ဟု ၎က ေျပာသည္။

နိုင္ငံေတာ္ သမၼတ ဦးထင္ေက်ာ္၊ ဒု-သမၼတ (၁) ဦးျမင့္ေဆြႏွင့္ ဒု-သမၼတ (၂) ဦးဟင္နရီဗန္ထီးယူ အသီးသီးျဖစ္လာနိုင္ေျခမ်ားေၾကာင္း နိုင္ငံေရးအသိုင္းအ၀ိုင္းအတြင္း ေျပာဆိုလ်က္ရွိသည္။

လင္းလင္းေအာင္
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
...........


ယနေ့ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ဒုတိယသမ္မတလောင်းများဖြစ်သည့် ဦးထင်ကျော်၊ ဦးဟင်နရီဗန်ထီးယူ၊ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ဦးမြင့်ဆွေတို့သုံးဦးအား နိုင်ငံတော်သမ္မတအရည်အချင်းနှင့် ပြည့်စုံမှု ရှိကြောင်း သမ္မတ အရည်အချင်း စိစစ်ရေးအဖွဲ့က ပြည်ထောင်စု လွှတ်တော်သို့ အကြောင်းပြန်ခဲ့သည်။ ထို့ကြောင်း အစီအစဉ်များအရ မနက်ဖြန် မတ် ၁၅ ရက်နေ့တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်တွင် အဆိုပါ သုံးဦးအနက်မှတဦးကို နိုင်ငံတော်သမ္မတအဖြစ် မဲခွဲရွေးချယ်မည်ဖြစ်သည်။ NLD က အုပ်စီးထားသော ပြည်ထောင်စုလွှတ်တော်တွင် ပါတီကတင်သွင်းထားသော ဦးထင်ကျော်နှင့် ဦးဟင်နရီဗန်ထီးယူ နှစ်ဦးအနက် တဦးမှာ နိုင်ငံတော်သမ္မတဖြစ်လာရန် သေချာသလောက်ရှိပြီး NLD က မည်သူ့ကို သမ္မတ တင်မြှောက်မလဲဆိုခြင်းကိုသာ စောင့်ကြည့်ရမည့် အခြေအနေဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ရွေးချယ်တင်မြှောက်ထားသည့် ဒုသမ္မတနှစ်ဦးအနက် ဦးထင်ကျော်ကသာ ပထမဦးစားပေးဖြစ်မည်ဟု NLD ဗဟိုဥပဒေအထောက်အကူပြုကော်မတီဝင် ဦးကိုနီ က News Watch သို့ ပြောသည်။

“ကျွန်တော်နားလည်သလောက် ဦးထင်ကျော်ကို သမ္မတမျှော်မှန်းထားတာ ဖြစ်တဲ့အတွက် ဦးထင်ကျော်ကိုပဲ အားလုံး ပုံအောပြီးတော့ မဲကြမှာပါ။ ဦးဟင်နရီကတော့ ဒုသမ္မတ (၂) ပဲ ဖြစ်မှာပေါ့။ ဒီဟာက သိပ်အဓိက မကျပါဘူး။ ဒု-သမ္မတဆိုတာ သမ္မတမရှိတဲ့အခါ ခေတ္တယာယီ တာဝန်ထမ်းဆောင်ရတဲ့ အဆင့်ပဲရှိပါတယ်။ ဖွဲ့စည်းပုံမှာ ဒုသမ္မတရဲ့ လုပ်ပိုင်ခွင့်တာဝန်ဆိုတာ ပြဌာန်ထားတာ မရှိပါဘူး”ဟု ၎င်းက ပြောသည်။

နိုင်ငံတော် သမ္မတ ဦးထင်ကျော်၊ ဒု-သမ္မတ (၁) ဦးမြင့်ဆွေနှင့် ဒု-သမ္မတ (၂) ဦးဟင်နရီဗန်ထီးယူ အသီးသီးဖြစ်လာနိုင်ခြေများကြောင်း နိုင်ငံရေးအသိုင်းအဝိုင်းအတွင်း ပြောဆိုလျက်ရှိသည်။

လင်းလင်းအောင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment