Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, March 14, 2016

မနက္ျဖန္ သမၼတေရြးခ်ယ္ပြဲႏွင့္ပတ္သက္၍ ေဒၚေအာင္ဆန္းစုၾကည္ NLD ကုိယ္စားလွယ္မ်ားႏွင့္ ေတြ႔ဆံု


“ဒီလိုေန႔မ်ဳိးေရာက္လာဖို႔ ျပည္သူေတြ ေမွ်ာ္လင့္ေနၾကတာျဖစ္တယ္။ ေသေသခ်ာခ်ာ အမွားအယြင္းမရွိေအာင္ ေဆာင္ရြက္ၾကပါ”-ေဒၚေအာင္ဆန္းစုၾကည္

အမ်ဳိးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ ဥကၠဌ ေဒၚေအာင္ဆန္းစုၾကည္သည္ ယေန႔ မတ္ ၁၄ ရက္ ညေန ၅ နာရီခန္႔တြင္ စည္ပင္ဧည့္ရိပ္သာ၀င္းအတြင္းရွိ စားရိပ္သာ (၄) အေဆာင္တြင္ NLD လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ပါတီ၀င္မ်ားႏွင့္ ေတြ႔ဆံု၍ မနက္ျဖန္က်င္းပမည့္ ျပည္ေထာင္ဟုလႊတ္ေတာ္ သမၼတ ေရြးခ်ယ္ပြဲႏွင့္ပတ္သက္၍ ေတြ႔ဆံု အမွာစကား ေျပာၾကားသည္။

ေတြ႔ဆံုပြဲ၌ ေဒၚေအာင္ဆန္းစုၾကည္မွ “ဒီလိုေန႔မ်ဳိးေရာက္လာဖို႔ ျပည္သူေတြ ေမွ်ာ္လင့္ေနၾကတာျဖစ္တယ္။ ေသေသခ်ာခ်ာ အမွားအယြင္းမရွိေအာင္ ေဆာင္ရြက္ၾကပါ၊ ျပည္သူေတြရဲ႕ေမွ်ာ္လင့္ခ်က္ကို ညီညီညြတ္ညြတ္ စည္းလံုးစြာနဲ႔ျဖည့္ဆည္းေပးဖို႔ ျပည္သူေတြႏွလံုးစိတ္၀မ္းေအးခ်မ္းေအာင္ ေဆာင္ရြက္ေပးဖို႔ ဒု-သမၼတေရြးခ်ယ္မႈမွာ ကန္႔ကြက္မႈေတြရွိခဲ့ေပမယ့္ ေအာင္ျမင္စြာ ေက်ာ္ျဖတ္နိုင္ခဲ့တယ္”ဟု ေျပာၾကားခဲ့ျပီး သမၼတေရြးခ်ယ္ပြဲႏွင့္ပတ္သက္၍ မိနစ္ ၂၀ ခန္႔ ဆက္လက္မွာၾကားသည္။
ယခုေတြ႔ဆံုပြဲသည္ တံခါးပိတ္ေတြ႔ဆံုပြဲျဖစ္ျပီး မီဒီယာမ်ား သတင္းရယူခြင့္ မရရွိခဲ့ေခ်။

ေတြ႔ဆံုပြဲသို႔ CEC အဖြဲ႔၀င္ ဦး၀င္းထိန္၊ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာေဇာ္ျမင့္ေမာင္၊ သမၼတေလာင္း ဟင္နရီဗန္တီးယူႏွင့္ အျခား လႊတ္ေတာ္ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကေၾကာင္း သိရသည္။

ထြန္း(ေနျပည္ေတာ္)
News Watch(ေစာင့္ၾကည့္သတင္းဂ်ာနယ္)
https://www.facebook.com/NewsWatchJournal
.............


“ဒီလိုနေ့မျိုးရောက်လာဖို့ ပြည်သူတွေ မျှော်လင့်နေကြတာဖြစ်တယ်။ သေသေချာချာ အမှားအယွင်းမရှိအောင် ဆောင်ရွက်ကြပါ”-ဒေါ်အောင်ဆန်းစုကြည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ မတ် ၁၄ ရက် ညနေ ၅ နာရီခန့်တွင် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်းရှိ စားရိပ်သာ (၄) အဆောင်တွင် NLD လွှတ်တော်ကိုယ်စားလှယ်များ၊ ပါတီဝင်များနှင့် တွေ့ဆုံ၍ မနက်ဖြန်ကျင်းပမည့် ပြည်ထောင်ဟုလွှတ်တော် သမ္မတ ရွေးချယ်ပွဲနှင့်ပတ်သက်၍ တွေ့ဆုံ အမှာစကား ပြောကြားသည်။

တွေ့ဆုံပွဲ၌ ဒေါ်အောင်ဆန်းစုကြည်မှ “ဒီလိုနေ့မျိုးရောက်လာဖို့ ပြည်သူတွေ မျှော်လင့်နေကြတာဖြစ်တယ်။ သေသေချာချာ အမှားအယွင်းမရှိအောင် ဆောင်ရွက်ကြပါ၊ ပြည်သူတွေရဲ့မျှော်လင့်ချက်ကို ညီညီညွတ်ညွတ် စည်းလုံးစွာနဲ့ဖြည့်ဆည်းပေးဖို့ ပြည်သူတွေနှလုံးစိတ်ဝမ်းအေးချမ်းအောင် ဆောင်ရွက်ပေးဖို့ ဒု-သမ္မတရွေးချယ်မှုမှာ ကန့်ကွက်မှုတွေရှိခဲ့ပေမယ့် အောင်မြင်စွာ ကျော်ဖြတ်နိုင်ခဲ့တယ်”ဟု ပြောကြားခဲ့ပြီး သမ္မတရွေးချယ်ပွဲနှင့်ပတ်သက်၍ မိနစ် ၂၀ ခန့် ဆက်လက်မှာကြားသည်။
ယခုတွေ့ဆုံပွဲသည် တံခါးပိတ်တွေ့ဆုံပွဲဖြစ်ပြီး မီဒီယာများ သတင်းရယူခွင့် မရရှိခဲ့ချေ။

တွေ့ဆုံပွဲသို့ CEC အဖွဲ့ဝင် ဦးဝင်းထိန်၊ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဇော်မြင့်မောင်၊ သမ္မတလောင်း ဟင်နရီဗန်တီးယူနှင့် အခြား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

ထွန်း(နေပြည်တော်)
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
https://www.facebook.com/NewsWatchJournal

No comments:

Post a Comment