Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, March 23, 2016

ရွက္ရွက္မွာျဖစ္ေသာ ကင္ဆာအပါအ၀င္ အျခားကင္ဆာေရာဂါ ေဆာင္းပါးမ်ား (ေဒါက္တာစိုးလြင္)



သားဖြားမီးယပ္အထူးကု ဆရာ၀န္ႀကီး ေဒါက္တာ စိုးလြင္၏ အသစ္ထြက္လာေသာ စာအုပ္ျဖစ္သည္။
 က်န္းမာေရး အသိပညာေပး ေဆာင္းပါး စုစုေပါင္း (၁၄)ပုဒ္ ပါ၀င္ၿပီး အမ်ားစုမွာ အမ်ဳိးသမီးမ်ား အတြက္
 ရည္ၫႊန္းေရးသား ထားသည္။

ရြံ႕မုန္းေၾကာက္စရာ ကင္ဆာေရာဂါ၊ ပန္းေႁခြတဲ့ေလ၊ အခ်စ္ဆံုးက ေပးတဲ့ေ၀ဒနာ၊ အသံတိတ္ရန္သူ၊
အူ၀ဲေလးေပးတဲ့ သင္ခန္းစာ၊ ရွက္ရွက္မွာျဖစ္ေသာ ကင္ဆာ၊ ခ်ဳိခ်ဳိမွာျဖစ္ေသာ ကင္ဆာ၊ ေႂကြလြင့္ေတာ့မည့္ ေရာ္ရြက္၀ါမ်ား၊ ကင္ဆာဆိုတဲ့ ေသမင္းကို ဘယ္လိုအန္တုမလဲ အစရွိသည့္ ေဆးပညာသင္ခန္းစာေပး
 ေဆာင္းပါးမ်ားသည္ အမ်ဳိးသမီးအမ်ားစု ရင္ဆိုင္ႀကံဳ ေတြ႕ေနရေသာ က်န္းမာေရးျပႆနာမ်ားကို တစ္ခုခ်င္းေျဖရွင္းေရးထားသည့္ေဆာင္းပါးမ်ား ျဖစ္သည္။ စာေရးသူ ေဒါက္တာစိုးလြင္သည္ ေဆးကုသမႈ သက္တမ္း
 ႏွစ္ေပါင္း ၂၀ နီးပါး ရွိလာခ်ိန္တြင္ အမ်ဳိးသမီးမ်ားအတြက္ ရည္ရြယ္ေသာ ပညာေပးေဆာင္းပါးစာအုပ္မ်ား အပတ္တကုတ္ေရးခဲ့ရာ ယခုစာအုပ္ႏွင့္ဆိုလွ်င္ အုပ္ေရ ၃၀ မွ်ရွိလာၿပီျဖစ္သည္။ ကိုယ္တိုင္ သားဖြားမီးယပ္ ဆရာ၀န္ႀကီးျဖစ္၍ ေန႔စဥ္လိုလို ႀကံဳ ေတြ႕ေနရေသာ လူနာမ်ားဆီမွ ကုန္ၾကမ္းကမျပတ္ ရေနပံုေပၚ၏။
ထို႔ေၾကာင့္ပင္ စာေတြကို ဤမွ်ေရးႏိုင္ျခင္း ျဖစ္ပါသည္။ ယခုစာအုပ္တြင္ ေဒါက္တာစိုးလြင္၏ ေရးဟန္
အတိုင္း ေလးနက္သည့္ အမ်ဳိးသမီး က်န္းမာေရး အေၾကာင္းမ်ားကို စကားလံုး ေပါ့ေပါ့ပါးပါးသံုး၍ အမ်ားနားလည္လြယ္ေအာင္ ေပးစာသေဘာမ်ဳိးေရးထားသည္။ ေဆာင္းပါးမ်ား ဖတ္သူတစ္ဦးအဖို႔ ဆရာ၀န္ကိုယ္တိုင္ အနားထိုင္ ရွင္းျပေနသလိုမ်ဳိး အလြယ္တကူ သေဘာေပါက္နားလည္ေစေသာ စာမ်ားျဖစ္ပါသည္။ ‘တိတ္တဆိတ္ ေရာက္လာေသာ အသံတိတ္ လူသတ္သမား’ဟု အမည္ေပးထားသည့္ ကင္ဆာေရာဂါသည္ ျဖစ္ျဖစ္ခ်င္း မသိႏုိင္ဘဲ ေရာဂါရင့္မွ၊ ေရာဂါကြၽမ္းမွ သိတတ္သည့္အေၾကာင္း၊ ျဖစ္ျဖစ္ခ်င္း သိရွိႏုိင္ေအာင္ မိမိကိုယ္ကိုယ္ အစဥ္သတိျဖင့္ ေစာင့္ေရွာက္သင့္သည့္အေၾကာင္း၊ အမ်ဳိးသမီးအမ်ားစု၌ ေရြး၍ ျဖစ္ေလ့ျဖစ္ထရွိေသာ ကင္ဆာမ်ားအေၾကာင္းႏွင့္ ကင္ဆာေ၀ဒနာရွင္တစ္ဦးအေနျဖင့္ ေရာဂါကို မည္သို႔ အန္တုတိုက္ဖ်က္သင့္
သည့္ အေၾကာင္းတို႔ကို ယခုစာအုပ္ပါ ေဆာင္းပါးမ်ားကၫႊန္ျပေနပါသည္။

မိခင္မ်ား၌ ျဖစ္တတ္သည့္ Hydatidiform Mole (H. Mole) ဟုေခၚေသာ ‘စပ်စ္သီးသေႏၶ’ႏွင့္ ပတ္သက္၍ စာအုပ္တစ္ေနရာတြင္ ယခုလို ေရးထားသည္။ ‘‘စပ်စ္သီးသေႏၶဆိုတဲ့ ေရာဂါဟာ ကမၻာေပၚမွာ အေနာက္
တိုင္းႏိုင္ငံေတြမွာ ရွားပါးလွေပမယ့္ အေရွ႕ ေတာင္အာရွမွာ အစ္ကိုတို႔လို အီေကြတာနဲ႔နီးတဲ့ ေနရာေတြ  မွာေတာ့ အဆမတန္ မ်ားလြန္းလွတယ္။ စာရင္း ဇယားေတြအရ အဂၤလန္ႏိုင္ငံ UK မွာ ကိုယ္၀န္ေဆာင္၁,၂၀၀ ကေန ၂,၀၀၀ ေလာက္မွာမွ တစ္ေယာက္၊ အေမရိကန္ႏိုင္ငံ USA မွာ ကိုယ္၀န္ ၁,၀၀၀ ကေန ၂,၅၀၀ မွာမွ တစ္ေယာက္ဆိုေတာ့ ရွားပါးတယ္ေျပာရမယ္။ အာရွတိုက္မွာေတာ့ အဲဒီေနရာေတြမွာထက္ ၁၀ ဆေလာက္ ပိုၿပီးျဖစ္ၾကသတဲ့။  ...လူနာမိခင္ရဲ႕ သားဥကေလးဟာ အေၾကာင္းေၾကာင္းေၾကာင့္ ေသဆံုးသြားခဲ့ၿပီး သားဥအခြံေလးပဲ က်န္ရစ္ခဲ့သတဲ့။ အဲဒီ သားဥခြံေလးထဲကို သုက္ေကာင္ႏွစ္ေကာင္ ၀င္သြားၿပီး
 ပံုမမွန္ ပြားမ်ားလာတာ။ ဒါမွမဟုတ္ သုက္ေကာင္တစ္ေကာင္တည္း ၀င္သြားၿပီး ႏွစ္ဆပြားမ်ားလာတာ။
 ဒီလို မ်ဳိး မိခင္ရဲ႕ မ်ဳိးဗီဇ လံုး၀မပါေတာ့ဘဲ ဖခင္ရဲ႕ မ်ဳိးဗီဇေတြကခ်ည္း ျဖစ္လာတဲ့ သေႏၶမို႔ ကေလးပံုမွန္ျဖစ္မလာေတာ့ဘဲ အခ်င္းျဖစ္မယ့္ Trophoblast Cells ေတြ ခ်ည္း ပံုမမွန္ ပြားမ်ားလာရာက စပ်စ္သီးနဲ႔ တူတဲ့
 အရည္အိတ္ခ်ည္း သားအိမ္ထဲမွာ အျပည့္ျဖစ္လာတာ၊ လံုး၀ကေလးမျဖစ္ဘဲ အရည္အိတ္ေတြခ်ည္း ျဖစ္တာမို႔ Complete Mole လို႔ ေခၚၾကတယ္။ ကင္ဆာကို အမ်ားဆံုးျဖစ္ေစတာ ဒီပံုစံပါပဲ’’ဟု ရွင္းလင္းေရးထားသည္။ ယခုစာအုပ္ကို စိုးဇင္စာေပက တန္ဖိုး ၃,၅၀၀ က်ပ္ျဖင့္ထုတ္ေ၀ၿပီး စီးတီးမတ္ႏွင့္ စာအုပ္
ဆိုင္ႀကီးမ်ား၌ ၀ယ္ယူႏုိင္ပါသည္။

http://www.7daydaily.com/story/61065

..............................................

ရှက်ရှက်မှာဖြစ်သော ကင်ဆာအပါအဝင် အခြားကင်ဆာရောဂါ ဆောင်းပါးများ (ဒေါက်တာစိုးလွင်)


သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာ စိုးလွင်၏ အသစ်ထွက်လာသော စာအုပ်ဖြစ်သည်။ ကျန်းမာရေး အသိပညာပေး ဆောင်းပါး စုစုပေါင်း (၁၄)ပုဒ် ပါ၀င်ပြီး အများစုမှာ အမျိုးသမီးများ အတွက် ရည်ညွှန်းရေးသား ထားသည်။


ရွံ့မုန်းကြောက်စရာ ကင်ဆာရောဂါ၊ ပန်းခြွေတဲ့လေ၊ အချစ်ဆုံးက ပေးတဲ့ဝေဒနာ၊ အသံတိတ်ရန်သူ၊ အူဝဲလေးပေးတဲ့ သင်ခန်းစာ၊ ရှက်ရှက်မှာဖြစ်သော ကင်ဆာ၊ ချိုချိုမှာဖြစ်သော ကင်ဆာ၊ ကြွေလွင့်တော့မည့် ရော်ရွက်ဝါများ၊ ကင်ဆာဆိုတဲ့ သေမင်းကို ဘယ်လိုအန်တုမလဲ အစရှိသည့် ဆေးပညာသင်ခန်းစာပေး ဆောင်းပါးများသည် အမျိုးသမီးအများစု ရင်ဆိုင်ကြုံ တွေ့နေရသော ကျန်းမာရေးပြဿနာများကို တစ်ခုချင်းဖြေရှင်းရေးထားသည့်
ဆောင်းပါးများ ဖြစ်သည်။ စာရေးသူ ဒေါက်တာစိုးလွင်သည် ဆေးကုသမှု သက်တမ်း နှစ်ပေါင်း ၂၀ နီးပါး ရှိလာချိန်တွင် အမျိုးသမီးများအတွက် ရည်ရွယ်သော ပညာပေးဆောင်းပါးစာအုပ်များ အပတ်တကုတ်ရေးခဲ့ရာ ယခုစာအုပ်နှင့်ဆိုလျှင် အုပ်ရေ ၃၀ မျှရှိလာပြီဖြစ်သည်။ ကိုယ်တိုင် သားဖွားမီးယပ် ဆရာဝန်ကြီးဖြစ်၍ နေ့စဉ်လိုလို ကြံု တွေ့နေရသော လူနာများဆီမှ ကုန်ကြမ်းကမပြတ် ရနေပုံပေါ်၏။ ထို့ကြောင့်ပင် စာတွေကို ဤမျှရေးနိုင်ခြင်း ဖြစ်ပါသည်။ ယခုစာအုပ်တွင် ဒေါက်တာစိုးလွင်၏ ရေးဟန်အတိုင်း လေးနက်သည့် အမျိုးသမီး ကျန်းမာရေး အကြောင်းများကို စကားလုံး ပေါ့ပေါ့ပါးပါးသုံး၍ အများနားလည်လွယ်အောင် ပေးစာသဘောမျိုး
ရေးထားသည်။ ဆောင်းပါးများ ဖတ်သူတစ်ဦးအဖို့ ဆရာဝန်ကိုယ်တိုင် အနားထိုင် ရှင်းပြနေသလိုမျိုး အလွယ်တကူ သဘောပေါက်နားလည်စေသော စာများဖြစ်ပါသည်။ ‘တိတ်တဆိတ် ရောက်လာသော အသံတိတ် လူသတ်သမား’ဟု အမည်ပေးထားသည့် ကင်ဆာရောဂါသည် ဖြစ်ဖြစ်ချင်း မသိနိုင်ဘဲ ရောဂါရင့်မှ၊ ရောဂါကျွမ်းမှ သိတတ်သည့်အကြောင်း၊ ဖြစ်ဖြစ်ချင်း သိရှိနိုင်အောင် မိမိကိုယ်ကိုယ် အစဉ်သတိဖြင့် စောင့်ရှောက်သင့်သည့်
အကြောင်း၊ အမျိုးသမီးအများစု၌ ရွေး၍ ဖြစ်လေ့ဖြစ်ထရှိသော ကင်ဆာများအကြောင်းနှင့် ကင်ဆာဝေဒနာရှင်တစ်ဦးအနေဖြင့် ရောဂါကို မည်သို့ အန်တုတိုက်ဖျက်သင့်သည့် အကြောင်းတို့ကို ယခုစာအုပ်ပါ ဆောင်းပါးများက
ညွှန်ပြနေပါသည်။

မိခင်များ၌ ဖြစ်တတ်သည့် Hydatidiform Mole (H. Mole) ဟုခေါ်သော ‘စပျစ်သီးသန္ဓေ’နှင့် ပတ်သက်၍ စာအုပ်တစ်နေရာတွင် ယခုလို ရေးထားသည်။ ‘‘စပျစ်သီးသန္ဓေဆိုတဲ့ ရောဂါဟာ ကမ္ဘာပေါ်မှာ အနောက်တိုင်းနိုင်ငံ
တွေမှာ ရှားပါးလှပေမယ့် အရှေ့ တောင်အာရှမှာ အစ်ကိုတို့လို အီကွေတာနဲ့နီးတဲ့ နေရာတွေမှာတော့ အဆမတန် များလွန်းလှတယ်။ စာရင်း ဇယားတွေအရ အင်္ဂလန်နိုင်ငံ UK မှာ ကိုယ်ဝန်ဆောင်၁,၂၀၀ ကနေ ၂,၀၀၀ လောက်မှာမှ တစ်ယောက်၊ အမေရိကန်နိုင်ငံ USA မှာ ကိုယ်ဝန် ၁,၀၀၀ ကနေ ၂,၅၀၀ မှာမှ တစ်ယောက်ဆိုတော့ ရှားပါးတယ်ပြောရမယ်။ အာရှတိုက်မှာတော့ အဲဒီနေရာတွေမှာထက် ၁၀ ဆလောက် ပိုပြီး
ဖြစ်ကြသတဲ့။  ...လူနာမိခင်ရဲ့ သားဥကလေးဟာ အကြောင်းကြောင်းကြောင့် သေဆုံးသွားခဲ့ပြီး သားဥအခွံလေးပဲ ကျန်ရစ်ခဲ့သတဲ့။ အဲဒီ သားဥခွံလေးထဲကို သုက်ကောင်နှစ်ကောင် ၀င်သွားပြီး ပုံမမှန် ပွားများလာတာ။ ဒါမှမဟုတ် သုက်ကောင်တစ်ကောင်တည်း ၀င်သွားပြီး နှစ်ဆပွားများလာတာ။ ဒီလို မျိုး မိခင်ရဲ့ မျိုးဗီဇ လုံးဝမပါတော့ဘဲ ဖခင်ရဲ့ မျိုးဗီဇတွေကချည်း ဖြစ်လာတဲ့ သန္ဓေမို့ ကလေးပုံမှန်ဖြစ်မလာတော့ဘဲ အချင်းဖြစ်မယ့် Trophoblast Cells တွေ ချည်း ပုံမမှန် ပွားများလာရာက စပျစ်သီးနဲ့ တူတဲ့ အရည်အိတ်ချည်း သားအိမ်ထဲမှာ အပြည့်ဖြစ်လာတာ၊ လုံးဝကလေးမဖြစ်ဘဲ အရည်အိတ်တွေချည်း ဖြစ်တာမို့ Complete Mole လို့ ခေါ်ကြတယ်။ ကင်ဆာကို အများဆုံးဖြစ်စေတာ ဒီပုံစံပါပဲ’’ဟု ရှင်းလင်းရေးထားသည်။ ယခုစာအုပ်ကို စိုးဇင်စာပေက တန်ဖိုး ၃,၅၀၀ ကျပ်ဖြင့်ထုတ်ဝေပြီး စီးတီးမတ်နှင့် စာအုပ်ဆိုင်ကြီးများ၌ ၀ယ်ယူနိုင်ပါသည်။
http://www.7daydaily.com/story/61065

No comments:

Post a Comment